settings icon
share icon
မေးခွန်း

ခန္ဓာကိုယ်ပေါ်တွင်ဆေးမင်ကြောင်ထိုးခြင်း အကြောင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာက ဖော်ပြထားပါသလား။

အဖြေ


ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကဣသရေလလူမျိုးများကို ပညထားပါသည်။ “သေသောသူအတွက် ကို်ယ်အသားကို မခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏” (ဝတ်ပြု၊ ၁၉း၂၈)။ ထိုကြောင့် ယနေ့ ယုံကြည်သူများသည်လည်း ဓမ္မဟောင်း ထဲ၌ရှိ သောပညတ်တော်အောက်တွင် မရှိသော်လည်း (ရောမ၊ ၁ဝး၄၊ ဂလာ၊ ၃း၂၃-၂၅၊ ဧဖက်၊ ၂း၁၅)၊ မိမိကိုယ်ထိုးရှခြင်းနှင့်ပတ်သက်၍ ဓမ္မသစ်ကျမ်းထဲတွင် မေးခွန်းများစွာ ပေါ်ပေါက်ခဲ့သည်။ မိမိကိုယ်ကို ထိုးရှခြင်းနှင့်ပတ်သက်၍ ယုံကြည်သူများက ပြုသင့်/မပြုသင့်သည်ကို ဓမ္မသစ်ကျမ်း ထဲတွင် ဖော်ပြထားခြင်းမရှိပေ။

ခန္ဓာကိုယ်ခြစ်ရှခြင်း နှင့်အနာတရ ရစေခြင်းအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ဘုန်း တော်ထင်ရှားဖို့ရန်အတွက် ဖြစ်သည်/မဖြစ်သည်ကို ကျွနု်ပ်တို့သည် ဖြူစင်သော စိတ်နှလုံးသား ဖြင့် ဘုရားသခင်ထံ မိမိစိတ်နှလုံးကို စစ်ကြော၍ မေးမြန်းရမည်ဖြစ်သည်။ “သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကိုပြုသော်၎င်း၊ ဘုရားသခင်၏ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့” (၁ကော၊ ၁ဝး၃၁)။ ဓမ္မသစ်ကျမ်းစာထဲတွင် ခန္ဓာ ကိုယ်ခြစ်ရှခြင်း၊ အနာတရရစေခြင်းနှင့်ပတ်သက်၍ တားမြစ်ခြင်းမရှိပေ။ သို့သော် ယုံကြည်သူတစ် ဦးအနေဖြင့်၊ ဘုရားသခင်က ခန္ဓာကိုယ်ခြစ်ရှရန် (သို့) အနာတရဖြစ်စေရန် ခွင့်ပြုသည် ဟုလည်းဖော်ပြထားခြင်းမရှိပေ။

ဤအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင်လည်းဖော်ပြထားခြင်းမရှိ၊ ဘုရားသခင် ကနှစ်သက်မည်/မနှစ်သက်မည် ဟူ၍လည်း စိတ်ထဲတွင်သံသယမကင်း သောကြောင့် အကောင်း ဆုံးသောနည်းလမ်းသည် ထိုကဲ့သို့သောလုပ်ဆောင်ချက်မျိုးတွင် ကိုယ်တိုင်ရောထွေး၍ မပါဝင်ရန် ဖြစ်ပါသည်။ ရောမ၊ ၁၄း၂၃ ထဲတွင် ယုံကြည်ခြင်းအားဖြင့် မဟုတ်သော လုပ်ဆောင်ချက်အားလုံး သည် အပြစ်ဖြစ်သည် ဟု ကျွနု်ပ်တို့အား သတိပြုထားပါသည်။ ကျွနု်ပ်တို့၏ခန္ဓာကိုယ်ဖြစ်စေ၊ စိတ်ဝိညာဉ်ဖြစ်စေ ဘုရားသခင်ကယ်တင်သောအရာ၊ ဘုရားသခင်၏ဥစ္စာ ဖြစ်သည်ကို သိရှိရန် လိုအပ်သည်။ ၁ကော၊ ၆း၁၉-၂ဝတွင် ခန္ဓာကိုယ်ခြစ်ရှခြင်း (သို့) အနာတရ ဖြစ်စေခြင်းအကြောင်း ကို မှားသည်ဟုတိုက်ရိုက်ဖော်ပြထားခြင်းမရှိသော်လည်း၊ ထိုကျမ်းပိုဒ်သည်ဤကြောင်းနှင့်ပတ် သက်၍ ကျွနု်ပ်တို့အား နည်းဥပဒေသကို ပေးခဲ့ပါသည်။ “ အဘယ်သို့နည်း၊ သင်တို့ကိုယ်ခန္ဓာ သည်ဘုရားသခင်ပေးသနားတော်မူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော် ၏ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။သင်တို့သည် အဘိုးနှင့်ဝယ်သောသူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားစေကြလော့။” အဓိက ကြောင်းတရား သည် ကျွနု်ပ်တို့သည် မိမိခန္ဓာကိုယ်ဖြင့်ပြုသောအမှု နှင့် မိမိခန္ဓာကိုယ်အားဖြင့် သွားသောနေရာ သည် ဘုရားသင်၏ဘုန်းတော်ထင်ရှားဖို့ရန်အတွက်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကို ဘုရားသခင်က ပိုင်ဆိုင်လျှင် ကျွနု်ပ်တို့သည် ခန္ဓာကိုယ်ခြစ်ခြင်း (သို့) အနာတရဖြစ်စေခြင်း မပြုမှီ ဘုရားသခင်ထံမှ “ ခွင့်ပြုချက်” ရယူရမည်ဖြစ်ပါသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ခန္ဓာကိုယ်ပေါ်တွင်ဆေးမင်ကြောင်ထိုးခြင်း အကြောင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာက ဖော်ပြထားပါသလား။
© Copyright Got Questions Ministries