settings icon
share icon
မေးခွန်း

။ ကျွန်ုပ်သည် မည်သို့ကယ်တင်ခြင်းသို့ရောက်နိုင်သနည်း။

အဖြေ


။ဤမေးခွန်းသည် ရိုးရှင်းသော်လည်း လေးလေးနက်နက် မေးနိုင်သော အရေးကြီးသည့်မေးခွန်းဖြစ်သည်။ “ကျွန်ုပ်သည် မည်သို့ကယ်တင်ခြင်းသို့ရောက်နိုင်သနည်း” ဟူသည် ဤကမ္ဘာကြီးမှာ ကျွန်ုပ်တို့၏ဘ၀ကုန်ဆုံးသွားသောအ ခါ ထာဝရကျွန်ုပ်တို့ရောက်ရှိမည့်နေရာနှင့်သက်ဆိုင်သည်။ကျွန်ုပ်တို့၏ ထာဝရဘ၀ထက် ပိုအရေးကြီးသောကိစ္စမရှိပါ။ဘု ရားသခင်၏ကျေးဇူးတော်ကြောင့် သမ္မာကျမ်းစာသည် လူတစ်ဦးအား မည်သို့ကယ်တင်နိုင်သည်ကို ရှင်းရှင်းလင်းလင်းဖော် ပြထားသည်။ဖိလိပ္ပိထောင်မှူးက ပေါလုနှင့်သိလတို့ကို၊ “သခင်တို့၊အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောဌါ အသက်သို့ပြုရပါမည်နည်း” ဟုမေးလျှောက်လေ၏(တမန်၁၆း၃၀)။ပေါလုနှင့်သိလတို့က “သခင်ယေရှုကို ယုံကြည်လော့။ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟုပြန်ဆိုကြသည်(တမန်၁၆း၃၁)။

ကျွန်ုပ်သည် မည်သို့ကယ်တင်ခြင်းသို့ရောက်နိုင်သနည်း။ဘာကြောင့် ကယ်တင်ဖို့လိုအပ်သနည်း။

ကျွန်ုပ်တို့အားလုံးသည် အပြစ်တရားနှင့်ကူးစက်ခံရသည်(ရောမ၃း၂၃)။ကျွန်ုပ်တို့သည် အပြစ်နှင့်မွေးဖွားလာသူများ ဖြစ်ပြီး (ဆာလံ၅၁း၅)၊အပြစ်ပြုရန် ကိုယ်တိုင်ရွေးချယ်ကြသည်(ဒေသနာ၇း၂၀၊၁ယော၁း၈)။အပြစ်က ကျွန်ုပ်တို့ကို ကယ် တင်ခြင်းမခံရအောင်ပြုသည်။အပြစ်သည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့်ခွဲခွာစေသောအရာသည်။အပြစ်သည် ကျွန်ုပ်တို့ကို ထာဝရပျက်စီးခြင်းလမ်းပေါ်သို့ ရောက်စေသောအရာဖြစ်သည်။

ကျွန်ုပ်သည် မည်သို့ကယ်တင်ခြင်းသို့ရောက်နိုင်သနည်း။ဘယ်အရာမှကယ်တင်ခြင်းခံရမည်နည်း။

ကျွန်ုပ်တို့၏အပြစ်ကြောင့် ကျွန်ုပ်တို့သည် သေခြင်းတရားနှင့်ထိုက်တန်သည်(ရောမ၆း၂၃)။အပြစ်၏ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်သည် ရုပ်ပိုင်းဆိုင်ရာသေခြင်းဖြစ်သော်လည်း၊ယင်းသည် အပြစ်မှထွက်ပေါ်လာသောတစ်ခုတည်းသောသေခြင်း မျိုးမဟုတ်ပါ။အပြစ်ဟူသမျှသည် နောက်ဆုံးတွင် ထာဝရနှင့်အနန္တဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်သည်(ဆာလံ၅၁း၎)။ထို အကြောင်းကြောင့်၊ ကျွန်ုပ်တို့၏အပြစ်အတွက် မျှတသောပြစ်ဒဏ်သည် ထာဝရနှင့်အဆုံးမဲ့ပြစ်ဒဏ်ဖြစ်သည်။ကျွန်ုပ်တို့ သည် ထာဝရပျက်စီးခြင်းမှကယ်တင်ရန်လိုအပ်သည်(မဿဲ၂၅း၄၆၊ဗျာဒိတ်၂၀း၁၅)။

ကျွန်ုပ်သည် မည်သို့ကယ်တင်ခြင်းသို့ရောက်နိုင်သနည်း။ဘုရားသခင်သည် ကယ်တင်ခြင်းကို မည်သို့ပေးခဲ့သနည်း။

အပြစ်အတွက် တရားမျှတသောပြစ်ဒဏ်သည် အဆုံးမဲ့နှင့်ထာဝရဖြစ်သောကြောင့်၊ဘုရားသခင်သာလျှင် အဆုံမဲ့နှင့် ထာဝရဖြစ်သောကြောင့် ယင်းအပြစ်ဒဏ်ကိုပေးဆောင်နိုင်သည်။သို့သော် ဘုရားသခင်သည် သူ၏ဘုရားသဘာဝအရ မသေနိုင်ပါ။ထို့ကြောင့် ဘုရားသခင်သည် ယေရှုခရစ်လူတွင် လူသားတစ်ဦးဖြစ်လာခဲ့သည်။ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ကျွန်ုပ်တို့အလယ်တွင်အသက်ရှင်၍ သွန်သင်ပေးခဲ့သည်။လူတို့သည် ကိုယ်တော်နှင့်ကိုယ်တော်၏တရားစကားကို ငြင်းပယ်လျက် သတ်ခြင်းဌါရှာကြံသောအခါ၊ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ဆန္ဒရှိစွာ မိမိကိုယ်ကိုပူဇော်သက္ကာပြုခဲ့ သည်(ယောဟန်၁၀း၁၅)။ယေရှုခရစ်တော်သည် လူဖြစ်သောကြောင့် သေနိုင်သည်၊ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ် သောကြောင့် ကိုယ်တော်၏သေခြင်းသည်ထာဝရနှင့်ဆိုင်ပြီးအဆုံးမဲ့တန်ဖိုးရှိသည်။လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ယေရှု အသေခံခြင်းသည် ကျွန်ုပ်တို့အပြစ်အတွက် ပြီးပြည့်စုံသောပေးဆပ်ခြင်းဖြစ်သည်(၁ယော၂း၂)။ကျွန်ုပ်တို့ခံထိုက်သော အကျိုးဆက်များကို ကိုယ်တော်ခံယူခဲ့သည်။သခင်ယေရှု၏သေခြင်းမှထမြောက်ခြင်းသည် အမှန်ပင် အပြစ်အတွက် ပြီးပြည့် စုံသော လုံလောက်သောပူဇော်သက္ကာဖြစ်ကြောင်းသက်သေပြခဲ့သည်။

ကျွန်ုပ်သည် မည်သို့ကယ်တင်ခြင်းသို့ရောက်နိုင်သနည်း။အဘယ်အရာ ပြုရမည်နည်း။

“သခင်ယေရှုကို ယုံကြည်၍ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” (တမန်၁၆း၃၁)။လုပ်ဆောင်ရမည့်အမှုခပ်သိမ်း ဘုရားသခင်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ သင်လုပ်ဆောင်ရမည့်အရာမှာ ဘုရားသခင်ပေးသနားတော်မူသော ကယ်တင်ခြင်းကို

ယုံကြည်ခြင်းအားဖြင့် လက်ခံလိုက်ပါ(ဧဖက်၂း၈-၉)။သခင်ယေရှုသည် သင်၏အပြစ်များအတွက် ပေးဆပ်ခြင်းအဖြစ် လုံးလုံးလျားလျားယုံကြည်အားကိုးပါ။ကိုယ်တော်ကို ယုံကြည်ပါ။သို့ပြုလျှင် သင်သည်ပျက်စီးခြင်းသို့မရောက်ရ(ယောဟန်၃း ၁၆)။ဘုရားသခင်သည် ကယ်တင်ခြင်းကို ဆုလက်ဆောင်တစ်ခုကဲ့သို့ သင့်အား ပေးတော်မူသည်။သင်လုပ်ဆောင်ရမည့် အရာမှာ ၎င်းကိုလက်သင့်ခံခြင်းဖြစ်သည်။သခင်ယေရှုသည် ကယ်တင်ခြင်းလမ်းခရီးဖြစ်သည်(ယောဟန်၁၄း၆)။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

။ ကျွန်ုပ်သည် မည်သို့ကယ်တင်ခြင်းသို့ရောက်နိုင်သနည်း။
© Copyright Got Questions Ministries