settings icon
share icon
မေးခွန်း

ခရစ်ယာန်တစ်ဦးသည် လေ့ကျင့်ခန်းလုပ်သင့်သလား။ ကျမ်းမာရေးအကြောင်းကို သမ္မာကျမ်းစာက မည်ကဲ့သို့ ဖော်ပြထားသနည်း။

အဖြေ


လူဘဝအသက်တာမှာ ပြုလုပ်သောအရာများသည် အများအားဖြင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းများစွာ ရှိသည်။ လူအချို့က ၀ိညာဉ်ရေးကိုသာ လုံးဝဂရုစိုက်ပြီး ကိုယ်ခန္ဓာကို လျစ်လျူရှုထားကြသည်။ အခြားသောသူများက သူတို့၏ ကိုယ်ခန္ဓာပုံသွင်းလှပဖို့ရန်အတွက်သာ ဦးစားပေးပြီး ၀ိညာဉ်ရေးရာတိုးတက်ရေးနှင့်ရင့်ကျက်မှုကို လျစ်လျူရှုထားသည်။ ဤသို့အသက်ရှင်ခြင်းမျိုးသည် သမ္မာကျမ်းစာနှင့်ညီညွတ်မှုမရှိပါ။ ၁တိ ၄း၈ ထဲတွင် "ကိုယ်ကာယကို ဆုံးမခြင်းသည် များစွာသောအကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းမူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ဂတိတော်ကို ရသည်"ဟု ဖော်ပြထားပါသည်။ ဤကျမ်းပိုဒ်က လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မှားယွင်းသည်ဟု မဖော် ပြထားပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အလွန်ကောင်းသည်။ သို့သော်ဘုရားဝတ်၌မွေ့လျော်ခြင်း လေ့ကျင့်ခန်းသည် ပို၍ တန်ဖိုးရှိသည်ကို ဖော်ပြလို ခြင်း ဖြစ်သည်။

၁ကော ၉း၂၄-၂၇ ထဲတွင် ၀ိညာဉ်ရေးရာ သမ္မာတရားကိုဖော်ပြသောအခါ တမန်တော်ရှင်ပေါလုက ကိုယ်ကာယလေ့ကျင့် ခန်းပြုလုပ်ခြင်းနှင့်နှိုင်းယှဉ်ထားသည်။ ခရစ်ယာန်အသက်တာသည် "ဆုရရှိရန်"အတွက် အပြေးပြိုင်ပွဲ၌ ပါဝင်ခြင်းဖြစ်သည် ဟု နှိုင်းယှဉ်ထားသည်။ သို့သော် ကျွနု်ပ်တို့ ရှာဖွေသော ဆုမှာ အရောင်မှိန်ပျက်စီးခြင်းမရှိနိုင်သော ထာဝရသရဖူပင် ဖြစ် သည်။ ၂တိ ၂း၅ ထဲတွင် "ပွဲ၌လူချင်းတိုက်မိသောသူမည်သည်ကား၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ" ဟု ရှင်ပေါလုက ဖော်ပြထားသည်။ ရှင်ပေါလုက ၂ တိ ၄းရ ထဲတွင် အပြေးပြိုင်ပွဲနှင့် နောက်တဖန်နှိုင်းယှဉ်ထားသည်။ "ကောင်းစွာသော တိုင်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့် ရှောက်ပြီ။" ဤကျမ်းပိုဒ်များက ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို အဓိက ဖော်ပြလိုခြင်းမဟုတ်ပါ။ ရှင်ပေါလုက ကိုယ်ကယပြိုင်ဆိုင်မှုကို အကောင်းမြင်ဝါဒဖြင့်အသုံးပြုကာ ကိုယ်ကာက လေ့ကျင့်ခန်းပြုလုပ်ခြင်းအား ၀ိညာဉ်ရေးရာ သမ္မာတရားအကြောင်းကို ဖော်ပြရန်အတွက် ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းကို အသုံးပြုထားပါသည်။ ကျွနု်ပ်တို့သည် ကိုယ်ကာယနှင့်ဝိညာဉ်ပိုင်ဆိုင်သူများဖြစ်ကြသည်။ ကျွနု်ပ်တို့၏ဝိညာဉ်ရေးရာအခြေအနေမှာ သမ္မာကျမ်း စာအားဖြင့်ဖော်ပြရလျှင် ကျွနုပ်တို့၏ ကျမ်းမာသန်စွမ်းရေးအတွက် ၀ိညာဉ်ရေးရာကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာ ရေးအတွက် လိုအပ်မှုများကို လျစ်လျူမရှုသင့်ပါ။

ထိုကြောင့် ခရစ်ယာန်များ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မှားယွင်းမှုမရှိပါ။ ကျွနု်ပ်တို့သည် မိမိကိုယ်ခန္ဓာကို ကောင်းမွန်စွာ ဂရုစိုက်ရန် သမ္မာကျမ်းစာက တိကျစွာ ဖော်ပြထားသည် (၁ကော ၆း၁၉-၂၀)။ သမ္မာကျမ်းစာက အနတ္တ ဖြစ်သည်ဟုလည်း သတိပေးထားသည် (၁ရာ ၁၆းရ၊ သုတ္တံ ၃၁း၃၀၊ ၁ပေ ၃း၃-၄)။ ကျွနု်ပ်တို့ပြုလုပ်သော လေ့ကျင့်ခန်း၏ ပန်းတိုင်မှာ လူတွေ အထင်ကြီး လေးစားအောင် မိမိကိုယ်ခန္ဓာဖွံ့ဖြိုးလှပစေဖို့ရန် မဖြစ်သင့်ပါ။ သို့သော် ကျွနု်ပ်တို့သည် ကိုယ်ကာယ ကျန်းမာသန်စွမ်းမှုရရှိပြီး ၀ိညာဉ်ရေးရာ၌ ပန်းတိုင်များအောင်မြင်နိုင်ရေးအတွက် ကျန်းမာ သန်စွမ်းသောကိုယ်ခန္ဓာပိုင်ဆိုင်ရန် ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းသာ ဖြစ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ခရစ်ယာန်တစ်ဦးသည် လေ့ကျင့်ခန်းလုပ်သင့်သလား။ ကျမ်းမာရေးအကြောင်းကို သမ္မာကျမ်းစာက မည်ကဲ့သို့ ဖော်ပြထားသနည်း။
© Copyright Got Questions Ministries