settings icon
share icon
မေးခွန်း

အောင်မြင်သော သတင်းကောင်းအကြောင်းကို သမ္မာကျမ်းစာက မည်သို့ ဖော်ပြထားသနည်း။

အဖြေ


အောင်မြင်သော သတင်းကောင်းကို "ယုံကြည်ခြင်းနှုတ်ကပတ်တော်"ဟု သိရသည်။ ယုံကြည်သူတစ်ဦးက ဘုရားသခင်ကိုအသုံးချရမည်ဟု ပြောခြင်း ဖြစ်သည်။ သမ္မာကျမ်းစာဖော်ပြသော ခရစ်ယာန်ဘာသာ၏သမ္မာတရားသည် ယုံကြည်သူများအား ဘုရားသခင်အသုံးပြုခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ယုံကြည်ခြင်းသမ္မာကျမ်းစာစကား သို့မဟုတ် အောင်မြင်သော ဓမ္မခံယူချက်က သန့်ရှင်းသောဝိညာဉ်တော်အား ယုံကြည်သူများက မိမိဆန္ဒအတိုင်း အသုံးပြုရမည့် တန်ခိုးဖြစ်သည်ဟု မြင်တွေ့သည်။ ယုံကြည်သူများက ဘုရားသခင်၏အလိုတော်အတိုင်း လုပ်ဆောင်နိုင်ရန် သန့်ရှင်းသော ၀ိညာဉ်တော်ပေးအပ်ထားခြင်းဖြစ်သည်ဟု သမ္မာကျမ်းစာက သွန်သင်ထားသည်။ အောင်မြင်သော သတင်းကောင်းလှုပ် ရှားမှုသည် ကနဦးအသင်းတော်၌ ယုံကြည်သူအချို့တို့ကို ပျက်စီးစေသောအရာတစ်ခု ဖြစ်သည်။ ပေါလုနှင့် အခြား တမန်တော်များက ထိုသို့ မလုပ်ဆောင်ခဲ့ကြပါ။ မှားယွင်းသောခံယူချက်သွန်သင်သော မှားယွင်းသော ဆရာများကို တိုက်ထုတ်ပပျောက်ရန် ဟောပြောခဲ့ကြသည်။ သူတို့သည် အလွန်ကြောက်စရာကောင်းပြီး မှားယွင်းသော ဆရာများ ဖြစ်ကြောင်း၊ ခရစ်ယာန်များက သူတို့ကို ရှောင်ကြဉ်သင့်ကြောင်း သူတို့က အားပေးတိုက်တွန်းခဲ့ကြသည်။

၁တိ ၆း၅၊ ၉-၁၁ ထဲတွင် ဖော်ပြထားသော လူပုဂ္ဂိုလ်များကို ရှောင်ကြဉ်ရန် ရှင်ပေါလုက တိမောသေအား သတိပေးခဲ့ သည်။ ဤလူများက "ပျက်သုံးစေသောစိတ်ထား"ဖြင့် လူကောင်းဟန်ဆောင်ပြီး သူတို့၏ ချမ်းသာဖို့နှင့် တောင့်တမှုများ ရရှိရန်အတွက် "ယိုယွင်းပျက်စီးခြင်း"များဖြစ်စေသော ထောင်ချောက်ကို ထောင်ထားကြသည်( အခန်းငယ် ၉)။ ချမ်းသာ ကြွယ်ဝရန် ကြိုးစားခြင်းသည် ခရစ်ယာန်များအတွက် အလွန်ကြောက်စရာကောင်းသောကြောင့် ဘုရားသခင်က ဤသို့ ကတိပေးခဲ့သည်။ "အကြောင်းမူကား၊ ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်း ဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင်ထိုးကြပြီ"(အခန်းငယ် ၁၀)။ ချမ်းသာကြွယ်ဝခြင်းသည် ကောင်းသော လူများအတွက် နောက်ဆုံးပန်းတိုင်ဖြစ်လျှင် သခင်ယေရှုသည် ကြွယ်ဝချမ်းသာပါလိမ့်မည်။ သို့သော် သူသည် ချမ်းသာ ကြွယ်ဝရန်မကြိုးစားဘဲ လူသားသည် ခေါင်းချမည့်နေရာတောင်မရှိဟု ဖော်ပြထားသည် (မဿဲ ၈း၂၀)။ သူ၏တပည့်တော် များသည်လည်း ထိုနည်းတူပြုရန် တိုက်တွန်းခဲ့သည်။ တပည့်တော်များထဲမှ ကြွယ်ဝချမ်းသာချင်သူတစ်ဦးမှာ ယုဒဖြစ်သည် ကို ကျွန်ုပ်တို့မှတ်ထားသင့်သည်။

လောဘလွန်ကျူးသောသူများသည် ရုပ်တုကို ကိုးကွယ်သောသူများဖြစ်သည်ဟု ရှင်ပေါလုက ပြောခဲ့သည် (ဧဖက် ၅း၅)။ သူက ဧဖက်မြို့သူ/သားများအား ကိုယ်ကျင့်တရားပျက်ပြားခြင်း(သို့) လောဘလွန်ကျူးခြင်းသတင်းယူဆောင်သောသူ များကို ရှောင်ကြဉ်ရန် လမ်းညွန်ခဲ့သည် (ဧဖက် ၅း၆-၇)။ ကြွယ်ဝချမ်းသာခြင်းသွန်သင်မှုက ဘုရားသခင်၏အမှုပြုခြင်းကို ဟန့်တားထားသည်။ ကျွနု်ပ်တို့သည် ကြွယ်ဝချမ်းသာခြင်းမရှိလျှင် ဘုရားသခင်သည် အမှုမပြုနိုင်သောကြောင့် ဘုရားသ ခင်သည် အားလုံး၏အရှင်မဟုတ်ကြောင်း ဖော်ပြလိုခြင်း ဖြစ်သည်။ ယုံကြည်ခြင်းစကားအရဖော်ပြရလျှင် ကြွယ်ဝချမ်းသာ ခြင်းမရှိလျှင် ယုံကြည်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းမဟုတ်ပါ။ ကြွယ်ဝချမ်းသာခြင်း သွန်သင်ဆရာများက စကြာဝဋ္ဌာတစ်ခုလုံးကို ထိန်းချုပ်သော ၀ိညာဉ်ရေးရာ ဥပဒေများကို ကျွနု်ပ်တို့တွေ့ရှိမှာ ကြွယ်ဝချမ်းသာမှ ယုံကြည်ခြင်း အမှန်ဖြစ်သည်ဟု ပြောကြသည်။ "ယုံကြည်မှုစကား"က နာမည်အတိုင်း၊ ယုံကြည်ခြင်းသည် ကျွနု်ပ်တို့ ကိုးစားသောသူ သို့မဟုတ် ကျွနု်ပ်တို့နှလုံးသားထဲမှာ သမ္မာတရားများဖြစ်သည်ဟု မားမားမတ်မတ် ပွေ့ပိုက်သောအရာထက် ပိုပြီး ပြော ကြားနိုင်သောအရာ ဖြစ်သည်ဟု ဖော်ပြထားသည်။

ယုံကြည်ခြင်းစကားကို နှစ်သက်မြတ်နိုးသောလှုပ်ရှားမှုသည် "ကြွယ်ဝချမ်းသာရန် ဝန်ခံခြင်း" ဖြစ်သည်။ ကျွနု်ပ်တို့ နှုတ်မြွက်သည့်အတိုင်ဖြစ်လာသည်ဟု သွန်သင်မှုဖြစ်သည်။ မိတ်ဆွေပြောသည့်အတိုင်း၊ ယုံကြည်ခြင်းစကားသွန် သင်သူဆရာများပြောသည့်အတိုင်း အရာအားလုံးကို မိတ်ဆွေအပေါ် ဖြစ်ပေါ်လာမည်ဟု ဆုံးဖြတ်ခြင်း ဖြစ်သည်။ မိတ်ဆွေ၏ဝန်ခံချက်များ၊ အထူးသဖြင့် ဘုရားသခင်အပေါ် မိတ်ဆွေ၏အမိန့်ပေးသည့်အတိုင်း ရွေ့လျော့ခြင်းမရှိ အမှန် ဖြစ်ပျက်လာမည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်က သူတို့ပြောတိုင်းအတိုင်းလုပ်ဆောင်ရန်လိုအပ်သည်။ (လူတွေက ဘုရားသခင်ထံ လိုသမျှ တောင်းဆိုနိုင်သည်)။ ထိုကြောင့် ကျွနု်ပ်တို့အပေါ်ဘုရားသခင်ပေးနိုင်သော ကောင်းချီးမင်္ဂလာ သည် ကျွနု်ပ်တို့ယုံကြည်ခြင်းအပေါ် မူတည်သည်။ ယာကုပ် ၄း၁၃-၁၆ ထဲတွင် ဤသွန်သင်မှုများ မှားယွင်းကြောင်း တိကျစွာ ဖော်ပြထားသည်။ "ယနေ့နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သ ဖြင့် အမြတ်ရအောင်ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။ ထာဝရဘုရားသည် အလိုတော်ရှိ၍ ငါတို့သည်လည်း အသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြု ကြကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ်၏။ ယခုသင်တို့သည် မိမိထောင်လွှားခြင်း၌ ၀ါကြွားကြသေး၏။ ထိုသို့သော ၀ါကြွားခြင်း ရှိသမျှသည် မကောင်းမသင့်ဖြစ်၏။" အနာဂတ်အတွက် ဖြစ်လာမည့်အရာများကို ကျွနု်ပ်တို့ပြောတတ်ကြသည်။ သို့သော် နက်ဖြန်ဘာဖြစ်မည်ကို၄င်း၊ ကျွနု်ပ်တို့ အသက်ရှင်မည်/မရှင်မည်ကို၄င်း ကျွနု်ပ်တို့ မသိကြပါ။

ကြွယ်ဝချမ်းသာခြင်း၏အရေးကြီးမှုအတွက် စိတ်ပူမည့်အစား ကြွယ်ဝလိုသောစိတ်မရှိရန် သမ္မာကျမ်းစာက သတိပေးထားသည်။ အထူးသဖြင့် ယုံကြည်သူများ၊ အသင်းတော်၌ခေါင်းဆောင်များ (၁တိ ၃း၃)တို့သည် ငွေကြေးတပ်မက်ခြင်းမရှိသင့်ပါ (ဟေဗြဲ ၁၃း၅)။ ငွေကြေးတပ်မက်ခြင်းက အပြစ်ဒုစရိုက်အားလုံးသို့ ပို့ဆောင်ပေးနိုင်သည် (၁တိ ၃း၃)။ သခင်ယေရှုက "ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူခဲ့သည်" (လုကာ ၁၂း၁၅)။ ယုံကြည်ခြင်းကြွေးကြော်သောစကား က ငွေကြေးရရှိရေးနှင့် ဤဘဝမှာ ကြွယ်ဝချမ်းသာမှုကို အဓိကထားဟောပြောသည်။ သခင်ယေရှုက "သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက် ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်" (မဿဲ ၆း၁၉) ဟုမိန့်တော်မူခဲ့သည်။ ငွေကြေးကြွယ်ဝချမ်းသာမှုသွန် သင်ခြင်းနှင့် သခင်ယေရှုခရစ်တော်၏ သတင်းကောင်း ကွားဟမှုကို မဿဲ ၆း၂၄ ထဲတွင် ဖော်ပြထားသော သခင်ယေရှု၏ စကားအားဖြင့် နိဂုံးချုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ "အဘယ်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။"

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

အောင်မြင်သော သတင်းကောင်းအကြောင်းကို သမ္မာကျမ်းစာက မည်သို့ ဖော်ပြထားသနည်း။
© Copyright Got Questions Ministries