settings icon
share icon
မေးခွန်း

ဘေးဒဏ်ကြီးကာလနှင့်စပ်လျဉ်းသောချီဆောင်ခြင်း ဘေးဒဏ်ကြီးကာလသည် မည်သည့်အချိန်တွင် ဖြစ်ပေါ်လိမ့်မည်နည်း။

အဖြေ


ဘေးဒဏ်ကြီးကာလနှင့်စပ်လျဉ်းသော ချီဆောင်ခြင်းအချိန်သည် ယနေ့အသင်းတော် ခေတ်ကာလတွင် စကားအချည်အတင် ငြင်းခုံခြင်းရှိသော အကြောင်းအရာတစ်ခုဖြစ်သည်။ ချီဆောင်ခြင်းနှင့်ပတ်သက်၍ ရှုတောင့် သုံးမျိုးရှိသည်။ ၄ငး်တို့မှာ- pre-tribulational ( ဘေးဒဏ် ကြီးကာလမတိုင်မီ ချီဆောင်ခြင်း)၊ mid-tribulational (ချီဆောင်ခြင်းသည် ဘေးဒဏ်ကြီးကာလ တွင်ဖြစ်စေ၊ ဘေးဒဏ်ကြီးကာလနှင့်အလွန်နီးကပ်သောအချိန်တွင်ဖြစ်ပေါ်ခြင်း)၊ နှင့် post- tribulational (ဘေးဒဏ်ကြီးကာလပြီးဆုံးသွားပြီးနောက်ချီဆောင်ခြင်း) စသည်တို့ဖြစ်သည်။ စတုတ္ထအချက်သည် pre-wrath (အမျက်ဒေါသမတိုင်မီ) ဟု သိရသည်။ ၄င်းသည် mid-tribulaiton နှင့် နီးစပ်မှုရှိသည်။

ပထမအနေဖြင့်၊ ဘေးဒဏ်ကြီးကာရည်ရွယ်ချက်ကို အသိအမှတ်ပြုရန် အရေးကြီးသည်။ ဒံယေလ ၉း၂၇ အရ ရက်သတ္တပတ်ခုနစ်ဆယ်မြောက် “ခုနစ်” ( ခုနစ်နှစ်) သည် နောက်ကာလတွင် ဖြစ်လာ မည့်အရာဖြစ်သည်။ ဒံယေလမြင်သော ခုနစ်ဆယ်ခုနစ် ပရောဖက်များသည် (ဒံယေလ ၉း၂၀-၂၇) ဣသရေလလူမျိုးများ အကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ထိုအချိန်သည် ဘုရားသခင်က ဣသရေလလူမျိုးများကို အထူးဂရုစိုက်သောအချိန်ကာလဖြစ်သည်။ ခုနစ်ဆယ် ခုနစ်မြောက်အ ပတ်သည် ဘေးဒဏ်ကြီးကာလ၊ အထူးသဖြင့်၊ ဘုရားသခင်သည် ဣသရေလလူမျိုးများကို ဆုံးမသွန်သင်မည့်အချိန်ကာလဖြစ်သည်။ ထိုအချိန်တွင် ယနေ့ယုံကြည်သူအသင်းတော်များ ရှိတော့မည်အဟုတ်ပေ။ ထိုအချိန်အတွင် အဘယ်ကြောင့်ယုံကြည်သူများသည် ဤလောကတွင် နေရန်လိုအပ်သေးမည်နည်း ဟု မေးရန်ရှိသည်။

ချီဆောင်ခြင်းအကြောင်းကို ၁သက် ၄း၁၃-၁၈ ထဲတွင် အဓိကဖော်ပြထားပါသည်။ ထိုကျမ်းပိုဒ်ထဲ တွင်အသက်ရှင်သေးသောယုံကြည်သူအားလုံးများနှင့် သေပြီးသောယုံကြည်သူအားလုံးတို့သည် သခင်ယေရှုနှင့် မိုဃ်းတိမ်ပေါ်တွင် တွေ့၍ သူနှင့်အတူ ထာဝရစိုးစံတော်မူကြမည်ဖြစ်သည်။ ချီဆောင်ခြင်းသည် ဘုရားသခင်က ယုံကြည်သူများကို ဤလောကမှ ဖယ်ရှားခြင်းဖြစ်သည်။ ၁သက် ၅း၉ ထဲတွင် ရှင်ပေါလုက “ အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့် ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ၊ ခန့် ထားတော်မူ၏” ဟု ဖော်ပြထားပါသည်။ ဗျာဒိတ်တော်ကျမ်းထဲတွင် ဘေးဒဏ်ကြီးကာလ၏အစပိုင်း ကို ဖော်ပြထားပါသည်။ ၄ငး်ထဲတွင် ဘေးဒဏ်ကြီးကာလတွင် ဘုရားသခင်သည် သူ၏အမျက်ဒေါ သကို လောကသို့ မည်သို့သွန်းလောင်းသည်ကို ဖော်ပြထားပါသည်။ ဘုရားသခင်သည် ခရစ်ယာန်များကို သူ၏အမျက်ဒေါသသွန်းလောင်းခြင်းမှ ကယ်တင်လိမ့်မည်ဟု ကတိပြုထားသော ကြောင့် ဘုရားသခင်သည် ခရစ်ယာန်များကို လောကမှ ဖယ်ရှားသည်နှင့်တပြိုင်နက် ဘေးဒဏ် ကြိးကာလအစပြုလာမည်ဖြစ်သည်။

ချီဆောင်ခြင်းအကြောင်းနှင့်ပတ်သက်၍အခြားအရေးကြီးသော ဖော်ပြချက်သည် ဗျာဒိတ် ၃း၁၀ ထဲ တွင် တွေ့ရှိနိုင်သည်။ ၄ငး်ထဲတွင်ခရစ်တော်က ယုံကြည်သူများကို ဤလောကသို့ ရောက်လာမည့် “ဒုက္ခဆင်းရဲခြင်းခံရသောအချိန်” တွင် ကယ်တင်လိမ့်မည်ဟု ဖော်ပြထားပါသည်။ အဓိပ္ပါယ်နှစ်မျိုးရှိနိုင်သည်။ ခရစ်တော်သည် ယုံကြည်သူများကို ဒုက္ခများထဲမှ ကွယ်ကာမည်။ (သို့) သူက ယုံကြည်သူများကို ဒုက္ခများထဲမှ ကယ်တင်မည်။ ဂရိဘာသာစကားဖော်ပြချက်မှ ကြည့်လျှင် နှစ်ခုစလုံးတို့သည် မှန်ကန်သည်။ သို့သော် ယုံကြည်သူများသည် မည်သည့်အရာမှ ကယ်တင်မည့်ကတိတော်ကို သိရှိခြင်းသည် အလွန်အရေးကြီးသည်။ ဒုက္ခဆင်းရဲခြင်းမှ ကယ်တင် ခြင်းသက်သက်မဟုတ်ဘဲ၊ ဆင်းရဲဒုက္ခခံရသော “အချိန်” တွင် ကယ်တင်ခြင်းကို ဆိုလိုသည်။ ခရစ်တော်က ယုံကြည်သူများကို ဆင်းရဲဒုက္ခခံရသောအချိန်၊ အဓိကအားဖြင့် ဘေးဒဏ်ကြီးနှင့် ရင်ဆိုင်ရသောအချိန်တွင် ကယ်တင်လိမ့်မည်ဟု ကတိပြုထားပါသည်။ ဘေးဒဏ်ကြီးကာလ၏ ရည်ရွယ်ချက်၊ ချီဆောင်ခြင်း၏ရည်ရွယ်ချက်၊ ၁သက် ၅း၉ ၏ဖော်ပြချက်၊ ဗျာဒိတ် ၃း၁၀ ၏အနက် ဖွင့်ဆိုချက်များကို ကြည့်လျှင် pre-tribulation (ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်း) သည် မှန်ကန်ကြောင်းတွေ့ရှိနိုင်ပါသည်။ သမ္မာကျမ်းစာကို တိကျမှန်ကန်စွာဖြင့် အနက်ဖွင့်လျှင် ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်းသည် သမ္မာကျမ်းစာနှင့်အညွတ်ဆုံးဖြစ်ကြောင်းတွေ့ရှိ နိုင်ပါသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ဘေးဒဏ်ကြီးကာလနှင့်စပ်လျဉ်းသောချီဆောင်ခြင်း ဘေးဒဏ်ကြီးကာလသည် မည်သည့်အချိန်တွင် ဖြစ်ပေါ်လိမ့်မည်နည်း။
© Copyright Got Questions Ministries