ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတွင် အဘယ်ကြောင့် ခြားနားမှုရှိသနည်း။


ေမးခြန္း: ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတွင် အဘယ်ကြောင့် ခြားနားမှုရှိသနည်း။

အေျဖ:
ဤမေးခွန်း၏ အဓိကအားဖြင့် နားလည်မှုလွှဲချော်သွားခြင်းသည် ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်း များထဲ တွင် ဖော်ပြထားသော ဘုရားသခင်၏သဘောသဘာဝကို အသိရှိခြင်းဖြစ်သည်။ အခြားသော အခြေခံနည်းလမ်းအားဖြင့်ဖော်ပြရလျှင် “ဓမ္မဟောင်းထဲတွင် ရှိသောဘုရားသခင်သည် အမျက်ဒေါသပြင်း ထန်သော ဘုရားသခင်ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ရှိသောဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံ တော်မူသော ဘုရားသခင်ဖြစ်သည်” ဟု ဖော်ပြရပေမည်။ အမှန်အကန်ဖော်ပြရလျှင် သမ္မကျမ်းစာသည် သမိုင်းတလျှောက်အဖြစ်အပျက်များနှင့် ဘုရားသခင်နှင့် လူသားများဆက်နွယ်မှုများအားဖြင့် ဘုရားခင် တည်ရှိကြောင်း တဆင့်မှတဆင့် ကျွနု်ပ်တို့ထံပေးထားသော ဗျာဒိတ်တော်ဖြစ်သည်။ ထိုကြောင့်လူတွေက ဓမ္မဟောင်းထဲတွင် ရှိသော ဘုရားသခင်နှင့် ဓမ္မသစ်ထဲတွင် ရှိသောဘုရားသခင်အကြောင်းကို နားလည်မှုလွှဲ သွားခြင်းဖြစ်သည်။ သို့သော်လူတစ်ဦးသည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို ဖတ်လျှင် ဘုရားသခင်သည် ခြားနားမှုမရှိ၊ အတူတူဖြစ်သည်ကို၄င်း၊ ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းများတွင် ဘုရား သခင်၏ အမျက်တော်နှင့်ချစ်ခြင်းမေတ္တာတော်ဖော်ပြထားကြောင်းကို တွေ့ရှိနိုင်ပါလိမ့်မည်။

ဥပမာအားဖြင့်၊ ဓမ္မဟောင်းကျမ်းတစ်ခုလုံးကို ဖတ်လျှင် ဘုရားသခင်က မိမိကိုယ်ကို “သနားဂရုဏာနှင့်ပြည့် စုံသောဘုရား၊ အမျက်ထွက်ခြငး်၌နှေးကွေးသောဘုရား၊ ချစ်ခြင်းမေတ္တာ၊ သစ္စာတရားနှင့်ပြည့်စုံတော်မူသော ဘုရားသခင်”ဖြစ်ကြောင်း ဖော်ပြထားပါသည် (ထွက်မြောက်၊ ၃၄း၆၊ တောလည်၊ ၁၄း၁၈၊ ဝတ်ပြု ၉း၁၇၊ ဆာ ၈၆း၅၊ ၁၅၊ ၁၀၈း၄၊ ၁၄၅း၈၊ ယောလ ၂း၁၃)။ ဓမ္မသစ်ကျမ်းတွင် ဘုရားသခင် သနားခြင်းမေတ္တာတော် နှင့် ဂရုဏာတော်တို့ကို ပြည့်စုံစွာဖော်ပြထားပါသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအ ပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြငး်ငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်း သောသားတော်ကို စွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏” (ယောဟန် ၃း၁၆)။ ဓမ္မ ဟောင်းတလျှောက်လုံးကို ကြည့်လျှင် ဖခင်တစ်ဦးက မိမိသားကို ချစ်သည့်နည်းတူ၊ ဘုရားသခင်သည် ဣသရေလလူမျိုးများကို ချစ်ကြောင်းတွေ့ရှိနိုင်ပါသည်။ သူတို့သည် မိမိရွေးချယ်မှုဖြင့် ဘုရားသခင်ကို ဆန့်ကျင်၍ ရုပ်တုကို ကိုးကွယ်သောအခါ ဘုရားသခင်က သူတို့ကို ဒဏ်ခတ်ခဲ့သည်။ သို့သော်သူတို့ သည် မိမိအပြစ်များကို နောင်တရ၍ ဘုရားသခင်ထံပြန်လာသောအခါ ဘုရားသခင်သည်သူတို့ကို ကယ်တင်ခဲ့သည်။ ထိုနည်းတူ ဘုရားသခင်သည်လည်း ဓမ္မသစ်ကျမ်းထဲတွင်ရှိသော ခရစ်ယာန်များကို ဆက်ဆံခဲ့သည်။ ဥပမာအားဖြင့်၊ ဟေဗြဲ ၁၂း၆ ထဲတွင် ဤသို့ဖော်ပြထားပါသည်။ “ထာဝရဘုရားသည် ချစ် တော်မူသောသူတို့ကို ဆုံးမတော်မူ၏။ လက်ခံသမျှသောသူတို့ကို ဒဏ်ခတ်တော်မူ၏။”

ထိုနည်းတူ၊ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းတလျှောက်တွင် အပြစ်တရားအပေါ် တရားစီရင်၍ အမျက် ဒေါသကို သွန်းလောင်းတော်မူသည်ကို တွေ့ရှိနိုင်သည်။ ဓမ္မသစ်ကျမ်းထဲတွင်လည်း ကျွနု်ပ်တို့သည် ဘုရား သခင်၏အမျက်တော်ကို တွေ့ရှိနိုင်သည်။ “သမ္မာတရားကို အဓမ္မဖြင့်ဆီးတာနှိပ်စက် သောသူတို့ပြု တတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်းအမှုအမျိုးမျိုးတို့တဘက်၌ ဘုရားသခင်၏အ မျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏” (ရောမ ၁း၁၈)။ ထိုကြောင့်ဘုရားသ ခင်သည် ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းထဲတွင် ခြားနားမှုမရှိပေ။ ဘုရားသခင်၏သဘောသဘာဝသည် ပြောင်း လဲခြင်းမရှိပေ။ ဘုရားသခင်သည် ပြောင်းလဲခြင်းအရှိသောဘုရားသခင်ဖြစ်ကြောင်းကို သမ္မာကျမ်းစာ ဖတ်လျှင် ကျမ်းပိုဒ်အမြားအပြားတွင် သူ၏သဘောသဘဝများကို တွေ့ရှိနိုင်ပါသည်။

ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာလျှင် ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းထဲတွင်ဘုရားသခင် သည်ခြားနားမှုမရှိကြောင်းတွေ့ရှိနိုင်ပါသည်။ သမ္မာကျမ်းစာတွင် စာအုပ်ပေါင်း ၆၆ ပါဝင်ပြီး၊ တိုက်ကြီးနှစ်မှ ရေးသားထားသည်။ နှစ်ပေါင်း ၁၅၀၀ အတွင်း ဘာသာကြီးသုံးခုဖြင့် စာရေးသူ ၄ဝကျော်တို့က ရေးသား ခဲ့သည်။ စာအုပ်တစ်ခုနှင့်တစ်ခုသည် လုံးဆန့်ကျင်ဘက်ပြုခြင်းမရှိဘဲ ရည်ရွယ်ချက်တစ်ခုတည်းရှိသည်။ ချစ်ခြင်းမေတ္တာ၊ သနားခြင်းဂရုဏာတော်၊ တရားမျှတနှင့်ပြည့်စုံတော်မူသောဘုရားသခင်သည် အပြစ်ပြု သော လူသားများအပေါ် အခြေအနေမျိုးစုံဖြင့် ဆက်ဆံခဲ့သည်ကို ကျွနု်ပ်တို့တွေ့ရှိနိုင်သည်။ သမ္မာကျမ်း စာသည် လူသားများအပေါ်ဘုရားသခင်ပေးပို့သော မေတ္တာစာစောင်ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်း ထားသောသူများအပေါ်၊ အဓိကအားဖြင့် လူသားများအပေါ်၊ ဘုရားသခင်၏မေတ္တာတော်ကို သမ္မာ ကျမ်းစာ တစ်ခုလုံးတွင် တွေ့ရှိနိုင်သည်။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် မေတ္တာဂရုဏာတော်နှင့် ပြည့်စုံသော ဘုရားသခင်သည် လူသားများအား သူနှင့်မိတ်သာဟာရပြန်ဖွဲ့ရန် ခေါ်ဖိတ်ထားပါသည်။ ဘုရားသခင်က ထိုသို့ပြုခြင်းသည် လောကီသားတို့သည် ထိုက်တန်သောကြောင့်မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးဂရု ဏာတော်၊ သူ၏စိတ်ရှည်သည်းခံနိုင်ခြင်းနှင့် သူ၏ပြည့်စုံသော ချစ်ခြင်းမေတ္တာတော်နှင့် ဖြောင့်မတ်ခြင်း ကြောင့်သာ ဖြစ်သည်။ သန့်ရှင်းဖြောင့်မတ်သောဘုရားသခင်သည် သူ၏နှုတ်ကပတ်တော် ကိုနားမ ထောင်သောသူများနှင့် သူ့ကို ကိုးကွယ်ရန်ငြင်းပယ်သောသူများ၊ သူ့ထံမှထွက်သွားသောသူများ၊ ကိုယ်တိုင်တီထွင်ဖန်ဆင်းသောရုပ်တုကိုကိုးကွယ်သောသူများကို တရားစီရင်မည့် တရားသူကြီးဖြစ်သည် (ရောမ အခန်းကြီး ၁)။

ဘုရားသခင်သည် သန့်ရှင်းဖြောင့်မတ်သောဘုရားဖြစ်တော်မူသောကြောင့် အတိတ်၊ပစ္စုပ္ပန်နှင့်အနာဂတ် အပြစ်များကို တရားစီရင်မည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ထာဝရမေတ္တာတော်က အပြစ်တရားအ တွက် လျှော်ကြေးကို ဆပ်ပေးခဲ့သည်။ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်သေနည်းလမ်းကို ပြင်ဆင်ပေးခဲ့ သည်။ သို့မှသာ အပြစ်ရှိသောလူသားများသည် ဘုရားသခင်၏အမျက်တော်မှ လွှတ်မြောက်နိုင်မည်ဖြစ် သည်။ ကျွနု်ပ်တို့သည် ၁ယော ၄း၁၀ အလွန်ကောင်းသော နှုတ်ကပတ်တော်ကို တွေ့ရှိနိုင်သည်။ “ငါတို့ သည် ဘုရားသခင်ကို ချစ်သည်ဟုမဆို။ ဘုရားသခင်သည်ငါတို့ကိုချစ်၍ ငါတို့၏အပြစ်ဖြေစရာဖြစ်စေခြင်း ငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။” ဓမ္မဟောင်းကျမ်းထဲတွင် အပြစ်ဖြေ လွှတ်နိုင်ရန်အတွက် ဘုရားသခင်ကယဇ်ပူဇော်ခြင်းစနစ်ကို ပြင်ဆင်ပေးခဲ့သည်။ သို့ရာတွင် ထိုအပြစ်အ တွက် ယဇ်ပူဇော်ခြင်းသည် ယာယီအတွက် ဖြစ်ပြီး၊ သခင်ယေရှုခရစ်တော်သည် အပြစ်အတွက် ကားတိုင်တော်ပေါ်တွင် ကိုယ်စားပြုအသေခံတော်မူခြင်းလက်္ခဏာကို ပုံဆောင်ထားခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းစာထဲတွင် ကတိထားခဲ့သော ကယ်တင်ရှင်သည် ဓမ္မသစ်ထဲတွင် ပြည့်စုံခဲ့သည်။ ဓမ္မဟောင်းကျမ်းစာထဲတွင် ကတိပြုတော်သော ဘုရားသခင်၏မေတ္တာတော်ဖြစ်သော သူ၏တပါးတည်း သောသားတော် သခင်ယေရှုခရစ်တော် စေလွှတ်မည့် ပရောဖက်ပြုချက်ကို ဓမ္မသစ်ကျမ်းစာထဲတွင် ပြည့်စုံ ခဲ့သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းထဲတွင် “ကယ်တင်ခြင်းရရှိရန် ပညာရှိရန်” (၂တိ ၃း၁၅) ဟု ဖော်ပြ ထားပါသည်။ ကျွနု်ပ်တို့သည် ဓမ္မသစ်ကျမ်းစာကို ကောင်းမွန်စွာလေ့လာသောအခါ ဘုရားသခင်သည် “သူ ဖော်ပြထားခဲ့သော အရိပ်များ”ပြောင်းလဲခြင်းမရှိသည်ကို သက်သေအထောက်အထားတွေ့ရှိနိုင်သည် (ယာကုပ် ၁း၁၇)။

English
ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတွင် အဘယ်ကြောင့် ခြားနားမှုရှိသနည်း။




