settings icon
share icon
မေးခွန်း

။စစ်မှန်သောဘာသာတရားဟူသည် အဘယ်နည်း။

အဖြေ


။ဘာသာရေးကို “ကျင့်ဝတ်နှင့်ထုံးတမ်းစဉ်လာများဖော်ပြထားသည့်အရာ သို့မဟုတ် ကိုယ်ကျင့်တရားအမြဲတမ်း ပါဝင်သောတိကျသည့်ယုံကြည်ကိုးကွယ်မှု၊စနစ် စသည်တို့နှင့်သက်ဆိုင်သော ကိုးကွယ်စရာဘုရား သို့မဟုတ် ဘုရားများ၌ ယုံကြည်သက်ဝင်မှု”ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ကမ္ဘာ့လူဦးရေ၏ ၉၀%ကျော်သည် ဘာသာရေးပုံစံအချို့ကိုစောင့်ထိန်း သည်။ဘာသာတရားအများအပြားရှိခြင်းသည် ပြသနာပင်။မှန်ကန်သောဘာသာတရားကား အဘယ်နည်း။ဘာသာတရား စစ်စစ်ဟူသည် အဘယ်နည်း။

ဘာသာတရားများတွင် အများဆုံးပါဝင်သောအရာနှစ်ခုမှာ စည်းကမ်းနှင့်ဓလေ့ထုံးတမ်းများဖြစ်သည်။အချို့သော ဘာသာတရားများသည် လူတစ်ဦးသည် ထိုဘာသာတရား၏ဘုရားနှင့်သင့်မြတ်ခြင်းရှိစေရန် ထိုဘာသာတရားကို သစ္စာရှိရှိ လိုက်နာသူဟု မှတ်ယူနိုင်စေမည့်လိုက်နာရမည့်စည်းမျဉ်းများစာရင်း၊ဆောင်ရန်၊ရှောင်ရန်များမှအပ အခြားအရာမဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းအခြေခံဘာသာတရား၏စံနမူနာနှစ်ခုမှာ အစ္စလာမ်နှင့်ဂျူးဘာသာများဖြစ်ကြသည်။အစ္စလာမ်တွင် လိုက် နာရမည့် မဏ္ဍိုင်ငါးရပ်ရှိသည်။ဂျူးဘာသာတွင် လိုက်နာရမည့် ရာနှင့်ချီသော ပညတ်များနှင့်ထုံးတမ်းစဉ်လာများရှိသည်။အဆို ပါ ဘာသာတရားနှစ်ခုစလုံးသည် အတိုင်းအတာတစ်ခုထိ၊ ၎င်းတို့၏စည်းမျဉ်းများကိုလိုက်နာခြင်းဖြင့် လူတစ်ဦးသည် ဘုရား သခင်နှင့်မှန်ကန်မှုရှိသည်ဟု မှတ်ယူမည်ဖြစ်ကြောင်း အခိုင်အမာဆိုကြသည်။

အခြားဘာသာတရားများသည် စည်းမျဉ်းစည်းကမ်းများကို နာခံမည့်အစား ဓလေ့ထုံးတမ်းများကို လိုက်နာခြင်းအ ပေါ် ပိုမိုအလေးနက်စေသည်။ဤယဇ်ပူဇော်ခြင်း၊ဤတာဝန်ကို ထမ်းဆောင်ခြင်း၊ဤ၀တ်ကိုပြုခြင်း၌ပါဝင်ခြင်း၊ဤအစာကို သုံး ဆောင်ခြင်းစသည်ဖြင့် လူတစ်ဦးသည် ဘုရားသခင်နှင့်မှန်ကန်မှုရှိစေသည်။ထုံးတမ်းစဉ်လာအခြေခံသော ဘာသာတရား၏ အထင်ရှားဆုံးဥပမာမှာ ရိုမန်ကက်သလစ်ဘာသာဖြစ်သည်။ရိုမန်ကက်သလစ်ဘာသာတွင် နို့စို့ကလေးရေနှစ်ခြင်းခံခြင်း၊ ပွဲတော်မင်္ဂလာ၌ပါဝင်ခြင်း၊ယဇ်ပရောဟိတ်ထံအပြစ်ဝန်ခံခြင်း၊ကောင်းကင်ဘုံရှိသူတော်စင်များအား ဆုတောင်းခြင်းစသည် တို့ကို လုပ်ဆောင်ခြင်းအားဖြင့် ထိုသူသည် သေသောအခါမှာ ဘုရားသခင်က ကောင်းကင်ဘုံ၌လက်ခံမည်ဟု ယုံကြည်ဆွဲကိုင်သည်။ဗုဒ္ဓဘာသာနှင့်ဟိန္ဒူဘာသာတို့သည်လည်း ထုံးတမ်းစဉ်လာအခြေခံသော ဘာသာတရားများဖြစ်ပြီး စည်းကမ်းကိုအခြေခံသောဘာသာတရားကဲ့သို့ အတိုင်းအတာတစ်ခုထိ ထည့်သွင်းစဉ်းစားနိုင်ပါသည်။

စစ်မှန်သောဘာသာတရားသည် စည်းမျဉ်းစည်းကမ်းများ၊ထုံးတမ်းစဉ်လာများကို အခြေခံသည်မဟုတ်ပေ။စစ်မှန် သောဘာသာတရားသည် ဘုရားသခင်နှင့်ဆက်နွယ်မှုတစ်ခုဖြစ်သည်။ဘာသာတရားအားလုံးကိုင်စွဲထားသည်အချက်နှစ် ချက်မှာ လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် တစ်နည်းနည်းဖြင့်ခွဲခွာနေပြီး သူနှင့်ပြန်လည်သင့်မြတ်ရန် လိုအပ်ခြင်းဖြစ် သည်။မှားယွင်းသောဘာသာတရားက စည်းကမ်းနှင့်ဓလေ့ထုံးတမ်းများကို လိုက်နာခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းရန်ကြိုး စားသည်။စစ်မှန်သောဘာသာတရားက ဘုရားသခင်သာလျှင် ခွဲခွားခြင်းကိုပြုပြင်နိုင်သည်၊ပြုပြင်ခဲ့သည်ဟု အသိအ မှတ်ပြုခြင်းအားဖြင့် ပြဿနာကိုဖြေရှင်းပေးသည်။စစ်မှန်သောဘာသာတရားသည် အောက်ပါတို့ကိုအသိအမှတ်ပြုသည်။

• ကျွန်ုပ်တို့ရှိသမျှသည် ဒုစရိုက်ကိုပြုပြီး ဘုရားသခင်ထံမှခွဲခွာလျက်ရှိကြသည်(ရောမ၃း၂၃)။

• ပြုပြင်ခြင်းမရှိလျှင် အပြစ်တရား၏ပြစ်ဒဏ်မှာ သေခြင်းနှင့်သေပြီးနောက် ဘုရားသခင်နှင့်ထာဝရခွဲခွာခြင်း ဖြစ်သည်(ရောမ၆း၂၃)။

• ဘုရားသခင်သည် ယေရှုခရစ်လူပုဂ္ဂိုလ်အားဖြင့် လူသားဖြစ်လာပြီး ကျွန်ုပ်တို့ထိုက်တန်သောပြစ်ဒဏ်ကိုခံ ယူကာ ကျွန်ုပ်တို့ကိုယ်စား အသေခံပြီး သေခြင်းမှထမြောက်ခြင်းအားဖြင့် သူ၏သေခြင်းသည်လုံလောက် သောပူဇော်သက္ကာဖြစ်ကြောင်းသက်သေပြခဲ့သည်(ရောမ၅း၈၊၁ကော၁၅း၃-၄၊၂ကော၅း၂၁)။

• ကျွန်ုပ်တို့သည် ယေရှုအား ကယ်တင်ရှင်အဖြစ်လက်ခံလျှင် ကျွန်ုပ်တို့အပြစ်များအတွက် ပြစ်ဒဏ်အပြည့် အ၀ပေးဆောင်ပြီးဖြစ်၍ ကျွန်ုပ်တို့သည်ခွင့်လွှတ်ခြင်းခံရပြီး ကယ်တင်ခြင်းသို့ရောက်ကာ ရွေးနှုတ်ခြင်းကို ခံလျက် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းခံစားရသည်(ယောဟန်၃း၁၆၊ရောမ၁၀း၉-၁၀၊ဧဖက်၂း၈-၉)။

စစ်မှန်သောဘာသာတရားတွင် စည်းကမ်းနှင့်ဓလေ့ထုံးတမ်းများရှိသော်လည်း အရေးကြီးသော ကွဲပြားမှုရှိသည်။ စစ်မှန်သောဘာသာတရားမှာ ဘုရားသခင်၏ကယ်တင်ခြင်းအတွက် ကျေးဇူးသိခြင်းအားဖြင့် စည်းမျဉ်းများနှင့်ထုံးတမ်းဓလေ့များကို လိုက်နာကြသည်-ထိုကယ်တင်ခြင်းရရှိရန် ကြိုးပမ်းမှုမဟုတ်ပါ။သမ္မာကျမ်းစာ လာ စစ်မှန်သောဘာသာတရားဖြစ်သည့် ခရစ်ယာန်ဘာသာတွင် လိုက်နာရမည့်စည်းကမ်းများ(လူ့အသက်မသတ်ရ ၊သူ့မယားကိုမပြစ်မှားရ၊မုသာမပြောရ စသည့်အရာများ)နှင့် လိုက်နာရမည့်ထုံးတမ်းများ(နှစ်ခြင်းမင်္ဂလာနှင့်သခင် ဘုရား၏ညစာစားပွဲ၊ပွဲတော်မင်္ဂလာ)ရှိသည်။ဤစည်းမျဉ်းများနှင့်ဓလေ့ထုံးတမ်းများကို လိုက်နာခြင်းသည် လူတစ်ဦး အား ဘုရားသခင်နှင့်မှန်ကန်စေသောအရာမဟုတ်ပါ။ယင်းအစား၊ဤစည်းမျဉ်းများနှင့်ထုံးတမ်းများသည် ယေရှုခရစ် တစ်ပါးတည်းကိုသာ ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းအားဖြင့်ကျေးဇူးတော်ကြောင့် ဘုရားသခင်နှင့်ဆက်နွယ်မှုရရှိ ခြင်း၏ရလဒ်ဖြစ်သည်။မှားယွင်းသောဘာသာတရားသည် ဘုရားသခင်၏မျက်နှာသာရရှိရန် (စည်းမျဉ်းများနှင့်ထုံး တမ်းစဉ်လာများ)လိုက်လျှောက်ဖို့ကြိုးစားသည်။စစ်မှန်သောဘာသာတရားသည် ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် လက်ခံပြီး ဘုရားသခင်နှင့်မှန်ကန်သောဆက်နွယ်မှုရှိခြင်းဖြစ်ကာ-ထို့နောက် ဘုရားသခင်ကိုချစ်မြတ်နိုးခြင်းနှင့် ကိုယ်တော်နှင့်သာ၍နီးစေလိုသောဆန္ဒဖြင့် အရာခပ်သိမ်း(စည်းမျဉ်းများနှင့်ထုံးတမ်းဓလေ့များ)ကို လုပ်ဆောင်ခြင်း ဖြစ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

။စစ်မှန်သောဘာသာတရားဟူသည် အဘယ်နည်း။
© Copyright Got Questions Ministries