settings icon
share icon
မေးခွန်း

အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် အဘယ်နည်း။ ၄င်းကို တကယ့်အဖြစ်အပျက် အဖြစ် နားလည်သဘောပေါက်ရမည်လော။

အဖြေ


အနှစျတစျထောငျအုပျစိုးခွငျးသည် ခရစ်တော်က ဤလောကတွင် အနှစ်တစ်ထောင်အုပ် စိုးခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ အချို့သောသူများက အနှစ်တစ်ထောင်ကို ပုံဥပမာအဖြစ် ဘာသာပြန်ဆိုကြသည်။ အချို့သောသူများက အနှစ်တစ်ထောင်ကို “ရှည်လျားသောကာလတစ်ခု” ဖော်ပြလိုခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုကာသည် ခရစ်တော်အုပ်စိုးသောကာလဖြစ်ကာ အနှစ်တစ်ထောင်သည် တကယ့်အနှစ်တစ်ထောင်မဟုတ်ပေဟု ယုံကြည်ကြသည်။ သို့သော် ဗျာဒိတ် ၂ဝး၂-၇ ထဲတွင် အနှစျတစျထောငျအုပျစိုးခွငျးသည် အနှစ်တစ်ထောင်ဖြစ်ကြောင့်ကို တိတိ ကျကျ ဖော်ပြထားပါသည်။ ဘုရားသခင်က “ရှည်လျားသောကာလ” ကိုဖော်ပြလိုလျှင် သူက အချိန်ကို တိတိကျကျ ဖော်ပြလိမ့်မည်မဟုတ်ပေ။

ခရစ်တော်တဖန်ပြန်ကြွလာသောအခါ သူသည် သူကိုယ်တိုင် ရှင်ဘုရင်အဖြစ် ယေရုရှလင်မြို့ရှိ ဒါ၀ိဒ်၏ပလ္လင်တော်ပေါ်တွင် ထိုင်ရလိမ့်မည် ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည် (လုကာ ၁း၃၂-၃၃)။ အခြေအနေပေါ်တွင် မမူတည်သော ပဋိညာဉ်က ခရစ်တော်သည် ဤလောကသို့တ ဖန်ကြွလာ၍ အနှစ်တစ်ထောင်အုပ်စိုးမည် ဟု ဖောပြထားပါသည်။ အာဗြဟံနှင့်ချုပ်ဆိုသော ပဋိညာဉ်စာခုုပ်ထဲတွင် ဣသရေလလူမျိုးများအတွက် နယ်မြေ၊ ပစ္စည်းဥစ္စာဓန၊ နှင့် အုပ်ချုပ်သူ၊ ၀ိ ညာဉ်ပိုင်းဆိုင်ရာကောင်းကြီးမင်္ဂလာ (ကမ္ဘာ ၁၂း၁-၃) များကို ဂတိပေးထားသည်။ ဖိလစ်တိုင်းနှင့် ချုပ်ဆိုထားသော စာချုပ်ထဲတွင် ဣသရေလလူများများသည် မိမိနယ်မြေ၌ပြန်စုံစည်းမည့်အ ကြောင်းနှင့် နယ်မြေကို ပြန်လည်သိမ်းယူမည့်အကြောင်း (တရားဟော ၃ဝး၁-၁၀) ဂတိပြုထားပါသည်။ ဒါ၀ိဒ်နှင့်ချုပ်ဆိုသောစာချုပ်ထဲတွင် ဣသရေလလူမျိုးများအတွက် ခွင့်လွှတ် ခြင်းအကြောင်းများကို ဖော်ပြထားပါသည်။ ထိုသို့ခွင့်လွှတ်ခြင်းအားဖြင့် သူတို့သည် ကောင်းကြီး မင်္ဂလာခံစားကြမည်ဖြစ်သည် (ယေရမိ ၃၁း၃၁-၃၄)။

သခင်ယေရှုဒုတိယအကြိမ်ကြွလာသောအခါ ထိုပဋိညာဉ်များသည် ပြည့်စုံသွားမည်ဖြစ်သည်။ ဣသရေလလူမျိုးများသည် လူမျိုးအသီးသီးမှ ပြန်လည်စုရုံးကြကာ (မဿဲ ၂၄း၃၁) သူတို့သည် ပြောင်းလဲကြ၍ (ဇာခရိ ၁၂း၁၀-၁၄)မေရှီယဖြစ်သော သခင်ယေရှုခရစ်တော်၏အုပ်စိုးမှုအောက် တွင် ပြန်လည်စုရုံးကြမည်ဖြစ်သည်။ အနှစျတစျထောငျအုပျစိုးခွငျးသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နှင့် ၀ိညာဉ်ပိုင်းဆိုင်းရာပြည့်စုံခြငး်ဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ထိုအချိန် သည် ငြိမ်းချမ်းသောအချိန် (မိက္ခာ ၄း၂-၄၊ ဟောရှာယ ၃၂း၁၇-၁၈)၊ ပျော်ရွှင်သောအချိန် (ဟေရှာ ၆၁းရ၊ ၁၀)၊ နှစ်သိမ့်မှုခံယူသောအချိန် (ဟောရှာယ ၄ဝး၁-၂)၊ ဆင်းရဲခြင်း၊ ဖျားနာခြင်းမရှိသောအ ချိန် (အာမုတ် ၉း၁၃-၁၅၊ ယောလ ၂း၂၈-၂၉) ဖြစ်သည်။ အနှစ်တထောင်အုပ်စိုးခြင်းထဲတွင် ယုံ ကြည်သူများသာ ဝင်ရောက်ရမည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ အဘယ်ကြောင့်ဆို သော် ထိုအချိန်သည် ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်း (မဿဲ ၂၅း၃၇၊ ဆာလံ ၂၄း၃-၄)၊ နာခံခြင်းရှိ ခြင်း (ယေရမိ ၃၁း၃၃)၊ သန့်ရှင်းခြင်း (ဟေရှာယ ၃၅း၈)၊ သမ္မာတရားနှင့်ပြည့်စုံခြင်း (ဟေရှာယ ၆၅း၁၆) နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ပြည့်စုံးသောအမှုပြုခြင်း (ယောလ ၂း၂၈-၂၉) စသည့် တို့ဖြစ်ပေါ်သောအချိန်ဖြစ်သည်။ ခရစ်တော်သည် ဒါ၀ိဒ်မင်းကြီးနေရာတွင် ထိုင်၍ (ယေရမိ ၃၃း၁၅-၃၁၊ အာမုတ် ၉း၁၁) ရှင်ဘုရင်တပါးကဲ့သို့အုပ်စိုးမည်ဖြစ်သည် (ဟေရှာယ ၉း၃-၇၊ ၁၁း၁-၁၀)။ မြင့်မြတ်သောသူများနှင့် အခြားသောဘုရင်များကလည်း အုပ်စိုးပါလိမ့်မည် (ဟေရှာယ ၃၂း၁၊ မဿဲ ၁၉း၂၈)။ ထို့ပြင် ယေရုရှလင်မြို့သည် တစ်ကမ္ဘာလုံး၏ နိုင်ငံရေးနှင့်ပတ်သက် သော ဌာနချုပ်ဖြစ်ပါလိမ့်မည် (ဇာခရိ ၈း၃)။

ဗျာဒိတ် ၂ဝး၂-၇ ထဲတွင် အနှစ်တစ်ထောင်အုပ်စိုးခြင်းနှင့်ပတ်သက်၍နိဒါန်းဖော်ပြထားပါသည်။ ဤ ကျမ်းပိုဒ်ကလွှဲ၍ မေရှီယ၏အနှစျတစျထောငျအုပျစိုးခွငျးအကြောင်းကို ဖော်ပြသော ကျမ်းပိုဒ်အမြား အပြားတို့ကို သမ္မာကျမ်းစာထဲတွင် တွေ့ရှိနိုင်ပါသည်။ ဘုရားသခင်၏ပဋိညာဉ်များနှင့် ဂတိတော် များသည် မျက်ဝါးထင်ထင်၊ ရုပ်ခန္ဓာနှင့်အနာဂတ်နိုင်ငံအတွက် ပြည့်စုံမှုများစွာရှိသည်ကို တွေ့ရှိ နိုင်ပါသည်။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးခြင်းနှင့်ပတ်သက်၍၊ အနှစ်တစ်ထောင်အုပ်စိုး ခြင်းသည် ပုံဆောင်ချက်ဖြစ်၍ တကယ့်အဖြစ်အပျက်မဟုတ်ကြောင်း ငြင်းဆိုဖွယ်မရှိပေ။

English




အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် အဘယ်နည်း။ ၄င်းကို တကယ့်အဖြစ်အပျက် အဖြစ် နားလည်သဘောပေါက်ရမည်လော။
© Copyright Got Questions Ministries