settings icon
share icon
မေးခွန်း

ဘဝရည်မှန်းချက်ရှာဖွေတွေ့ရှိခြင်းအကြောင်းကို သမ္မာကျမ်းစာက မည်သို့ ဖော်ပြထားသနည်း။

အဖြေ


သမ္မာကျမ်းစာထဲတွင် ဘဝရည်မှန်းချက်အကြောင်းကို သေချာတိကျစွာ ဖော်ပြထားသည်။ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းများထဲမှာရှိသော လူပုဂ္ဂိုလ်များက ဘဝရည်မှန်းချက်ရှာဖွေ တွေ့ရှိခဲ့ကြသည်။ သူအသက်ရှင်သည့်အချိန်မှာ ပညာအရှိဆုံးသောသူဖြစ်သော ရှောလမုန်က ဤလောကမှာအသက်ရှင်သောအခါ ဘဝသည် အနတ္တဖြစ်သည်ဟု တွေ့ရှိ ခဲ့သည်။ သူက ဘဝသည် အနတ္တသက်သက်ဖြစ်ကြောင့် ဒေသနာကျမ်းထဲတွင် ဖော်ပြထားသည်။ "အချုပ်အခြာစကားဟူမူ ကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုအရာအလုံး စုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတံ့သတည်း" (ဒေသနာ ၁၂း၁၃-၁၄)။ ကျွနု်ပ်တို့သည် တစ်နေ့နေ့ကျရင် ဘုရားသခင်၏ရှေ့တော်မှောက်၌ တရားစီရင်ရန် ရပ်မည့်သူများဖြစ်ကြသဖြင့် လောကမှာ အသက်ရှင်စဉ်ခါ ကျွနု်ပ်တို့၏အတွေး၊ အသက်တာနှင့် ဘုရားသခင်၏ပညတ်တော်တို့ကို ကျင့်ဆောင်ခြင်းအားဖြင့် ဘုရား သခင်ကို ဂုဏ်ပြုကြရန် ရှောလမုန်မင်းကြီးက တိုက်တွန်းထားသည်။ ကျွနု်ပ်တို့ဘဝ၏ရည်မှန်းချက်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် နာခံခြင်း ဖြစ်သည်။

အခြားသော ရည်မှန်းချက်တစ်ခုမှာ ဤကမ္ဘာမှာ ကျွနု်ပ်တို့အသက်ရှင်ခြင်းသည် မြင့်မြတ်သောအရာဖြစ်သည်ဟု ခံယူခြင်း ဖြစ်သည်။ ဤလောကမှာအသက်ရှင်ခြင်းအကြောင်းနှင့်ပတ်သက်ပြီး ဒါ၀ိဒ်မင်းကြီးအမြင်သည် အခြားသူများ၏အမြင်နှင့် မတူပါ။ သူက နောင်လာမည့်အချိန်မှာ ရောင့်ရဲတင်းတိမ်မှုရှိလိမ့်မည်ဟု မြင်တွေ့ခဲ့သည်။ သူက "အကျွန်ုပ်မူကား၊ ဖြောင့် မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွနု်ပ်ကို ပြည့်စုံရပါလိမ့်မည်" (ဆာ လံ ၁ရး၁၅)။ ဒါ၀ိဒ်အတွက်ကျတော့၊ ပြည်စုံသော ရောင့်ရဲတင်းတိမ်မှုကို ဘုရားသခင်၏မျက်နှာတော် ဖူးမြင်ခြင်း (သူနှင့် မိတ်ဿဟာယဖွဲ့ခြင်း)နှင့် သူနှင့်တူသောအချိန်(၁ယော ၃း၂)တွင် ရောက်ရှိလာလိမ့်မည်။

ဆာလံ ၇၃ ထဲတွင် အာသပ်သည် ဆိုးသောသူတို့အကြောင်းကို ပြောထားသည်။ သူတို့က သူတို့၏ ကံကြမ္မာကို သတိမပြုသူ၊ သူတို့၏အနာဂတ်ကို သူတို့အနိုင်အထက်ပြုသောသူများ၏ကျောကုန်းပေါ်မှာတည်ဆောက်သူများ၏ စုံစမ်းခြင်းခံရသည့်အကြောင်းကို ဖော်ပြ ထားသည်။ သို့သော်သူက သူတို့၏ ဘဝနိဂုံးအကြောင်းကို ဆင်ခြင်းသုံးသတ်ထားပါသည်။ သူတို့လိုက်လံရှာဖွေခြင်းသည် ဆိုးသောအမှုအရာများဖြစ်ကြောင်းကို အခန်းငယ် ၂၅ ထဲတွင် ဖော်ပြထားသည်။ "ကိုယ်တော်မှတပါး ကောင်းကင်ဘုံမှာ အကျွနု်ပ်၌ အဘယ်သူရှိပါသနည်း။" အာသအတွက် ဘုရားသခင်သည် အခြားသောအမှုအရာအားလုံးထက် အရေးကြီးဆုံး ဖြစ်သည်။ သူနှင့်အဆက်အသွယ်မရှိလျှင် ဘဝမှာ စစ်မှန်သောအဓိပ္ပါယ်မရှိတော့ပေ။

တမန်တော်ရှင်ပေါလုက သေခြင်းမှရှင်ပြန်ထမြောက်သောခရစ်တော်နှင့်မတွေ့မီအောင်မြင်မှုများအကြောင်းကို ဖော်ပြထား သည်။ သူက သခင်ယေရှု ခရစ်တော်ကို သိကျွမ်းခြင်းနှင့်နှိုင်းယှဉ်လျှင် ထိုအရာများအသည် ချေးပုံကဲ့သို့ ဖြစ်သည်ဟု နိဂုံးချုပ်ထားသည်။ ဖိလိပ္ပိ ၃း၉-၁ဝထဲတွင်၊ ပေါလုက သူက အခြားသောအရာများအားလုံးထက် ခရစ်တော်ကို သိရှိချင် သည်ဟု ပြောခဲ့သည်။ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်သေခြင်းခံရသော်လည်း ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကာ သူ၏ဖြောင့်မတ်ခြင်း ပိုင်ဆိုင်ခြင်းသည် အလိုအပ်ဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ တမန်တော်ရှင်ပေါလု ၏ ရည်မှန်းချက်မှာ မည်သို့ပင် အခက်အခဲကို ကြုံတွေ့နေပါစေ ခရစ်တော်ကို သိရှိခြင်း၊ သူ့ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူဖြစ်ခြင်းနှင့် သူနှင့်မိတ်ဿဟာယဖွဲ့ခြင်းအားဖြင့် အသက်ရှင်ခြင်း ဖြစ်သည် (၂တိ ၃း၁၂)။ နောက်ဆုံးမှာ သူက သေခြင်းမှာ ရှင်ပြန်ထမြောက်သောသူများထဲတွင် သူကိုယ်တိုင်ပါဝင်လိမ့်ညမဟု မျှော်လင့်တောင့်တ နေခဲ့သည်။

ဘုရားသခင်က လူသားများဖန်ဆင်းခြင်းအကြောင်း၊ ရည်ရွယ်ချက်မှာ- (၁) သူ၏ဘုန်းတော်ထင်ရှားစေဖို့နှင့် သူနှင့်မိတ် ဿဟာယဖွဲ့ရန် (၂) သူတပါးနှင့် ကောင်းမွန်သော မိတ်ဿဟာယရှိရန်၊ (၃) အလုပ်လုပ်ရန်နှင့် (၄) လောကကို အုပ်စိုး ရန်အတွက် ဖြစ်သည်။ သို့သော် လူသားများက အပြစ်ပြုပြီး ကျဆုံးခဲ့သောအချိန်မှာ ဘုရားသခင်နှင့် မိတ်ဿဟာယဖွဲ့ ခြင်း ပျက်စီးသွားခဲ့သည်။ သူတပါးနှင့်ဆက်နွယ်မှုကိုလည်း ခဲယဉ်းသည်။ အလုပ်လုပ်ခြင်းသည်လည်း စိတ်ပျက်စရာ ကောင်းသည်။ လူတွေက ကမ္ဘာပေါ်မှာဖန်ဆင်းထားသောအရာများအပေါ် အုပ်စိုးနိုင်ရန် ခက်ခဲလာခဲ့သည်။ ဘုရားသခင် နှင့် ပြန်လည်မိတ်ဿဟာယဖွဲ့ခြင်း၊ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘဝရည်မှန်းချက်ပြန်လည် တွေ့ရှိ နိုင်သည်။

လူသားများဖန်ဆင်းခြင်း၏ရည်ရွယ်ချက်မှာ ဘုရားသခင်ဘုန်းတော်ထင်ရှားစေဖို့ရန်နှင့် သူနှင့်အစဉ်အမြဲပျော်ရွှင်ရန် ဖြစ်သည်။ ကျွနု်ပ်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်နာခံခြင်း၊ ကောင်းကင်နိုင်ငံတော်အိမ်ကို စေ့စေ့ကြည့်ရှုပြီး မြော်လင့်ခြင်း၊ သူကို ကောင်းမွန်စွာ သိကျွမ်းခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေနိုင်သည်။ ကျွနု်ပ်တို့ ဘဝအတွက် ဘုရားသခင်၏ရည်မှန်းချက်များအတိုင်း အသက်ရှင်ခြင်းအားဖြင့် ဘုရားသခင်နှင့်ပျော်ရွှင်နိုင်ပါသည်။ ၄င်းက ကျွနု်ပ်တို့အား စစ်မှန်ပြီး ခိုင်ခံ့သော ပျော်ရွှင်ခြင်းကို ပေးနိုင်သည်။ ကျွနု်ပ်တို့အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသော ကြွယ်ဝသောအသက်တာ ရရှိနိုင်ပါသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ဘဝရည်မှန်းချက်ရှာဖွေတွေ့ရှိခြင်းအကြောင်းကို သမ္မာကျမ်းစာက မည်သို့ ဖော်ပြထားသနည်း။
© Copyright Got Questions Ministries