settings icon
share icon
မေးခွန်း

ယေဟောဝါသက်သေခံများသည် မည်သူတွေ ဖြစ်ကြသနည်း။ သူတို့က ဘာကို ယုံကြည်ကြသနည်း။

အဖြေ


ယေဟောဝါသက်သေ ခံများသည်ဟု ယခုသိရသော ဂိုဏ်းများသည် ၁၈၇၀ ခုနှစ် Charles Taze Russell ဦးဆောင်သော ကျမ်းစာသင်တန်းအားဖြင့် Pennsylvania ၌ စတင်ခဲ့သည်။ Russell က သူ၏အဖွဲ့ကို "Millennial Dawn Bible Study" ဟု နာမည်ပေးခဲ့သည်။ Charles T. Russel က "The Millennial Dawn" ခေါ် စာအုပ်ကို volume ခြောက် ခုအထိ သူမသေခင် ရေးသားခဲ့သည်။ ယနေ့ ယဟေောဝါသကျသခေံမြားစွဲကိုင်သော ဓမ္မခံယူချက်အများစုသည် ထိုစာအုပ်ထဲတွင် ပါဝင်သည်။ ၁၉၁၆ခုနှစ်တွင် Russell သေပြီးနောက်၊ သူ့သူငယ်ချင်းနှင့် သူ့ရာထူးဆက်ခံသူ Judge J.F. Rutherford က "Millennial Dawn" "The Finished Mystery" အပိုင်း ခုနစ်ခုမြောက်နှင့်နောက်ဆုံး volume အား 1917 ခုနှစ်တွင် ရေးသားခဲ့သည်။ ကျမ်းစာမျှော်စင်နှင့် လက်ကမ်းစာစောင်အဖွဲ့ကို ၁၈၈၆ ခုနှစ်တွင် စတင်တည်ထောင်ပြီး "Millennial Dawn" လှုပ်ရှားမှုက အခြားသူများထံ သူတို့၏ယုံကြည်မှုအမြင်များကို ဖြန့်ဝေပေးခဲ့ သော တန်ဆာပလာအဖြစ် တဟုန်ထိုး တိုးတက်လာခဲ့သည်။ ၁၉၃၁ အထိတိုင်း ထိုအဖွဲ့ကို "Russellites" ဟု သိရသည်။ အကြောင်းမှာ အခြားအဖွဲ့အစည်းများနှင့်မပေါင်းဖော်သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် "ယေဟောဝါသက် သေခံများ"ဟု နာမည် ပြန်ပေးခဲ့သည်။ ထိုသို့သီးသန့်ရပ်တည်သောအဖွဲ့ကို "ကျမ်းစာ ကျောင်းသားများ" ဟု သိရသည်။

ယဟေောဝါသကျသခေံမြားက ဘာကို ယုံကြည်ကြသနည်း။ ခရစ်တော်၏ဘုရားဖြစ်ခြင်း၊ ကယ်တင်ခြင်း၊ သုံးပါးတစ်ဆူ၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် လူသားများအတွက် ခရစ်တော်အသေခံခြင်းများကို သူတို့က သံသယဝင်ပြီး သူတို့က ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး orthodox ခရစ်ယာန်များယုံကြည်မှုကို ကန့်ကွက်သည်။ ယေဟောဝါသက်သေ ခံများက သခင်ယေရှုသည် ကောင်းကင်တမန်ကြီး၊ ဖန်ဆင်းခြင်းခံရသောသူ ဖြစ်သည်ဟု ယုံကြည်ကြသည်။ သမ္မာကျမ်း စာ ဖော်ပြသော သခင်ယေရှုသည် ဘုရားသခင်ဖြစ်ခြင်း (ယောဟန် ၁း၁၊ ၁၄၊ ၈း၅၈၊ ၁ဝး၃၀)အကြောင်းကို ဆန့်ကျင် သည်။ ယဟေောဝါသကျသခေံမြားက ယုံကြည်ခြင်း၊ ကောင်းမှုကုသိုလ်များနှင့်နာခံခြင်းအားဖြင့် ရရှိသည်ဟု ယုံကြည် ကြသည်။ သမ္မာကျမ်းစာဖော်ပြသော ကျေးဇူးတော်အားဖြင့် ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်းသို့ရောက်သည် (ယောဟန် ၃း၁၆၊ ဧဖက် ၂း၈-၉၊ တိတု ၃း၅)ဟုသော ဖော်ပြချက်နှင့် ဆန့်ကျင်သည်။ ယဟေောဝါသကျသခေံမြားက သုံးပါးတစ်ဆူကို ငြင်းပယ်သည်။ သခင်ယေရှုသည် ဖန်ဆင်းခြင်းခံသောသူဖြစ်ကြောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် သည် ဘုရားသခင်၏တန်ခိုးတော်မဟုတ်ကြောင်း ပြောသည်။ ယဟေောဝါသကျသခေံမြားက လူသားများကိုယ်စား ခရစ် တော်အသေခံခြင်းခံယူချက်ကို ငြင်းပယ်ပြီး သခင်ယေရှု၏အသေခံခြင်းသည် အာဒံ၏အပြစ်အတွက်သာ ဖြစ်သည် ဟူသော ခံယူချက်ကို စွဲကိုင်ထားသည်။

ယဟေောဝါသကျသခေံမြားက ဤသမ္မာကျမ်းစာနှင့်မညီညွတ်သော ခံယူချက်ကို ဘယ်လို စွဲကိုင်နိုင်သနည်း။ ပထမအနေဖြင့်၊ သမ္မာကျမ်းစာသည် ရာစုပေါင်းများစွာ အသင်းတော်က ပျက်စီးစေခဲ့သည်ဟု သူတို့က ပြောကြသည်။ ထိုကြောင့် သူတို့က သမ္မာကျမ်းစာကို New World Translation အဖြစ် ပြန်လည် ဘာသာပြန်ဆိုကြသည်။ သမ္မာကျမ်းစာ မျှော်စင်နှင့်လက်ကမ်းစာစောင်များထဲတွင် သမ္မာကျမ်းစာသွန်သင်ချက်များကို သူတို့၏မှားယွင်းသောခံယူချက်ဖြင့် ရောထွေးသည်။ သူတို့က သမ္မာကျမ်းစာသွန်သင်ချက်များအပေါ် အခြေမခံပါ။ The New World Translation သည် လူပေါင်းများစွာက တည်းဖြတ်ထားသည်။ ယဟေောဝါသကျသခေံမြားက သမ္မာကျမ်းစာကို သူတို့ခံယူချက်နှင့်ဆန့်ကျင် ဘက်ဖြစ်သောအရာများဖြင့် ဘာသာပြန်ဆိုကြသည်။

ကင်းမျှော်စင်က သူတို့၏ယုံကြည်မှုများနှင့် အယူဝါဒများကို Charles Taze Russell, Judge Joseph Franklin Rtherford, နှင့်သူတို့၏ ရာထူးဆက်ခံသူများ၏ သွန်သင်မှုများပေါ်တွင်သာ အခြေခံထားသည်။ သမ္မာကျမ်းစာကင်းမျှော် စင် နှင့် လက်ကမ်းစာစောင် အဖွဲ့အစည်းများသည် သမ္မာကျမ်းစာကို လွှဲချော်သွားအောင် သွန်သင်သော အဖွဲ့ဖြစ်သည်။ တနည်းအားဖြင့်၊ သမ္မာကျမ်းစာအကြောင်းနှင့်ပတ်သက်ပြီး သူတို့ခေါင်းဆောင်များပြောသောစကား၊ ခံယူချက်ကို နောက် ဆုံးစကားအဖြစ် မြင်ကြသည်။ မိမိကိုယ်ကို တွေးတောဆင်ခြင်းမရှိပေ။ ထိုကြောင့် ရှင်ပေါလုက တိမောသေအား(ကျွနု်ပ်တို့ အပါအဝင်) နှုတ်ကပတ်တော်ကို ဘုရားသခင်ဖွင့်ပြသည့်အတိုင်းလေ့လာရန် အကြံပြုခြင်း ဖြစ်သည်။ သို့မှသာ ကျွနု်ပ်တို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှန်ကန်စွာ ပိုင်းခြားထားသဖြင့် အရှက်ကွဲမည်မဟုတ်တော့ပါ။ ဤအကြံပြုချက် ကို ၂တိ ၂း၁၅ ထဲတွင် တွေ့ရသည်။ ဘုရားသခင်က သူ၏သားသမီးများအား Berean ခရစ်ယာန်များကဲ့သို့ဖြစ်လာရန် ညွန်ကြားထားခြင်း ဖြစ်သည်။ သူတို့က နှုတ်ကပတ်တော်အား ၄င်း၏သင်ကြားသည့်အတိုင်း သိရှိရန် နေ့တိုင်း ကျမ်း စာလေ့လာကြသည်။

ယဟေောဝါသကျသခေံမြားကဲ့သို့ သူတို့၏ယုံကြည်ခြင်းကို သစ္စာရှိစွာဖြင့် ဟောပြောသောဘာသာတရား ရှိလိမ့်မည်မဟုတ်ပါ။ သို့သော် သူတို့ဟောကြားချက်များသည် မူရင်းအဓိပ္ပါယ်ပျက်စေသည်။ လိမ်ညာမှုဖြစ်သည်။ မှားယွင်း သောခံယူချက်ဖြစ်သည်။ ဘုရားသခင်က ယဟေောဝါသကျသခေံမြားအား သတင်းကောင်းသမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သမ္မာတရားအကြောင်း မြင်တွေ့ရန် သူတို့၏ဝိညာဉ်မျက်စိဖွင့်ပေးပါစေ။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ယေဟောဝါသက်သေခံများသည် မည်သူတွေ ဖြစ်ကြသနည်း။ သူတို့က ဘာကို ယုံကြည်ကြသနည်း။
© Copyright Got Questions Ministries