settings icon
share icon
မေးခွန်း

။ကျွန်ုပ်သည် မည်သို့ငရဲမသွားနိုင်သနည်း။

အဖြေ


။ငရဲသို့မသွားရခြင်းသည် သင်ထင်သည်ထက် လွယ်ကူပါသည်။ငရဲမသွားဖို့ရန် ဘ၀တစ်လျှောက်လုံးတွင် ပညတ်တော်ဆယ်ပါးကို လိုက်နာရမည်ဟု အချို့ကယုံကြည်ကြသည်။အချို့သောသူများသည် ငရဲမသွားဖို့ရန် အချို့သော ဓလေ့ထုံးတမ်းများကို လိုက်နာရမည်ဟုယုံကြည်ကြသည်။လူအချို့သည် ငရဲသွားမည်၊မသွားမည်ကို သေချာမသိနိုင်ဟု ယုံကြည်သည်။ဤအမြင်အားလုံးသည် မှားယွင်းသည်။လူတစ်ဦးသည် သေပြီးနောက် ငရဲမည်သို့ရှောင်လွှဲနိုင်သည်ကို သမ္မာ ကျမ်းစာက အလွန်ရှင်းလင်းသည်။

သမ္မာကျမ်းစာက ငရဲသည် ကြောက်မက်ဖွယ်ကောင်းပြီး အလွန်ဆိုးရွားသောနေရာအဖြစ်ဖော်ပြသည်။ငရဲသည် “ထာဝရမီး” (မဿဲ၂၅း၄၁)၊ “မငြိမ်းနိုင်သောမီး” (မဿဲ၃း၁၂)၊ “ရှက်ကြောက်ခြင်းနှင့်ထာဝရအသရေပျက်ခြင်း” (ဒံယေလ ၁၂း၂)၊ “မီးမငြိမ်းရာ” အရပ်(မာကု၉း၄၄-၄၉) နှင့် “ထာဝရပျက်စီးခြင်း” (၂သက်၁း၉)ကဲ့သို့ဖော်ပြသည်။ ငရဲသည် “ကန့်နှင့် ရောနှောသောမီးအိမ်” ဖြစ်ပြီး မတရားသောသူတို့သည် နေ့၊ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသောဝေဒနာခံရသော နေရာကဲ့သို့ ဗျာဒိတ်ကျမ်းက ဖော်ပြထားသည်(ဗျာဒိတ်၂၀း၁၀)။ငရဲသည် ကျွန်ုပ်တို့ရှောင်သင့်သည့်နေရာဖြစ်သည်မှာ ထင် ရှားသည်။

ဘာကြောင့် ငရဲတည်ရှိပြီး ဘုရားသခင်သည် အချို့ကို ထိုနေရာသို့ ဘာကြောင့်စေလွှတ်သနည်း။မာရ်နတ်နှင့်ကျ ဆုံးသောကောင်းကင်တမန်များတို့က ဘုရားသခင်ကို ပုန်ကန်သည့်နောက်တွင် ဘုရားသခင်သည် ထိုသူတို့အတွက် ငရဲကို “ပြင်ဆင်” ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်(မဿဲ၂၅း၄၁)။ဘုရားသခင်၏ခွင့်လွှတ်ခြင်းကမ်းလှမ်းမှုကို ငြင်းပယ်သူ များသည်လည်း မာရ်နတ်နှင့်ကျဆုံးသောကောင်းကင်တမန်များ၏ထာဝရကံကြမ္မာကို အလားတူခံစားရမည်ဖြစ်သည်။ငရဲ သည် ဘာကြောင့်လိုအပ်သနည်း။ခပ်သိမ်းသောအပြစ်သည် နောက်ဆုံးတွင် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်ကာ (ဆာလံ ၅၁း၎) ဘုရားသခင်သည် အနန္တထာဝရတည်ရှိနေသောကြောင့် အပြစ်ဒဏ်သည် ထာဝရလုံလောက်သည်။ငရဲသည် ဘုရား သခင်၏ ဖြောင့်မတ်သန့်ရှင်းသော တရားမျှတမှုတောင်းဆိုချက်များကို အကောင်အထည်လုပ်ဆောင်သည့်နေရာဖြစ်သည်။ ငရဲသည် ဘုရားသခင်ကိုငြင်းပယ်သောသူများနှင့်အပြစ်ကို ဘုရားသခင်မှတရားစီရင်သည့်နေရာဖြစ်သည်။ကျွန်ုပ်တို့အားလုံး အပြစ်ရှိကြောင်း သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်းဖော်ပြထားသည်(ဒေသနာ၇း၂၀၊ရောမ၃း၁၀-၂၃)၊ထို့ကြောင့် ကျွန်ုပ် တို့အားလုံးသည် ငရဲသို့သွားရန်ထိုက်တန်ပါသည်။

သို့ဖြစ်၍ ငရဲကို မည်သို့မသွားနိုင်သနည်း။အနန္တနှင့်ထာဝရအပြစ်ဒဏ်တစ်ခုသာ လုံလောက်သောကြောင့် အနန္တနှင့် ထာဝရတန်ဖိုးကို ပေးချေရမည်ဖြစ်သည်။ဘုရားသခင်သည် ယေရှုခရစ်ပုဂ္ဂိုလ်၌လူသားတစ်ဦးဖြစ်လာခဲ့သည်။သခင်ယေရှု ခရစ်တော်၌ ဘုရားသခင်သည် ကျွန်ုပ်တို့ကြားတွင် နေထိုင်ခဲ့ပြီး ကျွန်ုပ်တို့ကို သွန်သင်၍ ကုသပေးခဲ့သော်လည်း ထိုအရာ များကို သူ၏နောက်ဆုံးတာဝန်မဟုတ်ပေ။ကျွန်ုပ်တို့အတွက် အသေခံနိုင်မည်အကြောင်း ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာခဲ့သည်(ယောဟန်၁း၁၊၁၄)။လူ့သဏ္ဍာန်ဆောင်သောဘုရားသခင်အနေဖြင့် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့သည်။ဘုရားသခင်အနေနှင့်၊ သူ၏အသေခံခြင်းသည် အနန္တနှင့်ထာဝရတန်ဖိုးရှိပြီး အပြစ်အတွက် အပြည့်အ၀ ပေးချေမှုဖြစ်သည်(၁ယောဟန်၂း၂)။ယေရှုခရစ်တော်၏သေခြင်းသည် ကျွန်ုပ်တို့အပြစ်များအတွက် အပြည့်အ၀ပေးဆပ်မှု အဖြစ် လက်ခံပြီး ယေရှုခရစ်ကိုကယ်တင်ရှင်အဖြစ်လက်ခံရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဖိတ်ခေါ်သည်။ယေရှုကို ယုံကြည်၍ (ယောဟန်၃း၁၆) ကိုယ်တော်တစ်ပါးတည်းသာ ကယ်တင်ရှင်အဖြစ်ကိုးစားသောသူတိုင်း ကယ်တင်ခြင်းသို့ ရောက်မည်ဟုဘုရားသခင်ကတိပေးတော်မူသည်။ဆိုလိုသည်မှာ၊ငရဲသို့မရောက်ရ။

မည်သူတစ်ဦးတစ်ယောက်ကိုမျှ ငရဲသွားဖို့ရန် ဘုရားသခင်အလိုမရှိပါ(၂ပေတရု၃း၉)။ထို့ကြောင့် ဘုရားသခင် သည် ကျွန်ုပ်တို့ကိုယ်စား နောက်ဆုံးဖြစ်ပြီး ပြီးပြည့်စုံလင်၍ လုံလောက်သောပူဇော်သက္ကာကို ပြုလုပ်ခဲ့သည်။သင်သည် ငရဲ သို့မသွားလိုပါက သခင်ယေရှုကို သင်၏ကယ်တင်ရှင်အဖြစ်လက်ခံပါ။ဤသည်မှာ အလွန်ရိုးရှင်းပါသည်။သင်သည် အပြစ် သားဖြစ်ကြောင်းနှင့်ငရဲသို့သွားထိုက်ကြောင်း အသိအမှတ်ပြုပါကြောင်းကို ဘုရားသခင်အား ပြောပါ။သင်သည် ယေရှုခရစ် တော်ကို သင်၏ကယ်တင်ရှင်အဖြစ်ယုံကြည်အားကိုးကြောင်း ဘုရားသခင်အား ကြွေးကြော်ပါ။ဘုရားသခင်သည် သင်၏

ကယ်တင်ခြင်းနှင့်ငရဲမှလွှတ်မြောက်ခြင်းကို ပြင်ဆင်ပေးသောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ။ရိုးရှင်းသော ယုံကြည် ခြင်းတည်းဟူသော ယေရှုခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံခြင်းသည် ငရဲမှ သင်လွတ်မြောက်နိုင်သည့်နည်းလမ်းဖြစ် သည်။

English




။ကျွန်ုပ်သည် မည်သို့ငရဲမသွားနိုင်သနည်း။
© Copyright Got Questions Ministries