settings icon
share icon
မေးခွန်း

ကျွနု်ပ်၏ ဘဝတွင် ဘုရားသခင်၏ အလိုတော်ကို ကျွနု်ပ်မည်သို့ သိရှိနိုင်မည်နည်း။ ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ ပြောထားသနည်း?

အဖြေ


ဘုရားသခင်၏ အလိုတော်ကို သိရှိခြင်းနှင့် ပတ်သက်၍ အခြေအနေဖော်ပြသော အချက်နှစ်ခုရှိပါသည်။ ၎င်းတို့မှာ (၁)မိတ်တွေတောင်းဆိုချက် (သို့) တင်ပြချက်တို့သည် သမ္မာကျမ်းစာ တားမြစ်သော အရာမဟုတ်သည်ကို သေချာ သိရှိပါ။ (၂) မိတ်ဆွေ တောင်းဆိုချက် (သို့)တင်ပြချက်တို့သည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားပို့ရန် နှင့် မိတ်ဆွေ၏ ၀ိညာဉ်ရေးရာတိုးတက်ရေးဖြစ်သည်ကို သေချာသိရှိပါ။ မိတ်ဆွေ၏ ဆုတောင်းချက်သည် အထက်၌ ဖော်ပြခဲ့ သော အချက် နှစ်ချက်တို့နှင့် ကိုက်ညီ၍ ဘုရားသခင်က မိတ်ဆွေကို အဖြေမပေးသေးပါက- မိတ်ဆွေ၏ ဆုတောင်းချက် သည် ဘုရားသခင်၏ အလိုတော် မဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ (သို့) မိတ်ဆွေသည် အချိန်အနည်းငယ် စောင့်ဆိုင်းရန် လိုအပ်ခြင်းဖြစ်ပါသည်။ တခါတရံ ဘုရားသခင်၏ အလိုတော် သိရှိရန် ခက်ခဲပါသည်။ လူတွေက အခြေခံအား ဖြင့် ဘုရားသခင်အား မည်သည့် အမှာကို လုပ်ဆောင်မည်ကို၎င်း၊ မည်သူနှင့် ထိမ်းမြားရမည်ကို ၎င်း သိရှိရန် မေးမြန်းတတ် ကြသည်။ ရောမ၊ ၁၂း၂ ထဲတွင် “သင်တို့သည် လောကိ ပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက် ဖွယ်သော အရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟု မိန့်ဆိုထား ပါသည်။

ဘုရားသခင်က မည်သို့လုပ်ဆောင်ရမည်ကို ညွှန်ကြားချက်နှင့် လမ်းပြမှုများကို လူတို့အား ပြောပြချက်သည် အလွန် ရှားပါးသည်။ ထိုကဲ့သို့ အကြောင်းအရာများနှင့် ပတ်သက်၍ ရွေးချယ်မှုပြုနိုင်ရန် ဘုရားသခင်က ကျွနု်ပ်တို့အား အလိုတော် ရှိသည်။ ဆုံးဖြတ်ချက်အားလုံးမှ ဆုံးဖြတ်ချက်ချရန် ဘုရားသခင်အလိုတော်မရှိသော အချက်နှစ်ခုတို့သည် အပြစ် ပြုရန် ဆုံးဖြတ်ချက်နှင့် သူ၏ အလိုတော်ဆန့်ကျင်ရန် ဆုံးဖြတ်ချက်ဖြစ်သည်။ ဘုရားသခင်က သူ၏ အလိုတော်နှင့် ညီညွတ်သော ဆုံးဖြတ်ချက်ချရန် ကျွနု်ပ်တို့အား အလိုတော်ရှိသည်။ မိတ်ဆွေအတွက် ဘုရားသခင်၏ အလိုတော်သည် မည်သည့်အရာ ဖြစ်သည်ကို မည်သို့ သိရှိနိုင်မည်နည်း? မိတ်ဆွေသည် ဘုရားသခင်နှင့် နီးကပ်စွာ အသက်ရှင်၍ မိတ်ဆွေအတွက် သူ၏ အလိုတော်ကို သိရှိရန် အမှန်တကယ် ဆန္ဒရှိလျှင် မိတ်ဆွေ၏ နှလုံးသားထဲ၌ ဘုရားသခင်က သူ၏ အလိုတော် ဖွင့်ပြောမည် ဖြစ်ပါသည်။ သော့ချက်သည် မိတ်ဆွေ၏ စိတ်ဆန္ဒအတိုင်း မဟုတ်ပဲ ဘုရားသခင်၏ အလိုတော်သိရှိလိုခြင်းပင်ဖြစ်သည်။ “ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည်” (ဆာ၊ ၃ရး၄)၊ သမ္မာကျမ်းစာထဲတွင် ဤအကြောင်းနှင့် ပတ်သက်၍ ဆန့်ကျင်ဘက်စကား မရှိသောကြောင့် ဘုရားသခင်နှင့် အတူ လျှောက် လှမ်းခြင်းသည် မိတ်ဆွေ၏ ၀ိညာဉ်ရေးရာတိုးတက်ရန်အတွက် အသင့်တော်ဆုံးသော လှုပ်ရှားမှုဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာက မိတ်ဆွေကို ဆုံးဖြတ်ချက်ချရန် နှင့် မိတ်ဆွေ၏ နှလုံးသားအတိုင်းလိုက်လျှောက်ရန် “ခွင့်ပြုခြင်း” ဖြစ်ပါသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ကျွနု်ပ်၏ ဘဝတွင် ဘုရားသခင်၏ အလိုတော်ကို ကျွနု်ပ်မည်သို့ သိရှိနိုင်မည်နည်း။ ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ ပြောထားသနည်း?
© Copyright Got Questions Ministries