settings icon
share icon
မေးခွန်း

ကျွနု်ပ်၏ ခရစ်ယာန်ဘဝတွင် အပြစ်တရားကို မည်သို့ အောင်မြင်ခြင်း ရှိနိုင်မည်နည်း?

အဖြေ


အပြစ်တရားကို အောင်မြင်ရန် ကျွနု်ပ်တို့၏ ကြိုးပမ်းအားထုတ်နိုင်မှု စွမ်းရည်အများအပြားတို့ကို သမ္မာကျမး်စာထဲတွင် ဖော်ပြထားပါသည်။ ဤဘဝတွင် ကျွနု်ပ်တို့သည် အပြစ်တရားကို ပြည့်စုံစွာ အောင်မြင်နိုင်မည် မဟုတ် ပေ။ သို့သော် ကျွနု်ပ်တို့သည် အပြစ်တရားကို အောင်မြင်ရန် ရည်ရွယ်ချက်ထားရမည်ဖြစ်ပါသည်။ ဘုရားသခင်၏ ကူညီမစ ခြင်းအားဖြင့်ဖြစ်စေ၊ နှုတ်ကပတ်တော်၏ နိယာမတို့ကို လိုက်လျောက်ခြင်းအားဖြင့်ဖြစ်စေ၊ ကျွနု်ပ်တို့သည် အပြစ်တရားကို တဖြည်းဖြည်း အနိုင်ယူနိုင်ပါသည်။

အပြစ်တရားကို အောင်မြင်ရန်အတွက် နှုတ်ကပတ်တော်ဖော်ပြသော ပထမဦးဆုံး ရှာဖွေရမည့် အရာသည် သန့်ရှင်းသော ၀ိညာဉ်တော်ဖြစ်သည် ကျွနု်ပ်တို့သည် ခရစ်ယာန် အသက်တာ၌ အောင်မြင်မှုရနိုင်ရန်အတွင် ဘုရားသခင်က ကျွနု်ပ်တို့အား သန့်ရှင်းသော ၀ိညာဉ်တော် ပေးထားပါသည်။ ဂလာတိသြဝါဒစာ၊ ၅း ၁၆-၂၅ ထဲတွင် ဇာတိ သဘောတရားနှင့် ၀ိညာဉ်သဘောတရားတို့၏ ကွာဟမှုကို ဘုရာသခင်က နှိုင်းယှဉ်ထားသည်။ ဤ ကျမ်းပိုဒ်များထဲတွင် ၀ိညာဉ်တော်အားဖြင့် လျှောက်လှမ်းရန် ကျွနု်ပ်တို့အား တိုက်တွန်းထားပါသည်။ ယုံကြည်သူအားလုံးတို့သည် သန့်ရှင်းသော ၀ိညာဉ်တော်ကို ပိုင်ဆိုင်ကြပါသည်။ သို့သော် ဤကျမ်းပိုဒ်များထဲတွင် ကျွနု်ပ်တို့သည် ၀ိညာဉ်တော်အားဖြင့် လျှောက်လှမ်းရန် လိုအပ်ကြောင်း နှင့် သူ၏ ထိန်းချုပ်မှုအောက်တွင် လျှောက််လှမ်းရန် ကျွနု်ပ်တို့အား မိန့်ဆိုထားပါသည်။ ၎င်းကျမ်းပိုဒ်၏ ဆိုလိုရင်းသည် ကျွနု်ပ်တို့၏ အသက်တာ၌ သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ဆောင်မှုကို ခွင့်ပြုခြင်းဖြင့် သူ၏ ဦးဆောင်မှုအတိုင်း လိုက်လျှောက်ရန် ရွေးချယ်မှုကို ဆိုလိုသည်။

ယုံကြည်သူတစ်ယောက်၏ အသက်တာ၌ သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာ၏ ထူးခြားမှုကို ယေရှု၏ အသက်တာအားဖြင့် သိသာထင်ရှားစေနိုင်သည်။ သူသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် မပြည့်ဝမှီ သခင်ယေရှုကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခဲ့သည်။ သို့သော် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝခဲ့ပြီးနောက် သူသည် အသေခံသည့်တိုင်အောင် ခရစ်တော်၏ နောက်သို့ လိုက်လျှောက်ရမည်ဟု သစ္စာပြုခဲ့သည်။ သူသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝသွားခဲ့ပြီးနောက် ပင်တေဂုတ္တေနေ့တွင် ယုဒလူမျိုးများအား သတင်းကောင်းကို ရဲရဲဝံ့ဝံ့ ဟောပြော ခဲ့သည်။

လူတစ်ယောက်သည် (၁သက်၊ ၅း၁၃ ထဲတွင် ဖော်ပြသည့်အတိုင်း) ၀ိညာဉ်တော်၏ အရှိန်ကို မငြိမ်းစေရန် ကြိုးပမ်း အားထုတ်ခြင်း၊ ရှိသည့်အတိုင်း ထိုသူသည် ၀ိညာဉ်တော်ဖြင့် လျှောက်လှမ်းနိုင်ပါသည်။ ၀ိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာကိုလည်း ရှာဖွေတွေ့ရှိနိုင်သည် (ဧ၊ ၅း၁၈-၂၁)။ လူတစ်ဦးသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် မည်သို့ ပြည့်ဝ နိုင်မည်နည်း။ ပထမအနေနှင့် ၎င်းသည် ဓမ္မဟောင်းကျမ်းထဲတွင် ဘုရားသခင်က သူနှစ်သက်သော ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်၍ ထိုသူအားဖြင့် သူပြုလိုသော အမှုအားလုံး ပြည့်စုံစွာလုပ်ဆောင်ခဲ့ပါသည် (က၊ ၄၁း၃၈၊ ထွက်၊ ၃၁း၃၊ ကော၊ ၂၄း၂၊ ၁ဓမ္မ၊ ၁ဝး၁၀)။ ဧ၊ ၅း၁၈-၂၁ နှင့် ကော၊ ၃း၁၆ ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပြည့်ဝသော သူများကို ဘုရားသခင်က ရွေးချယ်ကြောင်းကို တွေ့နိုင်ပါသည်။ ဤကျမ်းပိုဒ်နှစ်ခုတို့သည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝခြင်း ကို ဖော်ပြလိုသော ကျမ်းပိုဒ်များဖြစ်ကြသည်။ ဤအချက်မှ တဆင့် ဒုတိယအချက်ကိုလည်း လုပ်ဆောင်နိုင်ပါသည်။

ကောင်းသောအရာဟူသမျှသည် လုပ်ဆောင်နိုင်ရန်အတွက် ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်ကို ကျွနု်ပ်တို့ထံ ပေးအပ်ခဲ့သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သမ္မာတရားက မိန့်ဆိုထားပါသည် (၂တိ၊ ၃း၁၆-၁၇)။ သမ္မကျမ်းစာက မည်ကဲ့သို့သော အသက်ရှင်ရမည်ကို၎င်း၊ မည်သည့်အရာကို ယုံကြည်ရမည်ကို၎င်း၊ ကျွနု်ပ်တို့အား သွန်သင်ထားပါသည်။ သမ္မာကျမ်းစာက ကျွနု်ပ်တို့သည် လမ်းမှားကို ရွေးမိခေဲ့သောအခါ လမ်းမှန်သို့ ရောက်ရှိရန် လမ်းညွှန်၍ ပို့ဆောင်ပေးပါသည်။ ထို့ပြင် သမ္မတရားလမ်း၌သာ နေရန် ကျွနု်ပ်တို့ကို ကူညီပေးပါသည်။ ဟေဗြဲ၊ ၄း၁၂ ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်သကာတို့ထက် တက်ခြင်း နှင့် ပြည့်စုံသည်ဖြစ်၍ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ဆင်ခြေကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင် တတ်၏ဟု ပြောထားသည်။ ဆာ၊ ၁၁၉ ထဲတွင် ဆာလံ ဆရာက စိတ်နှလုံးသားထဲ၌ ပြောင်းလဲပေးနိုင်သော တန်ခိုးရှိသည် ပြောဆိုထားပါသည်။ ယေရှုသည် သူ၏ ရန်သူတို့ပေါ်တွင် အောင်မြင်ခြင်းရရှိစေနိုင်သော သော့ချက်သည် နှုတ်ကပတ်တော် တရားတော်ကို မမေ့လျော့ပဲ နေ့ည မပြတ် မြွတ်ဆို အာရုံပြုရမည်ဖြစ်သည်။ သို့မှသာ သူသည် နှုတ်ကပတ်တော်ကို စောင့်ထိန်းနိုင်ပါလိမ့်မည်။ ယေရှုက ဘုရားသခင် မိန့်ဆိုသည့်အတိုင်း ပြုခဲ့သည်။ ဘုရားသခင်က သူ့ကို စစ်ချီရန် အမိန့် မရှိ သော်လည်း ကတိတော်နယ်မြေ သိမ်းယူနိုင်ရန် စစ်ပွဲ၌ သူ၏ အောင်မြင်မှု ရရှိခြင်းသော့ချက်သည် နှုတ်ကပတ်တော်ကို စောင့်ထိန်းခြင်းဖြစ်သည်။

ဝမ်းနည်းစရာတစ်ခုကတော့၊ တခါတရံ ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကို ပေါ့ပေါ့တန်တန် ထင်မှတ်ခြင်းပင်ဖြစ်သည်။ ကျွနု်ပ်တို့သည် ဘုရားကျောင်းသို့ မိမိကျမ်းစာအုပ်ကို ယူဆောင်သွားကြသည်။ နေ့တိုင်း ဖတ်ရှုသည်။ တစ်နေ့လျှင် အခန်းကြီး တစ်ခုစီဖတ်ကြသည်။ သို့သော် အလွတ်ကျက်မှတ််ရန်၊ အာရုံပြုရန်၊ မိမိအသက်တာ၌ ဆင်ခြင် သုံးသတ်ရန်၊ ထိုနှုတ်ကပတ်ဖွင့်ပြသည့်အတိုင်း အပြစ်ဝန်ချရန်၊ နှုတ်ကပတ်တော်ထဲ၌ ဖွင့်ပြသည့်အတိုင်း ဘုရားသခင် ပေးထားသော ဆုကျေးဇူးတော်အတွက် သူ့ကို ချီးမွမ်းရန်အတွက် ကျွနု်ပ်တို့မေ့လျော့တတ်ကြသည်။ ကျွနု်ပ်တို့သည် သမ္မာကျမ်းစာ ဖတ်ရှုသောအခါ အလွန်ငေးငွေ့တတ်ကြပါသည်။ ကျွနု်ပ်တို့သည် ၀ိညာဉ်ရေးရာ၌ ရှင်သန်နိုင်ရန် နှုတ်ကပတ်တော်ကို ထိန်းသိမ်းနိုင်ပါသည်။ (ကျန်းမာရေးကောင်းမွန်ရန် အတွက်သာ မျိုချဖို့မဟုတ်ပဲ ကျမ်းမာသန်စွမ်းရန် စာသုံးရန်လိုအပ် သည်။) (သို့) ကျွနု်ပ်တို့သည် တခါတရံသာ ကျွေး၍ သမ္မာကျမ်းစာမှ အစာအဟာရပြည့်စုံစွာ ရရှိနိုင်ရန် နှုတ်ကပတ်တော်ကို အချိန်ကြာမြင့်စွာ အာရုံမပြုပဲ နေနိုင်သည်။

မိတ်ဆွေက နှုတ်ကပတ်တော်ကို နေ့စဉ်နေ့တိုင်း အကျိုးရှိစွာ လေ့လာခြင်းအကျင့် မရှိသေးခဲ့လျှင်ဖြစ်စေ၊ သန့်ရှင်းသော ၀ိညာဉ်တော်က မိတ်ဆွေ၏ နှလုံးသားထဲ၌ လှုပ်ရှားသည့်အတိုင်း ကျမ်းပိုဒ်တွေကို အလွတ်မကျက်သေးခဲ့ လျှင် ယခုမစ၍ ထိုလုပ်ငန်းတို့ကို စတင်လုပ်ဆောင်ခြင်းသည် အရေးကြီးပါသည်။ တချို့သော ကျမ်းပိုဒ်တို့က မိတ်ဆွေ၏ ဘဝခရီးအစပြုနိုင်ရန် ကူညီပါလိမ့်မည်။ မိတ်ဆွေ၏ နှလုံးသားထဲ၌ နှုတ်ကပတ်တော်တရားတော်ကို အမြစ်မစွဲသည့်တိုင် အောင် နှုတ်ကပတ်တော် အလွတ်ကျက်မှတ်ခြင်းကု မရပ်တန့်အပ်ပေ။ တချို့သော ကျမ်းပိုဒ်တို့သည် သူတို့၏ နှလုံးသားထဲ ၌ ဘုရားသခင်၏ စကားပြောသည့်အတိုင်း ဘုရားသခင်က အကူအညီပေးရန် တောင်းဆိုသော ဆုတောင်းချက်တို့လည်း ပါဝင် ပါသည်။ သမ္မာကျမ်းစာသည် ကျွနု်ပ်တို့ အသက်တာထဲ၌ ဘုရားသခင် အသုံးပြုခဲ့သော စာအုပ်ဖြစ်ပါသည်။ (ဧ၊ ၆း၁၇)။ သမ္မာကျမ်းစာသည် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပြီး၊ ၀ိညာဉ်ရေးရာတိုက်ပွဲ ဆင်နွဲရာတွင် ဘုရားသခင်အသုံးပြုသော အဓိကလက်နက်တစ်ခုဖြစ်ပါသည်။ (ဧ၊ ၆း၁၂-၁၈)။

အပြစ်တရားကို တိုက်ခိုက်ရန် အလွန်အရေးကြီးသော တတိယမြောက် လက်နက်သည် ဆုတောင်းခြင်းပင်ဖြစ်ပါ သည်။ ဤလုပ်ငန်းသည် နှုတ်ခမ်းအားဖြင့်သာ လုပ်ဆောင်ရသော လုပ်ငန်းဖြစ်သော်လည်း ခရစ်ယာန်တို့သည် ဆုတောင်း ရန် အလွန်အားနည်းတတ်ကြသည်။ ကျွနု်ပ်တို့သည် ဆုတောင်းခြင်း အစည်းအဝေးများ၊ ဆုတောင်းရန် အချိန်များ သတ်မှတ် ထားသော်လည်း ကျွနု်ပ်တို့၏ ဆုတောင်းခြင်းတို့သည် ကနဦး အသင်းတော်၌ ပေးထားသော လုပ်ဆောင်မှု နမူနာတို့နှင့်သာ တူညီသည်။ (တမန်၊ ၃း၁၊ ၄း၃၁၊ ၆း၄၊ ၁၃း၁-၃)။ ပေါလုသည် သူ အမှုတော်ဆောင်သော နေရာဒေသ၌ ရှိသော သူတို့ အတွက် မည်သို့ ဆုတောင်းခဲ့သည်ကို သူက မကြာခဏ ပြောခဲ့ပါသည်။ ဆုတောင်းခြင်းနှင့် ပတ်သက်၍ ဘုရားသခင်က ကျွနု်ပ်တို့အား အံ့သြဖွယ်ကောင်းသော ကတိတော်ပေးခဲ့ပါသည်။ (မ၊ ရးရ-၁၁၊ လု၊ ၁၈း ၁-၈၊ ယော၊ ၆း၂၃-၂၇၊ ၁ယော၊ ၅း၁၄-၁၅)။ ၀ိညာဉ်တိုက်ပွဲ ဆင်နွှဲရန် ကြိုတင်ပြင်ဆင်ရန် ပေါလု တိုက်တွန်းပေးသော အကြောင်းအရာလည်း တွေ့နိုင်ပါ သည် (ဧ၊ ၆း၁၈)။

ကျွနု်ပ်တို့၏ အသက်တာ၌ အပြစ်တရားကို အောင်မြင်ရန် ဆုတောင်းခြင်းသည် မည်မျှ အရေးကြီးသနည်း။ ဂေသာရှေမာနေဥယျာဉ်၌ ပေတာရုက သခင်ယေရှုကို မငြင်းမီ သူထံ ခရစ်တော်ပြောသောစကားကို ပေတရုကို ကြည့်သော် တွေ့နိုင်ပါသည်။ ထိုနေရာတွင် သခင်ယေရှုသည် ဆုတောင်း၍ ပေတရုသည် အိပ်မောကျနေသည်။ သခင်ယေရှုက သူ့ကို နှိုး၍ ဤသို့ပြောခဲ့သည်။ “စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာစိတ်ရှိငြားသော်လည်း ကိုယ်မူကား အားနည်းသည်” (မဿဲ၊ ၂၆း၄၁)။ ပေတရု နည်းတူ ကျွနု်ပ်တို့ သည်လည်း မှန်ကန်သော အရာကို လုပ်ဆောင်လိုကြသော်လည်း အင်အားကို မတွေ့နိုင်ပေ။ ကျွနု်ပ်တို့သည် ဘုရားသခင် အကြံပြုခဲ့သော ဆက်လက်ရှာဖွေခြင်း၊ တံခါးခေါက်ခြင်းနှင့် အသနားခံခြင်းတို့ကို အမြဲလုပ်ဆောင်ရန် လိုအပ်သည်။ သို့ပြု လျှင် ကျွနု်ပ်တို့လိုအပ်သော အင်အားကို ဘုရားသခင်က ချပေးတော်မူမည်ဖြစ်ပါသည် (မဿဲ၊ ရးရ)။ ဆုတောင်းခြင်းသည် ၀ိဇ္ဇာအတတ်ပမာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ပေ။ ဘုရားသခင်သည် ကြည်ညိုလေးစားဖွယ် အလွန်ကောင်းသည်။ ဆုတောင်း ခြင်းသည် ကျွနု်ပ်တို့၏ အားနည်းချက်ကို သိရှိခြင်းဖြစ်၍ ဘုရားသခင်၏ မကုန်ခမ်းနိုင်သော တန်ခိုးတော်ကို အသိအမှတ်ပြု ခြင်းဖြစ်သည်။ ဆုတောင်းခြင်းသည် ဘုရားသခင်က ကျွနု်ပ်တို့အား လုပ်စေလိုသော အရာများ လုပ်ဆောင်နိုင်ရန် ခွန်အား တောင်းခံခြင်းဖြစ်သည် (ကျွနု်ပ်တို့၏ စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ရန် မဟုတ်ပေ) (၁ယော၊ ၅း၁၄-၁၅)။

အပြစ်တရားကို အောင်မြင်နိုင်ရန် လေးခုမြောက်သော ကျွနု်ပ်တို့၏ လက်နက်သည် အသင်းတော်၌ ယုံကြည်သူများ ၏ မိတ်သဟာရဖွဲ့ခြင်းပင်ဖြစ်သည်။ သခင်ယေရှုက သူ၏ နောက်လိုက်တပည့်တော်တို့ကို စေလွှတ်သောအခါ နှစ်ယောက် တစ်တွဲသွားရန် စေလွှတ်ခဲ့ပါသည်။ (မဿဲ၊ ၁ဝး၁)။ တမန်တော် ဝတ္တုထဲ၌ ရှိသော သာသနာလုပ်ငန်းကို ကြည့်သော သူတို့သည် တစ်ကြိမ်တည်း အားလုံးမသွားခဲ့ပေ။ သို့သော် နှစ်ယောက် (သို့) လိုထက်များသော အဖွဲ့များ ခွဲ၍ သွားခဲ့ပါ သည်။ သခင်ယေရှုက သင်တို့သည် နှစ်ဦး (သို့) သုံးဦးတို့သည် သဘောချင်းတိုက်ဆိုင်၍ စုရုံးသောနေရာတွင် ငါရှိသည်ဟု မိန့်ဆိုခဲ့ပါသည် (မဿဲ၊ ၁၉း၂၀)။ သခင်ယေရှုက စုရုံးခြင်းအမှုကို မထီမဲ့မြင်ပြုရန် အမိန့်မရှိခဲ့ပေ။ သို့သော် စုရုံးခြင်းထဲ၌ အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ကောင်းသောအကျင့်စရိုက် ပြုခြင်းအားဖြင့် အချင်းချင်း ခွန်အားပေးရန် သခင်ယေရှုက တိုက်တွန်းထားပါသည် (ဟေဗြဲ၊ ၁ဝး၂၄-၂၅)။ အချင်းချင်း တစ်ယောက်က တစ်ယောက်အပေါ်တွင် အပြစ်ဝန်ချတောင်းပန် ရန် သခင်ယေရှုက မိန့်ဆိုထားပါသည် (ယာ၊ ၅း၁၆)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညာပေးစာစောင်က ကျွနု်ပ်တို့ကို ဤသို့ ပြောထားပါသည်။ သံက သံကို၎င်း၊ လူက လူကို၎င်း၊ ထက်မြက်စေနိုင်သည် (၁၃၊ ၂ရး၁၇)။ လူအများအပြား စုရုံးသော နေရာတွင် အင်အားရှိသည် (ဒေသ၊ ၄း၁၁-၁၂)။

တစ်ယောက်နှင့် တစ်ယောက် အသိအမှတ်ပြုသော လုပ်ဆောင်ဖက်တို့သည် အပြစ်ဒုစရိုက်ကို ကျော်လွှားစေနို်င် သည်ဟု ခရစ်ယာန်များစွာက တွေ့ရှိခဲ့သည်။ မိတ်ဆွေကို စကားပြောသောသူ၊ ဆုတောင်းပေးမည့်သူ၊ အားပေးမည့်သူ၊ ဆုံးမမည့်သူ ရှိခြင်းသည် ရေတွက်၍မရသော တန်ဖိုးရှိသည်။ စုံစမ်းခြင်းသည် လူတိုင်းအပေါ် ကျရောက်မည့်အရာ ဖြစ်သည် (၁ကော၊ ၁ဝး၁၃)။ ကူညီမည့်အပေါင်းအဖော်ရှိခြင်း (သို့) အဖွဲ့အစည်းရှိခြင်းက ပြင်းထန်သော အပြစ်ဒုစရိုက်ကို ကျော်လွှား အောင်မြင်ရန် ကျွနု်ပ်တို့ လိုအပ်သော ခွန်အားနှင့် လှုပ်ရှားမှုကို ပေးခဲ့သည်။

တခါတရံ အပြစ်တရားကို လျှင်မြန်စွာ အောင်မြင်နိုင်သည်။ တခါတရံ တချို့သော နေရာများတွင် အောင်မြင်မှု နှေး ကွေးတတ်သည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ နည်းလမ်းကို အသုံးပြုခဲ့လျှင် ကျွနု်ပ်တို့၏ အသက်တော်၌ တိုးတက်မှုကို ဖြည်းညှင်းစွာ ရရှိမည်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ ကတိတော်ပေါ်တွင် သစ္စာစောင့်သော ဘုရားသခင် ဖြစ်သော ကြောင့် ကျွနု်ပ်တို့သည် အပြစ်တရားကို အောင်မြင်ရန် စိတ်ရှည်သည်းခံစွာဖြင့် ကြိုးပမ်းအားထုတ်နိုင်ပါသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ကျွနု်ပ်၏ ခရစ်ယာန်ဘဝတွင် အပြစ်တရားကို မည်သို့ အောင်မြင်ခြင်း ရှိနိုင်မည်နည်း?
© Copyright Got Questions Ministries