settings icon
share icon
မေးခွန်း

။ဘုရားတစ်ဆူတည်းကိုးကွယ်သောဝါဒကို သက်သေထူနိုင်ပါသလား။

အဖြေ


။ ‘Monotheism’ ဟူသော စကားလုံးသည် “တစ်ခုတည်း” ဟုအဓိပ္ပါယ်ရှိသော “mono” နှင့် “ဘုရားကိုယုံ ကြည်မှု” ဟုဆိုလိုသည့် “theism” စကားလုံးနှစ်ခုမှဆင်းသက်လာသည်။အတိအကျအားဖြင့်၊ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်သောဝါဒသည် အရာခပ်သိမ်း၏ဖန်ဆင်းရှင်၊ကြည့်ရှုသောအရှင်နှင့်တရားစီရင်သူဖြစ်သည့် စစ်မှန်သောဘုရားတစ် ဆူကို ယုံကြည်ခြင်းဖြစ်သည်။ဘုရားတစ်ဆူတည်းကိုးကွယ်မှုသည် “henotheism” ခေါ်၊ ဘုရားများစွာအနက်အမြင့်ဆုံး ဘုရားတစ်ဆူယုံကြည်ခြင်းဖြစ်သည့် ဘာသာရေးဝါဒနှင့်ကွဲပြားသည်။ဗဟုနာထ၀ါဒ(ဘုရားတစ်ဆူမက ဘုရားများစွာတည်ရှိ မှုအပေါ်ယုံကြည်ချက်)ကိုလည်းဆန့်ကျင်သည်။

အထူးဗျာဒိတ်(ကျမ်းဂန်)၊သဘာဝဗျာဒိတ်(ဒဿနိက)နှင့်သမိုင်းမနုဿဗေဒ(လူသားအကြောင်းလေ့လာမှု)တို့အပါ အ၀င် Monotheism ခေါ်၊ တစ်ဆူတည်းသောဘုရားကိုးကွယ်သောဝါဒအတွက် ငြင်းခုံမှုများစွာရှိသည်။ဤအရာများကို အောက်တွင်အကျဉ်းချုံးသာ ရှင်းပြမည်ဖြစ်ပြီး၊၄င်းကို မည်သည့်နည်းဖြင့်မျှ ပြည်စုံသောစရင်းဟုမယူဆသင့်ပါ။

ကျမ်းစာအကြောင်းပြချက်များ- တရားဟောရာကျမ်း၎း၃၅၊ “ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ၄င်း၊ ကိုယ်တော်မှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း၊ သင်တို့သိစေခြင်းဌါ၊ထိုအခြင်းအရာတို့ကို သင်တို့အားပြ တော်မူပြီ။” တရားဟော၆း၎၊ “အိုဣသရေလအမျိုး၊နားထောင်လော့။ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်း သော ထာဝရဘုရားဖြစ်တော်မူ၏။” မာလခိ၂း၁၀က၊ “ခပ်သိမ်းသော ငါတို့၌ တပါးတည်းသော အဘ ရှိသည်မဟုတ်လော။ တပါးတည်းသောဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူသည်မဟုတ်လော။” ၁ကော၈း၆၊ “အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသောအရာဖြစ်၍၊အကြင်ဘုရားသခင်အဖို့အလိုဌါ ငါတို့သည် ဖြစ်ကြ၏။ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာ ငါတို့၌ရှိတော်မူ၏။အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ထိုသခင်ခရစ်တော်တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။” ဧဖက်၎း၆၊ “ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ၏။ထိုဘုရား သခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ခပ်သိမ်းသော ငါတို့၏ အထဲ၌လည်းရှိတော်မူ၏။” ၁တိမောသေ၂း၅၊ “ဘုရားသခင်တဆူတည်းရှိတော်မူ၏။ဘုရားသခင်နှင့်လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ်တော်တည်းဟူသော အာမခံတဦးတည်းရှိ၏။” ယာကုပ်၂း၁၉၊ “ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည် ယုံ၏။ကောင်းပေ၏။နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။”

သမ္မာကျမ်းစာက ဘုရားတဆူတည်းရှိသည်ဟုဤသို့ဆိုသောကြောင့် လူများစွာအတွက် ရိုးရှင်းသည့်ရှင်းပြချက်မ ဖြစ်စလောက်ပေ။အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မရှိဘဲ သမ္မာကျမ်းစာသည် သူ၏နှုတ်ကပတ်တော်ဖြစ်ကြောင်း သက် သေပြရန် နည်းလမ်းမရှိသောကြောင့်ဖြစ်သည်။မည်သို့ပင်ဆိုစေ၊ သမ္မာကျမ်းစာတွင် ၄င်းသွန်သင်ရာများကို အတည်ပြုနိုင် သည့် ယုံကြည်စိတ်ချရဆုံးသော သဘာဝလွန်အထောက်အထားများရှိသောကြောင့် တဆူတည်းဘုရားကိုးကွယ်မှုဝါဒသည် အဆိုပါအကြောင်းများကြောင့်အတည်ပြုနိုင်သည်ဟု တစ်စုံတစ်ဦးက စောဒကတက်နိုင်သည်။အလားတူ သခင်ယေရှုခရစ် တော်သည် ဘုရားသခင်ဖြစ်ကြောင်း(သို့မဟုတ် အနည်းဆုံးဘုရားသခင်က ထောက်ခံထားကြောင်း) သူ၏ အံ့ဖွယ်မွေးဖွားခြင်း၊ အသက်တာ နှင့် အံ့ဖွယ်ကောင်းသောရှင်ပြန်ထမြောက်ခြင်းဖြင့် သက်သေပြခဲ့သော ယေရှုခရစ်တော်၏ ယုံကြည်ချက်နှင့်သွန်သင်ဆုံးမမှုက စောဒကတက်စရာဖြစ်သည်။ဘုရားသခင်သည် လိမ်ညာခြင်း သို့မဟုတ် လှည့်ဖြားခြင်း မပြုနိုင်သောကြောင့် ယေရှု၏ယုံကြည်ချက်နှင့်သွန်သင်မှုသည် အမှန်အကန်ဖြစ်သည်။ထို့ကြောင့် သခင်ယေရှုယုံကြည်ပြီး သွန်သင်သည့် တဆူတည်းဘုရားကိုးကွယ်မှုဝါဒသည် မှန်ကန်သည်။ဤအကျိုးသင့်အကြောင်းသင့်ဆွေးနွေးခြင်းသည် သမ္မာ ကျမ်းစာနှင့်ခရစ်တော်၏သဘာဝလွန်အတည်ပြုချက်များနှင့်ပတ်သက်၍ အကျွမ်းတ၀င်မရှိသူများအတွက် အလွန်သဘော ကျစရာမဖြစ်နိုင်သော်လည်း ၄င်းသည် ၄င်း၏ခွန်အားနှင့်ရင်းနှီးသူအတွက်မူ အစပြုရန်နေရာကောင်းဖြစ်သည်။

တဆူတည်းဘုရားကိုးကွယ်မှုဝါဒတွက် သမိုင်းဝင်အကြောင်းပြချက်များ-ကျော်ကြားမှုကို အခြေခံသည့် အကြောင်း ပြချက်ငြင်းခုံမှုများသည် နာမည်ဆိုးဖြင့်ကျော်ကြားသည်ဟု သံသယရှိသော်လည်း တဆူတည်းဘုရားကိုးကွယ်မှုဝါဒသည်

ကမ္ဘာ့ဘာသာတရားများကို မည်မျှအထိအကျိုးသက်ရောက်စေခဲ့သည်မှာ စိတ်ဝင်စားစရာကောင်းသည်။ဘာသာရေးဖွံ့ဖြိုး မှု၏ ထင်ရှားသောဆင့်ကဲဖြစ်စဉ်သီအိုရီသည် ယေဘူယျအားဖြင့် လက်တွေ့ဘ၀၏ဆင့်ကဲဖြစ်စဉ်အမြင်တစ်ခုမှ အစပြုကာ၊ “ရှေးဟောင်း” ယဉ်ကျေးမှုများသည် ဘာသာရေးဖွံ့ဖြိုးမှု၏အစောပိုင်းကိုယ်စားပြုဖြစ်သည်ဟုမြင်သာ ဆင့်ကဲဖြစ်စဉ်မနုဿ ဗေဒ၏ယုဆချက်မှဖြစ်ပေါ်လာသည်။သို့သော် ဤဆင့်ကဲ့ဖြစ်စဉ်သီအိုရီနှင့်ပတ်သက်သော ပြဿနာများရှိသည်၊ (၁)၄င်း ဖော်ပြသည့် ဖွံ့ဖြိုးတိုးမှု အမျိုးအစားကို မည်သည့်အခါကမှ လေ့လာခြင်းမရှိခဲ့ပါ။အကယ်စင်စစ်၊ မည်သည့်ယဉ်ကျေးမှု အတွင်းမှ တဆူတည်းဘုရားကိုးကွယ်မှုဝါဒအပေါ် ဖွံ့ဖြိုးတိုးတက်မှု မရှိပုံရသည်၊ အမှန်အားဖြင့် ဆန့်ကျင်ဘက်ဖြစ်ပုံရ သည်။ (၂)မနုဿဓေဒနည်းလမ်း၏ “ရှေးဟောင်း” အဓိပ္ပါယ်ဖွင့်ဆိုချက်သည် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် ညီမျှသော်လည်း ၄င်းသည် ပေးအပ်ထားသောယဉ်ကျေးမှုတစ်ခုတွင် အစိတ်အပိုင်းများစွာရှိသောကြောင့် ကျေနပ် လောက်ဖွယ်စံနှုန်းတစ်ခုမဟုတ်ပေ။ (၃)စွပ်စွဲသည့်အဆင့်များသည် မကြာခဏပျောက်တတ်သည် (သို့မဟုတ်) ကျော်သွား တတ်သည်။(၄)နောက်ဆုံးတွင်၊ဗဟုနာထ၀ါဒီယဉ်ကျေးမှုအများစုသည် ၄င်းတို့၏တိုးတက်မှုအစောပိုင်းတွင် တဆူတည်း ဘုရားကိုးကွယ်မှုဝါဒ၏ အငွေ့အသက်လက်စလက်နများကို ပြသကြသည်။

ကျွန်ုပ်တို့တွေ့ရှိသော တဆူတည်းဘုရားသည် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊အဖိုဖြစ်ကာ၊ကောင်းကင်ဘုံ၌နေထိုင်သော ကြီးမြတ်သည့်ပညာရှင် နှင့် တန်ခိုးကြီး၍မြေကြီးဖန်ဆင်းရှင်ဖြစ်သည်။ကျွန်ုပ်တို့တာဝန်ရှိသည့်ကိုယ်ကျင့်တရားအစပြုသူဖြစ် ပြီး ကျွန်ုပ်တို့၏နာမခံမှုကြောင့် သူနှင့်ကွဲကွာသွားသော်လည်း ပြန်လည်သင့်မြတ်ရေးနည်းလမ်းကိုလည်း စီစဉ်ပေးအပ်ခဲ့သူ ဖြစ်တော်မူသည်။ဘာသာတရားတိုင်းနီးပါးသည် ဗဟုနာထ၀ါဒ၏ပရမ်းပတာအဖြစ်သို့မကူးပြောင်းမီတစ်ချိန်တုန်းက ဤဘု ဘုရားသခင်၏အမျိုးကွဲတစ်ခုကို အတိုင်းအတာတစ်ခုထိ ဖော်ပြကြသည်။ထို့ကြောင့် ဘာသာတရားအများစုသည် တဆူ တည်းဘုရားကိုးကွယ်မှုဝါဒမှ စတင်ခဲ့ပြီး ဗဟုနာထ၀ါဒ၊နတ်ကိုးကွယ်ယုံကြည်မှုနှင့် မှော်ပညာအဖြစ်သို့ကူးပြောင်းခဲ့သည်- အပြန်အလှန်မဟုတ်ပေ။(အစ္စလာမ်ဘာသာသည် အလွန်ရှားပါးသောကိစ္စရပ်ဖြစ်ပြီး တဆူတည်းဘုရားယုံကြည်မှု ၀ါဒစက်ဝိုင်းထဲသို့ အပြည့်အ၀ပြန်ဝင်လာပါသည်။)ဤလှုပ်ရှားမှုတွင်ပင်၊ ဗဟုနာထ၀ါဒ သည် တဆူတည်းဘုရားဝါဒ သို့မဟုတ် henotheism (နတ်ဘုရားများစွာရှိသည့်အနက် ဘုရားတဆူရှိသည်ဟုယုံကြည်ချက်) ကဲ့သို့ မကြာခဏလုပ် ဆောင်လေ့ရှိသည်။ ဗဟုနာထ၀ါဒ(ဘုရားများစွာကိုးကွယ်မှု)သည် ဘုရားတဆူကို ကျန်နတ်ဘုရားများအပေါ်မှာ အချုပ်အ ခြာအာဏာအဖြစ် မဆုပ်ကိုင်ဘဲ နတ်ဘုရားအနည်းစုကိုဖြန်ဖျေသူများအဖြစ်လုပ်ဆောင်သူဟုယုံကြည်သောကြောင့် ၄င်းသည် ရှားပါးသောဘာသာရေးတစ်ခုဖြစ်ပေသည်။

တဆူတည်းဘုရားကိုးကွယ်မှုဝါဒအတွက် ဒဿနိကဆိုင်ရာ/ဓမ္မဗေဒဆိုင်ရာ အကြောင်းပြချက်များ- တဆူ တည်းဘုရားထက်မက အခြားမရှိနိုင်ကြောင်းကို အတွေးအခေါ်ဆိုင်ရာမဖြစ်နိုင်ခြင်းဖော်ပြချက်များရှိသည်။ယင်းတို့အနက် အများစုသည် အမှန်တရား၏ပကတိသဘောနှင့်ပတ်သက်သောလောကုတ္တရာ(ရုပ်လွန်ပညာ)အနေအထားပေါ်တွင် များစွာ မူတည်ပါသည်။ဝမ်းနည်းစရာမှာ ဤအတိုချုံးထားသော ဆောင်းပါးတစ်ပုဒ်တွင် တဆူတည်းဘုရားကိုးကွယ်မှုဝါဒအား ညွှန်ပြ သည့် ဤအခြေံလောကုတ္တရာဆိုင်အနေအထားဖော်ပြဖို့မဖြစ်နိုင်ခြင်းဖြစ်သည်။သို့တိုင်၊ထောင်စုနှစ်ကိုပြန်လှည့်သွားမည့် ဤအမှန်တရားများအတွက် ခိုင်မာသောဒဿနနှင့်ဓမ္မဗေဒဆိုင်ရာ အခြေခံများရှိသည်ကို စိတ်ချပါ(အများစုသည် လုံးဝသက် သေထူသည်။)အတိုချုပ်အားဖြင့်၊ဤသည်မှာ စူးစမ်းလေ့လာရန် ရွေးချယ်နိုင်သော ငြင်းခုံမှုဖော်ပြချက်သုံးခုဖြစ်သည်။

(၁)။ဘုရားတဆူတည်းထက်မက ရှိနေလျှင်၊ ဖန်ဆင်းရှင်များနှင့်အာဏာရှင်များစွာကြောင့် စကြ၀ဠာသည် ဖရိုဖရဲ ဖြစ်နိုင်သော်လည်း ၄င်းသည် ဖရိုဖရဲမဖြစ်ပါ။ထို့ကြောင့် ဘုရားသခင်တဆူတည်းသာရှိတော်မူသည်။

(၂)။ဘုရားသခင်သည် လုံးဝပြီးပြည့်စုံသောသူဖြစ်သောကြောင့် ဒုတိယဘုရားဟူ၍မရှိနိုင်ပေ။အကြောင်းမှာ ၄င်းတို့သည် တစ်နည်းတစ်ဖုံ ပြီးပြည့်စုံမှုမှာ ခြားနားမည်ဖြစ်ပြီး ၄င်းကွဲပြားသောစုံလင်သောပြီးပြည့်စုံမှုက ပြီးပြည့်စုံမှုမမီခြင်း ဖြစ်၍ ဘုရားသခင်မဖြစ်နိုင်ပါ။

(၃)။ဘုရားသခင်သည် သူ၏တည်ရှိမှုတွင် အနန္တဖြစ်သောကြောင့်၊သူ့မှာ အစိတ်အပိုင်းများမပါဝင်နိုင်ပါ(အနန္တဖြစ် ရန် အစိတ်အပိုင်းများထည့်လို့မရပါ။)အကယ်၍ ဘုရားသခင်၏တည်ရှိမှုသည် သူ၏အစိတ်အပိုင်းတစ်ခုမျှသာမဟုတ်ဆို လျှင် (တည်ရှိနိုင်သည်ဖြစ်စေ မရှိသောအရာဖြစ်စေ၊ခပ်သိမ်းသောတည်ရှိမှုအတွက်ဖြစ်သည်)သူသည် အဆုံးမဲ့တည်ရှိနေရ မည်ဖြစ်သည်။ထို့ကြောင့် အနန္တရှင်နှစ်မျိုးမရှိနိုင်ပေ၊အကြောင်းမှာ တစ်မျိုးနှင့်တစ်မျိုးကွဲပြားရပေမည်။

ဤအရာများက နတ်ဘုရားများ၏ အတန်းအစားခွဲခြားခြင်းများကို ဖယ်ထုတ်မည်မဟုတ်ကြောင်း တစ်စုံတစ်ဦးမှ ငြင်းခုံချင်ပေမည်၊ထိုသို့ဖြစ်လျှင် ရပါသည်။ဤသို့ငြင်းခုံခြင်းသည် သမ္မာကျမ်းစာအရ မမှန်ကြောင်း ကျွန်ုပ်တို့သိသော်လည်း သီအိုရီအရ ၄င်းနှင့်လွဲမှားခြင်းမရှိပါ။တစ်နည်းဆိုရလျှင်၊ ဘုရားသခင်သည် ဘုရားများ၏ အတန်းအစားခွဲတစ်ခုကို ဖန်တီးနိုင်

သော်လည်း သူသည် မဖန်ဆင်းခဲ့ခြင်းသည် ဖြစ်နေသည့်ကိစ္စရပ်ဖြစ်ပေသည်။အကယ်၍ ဘုရားသခင်သည် ဘုရားများကို ဖန်ဆင်းခဲ့လျှင် သူတို့သည် အကန့်အသတ်ရှိပြီး၊ဖန်ဆင်းခံအရာများဖြစ်ကာ၊ ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကောင်းဖြစ် နိုင်သည်(ဆာလံ၈၂)။ဤအရာက အခြားဝိညာဉ်သတ္တ၀ါများမရှိဟု မဆိုဘဲ၊ဘုရားတဆူးတည်းမှလွဲ၍ အခြားဘုရားမရှိဟုဆို သည့် တဆူတည်းဘုရားကိုးကွယ်မှုဝါဒကို ထိခိုက်ခြင်းမရှိပါ။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

။ဘုရားတစ်ဆူတည်းကိုးကွယ်သောဝါဒကို သက်သေထူနိုင်ပါသလား။
© Copyright Got Questions Ministries