settings icon
share icon
မေးခွန်း

။ကယ်တင်ခြင်းအစီအစဉ်ကား အဘယ်နည်း။

အဖြေ


။ကယ်တင်ခြင်းဆိုသည်မှာ လွတ်မြောက်ခြင်းဖြစ်သည်။ကမ္ဘာ့ဘာသာတရားများအားလုံးသည် ကျွန်ုပ်တို့ သည် လွတ်မြောက်ခြင်းလိုအပ်သူများဖြစ်ကြောင်းသွန်သင်သော်လည်း မည်သည့်အရာမှလွတ်မြောက်ခြင်းကိုလိုအပ်ပြီး ဘာကြောင့်လိုအပ်သနည်း၊မည်သို့လွတ်မြောက်ခြင်းရရှိမည်နည်းဟူသောအချက်နှင့်ပတ်သက်၍ တစ်ဦးစီ၏နားလည်မှုမှာ ခြားနားပါသည်။မည်သို့ပင်ဆိုစေ၊ သမ္မာကျမ်းစာက ကယ်တင်ခြင်းအစီအစဉ်တစ်ခုတည်းသာရှိကြောင်း ရှင်းလင်းစွာဖော်ပြ ထားသည်။

ကယ်တင်ခြင်းအစီအစဉ်အကြောင်းနားလည်ရန် အရေးကြီးဆုံးအချက်မှာ ၎င်းသည် လူ၏အစီအစဉ်မဟုတ်ဘဲ ဘုရားသခင်၏အစီအစဉ်ဖြစ်သည်။လူ၏ကယ်တင်ခြင်းအစီအစဉ်သည် ဘာသာရေးထုံးတမ်းစဉ်လာများကို စောင့်ထိန်းခြင်း သို့မဟုတ် အချို့သောပညတ်တရားများကိုနာခံခြင်း သို့မဟုတ် ဝိညာဉ်ရေးညာဏ်အလင်းအတိုင်းအတာတစ်ခုထိ ရရှိခြင်း များ ဖြစ်လိမ့်မည်။သို့သော် ဤအရာများသည် ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်၏အစိတ်အပိုင်း တစ်ခုမျှမဟုတ်ပါ။

ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်-အကြောင်းရင်း

ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်တွင်၊ ကျွန်ုပ်တို့သည် အဘယ်ကြောင့်ကယ်တင်းခြင်းသို့ရောက်ဖို့လိုအပ် ကြောင်း ဦးစွာနားလည်ရပါမည်။ရိုးရိုးရှင်းရှင်းပြောရလျှင် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်သောကြောင့် ကယ်တင်ခြင်းရရှိဖို့ လိုအပ်သည်။လူတိုင်းဒုစရိုက်ပြုသည်ဟု သမ္မာကျမ်းစာပြေထားသည်(ဒေသနာ၇း၂၀၊ရောမ၃း၂၃၊၁ယော၁း၈)။အပြစ်ဆိုသည် မှာ ဘုရားသခင်ကိုပုန်ကန်ခြင်းဖြစ်သည်။ကျွန်ုပ်တို့အားလုံးသည် မှားယွင်းသောအရာများကို တက်တက်ကြွကြွပြုလုပ်ရန် ရွေးချယ်ကြသည်။အပြစ်က သူတပါးကိုထိခိုက်နာကျင်စေလျက် ကျွန်ုပ်တို့ကိုပျက်စီးစေပြီး၊အရေးကြီးဆုံးမှာ ဘုရားသခင်ကို အသရေပျက်စေသည်။ဘုရားသခင်သည် သန့်ရှင်းဖြောင်မတ်သောကြောင့် အပြစ်ကိုတရားမစီရင်ဘဲလွှတ်တော်မမူဟု သမ္မာကျမ်းစာက သွန်သင်ထားသည်။အပြစ်အတွက်ပြစ်ဒဏ်သည် သေခြင်းဖြစ်ပြီး(ရောမ၆း၂၃) ဘုရားသခင်နှင့်ထာဝရခွဲခွာ ခြင်းဖြစ်သည်(ဗျာဒိတ်၂၀း၁၁-၁၅)။ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်မရှိလျှင် ထာဝရသေခြင်းသည် လူသားတိုင်း၏ ကံကြမ္မာဖြစ်သည်။

ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်-အကြောင်းအရာ

ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်တွင် ဘုရားသခင်ကိုယ်တော်တိုင်သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ပံ့ပိုးပေးနိုင်သူ တစ်ဦးတည်းသာဖြစ်သည်။ကျွန်ုပ်တို့၏အပြစ်နှင့်၎င်း၏အကျိုးဆက်များကြောင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကယ်တင်နိုင်စွမ်းလုံးဝမရှိပါ။ဘုရားသခင်သည် ယေရှုခရစ်ပုဂ္ဂိုလ်၌လူသားဖြစ်လာခဲ့သည်(ယောဟန်၁း၁၊၁၄)။ယေရှုသည် အပြစ်နှင့်ကင်းစင်သောအသက်တာဖြင့် အသက်ရှင်ခဲ့ပြီး (၂ကော၅း၂၁၊ဟေဗြဲ၎း၁၅၊၁ယော၃း၅) ကျွန်ုပ်တို့ကိုယ်စား ပြီးပြည့် စုံသောယဇ်အဖြစ် မိမိကိုယ်ကိုပူဇော်ခဲ့သည်(၁ကော၁၅း၃၊ကောလောသဲ၁း၂၂၊ဟေဗြဲ၁၀း၁၁)။ယေရှုသည် ဘုရားသခင်ဖြစ် သောကြောင့် သူ၏သေခြင်းသည် အဆုံးမဲ့ထာဝရတန်ဖိုးရှိသည်။လက်ဝါးကပ်တိုင်ပေါ်၌သခင်ယေရှု၏အသေခံခြင်းသည် တလောကလုံး၏အပြစ်များအတွက် အပြစ်ကြွေးကိုလုံလောက်စွာပေးဆပ်ခဲ့သည်(၁ယော၂း၂)။သူ၏ သေခြင်းမှရှင်ပြန်ထ မြောက်ခြင်းက သူ၏ပူဇော်သက္ကာသည် ဧကန်အမှန်လုံလောက်လျက် ယခုတွင်ကယ်တင်ခြင်းရရှိနိုင်ကြောင်း သက်သေပြခဲ့သည်။

ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်- နည်းလမ်း

တမန်တော်၁၆း၃၁တွင် လူတစ်ဦးက မည်သို့ကယ်တင်ခြင်းသို့ရောက်ရှိနိုင်ကြောင်း တမန်တော်ပေါလုအား မေးမြန်းခဲ့သည်။ ပေါလု၏ တုံ့ပြန်မှုသည်၊ ‘သခင်ယေရှုခရစ်ကို ယုံကြည်လော့၊သင်သည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဖြစ်သည်။ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်ကို လိုက်နာရန် နည်းလမ်းမှာ ယုံကြည်ရန်ဖြစ်သည်။ယင်းသည် တစ်ခု

တည်းသောလိုအပ်ချက်ဖြစ်သည်(ယောဟန်၃း၁၆၊ဧဖက်၂း၈-၉)။ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်း အတွက် ဘုရားသခင်ပြင်ဆင်ပေးသည်။ကျွန်ုပ်တို့လုပ်ရမည့်အရာမှာ သခင်ယေရှုကိုတစ်ပါးတည်းသာ ကယ်တင်ရှင်အဖြစ် လုံးလုံးလျားလျား ယုံကြည်ခြင်းဖြင့်လက်ခံရမည်ဖြစ်သည်(ယောဟန်၁၄း၆၊တမန်တော်၎း၁၂)။ယင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းအစီအစဉ်ပေတည်း။

ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်-သင်လက်ခံမည်လော။

အကယ်၍ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်ကို လိုက်နာရန် အဆင်သင့်ဖြစ်ပါက၊ ယေရှုကို သင်၏ ကယ်တင်ရှင်အဖြစ်လက်ခံလိုက်ပါ။အပြစ်ကိုခင်တွယ်ခြင်းနှင့်ဘုရားသခင်ကိုငြင်းပယ်ခြင်းမှ သည်အပြစ်ကိုငြင်းပယ်ခြင်းနှင့် ဘုရားသခင်ကိုခင်တွယ်ခြင်းသို့ သင်၏စိတ်ကို ယေရှုခရစ်အားဖြင့်ပြောင်းလဲစေပါ။ယေရှု၏ယဇ်ပူဇော်သက္ကာကို သင်၏ အပြစ်များအတွက် ပြီးပြည့်စုံသောပေးဆပ်မှုအဖြစ် အပြည့်အ၀ယုံကြည်အားကိုးပါ။သင်သည် ဤသို့လုပ်ဆောင်ပါက၊ ကယ် တင်ခြင်းသို့ရောက်မည်၊အပြစ်များခွင့်လွှတ်ခြင်းရပြီး ကောင်းကင်ဘုံ၌ထာဝရနေထိုင်မည်ဟု သမ္မာကျမ်းစာက ကတိပြုပါ သည်။ပို၍ အရေးကြီးသည့်ဆုံးဖြတ်ချက်အခြားမရှိတော့ပေ။ယနေ့ ယေရှုခရစ်ကို သင်၏ကယ်တင်ရှင်အဖြစ်ယုံကြည်လိုက် ပါ။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

။ကယ်တင်ခြင်းအစီအစဉ်ကား အဘယ်နည်း။
© Copyright Got Questions Ministries