settings icon
share icon
မေးခွန်း

၀ိညာဉ်ရေးရာကြီးထွားခြင်းဟူသည်အဘယ်နည်း။

အဖြေ


၀ိညာဉ်ရေးရာကြီးထွားခြင်းဟူသည် သခင်ယေရှုခရစ်တော်နှင့်ပို၍တူအောင် အစဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။ ကျွနု်ပ်တို့သည် သခင်ယေရှုကိုယုံကြည် သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သခင်ယေရှုနှင့်တူအောင်စတင်ပုံသွင်းသည်။ ၀ိညာဉ်ရေးရာကြီးထွားခြင်းနှင့်ပတ်သက်၍ ၂ပေ ၁း၃-၈ထဲတွင် အကောင်းဆုံးဖော်ပြထား သည်။ ၄င်းကျမ်းပိုဒ်တွင် ကျွနု်ပ်တို့သည် ကောင်းမွန်စွာအသက်ရှင်နိုင်ရန် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကျွနု်ပ်တို့သည် “လိုအပ်သမျှအရာအားလုံး”ရရှိသည်။ ထိုအရာသည် လည်း ၀ိညာဉ်ရေးရာကြီးထွားခြင်း၏ပန်းတိုင်ဖြစ်သည်။ “သူ၏အကြောင်းကိုကျွနု်ပ်တို့သိရှိ” ရန်လိုအပ်ကြောင်းကို သတိချပ်စေလိုသည်။ ၄င်းသည် ကျွနု်ပ်တို့လိုအပ်သမျှရရှိနိုင်သော သော့ချက်ဖြစ်သည်။ သူ့အကြောင်းကျွနု်ပ်တို့သိရှိခြင်းပညာသည် နှုတ်ကပတ်တော်မှ လာသည်။ ကျွနု်ပ်တို့အတွက်အသိအမှတ်ပြုခြင်းနှင့်ကြီးထွားခြင်းဖြစ်စေခဲ့သည်။

ဂလာတိ ၅း၁၉-၂၃ ထဲတွင် စာရင်းနှစ်ခုရှိသည်။ အခန်းငယ် ၁၉-၂၁ ထဲတွင် “ဇာ တိအသွေးအသားလှုပ်ရှားမှုများ”ကိုတွေ့ရှိနိုင်သည်။ ဤအရာများသည် ကယ်တင်ခြင်းရရှိ ရန်အတွက်ခရစ်တော်ထံသို့မလာမှီ ကျွနု်ပ်တို့ဘဝကိုုအသိအမှတ်ပြုပေးသောအရာများဖြစ် ကြသည်။ ဇာတိအသွေးသားလှုပ်ရှားမှုများသည် ကျွနု်ပ်တို့အပြစ်ဝန်ချရမည့်အရာ၊ နောင်တရမည့်အရာဖြစ်သည်။ ၄င်းကိုအောင်မြင်ကျော်လွှားနိုင်ရန်ဘုရားသခင်ထံအကူ အညီတောင်းရမည်ဖြစ်သည်။ ကျွနု်ပ်တို့သည်ဝိညာဉ်ရေးရာတွင်တိုးတက်ကြီးထွားလျှင် “ဇာတိအသွေးအသားလှုပ်ရှားမှုများ”တဖြည်းဖြည်းလျော့နည်းလာကြောင်း ကျွနု်ပ်တို့ အသက်တာတွင်သက်သေထူရမည်ဖြစ်သည်။ ဒုတိယစာရင်းသည်“၀ိညာဉ်အသီး”ဖြစ် သည် (အခန်းငယ် ၂၂-၂၃)။ ကျွနု်ပ်တို့သည် သခင်ယေရှုခရစ်တော်အားဖြင့်ကယ်တင် ခြင်း ရရှိကြောင်းအသက်တာအားဖြင့်ဖော်ပြရမည့်အရာဖြစ်သည်။ ယုံကြည်သူတစ်ဦး၏အသက် တာတွင် ၀ိညာဉ်တော်အသီးများကိုထုတ်လုပ်ခြင်းအားဖြင့် ၀ိညာဉ်ရေးရာကြီးထွားခြင်းကို သက်သေပြရမည်ဖြစ်သည်။

ကယ်တင်ခြင်းပြောင်းလဲမှုဖြစ်ပေါ်လာသောအခါ ၀ိညာဉ်ရေးရာကြီးထွားခြင်းအစပြု လာပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွနု်ပ်တို့ထဲတွင်ကျိန်းဝပ်သည် (ယောဟန် ၁၄း၁၆-၁၇)။ ကျွနု်ပ်တို့သည်အသစ်သောဖန်ဆင်းခြင်းခံရသူများဖြစ်ကြသည် (၂ကော ၅း၁၇)။ ဘဝဟောင်းကိုအသစ်ဖြင့်အစားထိုးသည် (ရောမ ၆-၇)။ ၀ိညာဉ်ရေးရာကြီးထွား ခြင်းသည် အချိန်စောင့်ရမည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။ နှုတ်ကပတ် တော်လေ့လာခြင်းနှင့် အသုံးချခြင်းပေါ်တွင်မူတည်သည်။ (၂တိ ၃း၁၆-၁၇) ၀ိညာဉ်တော် ထဲတွင်လျှောက် လှမ်းမှုပေါ်တွင်လည်းမူတည်သည် (ဂလာတိ ၅း၁၆-၁၇)။ ၀ိညာဉ်ရေးရာတိုးတက်ခြင်းကို ကျွနု်ပ်တို့ရှာဖွေသောအခါ ဘုရားသခင်၏အလိုတော် အတိုင်းကြီးထွားရန် ဘုရားသခင်ထံညာဉ်ပညာတောင်းရမည်ဖြစ်သည်။ ကျွနု်ပ်တို့သည် ညာဏ်ပညာကြီးထွားရန်နှင့် ဘုရားသခင်အကြောင်းများများသိရှိရန် ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်သည်။ ဘုရားသခင်က ကျွနု်ပ်တို့အား ၀ိညာဉ်ရေးရာကြီးထွားရန် အလိုတော်ရှိသည်။ ၀ိညာဉ်ရေးရာကြီးထွားနိုင်ရန် ကျွနု်ပ်တို့လိုအပ်သောအရာများ ဘုရားသခင်က ပေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့်၊ ကျွနု်ပ်တို့သည် အပြစ်တရာကိုအောင်မြင်ကျော်လွှားနိုင်ပြီး၊ သခင်ယေရှုခရစ်တော်နှင့်ပို၍မြန်မြန်ဆန်ဆန် တူလာနိုင်မည်ဖြစ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

၀ိညာဉ်ရေးရာကြီးထွားခြင်းဟူသည်အဘယ်နည်း။
© Copyright Got Questions Ministries