settings icon
share icon
မေးခွန်း

နတ်မေးမြန်းခြင်းကို ခရစ်ယာန်များက မည်သို့မြင်တွေ့သနည်း။

အဖြေ


၀ိညာဉ်ဆိုးများကိုမေးမြန်းခြင်း၊ နတ်ပူးခြင်း၊ မှော်အတတ်တတ်မြောက်ခြင်း၊ နှင့် နတ်မေးမြန်းခြင်းများကို သမ္မာကျမ်းစာ အခိုင်အမာ တားမြစ်ထားသည် (ဝတ်ပြု ၂ဝး၂၇၊ တရားဟော ၁၈း၁၀-၁၃)။ နတ်ဝဇ္ဖာအတတ်ဖြင့် အနာဂတ်ကို ကြိုတင်ဟောပြောခြင်း၊ ဖဲကတ်ဖြင့်ကံစမ်းခြင်း၊ ဗေဒင်ဆရာများမေးမြန်းခြင်း၊ ဗေဒင်ဟောသူများ၊ လက္ခဏာဖတ် ခြင်းများ၊ နတ်မေးခြင်းတို့သည် ၀ိညာဉ်ဆိုးမေးမြန်းခြင်းထဲတွင် ပါဝင်သည်။ ဤကျင့်သုံးမှုများသည် ဘုရားတုများ၊ ၀ိညာဉ် ဆိုးများ နှင့် သေဆုံးသွားခဲ့သော သူတို့ချစ်သူများ အကြံပြုခြင်းနှင့်လမ်းညွှန်ခြင်းများပေါ်မှာ အခြေခံသည်။ "ဘုရားအတုများ"နှင့် "၀ိညာဉ်ဆိုးများ"သည် နတ်နှင့်သက်ဆိုင်သည် (၂ကော ၁၁း၁၄-၁၅)။ သမ္မာကျမ်းစာထဲတွင် သေဆုံး သောချစ်သူများက ကျွနု်ပ်တို့အား အဆက်အသွယ်ပြုခြင်းကို ဖော်ပြချက်မရှိပါ။ သေသောသူများသည် ယုံကြည်သူများဖြစ် လျှင် သူတို့သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသော ဘုရားသခင်နှင့် အပျော်ရွှင်ဆုံးသော နေရာ ကောင်းကင်နိုင်ငံတော်သို့ ရောက်ခဲ့ပြီး ဖြစ်သည်။ အကယ်၍သူတို့သည် မယုံကြည်သူများဖြစ်လျှင် ငရဲမီးအိုင်ထဲသို့ရောက်ပြီး ဘုရားသခင်၏မေတ္တာ တော်ကိုငြင်းပယ်ပြီး သူ့ကို ဆန့်ကျင်သည်အပြစ်ကြောင့် ငရဲမီးအိုင်ထဲတွင် ထာဝရ ဆင်းရဲဒုက္ခခံစားကြသည်။

ကျွနု်ပ်တို့ချစ်သူများက ကျွနု်ပ်တို့အား မဆက်သွယ်နိုင်လျှင် နတ်မေးမြန်းသူများ၊ ၀ိညာဉ်ဆိုးမေးမြန်းသူများနှင့် နတ်ပူး များက တိကျသော အကြောင်းကြားချက်ကို မည်သို့ရရှိကြသနည်း။ မတရားသောလိမ်လည်လှည့်ဖြားခြင်းသာ ဖြစ်သည်။ နတ်ဝင်မေးမြန်းသူများက လူတစ်ယောက်၏အကြောင်းကို သာမန်အဖြစ်အပျက်အားဖြင့် သိရှိနိုင်ကြသည်။ တခါတရံ IDမှ ခေါ်သော တယ်လီဖုန်းကို အသုံးပြုခြင်းအားဖြင့်ဖြစ်စေ၊ အင်တာနက်အားဖြင့်ဖြစ်စေ၊ နတ်ဝင်မေးမြန်းသူများက နာမည်များ၊ လိပ်စာများ၊ မွေးနေ့များ၊ ထိမ်းမြားခြင်းနေ့များ၊ မိသားစုဝင်များစ သည်တို့ကို သိရှိခြင်း ဖြစ်သည်။ တခါတရံ နတ်ဝင်မေးမြန်းသူများက သူတို့သိရှိရန်မဖြစ်နိုင်သောအရာများကိုလည်း သိနိုင်ကြသည်။ သူတို့က မည်သည့်နေရာမှ သိရှိကြသနည်း။ စာတန်နှင့်နတ်ဆိုးများထံမှ သိရှိခြင်း ဖြစ်သည်။ "ဤအမှုသည် အံ့သြဖွယ်ဖြစ်သည်မဟုတ်။ စာတနပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏။သို့ဖြစ်၍ သူ၏ဆရာတို့သည် လည်း ဖြောင့်မတ် ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့် အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကို ခံရကြလတံ့" (၂ကော ၁၁း၁၄-၁၅)။ တမန်တော် ၁၆း၁၆-၁၈ ထဲတွင် နတ်ပူးပြီး အနာဂတ်ကို ကြိုတင်ဟောပြောနိုင်သူရှိသော်လည်း တမန်တော်ရှင်ပေါလုက ၀ိညာဉ်ဆိုးကို ထိုသူထံမှ နင်ထုတ်ခဲ့သည်။

စာတန်သည် သနားကြင်နာမှုနှင့်ကူညီဖေးမသူအဖြစ် ဟန်ဆောင်တတ်သည်။ သူသည် လူကောင်းတစ်ယောက်ပမာ ထင်ရှားတတ်သည်။ စာတန်နှင့်သူ၏အပေါင်းအဖော်ဝိညာဉ်ဆိုးများသည် လူတစ်ယောက်အား ဘုရားသခင်တားမြစ်သော ၀ိညာဉ်ဆိုးအတတ်၌ ကျော့မိရန်အတွက် ထိုသူ၏အကြောင်းကို နတ်ဝင်သောသူများအပေါ် ဖွင့်ပြောတတ်ကြသည်။ အစပိုင်းတွင် အပြစ်ကင်းမဲ့သောအရာအဖြစ်ထင်ရှားသော်လည်း မကြာမီ လူတွေက မိမိကိုယ်ကို နတ်ဝင်မေးမြန်းခြင်း၌ စိတ်ဝင်စားလာပြီး ဖမ်းစားမိသောအခါ သူတို့က စာတန်အား သူတို့ဘဝကို ထိန်းချုပ်ဖျက်စီးစေခဲ့ကြသည်။ ပေတရုက "သမ္မာသတိရှိလျက်မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ ကဲ့ သို့အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏" (၁ပေ ၅း၈) ဟုဖော်ပြထားသည်။ နတ်ဝင်မေးမြန်းသူများ သည် မိမိကိုယ်ကို လှည့်ဖြားကြသည်။ သူတို့ရရှိသောအကြောင်းကြားချက်သည် မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မသိကြပါ။ သူတို့ရရှိသောအကြောင်းအရာဖြစ်စေ၊ ရရှိသောနေရာဖြစ်စေ၊ သူတို့ဟောပြောသောအရာသည် မှန်ကန်တိကျ သောအရာဖြစ်ကြောင်း အခိုင်အမာဖော်ပြနိုင်ရန် ၀ိညာဉ်ဆိုးမေးမြန်းသောသူများ၊ ဗေဒင်ဆရာများ၊ မှော်အတတ်ပညာရှင် များက မသိကြပါ။ ကျွနု်ပ်တို့ဘဝမှာ ဘုရားသခင်က သူ၏အလိုတော်ကို မည်ကဲ့သို့သိရှိရန် အလိုတော်ရှိသနည်း။ ဘုရား သခင်၏အကြံအစည်တော်သည် ရိုးရှင်းပြီး တန်ခိုးရှိက အကျိုးရှိသည်။ ၄င်းမှာ ကျမ်းစာလေ့လာခြင်း (၂တိ ၃း၁၆-၁၇) နှင့် ဉာဏ်ပညာအတွက် ဆုတောင်းခြင်း (ယာကုပ် ၁း၅) ဖြစ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

နတ်မေးမြန်းခြင်းကို ခရစ်ယာန်များက မည်သို့မြင်တွေ့သနည်း။
© Copyright Got Questions Ministries