settings icon
share icon
မေးခွန်း

ခရစ်ယာန်များသည် နယ်မြေနှင့်ပတ်သက်သောဥပဒေများကို နာခံသင့်သလား။

အဖြေ


ရောမ ၁၃း၁-၇ ထဲတွင် "အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ ဖြစ်သတည်း။ ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင်စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။ မင်းမူကား၊ ကောင်းသောအကျင့်ကို ကျင့်သောသူကြောက်ဘို့ ဖြစ်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူကြောက်ဘို့၏။ မင်းအာဏာကို မကြောက်ဘဲ နေချင်သလော။ ကောင်းသော အကျင့်ကို ကျင့်လော့။ ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကို ခံရလိမ့်မည်။ မင်းသည်ကား၊ သင်၏အကျိုးအလိုငှါ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်းမရှိစေလော့။

အကြောင်းမူကား၊ မင်းသည် အချည်းနှီးထားကို ဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။ ထိုကြောင့် ရာဇဝတ် ကိုကြောက်သောကြောင့်သာ မင်းအာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံရမည်မဟုတ်။ ကိုယ်ကိုကိုယ်သိသောစိတ်ကို ထောက်၍ ဝန်ခံရမည်။ ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့် ဖြစ်၍ အမှုတော်ကို အမြဲထမ်းကြ၏။ ထိုကြောင့်၊ လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကို ခံထိုက် သောသူအား အခွန်ကို၄င်း၊ အကောက်ကို ခံထိုက်သောသူအား အကောက်ကို၄င်း၊ ပေးကြလော့။ ကြောက်ထိုက်သော သူကို ကြောက်ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့"ဟု ဖော်ပြထားသည်။

ကျွန်ုပ်တို့အားအုပ်စိုးရန် ဘုရားသခင်ခန့်ထားတော်မူသော အစိုးရကို နာခံခြင်းရှိရန် ဤကျမ်းပိုဒ်က တိကျရှင်းလင်းစွာ ဖော်ပြထားပါသည်။ စီမံဆောင်ရွက်ရန်၊ ဆိုးသောသူများဒဏ်ခတ်ရန်၊ တရားမျှတမှုကို ဆောင်ရွက်ရန် ဘုရားသခင်က အစိုးရကို ထူထောင်ခဲ့ခြင်း ဖြစ်သည် (ကမ္ဘာ ၉း၆၊ ၁ကော ၁၄း၃၃၊ ရောမ ၁၂း၈)။ ကျွနု်ပ်တို့သည် အရာခပ်သိမ်း၌ အစိုးရ ကို နာခံရမည်။ အခွန်ပေးခြင်း၊ ဥပဒေများကိုနာခံခြင်း၊ ရိုသေခြင်းစသည်တို့ကို ပြုလုပ်ရမည်။ ဘုရားသခင် ကျွနု်ပ်တို့အား အုပ်ချုပ်ရန် အစိုးရအာဏာရှင်ကို ခန့်ထားသဖြင့် အစိုးရအာဏာရှင်များအား ရိုသေလေးမြတ်ခြင်းမပြုခြင်းသည် ဘုရား သခင်ကို မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ တမန်တော်ရှင်ပေါလုက ရောမလူမျိုးများထံ စာရေးသောအခါ သူသည် ရောမအင်ပါ ယာတစ်ခုလုံးကို အစိုးရသော အလွန်ဆိုးသွမ်းသော နေရိုး၏အုပ်ချုပ်ချိန်တွင် ရောမအစိုးရ၏အုပ်ချုပ်မှုကို လိုက်နာကြောင်း ဖော်ပြထားသည်။ ပေါလုက သူ့အပေါ် ရောမအစိုးရအုပ်စိုးမှုကို အသိအမှတ်ပြုခဲ့သည်။ ကျွနု်ပ်တို့သည် မည်သို့ ငြင်းဆိုနိုင်ကြမည်နည်း။

နောက်မေးခွန်းမှာ "ကျွနု်ပ်တို့သည် နယ်မြေကိုအစိုးရသောသူများထုတ်ဝေသော ဥပဒေကို ငြင်းပယ်ရမည့်အချိန်ရှိနိုင်မည် လား" ဖြစ်သည်။ ထိုမေးခွန်း၏အဖြေကို တမန် ၅း၂၇-၂၉ ထဲတွင် တွေ့ရှိနိုင်သည်။ "ထိုသို့ခေါ်ဆောင်ပြီးလျှင် လွတ်အရာရှိ တို့ရှေ့မှာ ထား၍ ယဇ်ပုရောဟိတ်မင်းက၊ ထိုနာမကို အမှီပြု၍ မဆုံးမမသွန်သင်မည်အကြောင်း ငါတို့သည် သင်တို့အား၊ ကျပ်တည်းစွာ စီရင်မှာထားသည်မဟုတ်လော။ ယခုကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့်ပြည့်စသည်ဖြစ်၍၊ ငါတို့အပေါ်သို့ ထိုသူ၏ အသွေးကို ရောက်စေခြင်းငှါ သင်တို့ ကြံစည်ပါသည်တကားဟု မေးမြန်းပြောဆိုကြ၏။ ပေတရုနှင့် အခြားသောတမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏ ဟုဖြေခဲ့ကြသည်။" ဤအကြောင်းမှာ နယ်မြေဒေသတစ်ခုထုတ်ပြန်သော ဥပဒေသည် ဘုရားသခင်၏အမိန့်တော်နှင့်ဆန့်ကျင်ဘက်မရှိလျှင် ကျွနု်ပ်တို့သည် ထိုဥပဒေကို နာခံရမည် ဖြစ်သည်။ နယ်မြေတစ်ခုထုတ်ပြန်သော ဥပဒေသည် ဘုရားသခင်၏အမိန့်တော် ကိုမဆန့်ကျင်လျှင် ကျွနု်ပ်တို့သည် ထိုအမိန့်တော်ကို နာမခံဘဲ ဘုရားသခင်၏ပညတ်တော်ကိုသာ နာခံရမည် ဖြစ်သည်။ သို့သော် ကျွနု်ပ်တို့သည် အစိုးရအာဏာရှင်များ၏အမိန့်အာဏာကို လက်ခံရမည်။ ပေတရုနှင့်ယောဟန်တို့ကလည်း ကြာပွတ်ဖြင့် ရိုက်ခြင်းကို မငြင်းဆိုကြပါ။ သို့သော် သူတို့က ဘုရားသခင်၏စကားတော်ကို နာခံမှုကြောင့် ဆင်းရဲဒုက္ခ ခံစားခြင်း၌ ပျော်ရွင်ကြသည် (တမန် ၅း၄၀-၄၂)။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ခရစ်ယာန်များသည် နယ်မြေနှင့်ပတ်သက်သောဥပဒေများကို နာခံသင့်သလား။
© Copyright Got Questions Ministries