settings icon
share icon
မေးခွန်း

။ယေရှုကယ်တင်သည် ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။

အဖြေ


။ယေရှု ကယ်တင်သည် ဟူသည်မှာ ကားဘန်ပါပေါ်မှာ၎င်း၊အားကစားပွဲများတွင်ဆိုင်းဘုတ်များနှင့် လေယဉ် ငယ်များဖြင့် ကောင်းကင်ယံတွင် ဆွဲဖြန့်နေသည့်ခေါင်းစီးစာတန်များတွင် အသုံးများသည့်ဆောင်ပုဒ်ဖြစ်သည်။ဝမ်းနည်းစရာ မှာ၊ ယေရှုကယ်တင်သည်ဟူသောစကားလုံးကို မြင်သောသူအနည်းငယ်မျှသည် ယင်း၏အဓိပ္ပာယ်ကို အမှန်တကယ်နား လည်ကြသည်။ထိုစကားလုံးနှစ်လုံးတွင် ကြီးမားသောတန်ခိုးနှင့်သမ္မာတရားဖြင့်ပြည့်နှက်နေသည်။

ယေရှု ကယ်တင်သည်၊သို့သော် ယေရှုသည် မည်သူနည်း။

ယေရှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က အစ္စရေးနိုင်ငံတွင်နေထိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း လူအများစုက နားလည်ကြသည်။ကမ္ဘာပေါ်ရှိဘာသာတရားတိုင်းနီးပါးက ယေရှုကို ဆရားကောင်းတစ်ဦး နှင့်/သို့မဟုတ် ပရောဖက်အဖြစ် ရှုမြင်ကြသည်။ယေရှုသည် ဆရာကောင်းတစ်ဦးနှင့်ပရောဖက်တစ်ဦးအမှန်ဖြစ်သော်လည်း ထိုလုပ်ငန်းတာဝန်သတ်မှတ်ချက် များသည် ယေရှုမည်သူမည်ဝါဖြစ်ပြီး မည်သို့ကယ်တယ်၍၊ဘာကြောင့်ကယ်တင်သည်ကိုမူ အမိအရရှင်းပြခြင်းမရှိပေ။ယေရှု သည် လူ့သဏ္ဍာန်ခံယူသော ဘုရားသခင်ဖြစ်သည်(ယောဟန်၁း၁)။ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရန် ယေရှုခရစ်ပုဂ္ဂိုလ်အား ဖြင့် လူသားအမှန်ဖြစ်လာပြီး မြေကြီးသို့ဆင်းကြွလာခဲ့သည်(၁ယောဟန်၎း၂)။ထိုအချက်က နောက်ထပ်မေးခွန်းတစ်ခုဖြစ် ပေါ်စေသည်၊ “ဘာကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ဖို့လိုအပ်သနည်း။”

ယေရှု ကယ်တင်သည်၊သို့သော် ဘာကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ဖို့လိုအပ်သနည်း။

အသက်ရှင်ခဲ့ဖူးသမျှသောလူသားတိုင်း အပြစ်ရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်(ဒေသနာ၇း၂၀၊ရောမ၃း၂၃)။ အပြစ်လုပ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ပြီးပြည့်စုံပြီး သန့်ရှင်းသော ပင်ကိုယ်စရိုက်ကို ဆန့်ကျင်သော အတွေး၊စကား သို့မဟုတ် အကျင့်ဖြင့် မည်သည့်အရာမဆိုပြုလုပ်ခြင်းဖြစ်သည်။ကျွန်ုပ်တို့၏ ဒုစရိုက်ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင် နှင့်ခွဲခွာပြီး ဘုရားသခင်ထံမှ တရားစီရင်ခြင်းကိုခံထိုက်သည်(ယောဟန်၃း၁၈၊၃၆)။ဘုရားသခင်သည် ပကတိဖြောင့်မတ် သောကြောင့် အပြစ်များကိုမစီရင်ဘဲနေခွင့်မပြုနိုင်ပေ။ဘုရားသခင်သည် အနန္တနှင့်ထာဝရဖန်ဆင်းရှင်ဖြစ်သောကြောင့် ခပ် သိမ်းသောအပြစ်သည် သူ့အား ဆန့်ကျင်ကာ (ဆာလံ၅၁း၎)၊အဆုံးမဲ့ထာဝရအပြစ်ဒဏ်ပေးခြင်းမှသာ လုံလောက်သည်။ ဘုရားသခင်နှင့်ခွဲခွာခြင်းတည်းဟူသော ထာဝရသေခြင်းသည် အပြစ်အတွက် တစ်ခုတည်းသောဖြောင့်မတ်သောအပြစ်ဒဏ် ဖြစ်သည်။ထို့ကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ရောက်ရန် လိုအပ်ပါသည်။

ယေရှု ကယ်တင်သည်၊သို့သော် မည်သို့ကယ်တင်သနည်း။

ကျွန်ုပ်တို့သည် အနန္တဘုရားသခင်ကို ပြစ်မှားသောကြောင့်၊အကန့်အသတ်ရှိလူ(ကျွန်ုပ်တို့တစ်ဦးစီ)သည် ကျွန်ုပ် တို့၏အပြစ်များအတွက် အချိန်အတိုင်းအတာတစ်ခုအထိ ပေးဆပ်ရမည်ဖြစ်ပြီး၊ သို့မဟုတ် အနန္တပုဂ္ဂိုလ်(ယေရှု)သည် ကျွန်ုပ်တို့အပြစ်အတွက် တစ်ကြိမ်သာ ပေးဆပ်ရမည်ဖြစ်သည်။အခြားရွေးချယ်စရာမရှိ။ကျွန်ုပ်တို့ကိုယ်စား အသေခံခြင်းဖြင့် ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင်သည်။ကိုယ်တော်တစ်ပါးတည်းသာ ပေးဆပ်နိုင်သောအဆုံးမဲ့ထာဝရအပြစ်ဒဏ်ကို ပေး ဆပ်ကာ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား မိမိကိုယ်ကိုယဇ်ပူဇော်ခဲ့သည်(၂ကော၅း၂၁၊၁ယော၂း၂)။ဘုရားသခင် နှင့်ထာဝရခွဲခွာခြင်းကံကြမ္မာမှ ကျွန်ုပ်တို့ကို ကယ်တင်ရန် ကျွန်ုပ်တို့ထိုက်တန်သောပြစ်ဒဏ်ကို ယေရှုခံယူခဲ့သည်။ကျွန်ုပ်တို့ အတွက် သူ၏ကြီးမားသော မေတ္တာတော်ကြောင့် သခင်ယေရှုသည် မိမိအသက်ကိုစွန့်လွှတ်ခဲ့ပြီး(ယောဟန်၁၅း၁၃)၊ ကျွန်ုပ် တို့လုပ်ခဲ့သော်လည်း မဆပ်နိုင်သည့်အပြစ်ကြွေးကို ကိုယ်တော်ဆပ်ပေးခဲ့သည်။သုံးရက်အကြာတွင် ယေရှုသည် သေခြင်းမှ ထမြောက်ပြီး ယင်းထမြောက်ခြင်းသည် ကျွန်ုပ်တို့၏အပြစ်များအတွက် ပေးဆပ်ရန်လုံလောက်ကြောင်း ဖော်ပြကာ သူ၏ အသက်သည် ကျွန်ုပ်တို့ကိုယ်စား သေခြင်းတရားကိုအောင်မြင်သည်(၁ကော၁၅)။

ယေရှု ကယ်တင်သည်၊သို့သော် မည်သူကိုကယ်တင်သနည်း။

ယေရှုက သူ၏ကယ်တင်ခြင်းဆုကျေးဇူးကို ယုံကြည်ခြင်းအားဖြင့်လက်ခံမည့်သူတိုင်းအား ကယ်တင်သည်။မိမိကိုယ် ကိုကယ်တင်ရန်ကြိုးစားခြင်းမှရပ်တန့်ပြီး ကိုယ်တော်၏ပူဇော်သက္ကာသည် အပြစ်အတွက်တစ်ခုတည်းသောအပြစ်ဒဏ်ပေး ဆပ်မှုအဖြစ်လုံးလုံးလျားလျားယုံကြည်ကိုးစားသောသူတိုင်းအား ယေရှုသည် ကယ်တင်သည်(ယောဟန်၃း၁၆၊တမန် ၁၆း၃၁)။ယေရှု၏ ပူဇော်သက္ကာသည် လူသားအားလုံး၏အပြစ်များအတွက် ပေးဆပ်ရန်လုံလောက်သော်လည်း သူ၏ကယ် တင်ခြင်းဆုကျေးဇူးကိုမူ ယုံကြည်ခြင်းအားဖြင့်သာ ရရှိသည်(ယောဟန်၁း၁၂)။ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံကြည်အား ကိုးရမည်။သခင်ယေရှု၏ကယ်တင်ခြင်းအဓိပ္ပါယ်ကို ယခု သင်နားလည်ပြီး သင်၏ ကယ်တင်ရှင်အဖြစ် ကိုယ်တော်ကို ယုံ ကြည်လိုပါက၊ ယုံကြည်ခြင်း၏လုပ်ဆောင်ချက်တစ်ခုအနေဖြင့်၊ အောက်ပါတို့ကို ဘုရားသခင်ထံပြောနိုင်သည်၊ “ဘုရား သခင်၊ အကျွန်ုပ်သည် အပြစ်သားဖြစ်ကြောင်းကို အကျွန်ုပ်သိပါ၏။အကျွန်ုပ်၏အပြစ်ကြောင့် ထာဝရကိုယ်တော်နှင့်ခွဲခွာခြင်း ကို ထိုက်တန်ကြောင်း အကျွန်ုပ်သိပါ၏။အကျွန်ုပ်မထိုက်တန်သော်လည်း၊ အကျွန်ုပ်ကိုချစ်၍ ယေရှု၏အသေခံခြင်းနှင့်ရှင်ပြန် ထမြောက်ခြင်းအားဖြင့် အကျွန်ုပ်၏အပြစ်များအတွက် ပူဇော်သက္ကာကိုပြင်ဆင်ပေးသောကြောင့် ကျေးဇူးတင်ပါ၏။ယေရှု သည် အကျွန်ုပ်၏အပြစ်များအတွက်အသေခံကြောင်းကို ယုံကြည်ပါ၏။အကျွန်ုပ်ကိုကယ်တင်ရန် ကိုယ်တော်တစ်ပါးတည်း သာ အားကိုးပါ၏။ယနေ့မှစ၍ အပြစ်၌အသက်မရှင်တော့ဘဲ ကိုယ်တော်အတွက် အသက်ရှင်ရန် မဆတော်မူပါ။ကိုယ်တော် ပေးခဲ့သော အံ့သြဖွယ်ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ခြင်းဖြင့် အကျွန်ုပ်၏ကျန်ရှိသောအသက်တာတစ်ခုလုံးအသက်ရှင် ဖို့မဆတော်မူပါ။သခင်ယေရှု၊အကျွန်ုပ်ကို ကယ်တင်သောကြောင့် ကျေးဇူးတင်ပါ၏။”

English




။ယေရှုကယ်တင်သည် ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။
© Copyright Got Questions Ministries