settings icon
share icon
မေးခွန်း

သခင်ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွလာခြငး်သည် မည်သည့်အရာ ဖြစ်သ နည်း။

အဖြေ


သခင်ယေရှုဒုတိယအကြိမ်ကြွလာခြင်းသည် ယုံကြည်သူအားလုံးတို့၏မြော်လင့်ခြင်းဖြစ် သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထိန်းချုပ်ထားသည်။ သူသည် သူ၏နှုတ်ကပတ်တော် ထဲတွင် ဖော်ပြထားသော ကတိတော်များနှင့် ပရောဖက်ပြုချက်များပြည့်စုံရန် သစ္စာတရားနှင့်ပြည့် စုံသည်။ သခင်ယေရှုခရစ်တော်ဒုတိယကြွလာသည့်အချိန်တွင် သူသည် ပရောဖက်ဟောပြောခဲ့ သည့်အတိုင်း ဗက်လဟင်မြို့ နွားစားခွက် ထဲတွင် သူငယ်အဖြစ်နှိမ့်ချစွာ ဖွါးမြင်ခဲ့သည်။ သခင် ယေရှုသည် သူ၏မွေးဖွါးခြင်း၊ အသက်ရှင်းခြင်း၊ သာသနာလုပ်ငန်းလုပ်ဆောင်ခြင်း၊ အသေခံခြင်း၊ နှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မေရှီယနှင့်ပတ်သက်သောပရောက်ဖက်ပြုချက်များစွာ ပြည့်စုံစေ ခဲ့သည်။ သို့ရာတွင် မေရှီယနှင့်ပတ်သက်၍မပြည့်စုံရသေးသောပရောဖက်ပြုချက်များ စွာရှိသေးသည်။ သခင်ယေရှုခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းသည် ထိုမပြည့်စုံရသေးသော ပရောဖက်ပြုချက်များကို ပြည့်စုံစေရန်အတွက် ဖြစ်သည်။ သခင်ယေရှုပထမအကြိမ်ကြွလာခြင်းထဲ တွင် သူသည် စေခံတစ်ဦးဖြစ်ခဲ့သည်။ သခင်ယေရှုသည် ဒုတိယအကြိမ်ကြွလာသောအခါ သူသည် အောင်မြင်သော ဘုရင်အဖြစ်ကြွလာမည်ဖြစ်သည်။ သခင်ယေရှုသည် ပထမအကြိမ်ကြွ လာသည့်အချိန်တွင် သူသည် နှိမ့်ချသောအသက်တာဖြင့်ကြွလာခဲ့သည်။ သခင်ယေရှုဒုတိယအ ကြိမ်ကြွလာသောအခါ သူသည် မိမိပတ်ဝန်းကျင်တွင် ကောင်းကင်ဗိုလ်ခြေများနှင့်ကြွဆင်းလာမည် ဖြစ်သည်။

ဓမ္မဟောင်းထဲတွင်ရှိသော ပရောဖက်များက သခင်ယေရှု၏ပထမအကြိမ်ကြွလာခြင်းနှင့် ဒုတိယအ ကြိမ်ကြွလာခြင်းတို့၏ခြားနားမှုကို တိကျစွာဖော်ပြထားခြင်းမရှိပေ။ သခင်ယေရှုကြွလာခြင်းအ ကြောင်းကို ဟေရှာယ ရး၁၄၊ ၉း၆-၇ နှင့် ဇာခရိ ၁၄း၄ ထဲတွင် တွေ့ရှိနိုင်ပါသည်။ ထိုကျမ်းပိုဒ်ထဲ တွင် သခင်ယေရှုကြွလာခြင်းသည် မတူညီသော ပုဂ္ဂိုလ်နှစ်ဦးအဖြစ်ကြွလာလိမ့်မည်ဟု ဖော်ပြထား သည်။ ယုဒလူမျိုးကျမ်းတတ်ပုဂ္ဂိုလ်များက ညှဉ်းပန်းနှိပ်စက်ခြင်းခံသော မေရှီယနှင့် အောင်မြင် သောမေရှီယရှိသည်ဟု ယုံကြည်ကြသည်။ သတို့မသိသောအချက်တစ်ခုသည် ညှဉ်းပန်းနှိပ်စက် ခြင်းခံသော မေရှီယနှင့် အောင်မြင်သောမေရှီယသည် တစ်ဦးတည်းအားဖြင့်ပြည့်စုံမည်ကို မသိ ခြင်းဖြစ်သည်။ သခင်ယေရှုသည် ပထမအကြိမ်ကြွလာသောအချိန်တွင် ညှဉ်းပန်းနှိပ်စက်ခြင်းခံ သောမေရှီယအခန်းကဏ္ဍကို ပြည့်စုံစေခဲ့သည် (ဟေရှာယ အခန်းကြီး ၅၃)။ သခင်ယေရှုသည် ဒုတိယအ ကြိမ်ကြွလာသောအခါ ဣသရေလလူမျိုးများကို ကယ်တင်ရှင်အဖြစ်နှင့် ရှင်ဘုရင် အခန်းကဏ္ဍများ ကို ပြည့်စုံစေမည်ဖြစ်သည်။ ဇာခရိ ၁၂း၁၀ နှင့် ဗျာဒိတ် ၁းရ ထဲတွင် သခင်ယေရှု ၏ဒုတိယအကြိမ် ကြွလာခြင်းအကြောင်းကို ဖော်ပြထားသည်။ သခင်ယေရှု၏နာကျင်ထိုးနက်ခြင်း ခံခြင်းကို ပြန်လည် ဖော်ပြထားပါသည်။ ဣသရေလလူမျိုးများနှင့် လောကတွင်ရှိသောလူသားအား လုံးတို့သည် သခင်ယေရှု ပထမအကြိမ်ကြွလာသောအခါသူတို့က မလက္ခံခဲ့ကြသောကြောင့် သူတို့သည် နောင်တ ရကြမည်ဖြစ်သည်။

သခင်ယေရှုသည် ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံခဲ့ပြီးနောက် ကောင်းကင်တမန်များက တမန် တော်များထံ ဤသို့ကြွေးကြော်ခဲ့ကြသည်။ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ မျှော်ကြည့်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ ၍ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ၊ တဖန်ကြွလာ တော်မူလတံ့ဟု ပြောဆို၏” (တမန် ၁း၁၁)။ ဇာခရိ ၁၄း၄ထဲတွင် သခင်ယေရှုဒုတိယအကြိမ်ကြွ လာမည့်နေရာကို ဖော်ပြထားပါသည်။ မဿဲ ၂၄း၃၀ ထဲတွင် “ထိုအခါလူသား၏နိမိတ်လက္ခဏာ သည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလူအပေါင်းတို့သည် ငိုကြွေမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ကြွလာတော် မူသည်ကို မြင်ရကြလိမ့်မည်” ဟုဖော်ပြထားပါသည်။ တိတု ၂း၁၃ ထဲတွင် သခင်ယေရှု၏ဒုတိယ အကြိမ်ကြွလာခြင်းကို “ဘုန်းတန်ခိုးအာနုဘော်တော်အားဖြင့်ထင်ရှားခြင်း” ဟုဖော်ပြထားပါသည်။

ဗျာဒိတ် ၁၉း၁၁-၁၆ ထဲတွင် ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းကို စုံလင်စွာဖြင့်ဖော်ပြထားပါ သည်။ “ထိုအခါကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသောသူ သည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့်စီရင်တတ် ၏။ တရားသဖြင့်စစ်တိုက်တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရ ဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူမျှမသိသောနာမတော်သည် ရေးထားလျက်ရှိ ၏။ အသွေး၌နှစ်ပြီးသောအဝတ်ကိုဝတ်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက်၊ နောက်တော်သို့လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သောသန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့်ပြည့်စုံ တော်မူသော ဘုရားသခင်၏ဒေါသအမျက်တော်၏ စပျစ်နယ်ရာတန်ဆာကို ဖိနင်းတော်မူမည်။ ဘု ရင်တို့၏ဘုရင်၊ သခင်တို့၏သခင် ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌၄င်း၊ ပေါင်တော်၌ ၄င်း ရေးထားလျက်ရှိ၏။”

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

သခင်ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွလာခြငး်သည် မည်သည့်အရာ ဖြစ်သ နည်း။
© Copyright Got Questions Ministries