settings icon
share icon
မေးခွန်း

ကောင်းကင်သစ်နှင့်မြေကြီးသစ်တို့သည် အဘယ်အရာများဖြစ်ကြသနည်း။

အဖြေ


ကောင်းကင်နိုင်ငံသည် အဘယ်အရာနှင့်တူကြောင်းနှင့်ပတ်သက်ပြီး လူများစွာ တို့က နားလည်မှုလွှဲသွားခဲ့ကြသည်။ ဗျာဒိတ်တော် အခန်းကြီး ၂၁-၂၂ ထဲတွင် ကောင်းကင် သစ်နှင့်မြေကြီးသစ်အကြောင်းကို အသေးစိတ်ဖော်ပြထားပါသည်။ နောက်ဆုံးသောအချိန် ရောက်ရှိလာသောအခါ ယခုတည်ရှိသောကောင်းကင်နှင့်မြေကြီးသည်ပျောက်ကွယ်သွားပြီးမှ ကောင်းကင်သစ်နှင့်မြေကြီးသစ်တို့ကအစားထိုးသွားမည်ဖြစ်သည်။ ယုံကြည်သူများထာဝရ ကျိန်းဝပ်သောနေရသည် မြေကြီးအသစ်ဖြစ်သည်။ မြေကြီးသစ်သည် ကျွနု်ပ်တို့အစဉ်ထာဝရ ကျိန်းဝပ်မည့်နေရာ “ကောင်းကင်နိုင်ငံ”ဖြစ်သည်။၄င်းသည် ယေရုရှလင်မြို့သစ်၊ ကောင်းကင် မြို့တော်တည်ရှိသော မြေကြီးသစ်ဖြစ်သည်။ ၄င်းသည် ပတ္တမြားနှင့်မွမ်းမံထားသော ဂိတ်များ ရှိကာ ရွှေဖြင့်ခင်းထားသောလမ်းများဖြင့် မွမ်းမံထားသော မြေကြီးသစ်ဖြစ်သည်။

ကောင်းကင်နိုင်ငံ- မြေကြီးသစ်သည် အမှန်တကယ်တည်ရှိသောနေရာဖြစ်သည်။ ထိုနေရာတွင် ကျွနု်ပ်တို့သည် ဘုန်းတော်ထင်ရှားသော ခန္ဓာကိုယ်ဖြင့် ဝင်စားရကြမည်ဖြစ် သည် (၁ကော ၁၅း၃၅-၅၈)။ ကောင်းကင်နိုင်ငံသည် “မိုးတိမ်ထဲတွင်ရှိသည်”ဟူသောခံယူ ချက်သည် သမ္မာကျမ်းစာဖော်ပြချက်မဟုတ်ပေ။ ကျွနု်ပ်တို့သည် “ကောင်းကင်နိုင်ငံတော်တွင် ၀ိညာဉ်ဖြင့်ပတ်ပတ်လည်နေမည်”ဟူသောခံယူချက်သည်လည်း သမ္မာကျမ်းစာနှင့်မညီညွတ် ပေ။ ယုံကြည်သူများ ဝင်စားရမည့်မြေကြီးသစ်သည် ကျွနု်ပ်တို့ကိန်းဝပ်ရမည့် ပြည့်စုံသော ကမ္ဘာသစ်ဖြစ်သည်။ မြေကြီးသစ်တွင် အပြစ်တရား၊ ဆိုးသွမ်းသောအရာ၊ ဖျားနာခြင်း၊ ဒုက္ခခံ ခြင်းနှင့်သေခြင်းတရားများရှိတော့မည်မဟုတ်ပေ။ ၄င်းသည် ယခုကျွနု်ပ်တို့နေထိုင်သောကမ္ဘာ ကဲ့သို့ဖြစ်လိမ့်မည်။ ယခုပြုပြင်ထားသောကမ္ဘာဖြစ်နိုင်သည်။ သို့သော်အပြစ်တရားရှိမည် မဟုတ်ပေ။

ကောင်းကင်သစ်သည် အဘယ်အရာဖြစ်သနည်း။ ရှေးခေတ်တွင် “ကောင်းကင်များ” သည် မိုးကောင်းကင်နှင့်လွတ်လပ်လဟာများ၊ ဘုရားသခင်ကျိန်းဝပ်သောနေရာဖြစ်သည်ကို သတိရခြင်းသည်အလွန်အရေးကြီးသည်။ ထိုကြောင့် ဗျာဒိတ် ၂၁း၁ သည် ကောင်းကင်သစ် ရည်ညွှန်းခြင်းဖြစ်သည်။ ကမ္ဘာတစ်ခုလုံးကို ကမ္ဘာသစ်၊ ကောင်းကင်သစ်၊ လေဟာပြင်သစ်များ ပြုပြင်ဖန်ဆင်းထားသောကမ္ဘာဖြစ်သည်ဟု ရည်ညွှန်းခြင်းနှင့်တူသည်။ ဘုရားသခင်၏ကောင်း ကိုအသစ်ပြုပြင်မွမ်းမံသည့်ဖြစ်ပုံရသည်။ ကာယပိုင်းတွင်ဖြစ်စေ၊ ၀ိညာဉ်ပိုင်းတွင်ဖြစ်စေ ကမ္ဘာ တစ်ခုလုံးတွင်ရှိသောအရာများ“နေရာပြန်ချထားမည်”ဖြစ်သည်။ ကျွနု်ပ်တို့သည် ကောင်းကင် သစ်တွင် ထာဝရစိုးစံရမည်လား။ အသုံးပြုနိုင်ပါသည်။ သို့သော် ကျွနု်ပ်တို့အချိန်စောင့်ရန်လို အပ်သည်။ ကောင်းကင်နိုင်ငံအကြောင်းသိရှိရန်အတွက် ဘုရားသခင်၏စကားတော်ကပုံသွင်း ရန် ကျွနု်ပ်တို့ခွင့်ပြုကြပါစို့။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ကောင်းကင်သစ်နှင့်မြေကြီးသစ်တို့သည် အဘယ်အရာများဖြစ်ကြသနည်း။
© Copyright Got Questions Ministries