settings icon
share icon
မေးခွန်း

စနစ်တကျရှိသောဘုရားသခင်အကြောင်းလေ့လာခြင်း(Systematic theology) သည်အဘယ်နည်း။

အဖြေ


“စနစ်တကျရှိသော”(systematic) သည် တစုံတခုကို စနစ်တကျထားရှိခြငး်ကို ဖော်ပြလိုခြင်းဖြစ်သည်။ ထိုကြောင့်စနစ်တကျတည်ရှိသောဘုရားသခင်အကြောင်း လေ့လာခြင်း (Systematic theology) ဟုဆိုရာတွင် ဘုရားသခင် အကြောင်းလေ့လာခြင်းရှုထောင့်များကို အဘက်ဘက်မှကြည့်ကာ လေ့လာခြင်းပညာမျိုးဖြစ်သည်။ ဥပမာအားဖြင့်၊ ကျမ်းစာအုပ်အများအ ပြားထဲတွင် ကောင်းကင်တမန်အကြောင်းကို ဖော်ပြထားပါသည်။ ကောင်းကင်တမန်များ အကြောင်းကို မဖော်ပြသောကျမ်းစာအုပ်မရှိပေ။ စနစ်တကျရှိသော ဘုရားသခင်အကြောင်းတွင် သမ္မာကျမ်းစာထဲတွင်ရှိသော ကောင်းကင်တမန်များအကြောင်းကိုရွေးကောက်ကာ၄င်းတို့ကို စနစ်တကျထား ရှိခြင်းဖြစ်သည်။ Angelogy ကောင်းကင်တမန်အကြောင်းလေ့လာ ခြင်းဟုခေါ်သည်။ သမ္မာကျမ်းစာသွန်သင်ချက်များကို စနစ်တကျထားရှိခြင်းကို စနစ်တကျရှိသော ဘုရားသခင်အ ကြောင်းလေ့လာခြင်းပညာဖြစ်သည်။ Theology proper or Paterology သည် မည်းတော်ဘုရားသခင်အကြောင်းလေ့လာခြင်းပညာဖြစ်သည်။ Christology သည် သခင်ယေရှု ခရစ်တော်အကြောင်းလေ့လာခြင်းပညာဖြစ်သည်။ Pneumatology သည် သန့်ရှင်းသောဝိညာဉ် တော်အကြောင်းလေ့လာသောပညာဖြစ်သည်။ Bibliology သည် သမ္မာကျမ်းစာအကြောင်းကို လေ့လာသောပညာဖြစ်သည်။ Soteriology သည် ကယ်တင်ခြင်းအကြောင်းလေ့လာသောပညာ ဖြစ်သည်။ Ecclesiology သည် အသင်တော်အကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ Eschatology သည် နောက်ဆုံးသောအချိန်ကိုလေ့လာခြင်းပညာဖြစ်သည်။ Angelology သည် ကောင်းကင်တမန်အကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ Christian Demonology သည် ခရစ်ယာန်ရှုထောင့်မှနတ်ဆိုးများအကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ Christian Anthropology သည် ခရစ်ယာန်များရှုထောင့်မှလူသားများအကြောင်းကိုလေ့လာခြင်းပညာဖြစ် သည်။ Hamartiology သည် အပြစ်အကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ ထိိုကြောင့် Systematic Theology သည် သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသော သွန်သင်ချက်များသိရှိနား လည်နိုင်ရန်အတွက် မီးမောင်းထိုးပြပေးသော ပညာရပ်တစ်ခုဖြစ်သည်။

ထပ်မံဖော်ပြရလျှင် အခြားသောသိအိုလျော်ဂျီများကိုလည်း အခြားသောနည်းလမ်များစွာ တို့ဖြင့် ပိုင်းခြားနိုင်ပါသည်။ Biblical Theology သည် သမ္မာကျမ်းစာအကြောင်းရေးသားထားသော စာအုပ်များကိုလေ့လာခြင်းနှင့် သူတို့၏အမြင်များမအမျိုးမျိုးတို့ကိုအထူးပြုဖော်ပြထားခြင်းဖြစ် သည်။ ဥပမာအားဖြင့်၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် ခရစ်တော်၏ဘုရားဖြစ်ခြင်းအကြောင်းများ ကိုအဓိကထားဖော်ပြထားသောကြောင့်ခရစ်တော်နှင့်ပတ်သက်သောစာစောင်ဖြစ်သည်(ယောဟန် ၁း၁၊ ၁၄၊ ၈း၅၈၊ ၁ဝး၃၀၊ ၂ဝး၂၈)။ Historical Theology သည် ခံယူချက်အကြောင်းများကိုလေ့ လာခြင်းနှင့် ၄င်းကိုခရစ်ယာန်သမိုင်းတွင် မည်ကဲ့သို့တိုးတက်လာကြောင်းကိုဖော်ပြပေးသော ပညာရပ်ဖြစ်သည်။ Dogmatic Theology သည် စနစ်ကျသောခံယူချက်ရှိသောခရစ်ယာန်အချို့တို့ ၏ခံယူချက်ကိုလေ့လာခြင်းဖြစ်သည်။ ဥပမာ- Calvinistic theology နှင့် dispensational theology တို့ဖြစ်သည်။ Comtemporary theology သည် ယခုမျက်မှောက်ကာလတွင်ဖြစ်ထွန်း တိုးတက်လျက်ရှိသော ခံယူချက်များကို လေ့လာခြင်းဖြစ်သည်။ မည်သည့်သီအိုလျော်ဂျီပညာကို လေ့လာနေပါစေ သီအိုလျော်ဂျီအကြောင်းလေ့လာခြင်းသည်အလွန်အရေးကြီးသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

စနစ်တကျရှိသောဘုရားသခင်အကြောင်းလေ့လာခြင်း(Systematic theology) သည်အဘယ်နည်း။
© Copyright Got Questions Ministries