settings icon
share icon
မေးခွန်း

။အပြစ်သား/မယုံကြည်သူတစ်ဦး၏ဆုတောင်းခြင်းများကို ဘုရားသခင် နားညောင်း/အဖြေပေးပါသလား။

အဖြေ


။ ရှင်ယောဟန်၉း၃၁ ဖော်ပြထားသည်မှာ ၊ ဘုရားသခင်သည် လူဆိုးတို့စကားကိုနားထောင်တော်မမူသည် ကို ငါတို့သိကြ၏။ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကိုနားထောင် တော်မူ၏။ ဟုဖော်ပြထားသည်။ ကယ်တင်ခြင်းအတွက် အပြစ်သားတစ်ဦးမှဆုတောင်းခြင်းတစ်ခုသာလျှင် ဘုရား သခင်နားညောင်းတော်မူသည် ဟူသောဆိုရိုးစကားလည်းရှိသည်။ရလဒ်တစ်ခုအနေဖြင့်၊ အချို့က ဘုရားသခင်သည် မယုံ ကြည်သူတစ်ဦး၏ဆုတောင်းခြင်းကို မည်သည့်အခါမျှ နားညောင်း/အဖြေပေးတော်မူမည်မဟုတ်ဟုယုံကြည်ကြသည်။ ကိုယ် တော်ဘုရား၏အလိုတော်နှင့်အညီဆုတောင်းခြင်းဟုတ်မဟုတ်ပေါ်မူတည်ပြီး ဘုရားသခင်က ဆုတောင်းခြင်းများအား အဖြေ ပေးကြောင်း ရှင်ယောဟန်ပထမစာစောင်၅း၁၄-၁၅တွင် ပြောထားသည်။ဤနိယာမသည် မယုံကြည်သူများအားအကျုံးဝင် ကောင်းဝင်လိမ့်မည်။အကယ်၍ မယုံကြည်သူတစ်ဦးက ဘုရားသခင်၏အလိုတော်နှင့်အညီဆုတောင်းမည်ဆိုလျှင် ထိုအလို တော်နှင့်ညီသောဆုတောင်းခြင်းအား ဘုရားသခင်မှအဖြေမပေးရန်ဟန့်တားမည့်မည်သည့်အရာတစ်ခုမျှမရှိပေ။

အချို့သော ကျမ်းစာတွင် မယုံကြည်သူများ၏ဆုတောင်းခြင်းများအား ဘုရားသခင်နားညောင်းအဖြေပေးကြောင်း ဖော်ပြထားသည်။ဤအချက်များတွင် ဆုတောင်းခြင်းနှင့်သက်ဆိုင်သည်။တစ်ခု သို့မဟုတ် နှစ်ခုတွင်၊ ဘုရားသခင်သည် စိတ်နှလုံးထဲကအော်ဟစ်သံကို တုံ့ပြန်ခဲ့သည်(ထိုငိုကြွေးမှုသည် ဘုရားသခင်ခံဦးတည်ခြင်းရှိ၊မရှိ မဖော်ပြထားပါ)။အချို့ သောကိစ္စများတွင် ဆုတောင်းခြင်းသည် နောင်တနှင့်ပေါင်းစပ်ပုံရသည်။သို့သော် အခြားကိစ္စများတွင်၊ဆုတောင်းခြင်းသည် မြေကြီးဆိုင်ရာလိုအပ်ချက်များ သို့မဟုတ် ကောင်းချီးအတွက်သာဖြစ်ပြီး ဘုရားသခင်သည် စစ်မှန်သောရှာဖွေခြင်း သို့မဟုတ် ယုံကြည်ခြင်းအပေါ် သနားကြင်နာမှုဖြင့် တုံ့ပြန်ခြင်းဖြစ်သည်။ဤသည်မှာ မယုံကြည်သူ၏ ဆုတောင်းခြင်းဆိုင် ရာ ကျမ်းပိုဒ်အချို့ဖြစ်သည်၊…

နိနေဝေမြို့သားတို့သည် အသက်ချမ်းသာမည်အကြောင်းဆုတောင်းကြသည်(ယောန၃း၅-၁၀)။ဘုရားသခင်က ဤ ဆုတောင်းခြင်းကိုအဖြေပေးကာ သူခြိမ်းခြောက်ခဲ့သည့်အတိုင်း နိနေဝေမြို့ကိုမဖျက်ဆီးဘဲနေသည်။

ဟာဂါရသည် သူမ၏သားဣရှမေလကို ကာကွယ်ပေးရန် ဘုရားသခင်အား ဆုတောင်းခဲ့သည်(ကမ္ဘာ၂၁း၁၄-၁၉)။ ဘုရားသခင်သည် ဣရှမေလကို ကာကွယ်သည်သာမက အတိုင်းထက်အလွန်ကောင်းချီးပေးခဲ့သည်။

၃ရာ၂၁း၁၇-၂၉၊အထူးသဖြင့် အခန်းငယ်၂၇-၂၉တွင်၊ အာဟပ်သည် သူ၏သားစဉ်မြေးဆက်နှင့်ပတ်သက်သော ဧလိ ယ၏ပရောဖက်ပြုချက်အတွင် အစာရှောင်ပြီး ငိုကြွေးမြည်တမ်းသည်။အာဟပ်ခေတ်တွင် ဘေးဥပဒ်ကိုမဆောင်ယူဘဲ ဘုရား သခင်တုံ့ပြန်ခဲ့သည်။

တုရုနှင့်ဇိဒုန်မြို့ပတ်ဝန်းကျင်မှလာသော တပါးလူမျိုးမိန်းမတစ်ဦးသည် သူမ၏သမီးကိုပိုးဝင်သည့်နတ်ဆိုးကို သခင် ယေရှုနှင်ထောက်ဖို့ရန်ဆုတောင်းခဲ့သည်(မာကု၇း၂၄-၃၀)။မိန်းမ၏သမီးထဲက နတ်ဆိုးကို သခင်ယေရှုနှင်ထုတ်ပေးခဲ့သည်။

တမန်တော် ၁၀ တွင် ရောမတပ်မှူး ကော်နေလိသည် ဖြောင့်မတ်သူဖြစ်သည့်အပါ်ုတုံ့ပြန်သောအားဖြင့် တမန်တော် ပေတရုသည် သူ့ဆီသို့သွားမည်အကြောင်းစေလွှတ်ခြင်းခံရသည်။ တမန်တော် ၁၀း၂ တွင် ကော်နေလိသည် ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိသည် ဟု ကျွန်ုပ်တို့အားပြောထားသည်။

ယေရမိ၂၉း၁၃ တွင်၊ ငါ့ကို ရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည် ဟု ဆိုသည့်အတိုင်း ဘုရားသခင်သည် (ကယ်တင်ခြင်းရရှိသောသူ၊မရရှိသောသူထပ်တူ)လူတိုင်းအတွက်သက်ဆိုင်သော ကတိတော်များကို ပြုပေးသည်။ဤသည်မှာ တမန်တော် ၁၀ ထဲက ကော်နေလိအတွက် အကြောင်းကိစ္စရပ်ဖြစ်ပေသည်။သို့သော် ကျမ်းပိုဒ်များ စွာ၏ ရှေ့နောက်ခံအကြောင်းအရာများအရဆိုလျှင် ခရစ်ယာန်များနှင့်သာသက်ဆိုင်သည့်ဂတိတော်များစွာရှိသည်။အဘယ် ကြောင့်ဆိုသော်၊ခရစ်ယာန်များက သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံပြီး တော်လျော်သောမဆခြင်းကိုရမည်အချိန် တန်လျှင်ရမည်အကြောင်း ကျေးဇူးတော်ပလ္လင်တော်ရှေ့၌ ရဲရင့်စွာတိုးဝင်ရန် အားပေးခြင်းခံစားကြသည်(ဟေဗြဲ၎း၁၄-၁၆)။ ကျွန်ုပ်တို့သည် အလိုတော်နှင့်အညီဆုတောင်းလျှင် ကျွန်ုပ်တို့တောင်းသောအရာကို ဘုရားသခင်ပေးသနားတော်မူကြောင်း ကျွန်ုပ်တို့အား ပြောထားသည်(၁ယော၅း၁၄-၁၅)။ဆုတောင်းခြင်းနှင်ပတ်သက်ပြီး ခရစ်ယာန်များအတွက် ဂတိတော်များစွာ

ရှိပါသည်(မဿဲ၂၁း၂၂၊ယောဟန်၁၄း၁၃၊၁၅း၇)။ဟုတ်ပါသည်၊သို့ကြောင့်၊ မယုံကြည်သူတစ်ဦး၏ဆုတောင်းခြင်းများကို ဘုရားသခင်အဖြေမပေးသည့် ဥပမာများရှိသည်။တစ်ချိန်တည်းမှာ ဘုရားသခင်သည် မယုံကြည်သူများ၏အသက်တာထဲမှာ သူတို့၏ဆုတောင်းခြင်းများအားတုံ့ပြန်သောအားဖြင့် ကျေးဇူးဂရုဏာတော်နှင့်ကြားဝင်ဆောင်ရွက်ပေးနိုင်သည်။

English




။အပြစ်သား/မယုံကြည်သူတစ်ဦး၏ဆုတောင်းခြင်းများကို ဘုရားသခင် နားညောင်း/အဖြေပေးပါသလား။
© Copyright Got Questions Ministries