settings icon
share icon
မေးခွန်း

။ကယ်တင်ခြင်းဆုတောင်းချက်ကား အဘယ်နည်း။

အဖြေ


။လူများစွာက “ကျွန်ုပ်၏ကယ်တင်ခြင်းကို အာမခံမည့်ဆုတောင်းချက်ရှိပါသလား” ဟုမေးကြသည်။ကယ် တင်ခြင်းသည် ဆုတောင်းခြင်းကိုရွတ်ဆိုခြင်း သို့မဟုတ် စကားလုံးအချို့ကိုရွတ်ဆိုခြင်းအားဖြင့် မရရှိကြောင်း သတိရရန် အရေးကြီးပါသည်။လူတစ်ဦး၏ဆုတောင်းခြင်းအားဖြင့် ကယ်တင်ခြင်းရရှိကြောင်း သမ္မာကျမ်းစာတွင် မည်သည့်နေရာတွင်မှ မဖော်ပြထားပါ။ဆုတောင်းချက်ဆိုခြင်းသည် ကျမ်းစာလာ ကယ်တင်ခြင်း၏နည်းလမ်းမဟုတ်ပါ။

ကျမ်းစာအရ ကယ်တင်ခြင်းနည်းလမ်းသည် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းဖြစ်သည်။ ရှင်ယောဟန်၃း၁၆ က ကျွန်ုပ်တို့အား ပြောထားသည်မှာ၊ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ၊ထာဝရအသက်ကိုရစေခြင်းဌါ ဘုရားသခင်သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီ သားတို့ကိုချစ်တော်မူ၏”။ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်(ဧဖက်၂း၈)၊ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံခြင်း အားဖြင့်(ယောဟန်၁း၁၂)ဖြစ်ပြီး ဆုတောင်းချက်ရွတ်ဆိုခြင်းအားဖြင့်မဟုတ်ဘဲ သခင်ယေရှုတစ်ပါးတည်းသာ အပြည့်အ၀ယုံကြည်အားကိုးခြင်းအားဖြင့် ရရှိသည်(ယောဟန်၁၄း၆၊တမန်တော်၎း၁၂)။

ကျမ်းစာလာ ကယ်တင်ခြင်း၏သတင်းစကားသည် ရိုးရှင်းပြီး၊တစ်ချိန်တည်းတွင် အံ့သြဖွယ်ဖြစ်သည်။ကျွန်ုပ်တို့အား လုံးသည် ဘုရားသခင်ကိုပြစ်မှားကြပြီ(ရောမ၃း၂၃)။ဘ၀တစ်လျှောက်လုံး ခြောက်ပစ်ကင်းသဲလင်းစင် အသက်ရှင်သောသူ ဟူသည် ယေရှုတစ်ပါးတည်းသာဖြစ်သည်(ဒေသနာ၇း၂၀)။ကျွန်ုပ်တို့၏အပြစ်ကြောင့် သေခြင်းတရားတည်းဟူသော တရား စီရင်ခြင်းကို ဘုရားသခင်ထံရရှိကြသည်(ရောမ၆း၂၃)။ကျွန်ုပ်တို့၏အပြစ်နှင့်၎င်း၏ထိုက်တန်သောပြစ်ဒဏ်ကြောင့် ဘုရား သခင်နှင့်မှန်ကန်မှုရှိစေရန် ကျွန်ုပ်တို့ကိုယ်တိုင်လုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိပါ။ကျွန်ုပ်တို့ကိုချစ်သောမေတ္တာကြောင့် ဘုရားသခင်သည် ယေရှုခရစ်ပုဂ္ဂိုလ်၌ လူသားတစ်ဦးဖြစ်လာခဲ့သည်။ယေရှုသည် စုံလင်သောအသက်တာကို အသက်ရှင်ခဲ့ ပြီး သမ္မာတရားကို အမြဲသွန်သင်ခဲ့သည်။မည်သို့ပင်ဆိုစေ၊ လူသားမျိုးနွယ်သည် ယေရှုကိုငြင်းပယ်ကာ လက်ဝါးကပ်တိုင်မှာ ရိုက်သတ်ခြင်းဖြင့် သတ်ပစ်ခဲ့သည်။ထိုကြောက်စရာကောင်းသော လုပ်ရပ်သည် အမှန်တကယ်အပြစ်ကင်းစင်သောသူ တစ်ဦးတည်းသောလူသားကို သတ်ခဲ့သော်လည်း ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို ရရှိခဲ့သည်။ကျွန်ုပ်တို့ကိုယ်စား ယေရှုအ သေခံခဲ့သည်။ကျွန်ုပ်တို့၏အပြစ်ဝန်ထုတ်ဝန်ပိုးနှင့်တရားစီရင်ခြင်းကို ကိုယ်တော်တိုင် ခံယူခဲ့သည်(၂ကော၅း၂၁)။ထို့နောက် ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပြီး (၁ကော၁၅) အပြစ်အတွက်သူ၏ပေးဆပ်မှုသည် လုံလောက်ပြီး အပြစ်နှင့်သေခြင်းကို အောင်နိုင်ခဲ့ကြောင်း သက်သေပြခဲ့သည်။သခင်ယေရှု၏ပူဇော်သက္ကာကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင် ခြင်းကို လက်ဆောင်အဖြစ်ပေးသနားတော်မူသည်။ကျွန်ုပ်တို့၏အပြစ်များကို နောင်ရရပြီး(တမန်တော်၁၇း၃၀) ခရစ်တော်ကို ကျွန်ုပ်တို့၏အပြစ်များအတွက် အပြည့်အဝပြစ်ဒဏ်အဖြစ်ယုံကြည်ရန်(၂ယော၂း၂) ဘုရားသခင်က ကျွန်ုပ်တို့ရှိသမျှကို ဖိတ်ခေါ်သည်။ကယ်တင်ခြင်းသည် ဆုတောင်းချက်တစ်ခုခုကို ရွတ်ဆိုခြင်းအားဖြင့်မဟုတ်ဘဲ ဘုရားသခင်က ကျွန်ုပ်တို့အား ပေးသနားတော်မူသော ဆုကျေးဇူးကိုခံယူခြင်းအားဖြင့် ရရှိမည်ဖြစ်သည်။

ယခု၊ ကယ်တင်ခြင်းရရှိရာမှာ ဆုတောင်းခြင်းမပါဝင်နိုင်ဟုမဆိုလိုပါ။ဧ၀ံဂေလိတရားကို နားလည်ပြီး မှန်ကန်ကြောင်း ယုံကြည်၍ ယေရှုကို သင်၏ကယ်တင်ခြင်းအဖြစ်လက်ခံပါက၊ ဆုတောင်းခြင်းဖြင့် ထိုယုံကြည်ခြင်းကိုဖော်ပြခြင်းသည် ကောင်းမွန်ပြီး သင့်လျော်ပါသည်။ဆုတောင်းခြင်းဖြင့်ဘုရားသခင်နှင့်စကားပြောခြင်းသည် သခင်ယေရှုနှင့်ပတ်သက်သော အချက်အလက်များကို လက်ခံခြင်းမှ ကယ်တင်ရှင်အဖြစ် ကိုယ်တော်ကို အပြည့်အ၀ယုံကြည်ခြင်းသို့ တိုးတက်စေသည့် နည်းလမ်းတစ်ခုဖြစ်သည်။ဆုတောင်းခြင်းသည် ကယ်တင်ခြင်းအတွက် သခင်ယေရှုတစ်ပါးတည်းကိုသာ ယုံကြည်ခြင်း၏ လုပ်ဆောင်ချက်နှင့်ချိတ်ဆက်နိုင်သည်။

တဖန်၊ဆုတောင်းပဌနာပြုခြင်းအပေါ်တွင် သင်၏ကယ်တင်ခြင်းတရားကို အခြေမခံသည့်အချက်သည် အရေးကြီး သောအချက်ဖြစ်သည်။ဆုတောင်းခြင်းရွတ်ဆိုခြင်းသည် သင့်ကိုမကယ်တင်နိုင်ပါ။သခင်ယေရှုအားဖြင့် ရရှိနိုင်သော ကယ် တင်ခြင်းကို သင်ရယူလိုပါက ကိုယ်တော်ကိုယုံကြည်ပါ။ကိုယ်တော်၏သေခြင်းကို သင်၏အပြစ်များအတွက် လုံလောက်

သောပူဇော်သက္ကာအဖြစ် အပြည့်အ၀ယုံကြည်အားကိုးပါ။ကိုယ်တော်တစ်ပါးတည်း၌သာ သင်၏ကယ်တင်ရှင်အဖြစ် လုံးလုံး လျားလျားမှီခိုအားထားပါ။ဤသည်မှာ ကျမ်းစာလာ ကယ်တင်ခြင်းနည်းလမ်းဖြစ်ပေသည်။သခင်ယေရှုကို သင်၏ကယ်တင် ရှင်အဖြစ် လက်ခံရရှိပါက၊ဘုရားသခင်ထံ ဆုတောင်းပဌနာပြုပါ။သခင်ယေရှုအတွက် သင်မည်မျှကျေးဇူးတင်ကြောင်း ဘုရား သခင်အား ပြောပြပါ။ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်အနစ်နာခံမှုအတွက် ဘုရားသခင်အားချီးမွမ်းပါ။သခင်ယေရှုသည် သင်၏ အပြစ်များအတွက် အသေခံခြင်းနှင့်သင့်အတွက်ကယ်တင်ခြင်းပေးဆောင်သည့်အတွက် ကိုယ်တော်ကို ကျေးဇူးတင် ပါ။ဤသည်မှာ ကျမ်းစာလာ ကယ်တင်ခြင်းနှင့်ဆုတောင်းခြင်းကြား ဆက်စပ်မှုဖြစ်ပေသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

။ကယ်တင်ခြင်းဆုတောင်းချက်ကား အဘယ်နည်း။
© Copyright Got Questions Ministries