settings icon
share icon
မေးခွန်း

။ဘုရားသခင်ကို တစ်စုံတစ်ဦးမြင်ဖူးသလား။

အဖြေ


။သခင်ယေရှုခရစ်တော်ကလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမှ ဘုရားသခင်ကို မမြင်ဖူးကြောင်း သမ္မာ ကျမ်းစာက ကျွန်ုပ်တို့အား ပြောထားသည်(ယောဟန်၁း၁၈)။ ထွက်မြောက်ရာ၃၃း၂၀ တွင်၊ “သို့ရာတွင် သင်သည် ငါ့မျက် နှာကို မမြင်နိုင်ရာ။ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသောလူတစုံတယောက်မျှမရှိ” ဟုဖော်ပြသည်။ဤကျမ်းစာများသည် ဘုရားသခင်ကိုမြင်သောသူတို့အကြောင်းဖော်ပြထားသည့် အခြားကျမ်းစာများနှင့်ဆန့်ကျင်ပုံရသည်။ဥပမာ၊ ထွက်မြောက် ရာ၃၃း၁၁ တွင် မောရှေသည် ဘုရားသခင်နှင့် “မျက်နှာချင်းဆိုင်”စကားပြောသည်ဟုဖော်ပြသည်။အကယ်၍ ဘုရားသခင်၏ မျက်နှာကိုမြင်ပြီးအသက်ရှင်သောလူတစုံတဦးမျှမရှိလျှင် မောရှေသည် မည်သို့ဘုရားသခင်နှင့်မျက်နှာချင်းဆိုင်စကားပြော နိုင်မည်နည်း။ဤဥပမာတွင်၊ “မျက်နှာချင်းဆိုင်”ဟူသော စကားစုသည် အလွန်ရင်းနှီးသောဆက်ဆံမှုရှိကြောင်းဖော်ပြသည့် စကားပုံတစ်ခုဖြစ်သည်။ဘုရားသခင်နှင့်မောရှေတို့သည် ရင်းနှီးစွာစကားပြောဆိုနေကြသည့် လူသားနှစ်ဦးကဲ့သို့ အချင်း ချင်းစကားပြောနေကြသည်။

ကမ္ဘာဦး၃၂း၃၀ တွင် ဘုရားသခင်သည် ကောင်းကင်တမန်တစ်ပါးကဲ့သို့ထင်ရှားသည်ကို ယာကုပ်မြင်ခဲ့သည်။သူ သည် ဘုရားသခင်ကို အမှန်တကယ်မြင်ခဲ့သည်မဟုတ်ပါ။ရှံဆုန်၏မိဘများသည် ဘုရားသခင်ကိုမြင်ကြောင်းသိသောအခါ ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသော်လည်း(တရားသူ၁၃း၂၂) ကိုယ်တော်သည် ကောင်းကင်တမန်တစ်ပါးအဖြစ်ထင်ရှားသည်ကို သာ မြင်ခဲ့ကြရသည်။ယေရှုသည် အသွေးအသားခံယူသည့်ဘုရားသခင်ဖြစ်သောကြောင့်(ယောဟန်၁း၁၊၁၄)ကိုယ်တော်ကို လူများက မြင်သည့်အခါ၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ခြင်းဖြစ်သည်။မှန်ပါသည်၊ထို့ကြောင့် ဘုရားသခင်သည် “မြင်” လို့ရပြီး လူများစွာက ဘုရားသခင်ကို ‘မြင်”ခဲ့သည်။တစ်ချိန်တည်းမှာပင်၊ဘုရားသခင်သည် သူ၏ဘုန်းအသရေရှိသမျှဖြင့် ထုတ်ဖော်ပြသသည်ကို မည်သူမျှမမြင်ဖူးပေ။ကျွန်ုပ်တို့လူသား၏ကျဆုံးသောအခြေအနေတွင် ဘုရားသခင်သည် မိမိကိုယ် ကိုအပြည့်အဝပြသမည်ဆိုပါက ကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ထို့ကြောင့် ဘုရားသခင်သည် မိမိကိုယ်ကို ဖုံးအုပ်ထားပြီး ကျွန်ုပ်တို့ “မြင်နိုင်”သည့်ပုံစံဖြင့် ထင်ရှားသည်။သို့သော် ဘုန်းအသရေတော်နှင့် သန့်ရှင်းမှုကိုအပြည့်အ၀ ပြသခြင်းကိုမြင်တွေ့ခြင်းနှင့်ကွာခြားသည်။လူတို့သည် ဘုရားသခင်၏ရူပါရုံများ၊ပုံရိပ်များနှင့်ဘုရားသခင်၏အသွင်အပြင်များ ကိုမြင်ဖူးကြသော်လည်း သူ၏ပြည့်စုံခြင်း၌ဘုရားသခင်ကို မည်သူမျှမမြင်ဖူးပါ(ထွက်၃၃း၂၀)။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

။ဘုရားသခင်ကို တစ်စုံတစ်ဦးမြင်ဖူးသလား။
© Copyright Got Questions Ministries