settings icon
share icon
မေးခွန်း

။ကယ်တင်ခြင်းခြေလှမ်းများကား အဘယ်နည်း။

အဖြေ


။လူများစွာက “ကယ်တင်ခြင်းခြေလှမ်းများ”ရှာဖွေနေကြသည်။လိုက်လျှောက်နိုင်ခဲ့လျှင် ကယ်တင်ခြင်းကိုပေးနိုင် မည်ဟု ထင်ရသည့်လမ်းညွန်ချက်ငါးချက်အယူအဆမျိုးကို လူအများအပြားက နှစ်သက်ကြသည်။အစ္စလမ်၏ မဏ္ဍိုင်ငါးရပ် သည် ဥပမာတစ်ခုဖြစ်သည်။အစ္စလာမ်အရ ၎င်းမဏ္ဍိုင်ငါးရပ်အား နာခံလျှင် ကယ်တင်ခြင်းအာမခံပေးသည်။ကယ်တင်ခြင်း၏ ခြေလှမ်းတစ်ဆင့်ပြီးတစ်ဆင့်အယူအဆကိုနှစ်သက်မှုကြောင့် ခရစ်ယာန်ဘောင်ထဲမှာ လူအများအပြားက ကယ်တင်ခြင်း သည် ခြေလှမ်းတစ်ဆင့်ပြီးတစ်ဆင့်၏ရလဒ်အဖြစ် မှားယွင်းစွာတင်ပြကြသည်။ရောမင်ကက်သလစ်ဘာသာတွင် ဓမ္မမင်္ဂလာ ခုနှစ်မျိုးရှိသည်။ ခြားနားသောခရစ်ယာန်ဂိုဏ်းဂဏများက နှစ်ခြင်း၊လူရှေ့၌၀န်ခံမှုပြုခြင်း၊အပြစ်စွန့်လွှတ်ခြင်း၊မသိသောဘာ သာစကားပြောခြင်း စသည့်အရာများကို ကယ်တင်ခြင်းရရှိရန်ခြေလှမ်းများအဖြစ် ဖြည့်စွပ်ကြသည်။သို့သော် သမ္မာကျမ်းစာ က ကယ်တင်ခြင်းခြေလှမ်းတစ်ခုတည်းသာ ဖော်ပြသည်။ရှင်ပေါလုတုံ့ပြန်သည်မှာ၊ “သခင်ယေရှုခရစ်တော်ကို ယုံကြည် လော့၊ကယ်တင်ခြင်းသို့ရောက်မည်” (တမန်တော်၁၆း၃၀-၃၁)။

ယေရှုခရစ်တော်ကိုယုံကြည်ခြင်းသည် တစ်ခုတည်းသော “ကယ်တင်ခြင်းခြေလှမ်း”ဖြစ်သည်။သမ္မာကျမ်းစာ ပြောစကားသည် အလွန်ရှင်းလင်းပါသည်။ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကိုပြစ်မှားမိသည်(ရောမ၃း၂၃)။ကျွန်ုပ်တို့၏ အပြစ်ကြောင့် ဘုရားသခင်နှင့်ထာဝရခွဲခွာဖို့ ကျွန်ုပ်တို့ထိုက်တန်သည်(ရောမ၆း၂၃)။ကျွန်ုပ်တို့အပေါ်ရှိသောကိုယ်တော်၏ ချစ်ခြင်းမေတ္တာကြောင့်(ယောဟန်၃း၁၆) ဘုရားသခင်သည် လူ့ဇာတိကိုခံယူပြီး ကျွန်ုပ်တို့ကိုယ်စားအသေခံကာ ကျွန်ုပ်တို့ ထိုက်တန်သောအပြစ်ဒဏ်ကို သူခံယူခဲ့သည်(ရောမ၅း၈၊၂ကော၅း၂၁)။ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် သခင် ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံသူတိုင်းအား အပြစ်များခွင့်လွှတ်ခြင်းနှင့်ကောင်းကင်ဘုံ၌ထာဝရအသက်ကိုပေး မည်ဟု ဘုရားသခင်ကတိပေးသည်(ယောဟန်၁း၁၂၊၃း၁၆၊၅း၂၄၊တမန်တော်၁၆း၃၁)။

ကယ်တင်ခြင်းသည် ခြေလှမ်းအချို့လိုက်နာခြင်းအားဖြင့်ရရှိနိုင်သည့်အရာမဟုတ်ပါ။ဟုတ်ပါသည်၊ခရစ်ယာန်များ နှစ်ခြင်းခံသင့်သည်။ဟုတ်ပါသည်၊ခရစ်ယာန်များသည် လူရှေ့၌ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ဝန်ခံသင့်သည်။ဟုတ်ပါ သည်၊ခရစ်ယာန်များသည် အပြစ်စွန့်လွှတ်သင့်သည်။ဟုတ်ပါသည်၊ခရစ်ယာန်များသည် ဘုရားသခင်အားနာခံခြင်းအသက် တာရှိရန် ဆက်ကပ်သင့်သည်။မည်သို့ပင်ဆိုစေ၊ကယ်တင်ခြင်းရောက်ရှိရန် ခြေလှမ်းဟူသည်မရှိပေ။ကယ်တင်ခြင်းအကျိုး ဆက်များဖြစ်သည်။ကျွန်ုပ်တို့၏အပြစ်ကြောင့် ကယ်တင်ခြင်းကိုမည်သည့်နည်းမှကျွန်ုပ်တို့ကြိုးစား၍မရနိုင်ပါ။ခြေလှမ်း ၁၀၀၀ လိုက်လျှောက်နိုင်သော်လည်း မလုံလောက်နိုင်ပေ။ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်စား ယေရှုအသေခံခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်ကြွေးဘုရားသခင်ထံဆပ်ဖို့ရန် သို့မဟုတ် အပြစ်မှကျွန်ုပ်တို့ကိုယ့်ဘာသာကို ဆေးကြောဖို့ရန် ကျွန်ုပ်တို့လုံးဝမတတ်နိုင်ပါ။ဘုရားသခင်တစ်ပါးတည်းသာ ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုပြည့်စုံစေနိုင်ပြီး ကိုယ်တော်ပြည့်စုံ စေခဲ့သည်။ဘုရားသခင်ကိုယ်တိုင်သည် “ခြေလှမ်း”များကိုပြည့်စုံစေခဲ့ပြီး ကိုယ်တော်ထံမှ ၎င်းကိုလက်ခံလိုသောသူတိုင်းအား ကယ်တင်ခြင်းပေးတော်မူသည်။

ကယ်တင်ခြင်းနှင့်အပြစ်များခွင့်လွှတ်ခြင်းသည် ခြေလှမ်းများတစ်ဆင့်ပြီးတစ်ဆင့်လိုက်လျှောက်ခြင်းအားဖြင့်မဟုတ် ပေ။၎င်းသည် ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံခြင်း၊ကျွန်ုပ်တို့အတွက်အမှုခပ်သိမ်းလုပ်ဆောင်ခဲ့ကြောင်းအသိအမှတ် ပြုခြင်းဖြစ်သည်။ဘုရားသခင်က ခြေလှမ်းအဆင့်တစ်ခု ကျွန်ုပ်တို့ကိုတောင်းဆိုသည်မှာ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်မှကယ်တင်ရှင်အဖြစ်လက်ခံခြင်းနှင့်ကိုယ်တော်တစ်ပါးတည်းသာ ကယ်တင်ခြင်းလမ်းခရီးအဖြစ် အပြည့်အ၀ယုံကြည် အားကိုးခြင်းပင်ဖြစ်သည်။ဤသည်မှာ ကယ်တင်ခြင်းရရှိရန်ခြေလှမ်းတစ်ဆင့်ပြီးတစ်ဆင့်လိုက်လျှောက်ရန်သွန်သင်ပေးသည့် အခြားကမ္ဘာ့ဘာသာရေးများနှင့်ခရစ်ယာန်ယုံကြည်ခြင်းတို့၏ခြားနားချက်ဖြစ်သည်။ခရစ်ယာန်ယုံကြည်မှုသည် ခြေလှမ်းများ ကိုဘုရားသခင်ပြည့်စုံစေခဲ့ပြီးဖြစ်ကြောင်းသိမှတ်ပြီး ကိုယ်တော်ဘုရားကိုယုံကြည်ခြင်းဖြင့်လက်ခံရန် နောင်တရသောသူအား ရိုးရိုးသားသားဖိတ်ခေါ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

။ကယ်တင်ခြင်းခြေလှမ်းများကား အဘယ်နည်း။
© Copyright Got Questions Ministries