settings icon
share icon
မေးခွန်း

အဘယ်ကြောင့်ဆုတောင်းရမည်နည်း။ ဘုရားသခင်သည် နောက်လာမည့် အရာများကိုသိရှိပြီး သူသည်အရာခပ်သိမ်းကို ထိန်းချုပ်သူဖြစ်လျှင် ကျွနု်ပ်တို့သည် ဘာဆု ကိုတောင်းလျှောက်ရဦးမည်နည်း။ ကျွနု်ပ်တို့သည် ဘုရားသခင်၏စိတ်တော်ကိုမပြောင်းလဲ စေနိုင်လျှင် အဘယ့်ကြောင့်ဆုတောင်းရဦးမည်နည်း။

အဖြေ


ခရစ်ယာန်များအတွက်ဆုတောင်းခြင်းသည် အသက်ရှူခြင်းဖြစ်သည်။ ဆုတောင်း ခြင်းသည် မတောင်းခြင်းထက်ပိုလွယ်သည်။ ကျွနု်ပ်တို့သည် အလွန်ကြီးမားသောအရာများ အတွက်ဆုတောင်းကြသည်။ ဆုတောင်းခြင်းသည် ဘုရားသခင်ကိုအစေခံခြင်းပုံစံ (လုကာ ၂း၃၆-၃၈)နှင့်သူ့ကိုနာခံခြင်းပုံစံဖြစ်သည်။ ဘုရားသခင်ကဆုတောင်းရန်ပညတ်ထားသော ကြောင့် ကျွနု်ပ်တို့ဆုတောင်းခြင်းဖြစ်သည်(ဖိလိပ္ပိ ၄း၆-၇)။ ဆုတောင်းခြင်းသည် သခင်ယေရှုနှင့်ကနဦးယုံကြည်သူများချပေးထားသော နမူနာတစ်ခုဖြစ်သည် (မာကု ၁း၃၅၊ တမန် ၁း၁၄၊ ၂း၄၂၊ ၃း၁၊ ၄း၂၃-၃၁၊ ၆း၄၊ ၁၃း၁၃)။ သခင်ယေရှုကိုယ်တိုင်က ဆုတောင်းခြင်းသည် အလွန်ကောင်းသည်ဟုထင်မှတ်ခဲ့လျှင် ကျွနု်ပ်တို့သည်လည်း ထင်မှတ်ရမည်ဖြစ်သည်။ သခင်ယေရှုသည် ခမည်းတော်ဘုရား၏အလိုတော်အတိုင်း ဆုတောင်းလျှင် ကျွနု်ပ်တို့သည်လည်းပို၍တောင်းသင့်သည်မဟုတ်လော။

ဆုတောင်းခြင်းအတွက်အခြားယူဆချက်တစ်ခုသည် ဘုရားသခင်က အခြေအနေများစွာကိုဖြေရှင်းပေးလိုသောခါ ဆုတောင်းခြင်းအားဖြင့်ဖြေရှင်းပေးသည်ဟု အကြံရှိသောကြောင့်ဖြစ်သည်။ ကျွနု်ပ်တို့သည် အရေးကြီးသောဆုံးဖြတ်ချက်ချသောအချိန် တွင်ဖြစ်စေ (လုကာ ၆း၁၂-၁၃)၊ နတ်ဆိုးများကိုအောင်မြင်လိုအသောအချိန်တွင်ဖြစ်စေ (မဿဲ ၁ရး၁၄-၂၁)၊ ၀ိညာဉ်ရိတ်သိမ်းပွဲအတွက် အမှုတော်ဆောင်များစုရုံးနေသောအခါ တွင်ဖြစ်စေ (လုကာ ၁ဝး၂)၊ စုံစမ်းနှောက်ယှက်ခြင်းကိုအောင်မြင်ရန် ခွန်အားလိုအပ်နေ သောအခါတွင်ဖြစ်စေ (မဿဲ ၂၆း၄၁)၊ အခြားသူများကိုခွန်အားပေးရန် ၀ိညာဉ်ခွန်အားလို အပ်သောအခါတွင်ဖြစ်စေ(ဧဖက် ၆း၁၈-၁၉) ဆုတောင်းတတ်ကြသည်။

ကျွနု်ပ်တို့သည် ဘုရားသခင်ထံ ကျွနု်ပ်တို့တောင်းဆိုသောဆုတောင်းချက်များကို ဘုရားသခင်ထံတော်သို့ပို့ဆောင်ခြင်းဖြစ်သည်။ ကျွနု်ပ်တို့ဆုတောင်းချက်များအားလုံး ဘုရားသခင်ကအဖြေမပေးသော်လည်း (မဿဲ ၆း၆၊ ရောမ ၈း၂၆-၂၇) သူက ကျွနု်ပ်တို့ဆုတောင်းချက် များကိုအချည်းနှီးမဖြစ်စေရဟုကတိတော်ရှိသည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီဆုတောင်းလျှင် ဘုရားသခင်က ကျွနု်ပ်တို့တောင်းဆို သောအရာများချပေးမည်ဟု ကတိပြုထားပါသည်။ (၁ယော ၅း၁၄-၁၅)။ တခါတရံ ကျွနု်ပ်တို့ကောင်းမှုအတွက်နှင့်သူသိသောအရာများအတွက်ကြောင့် ကျွနု်ပ်တို့ဆု တောင်းချက်ကို ဘုရားသခင်က နှေးကွေးစွာအဖြေပေးတတ်သည်။ ဤအခြေအနေတွင် ကျွနု်ပ်တို့သည် မရပ်မနားဆုတောင်းရန်လိုအပ်သည် (မဿဲ ရးရ၊ လုကာ ၁၈း၁-၈)။ ဆုတောင်းခြင်းသည် လောကတွင်ကျွနု်ပ်တို့လိုအပ်သောအရာများဘုရားသခင်ထံမှရရှိ ရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏အလိုတော်သည် မြေကြီးပေါ်တွင် ပြည့်စုံစေရန်အ တွက်သာဖြစ်သည်။ ဘုရားသခင်၏ညာဏ်ပညာတော်သည် ကျွနု်ပ်ထက်အဆမတန် ထက်မြက်သည်။

ကျွနု်ပ်တို့သည် ဘုရားသခင်၏အလိုတော်ကို တိတိကျကျမသိသောအခြေအနေမျိုး တွင် ဆုတောင်းခြင်းသည် ဘုရားသခင်၏အလိုတော်ကိုသိရှိရန်အတွက်ဖြစ်သည်။ ရှမရိအမျိုးသမီးသည် သူမ၏သမီးနတ်ဆိုးစွဲခြင်းအတွက် ခရစ်တော်ထံဆုမတောင်းလျှင် သူမ၏သမီးသည် ကျန်းမာခြင်းရမည်မဟုတ်ပေ (မာကု ရး၂၆-၃၀)။ ယေရိခေါ်မြို့ပြင်တွင်် ရှိသောမျက်စိကန်းသောလူတစ်ဦးသည်ခရစ်တော်ကိုမခေါ်ခဲ့လျှင် သူသည် မျက်စိမြင်နိုင် မည်မဟုတ်ပေ (လုကာ ၁၈း၃-၄၃)။ ကျွနု်ပ်တို့သည် ကျွနု်ပ်တို့မတောင်းလျှောက်သော အရာများကိုတောင်ရရှိကြသည်ဟု ဘုရားသခင်ကပြောခဲ့သည်(ယာကုပ် ၄း၂)။ တဘက်တွင် ဆုတောင်းခြင်းသည် လူတွေနှင့်သတင်းကောင်းဝေငှခြင်းနှင့်တူပါသည်။ ကျွနု်ပ်တို့သည် ကယ်တင်ခြင်းသတင်းကောင်းမဝေငှလျှင် မည်သူတွေကကယ်တင်ခြင်း ယုံကြည်မည်ကိုမသိခဲ့ကြပေ။ ထိုနည်းတူ၊ ကျွနု်ပ်တို့သည်ဆုမတောင်းလျှင် ဆုတောင်းချက် မည်မျှအဖြေပေးမည်ကို ကျွနု်ပ်တို့မသိနိုင်ကြပေ။

ဆုတောင်းခြင်း၌နားနည်းခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ယုံကြည်ခြင်း နှင့်ကိုးစားခြင်း၌အားနည်းခြင်းကိုပြသသည်။ ကျွနု်ပ်တို့သည် ဘုရားသခင်ကိုယုံကြည် ကြောင်းဆုတောင်းခြင်းအားဖြင့်ထင်ရှားစေပါသည်။ ဘုရားသခင်သည်သူ၏ကတိတော် အတိုင်းအမှုပြုပြီး၊ ကျွနု်ပ်တို့တောင်းလျှောက်နိုင်သောအရာ၊ မျှော်လင့်ချက်များထက် ဘုရားသခင်က ကျွနု်ပ်တို့အသက်တာတွင် ကောင်းချီးကြွယ်ဝစွာပေးမည်ဖြစ်သည် (ဧဖက် ၃း၂၀)။ ဆုတောင်းခြင်းသည် အခြားသောသူများအသက်တာတွင် ဘုရားသခင်ပြုသောအ မှုများတွေ့မြင်စေသောအရာတစ်ခုဖြစ်သည်။ ကျွနု်ပ်တို့သည် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော် “ထုတ်လွင့်”သောအခါ စာတန်နှင့်သူ၏ရဲဘော်ရဲဘက်များ ရှုံးနှိမ့်ခဲ့ကြခြင်းဖြစ်သည်။ ကျွနု်ပ်တို့သည်နတ်ဆိုးများပေါ်တွင်အနိုင်ယူနိုင်ရန်တန်ခိုးမရှိ ကြပေ။ ထိုကြောင့် ဘုရားသခင်သည် ကျွနု်ပ်တို့အားသူ၏ပလ္လင်တော်ရှေ့တွင် မြင်တွေ့ကြ ပါစေ။ အကြောင်းမှာ ကျွနု်ပ်တို့သည် ကောင်းကင်နိုင်ငံတော်နှင့်ကျွနု်ပ်တို့နှင့်အတူဆု တောင်းနေသော ယဇ်ပုရောဟိတ်ကြီးရှိသောကြောင့်ဖြစ်သည် (ဟေဗြဲ ၄း၁၅-၁၆)။ အရပ် မနားစိတ်အားထက်သန်စွာဖြင့်ဆုတောင်းသောဖြောင့်မတ်သူများကိုအဖြေရရှိကြလိမ့်မည်ဟူသော ဂတိတော် ကျွနု်ပ်တို့မှာရှိသည်။(ယာကုပ် ၅း၁၆-၁၈) ကျွနု်ပ်တို့သည် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ယုံကြည်ခြင်းအပြည့်အဝဖြင့်ချဉ်းကပ် သည့်နည်းတူ ဘုရားသခင်သည် ကျွနု်ပ်တို့အသက်တာများအားဖြင့် ဘုန်းကြီးခြင်း ရှိပါစေသော။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

အဘယ်ကြောင့်ဆုတောင်းရမည်နည်း။ ဘုရားသခင်သည် နောက်လာမည့် အရာများကိုသိရှိပြီး သူသည်အရာခပ်သိမ်းကို ထိန်းချုပ်သူဖြစ်လျှင် ကျွနု်ပ်တို့သည် ဘာဆု ကိုတောင်းလျှောက်ရဦးမည်နည်း။ ကျွနု်ပ်တို့သည် ဘုရားသခင်၏စိတ်တော်ကိုမပြောင်းလဲ စေနိုင်လျှင် အဘယ့်ကြောင့်ဆုတောင်းရဦးမည်နည်း။
© Copyright Got Questions Ministries