settings icon
share icon
မေးခွန်း

ပညတ်တော်ဆယ်ပါးဟူသည်မှာ အဘယ်နည်း။

အဖြေ


ပညတ်တော်ဆယ်ပါးဟူသည်မှာ ဣသရေလလူမျိုးများ အဲဂုတ္တုပြည်မှ ထွက်ခွါသွားပြီးမကြာမီ ဘုရားသခင်ပေး ထားသော ဥပဒေသဆယ်ခု ဖြစ်သည်။ ဓမ္မဟောင်းကျမ်း ဥပဒေထဲတွင် ပညတ်တော် ၆၁၃ ကို ပညတ်တော်ဆယ်ပါးထဲ တွင် အနှစ်ချုပ်၍ ဖော်ပြထားခြင်း ဖြစ်သည်။ ပညတ်တော် နံပါတ် တစ်မှ လေးအထိ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ ဆက်နွယ်မှုဖြစ်သည်။ နံပါတ် ငါးမှ ဆယ်အထိသည် လူသားများအချင်းချင်း ဆက်နွယ်မှုများဖြစ်သည်။ အောက်တွင် ဖော်ပြထားသည့်အတိုင်း ပညတ်တော်ဆယ်ပါးကို ထွက်မြောက်ရာကျမ်း ၂ဝး၁-၁၇ နှင့် တရားဟောရာကျမ်း ၅း၆-၂၁ ထဲတွင် မှတ်တမ်းတင်ထားသည်။

၁။ "ငါမှတပါးအခြားသောဘုရားကို မကိုးကွယ်နှင့်။" ဤပညတ်ချက်သည် စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်မည့်အစား အခြားသောဘုရားတစ်ပါးပါးကိုးကွယ်ခြင်းမပြုရန်တားမြစ်ထားခြင်း ဖြစ်သည်။ အခြားသောဘုရားများသည် အတုအယောင်များဖြစ်ကြသည်။

၂။ "အထက်မိုဃ်းကောင်းကင်၌၄င်း၊ အောက်အရပ်မြေကြီးပေါ်၌၄င်း၊ မြေကြီးအောက်ရေထဲ၌၄င်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင် ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်သောသူ၏ အမျိုးအစဉ်အဆက်၊ တတိယအ ဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစရင်သော ဘုရား၊ ငါ့ကို ချစ်၍ ငါ့ပညတ်တို့ကို ကျင့်သော သူတို့၏ အမျိုးအစဉ်အဆက်အထောင်အသောင်းတိုင်အောင်၊ ကရုဏာကိုပြသောဘုရားဖြစ်၏။" ဤပညတ်ချက်က ဘုရားသခင်ကို ကိုယ်စားပြုသော မျက်စိဖြင့်မြင်နိုင်သော ရုပ်တုဆင်းတု ပြုလုပ်ခြင်းမပြုရန် တားမြစ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်၏ပုံတော်ကို တိကျစွာ ပုံဆောင်ပေးနိုင်သော ရုပ်တုတစ်ခုမျှမရှိပါ။ ဘုရားသခင်ကို ပုံဆောင်သော ရုပ်တု ဖန် ဆင်းခြင်းသည် မှားယွင်းသောဘုရားကို ကိုးကွယ်ခြင်း ဖြစ်သည်။

၃။ "သင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်ဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။" ဤပညတ်တော်သည် ဘုရားသခင်၏ နာမတော်ကို အချည်းနှီးမမြွက်ဆိုရန် တားမြစ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်၏နာမတော်ကို ပေါ့ပေါ့တန်တန်မပြုအပ် ပါ။ ကျွနု်ပ်တို့သည် ဘုရားသခင်၏နာမတော်ကို ရိုသေလေးမြတ်ဖွယ်၊ ဂုဏ်ယူဖွယ် အသုံးပြုရမည် ဖြစ်သည်။

၄။ "ဥပုသ်နေ့ကို သန့်ရှင်းစေငြခ်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြီးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောကျ်ား မိန်းမ၊ တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌ နေသောဧည့်သည် အာဂန္တုသည အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက်တါင် ဖန်ဆင်း၍ သတ္တမနေ့ရပ်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။" ဤပညတ်တော်သည် ဘုရားသခင်၏နေ့ရက်ကို ရည်ညွှန်းလိုသော ဥပုသ်နေ့ (စနေနေ့၊ သီတင်းတစ်ပတ်၏နောက်ဆုံးနေ့)ကို သန့်ရှင်းစေရန် ဖော်ပြလိုခြင်း ဖြစ်သည်။

၅။ "သင်၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်သောပြည်၌ သင်၏အသက်တာရှည်မည်အကြောင်း၊ သင်၏မိဘကို ရိုသေစွာ ပြုလော့။" ဤပညတ်ချက်က လူတစ်ယောက်သည် မိမိမိဘနှစ်ပါးကို ရိုသေလေးမြတ်ခြင်းပြုရန် မိန့်ဆိုထားခြင်း ဖြစ်သည်။

၆။ "လူ့အသက်ကိုမသတ်နှင့်။" ဤပညတ်ချက်က အခြားလူတစ်ယောက်အား ကြိုတင်ကြံစည်မှုဖြင့်သတ်ခြင်းကို တားမြစ် ထားသည်။

ရ။ "သူ့မယားကို မပြစ်မှားနှင့်။" ဤပညတ်ချက်က သူတပါး၏မယားနှင့် လိင်ဆက်ဆံခြင်းမပြုရန် တားမြစ်ထားခြင်း ဖြစ်သည်။

၈။ "သူ့ဥစ္စာကို မခိုးနှင့်။" ဤပညတ်ချက်က လူတစ်ယောက်မပိုင်သော၊ အခြားသူတပါး၏ပိုင်ဆိုင်မှုကို ခွင့်ပြုချက်မရဘဲ ယူခြင်းကို တားမြစ်ထားပါသည်။

၉။ "ကိုယ်နှင့်စပ်ဆိုင်သောသူ တဘက်၌ မမှန်သော သက်သေကို မခံနှင့်။" ဤပညတ်ချက်က မှားယွင်းသော သက်သေခံ ခြင်းကို တားမြစ်ထားသည်။ လိမ်ညာခြင်းမပြုရန် တားမြစ်ထားခြင်း ဖြစ်သည်။

၁၀။ "ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန်ယောကျ်ား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိ စေနှင့်။" ဤပညတ်ချက်က ကိုယ့်ပိုင်ဆိုင်မှုမဟုတ်ဟော အခြားသူများ၏ပိုင်ဆိုင်မှုကို တပ်မက်လိုချင်သောစိတ်မရှိရန် တားမြစ်ခြင်း ဖြစ်သည်။ အခြားသူတစ်ယောက်၏ပိုင်ဆိုင်မှုကို တပ်မက်ခြင်းသည် အထက်တွင် ဖော်ပြထားသော ပညတ် ချက်များကို ချိုးဖောက်နိုင်သည်။ လူ့အသက်သတ်ခြင်း၊ ကာမကျူးလွန်ခြင်း၊ ခိုးခြင်း ဖြစ်ပေါ်စေနိုင်သည်။ တစုံတခုကို ပြုလုပ်ရန် မှားယွင်းလျှင် အခြားသူတစ်ယောက်၏ပစ္စည်းဥစ္စာကို တပ်မက်ခြင်းသည်လည်းမှားသည်။

များစွာသော သူများက ပညတ်တော်ဆယ်ပါးအား လိုက်နာနိုင်လျှင် သေပြီးနောက် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက် နိုင်ရန် အာမခံချက်ရရှိသည်ဟု လွှဲမှားစွာ ခံယူကြသည်။ ပညတ်တော်ဆယ်ပါး၏ရည်ရွယ်ချက်မှာ လူသားများက ဥပဒေများကို ပြည့်စုံစွာမလိုက်နာနိုင်ကြောင်း သိရှိပြီး(ရောမ ရးရ-၁၁) ဘုရားသခင်၏ဂရုဏာတော်နှင့်ကျေးဇူးတော်လိုအပ် ကြောင်း သိရှိရန်အတွက် ဖြစ်သည်။ မဿဲ ၁၉း၁၆ ထဲတွင် လူငယ်သူဌေးသား၏ပြောဆိုမှုမှာ ပညတ်တော်ဆယ်ပါးကို ပြည့်စုံစွာ လိုက်နာနိုင်သောမရှိကြောင်း (ဒေသနာ ရး၂၀) ထင်ရှားသည်။ ပညတ်တော်ဆယ်ပါးက ကျွနု်ပ်တို့အားလုံးသည် အပြစ်ရှိကြောင်း (ရောမ ၃း၂၃)၊ ဘုရားသခင်၏ကျေးဇးတော်နှင့်ဂရုဏာတော်လိုအပ်ကြောင်း၊ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းရရှိနိုင်ကြောင်း ထင်ရှားလျက်ရှိသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ပညတ်တော်ဆယ်ပါးဟူသည်မှာ အဘယ်နည်း။
© Copyright Got Questions Ministries