settings icon
share icon
မေးခွန်း

ထိမ်းမြားခြင်းမပြုမီ အတူတကွ နေထိုင်ခြင်းသည် မှားယွင်းပါသလား။

အဖြေ


ဤမေးခွန်းကို ဖြေကြားနိုင်ရန်အတွက် "အတူတကွ နေထိုင်ခြင်း" အဓိပ္ပါယ်ကို သိရှိရန်လိုအပ်သည်။ အတူတကွ နေထိုင်ခြင်းသည် လိင်ဆက်ဆံမှုဖြစ်လျှင် လုံးဝမှားယွင်းနေသည်။ ထိမ်းမြားခြင်းမပြုမီ ဆက်ဆံခြင်းကို အခြားသော ကိုယ်ကျင့်တ ရားဖောက်ဖြန်မှုအားလုံးကဲ့သို့ သမ္မာကျမ်းစာက တားမြစ်ထားသည် (တမန် ၁၅း၂၀၊ ရောမ ၁း၂၉၊ ၁ကော ၅း၁၊ ၆း၁၃၊ ၁၈၊ ရး၂၊ ၁ဝး၈၊ ၂ကော ၁၂း၂၁၊ ဂလာတိ ၅း၁၉၊ ဧဖက် ၅း၃၊ ကောလောသဲ ၃း၅၊ ၁သက် ၄း၃၊ ယုဒ ၇)။ လင်၊ မယားကလွှဲပြီးအခြားသောသူများနှင့် လိင်ဆက်ဆံမှုမပြုရန် ကျမ်းစာက ဖော်ပြထားပါသည်။ ထိမ်းမြား ခြင်းမပြုမီ လိင်ဆက်ဆံမှုသည် ကာမကျူးလွန်ခြင်းကဲ့သို့မှားယွင်းမှုသာမဟုတ်ဘဲ၊ ထိမ်းမြားခြင်းမပြုဘဲ ကာမကျူးလွန်ခြင်းဖြစ်သောကြောင့် အခြားသော ကိုယ်ကျင့်တရားပျက်ပြားမှု လိင်ဆက်ဆံရေးကဲ့သို့ မှားယွင်းသည်။

"အတူတကွ နေထိုင်ခြင်း"သည် တစ်အိမ်မှာ အတူတကွနေထိုင်ခြင်းဖြစ်လျှင် အခြားသော ကိစ္စတစ်ခု ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ယောကျင်္ားတစ်ယောက်နှင့်မိန်းမတစ်ယောက်သည် တစ်အိမ်ထဲမှာ အတူ တကွနေခြင်းသည် မှားယွင်းမှုမရှိပါ။ သူတို့သည် လိင်ဆက်ဆံမှု လုံးဝမပြုရပါ။ သို့သော် ပေါ်ပေါက်လာနိုင်သောပြဿနာမှာ ကိုယ်ကျင့်တရားပျက်ပြားမှု ဖြစ်သည် (၁သက် ၅း၂၂၊ ဧဖက် ၅း၃)။ အတူတကွနေထိုင်ခြင်းသည် ကိုယ်ကျင့်တရားပျက်ပြားမှုအတွက် စုံစမ်းခြင်းတစ်ခုပင် ဖြစ် သည် (၁ကော ၆း၁၈)။ စုံစမ်းနှောင့်ယှက်ခြင်းကို မလွန်ဆန်နိုင်လျှင် ပြဿနာပေါ်ပေါက်လာသည်။ ယောကျင်္ားတစ်ယောက်နှင့်မိန်းမတစ်ယောက်အတူတကွနေထိုင်လျှင် အတူတကွအိပ်သည်ဟု အထင်လွှဲတတ်ကြသည်။ ထိုသို့အတူတကွအိပ်ခြင်းအားဖြင့် အပြစ်တရားပေါ်ပေါက်လာနိုင်သည်။ အပြစ်တရားဖြစ်လာနိုင်သောအရာများရှောင်ကြဉ်ရန် (၁သက် ၅း၂၂၊ ဧဖက် ၅း၃)၊ ကိုယ်ကျင့်တရား ပျက်ပြားမှုများရှောင်ရှားရန်၊ ခလုတ်တိုက်မိပြီး၊ အထင်လွှဲစရာများရှောင်ကြဉ်ရန် သမ္မာကျမ်းစာက သွန်သင်ထားသည်။ နောက်ဆုံးအနေဖြင့် ထိမ်းမြားခြင်းမပြုဘဲ ယောကျင်္ားတစ်ယောက်နှင့်မိန်းမ တစ်ယောက်အတူတကွ နေထိုင်ခြင်းသည် ဘုရားသခင်ကို မရိုသေ၊ မလေးစားခြင်းပင် ဖြစ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ထိမ်းမြားခြင်းမပြုမီ အတူတကွ နေထိုင်ခြင်းသည် မှားယွင်းပါသလား။
© Copyright Got Questions Ministries