settings icon
share icon
မေးခွန်း

ခရစယြာနမြွားက အိပမြကအြနကဖြှငြ့ကှသလား။ ကွှနုပြတြို့အိပမြကမြွားသညြ ဘုရားသခငထြံမှ လာသလား။

အဖြေ


GotQuestions.org သည် ခရစ်ယာန်များအိပ်မက်ဖွင့်ခြင်း အမှုတော်မဟုတ်ပါ။ ကျွနု်ပ်တို့သည် အိပ်မက်များကို အနက်မဖွင့်ဆိုပါ။ လူတစ်ယောက်သည် အိပ်မက်မက်ပြီး ထိုအိပ်မက်များ၏အဓိပ္ပါယ်သည် သူတို့နှင့်ဘုရားသခင်အကြား ဖြစ်သည်ဟု ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ဘုရားသခင်က အိပ်မက်များအားဖြင့် စကားပြောသေးသလား။ နှုတ်ကပတ် တော်တလျှောက်ကြည့်လျှင် ဘုရားသခင်က လူတွေထံ အိပ်မက်များအားဖြင့် ကြိမ်ဖန်များစွာ စကားပြောခဲ့သည်။ ဥပမာ များမှာ ယာကုပ်၏သား ယောသပ် (ကမ္ဘာ ၃ရး၅-၁၀)၊ မာရိ၏ခင်ပွန်းသည်၊ ယောသပ် (မဿဲ ၂း၁၂-၂၂)၊ ရှောလမုန် (၃ရာ ၃း၅-၁၅)၊ နှင့် အခြားသောသူများ (ဒံယေလ ၂း၁၊ ရး၁၊ မဿဲ ၂ရး၁၉) တို့ဖြစ်ကြသည်။ တမန် ၂း၁၇ ထဲတွင် တမန်တော် ပေတရု ပြန်လာကိုးကားသော ပရောဖက်ယောလ၏ပရောဖက်ပြုခြင်း (ယောလ ၂း၂၈)ထဲတါင် ဘုရားသခင်က အိပ်မက် များကို အသုံးပြုကြောင်း ဖော်ပြထားသည်။ ထိုကြောင့် ဖြေရမည်ဆိုလျှင် ဘုရားသခင်သည် အိပ်မက်များအားဖြင့် စကား ပြောနိုင်သည်။

သို့သော် ထိုသမ္မာတရားကို ယနေ့ကျွနု်ပ်တို့ လက်တွေ့အသုံးချနည်း မတူညီကြပါ။ သမ္မာကျမ်းစာသည် ပြည့်စုံကြောင်း၊ ယခုမှစ၍ ထာဝရကာလအထိတိုင် ကျွနု်ပ်တို့ သိသင့်သိထိုက်သောအရာများကို ကျမ်းစာအုပ်ထဲတွင် ဖော်ပြထားကြောင်း သိရှိသင့်သည်။ ဘုရားသခင်သည် အံ့သြဖွယ်နိမိတ်လက္ခဏာမပြုကြောင်း၊ ယနေ့အိပ်မက်များအားဖြင့် စကားမပြော ကြောင်းကို မဆိုလိုပါ။ သို့သော် ဘုရားသခင်ပြောသောအရာအားလုံးသည် အိပ်မက်အားဖြင့်ဖြစ်စေ၊ ရူပါရုံအားဖြင့်ဖြစ်စေ၊ စိတ်ခံစားချက်အားဖြင့်ဖြစ်စေ၊ "အသံသေးသေးလေး"အားဖြင့် ဖြစ်စေ၊ နှုတ်ကပတ်တော်ထဲတွင် ဖော်ပြထားသော နှုတ် တော်ထွက်စကားနှင့် သဘောတူညီညွတ်သင့်ပါသည်။ အိပ်မက်များအား သမ္မာကျမ်းစာအပေါ် အခွင့်အာဏာရှိသော အရာအဖြစ် မထားသင့်ပါ။

သင်သည် အိပ်မက်မက်ပြီး ဘုရားသခင်က ထိုအိပ်မက်ကို ပေးသည်ဟု ခံစားလျှင် ဆုတောင်းပြီး ဘုရားသခင်၏စကား တော်နှင့်ဆန်းစစ်ပါ။ ထိုအိပ်မက်သည် သမ္မာကျမ်းစာနှင့်ညီညွတ်မှုရှိကြောင်း သေချာစွာ သိရှိပါ။ ထိုသို့ပြုလုပ်ခြင်းလျှင် ဘုရားသခင်က ထိုအိပ်မက်အပေါ်လုပ်ဆောင်ရမည့်အရာများကို ဖွင်ြ့ပပါလိမ့်မည် (ယာကုပ် ၁း၅)။ သမ္မာကျမ်းစာထဲတွင် ဘုရားသခင်ထံတော်မှ လူတွေက အိပ်မက်ရရှိကြသောအခါ ဘုရားသခင်က ထိုအိပ်မက်၏အနက်အဓိပ္ပါယ်ကို လူတစ် ယောက်အားဖြင့် ဖြစ်စေ၊ ကောင်းကင်တမန်အားဖြင့်ဖြစ်စေ၊ သတင်းကောင်းသယ်ဆောင်သူတစ်ဦးအားဖြင့်ဖြစ်စေ ဖွင့်ပြခဲ့ သည် (ကမ္ဘာ ၄ဝး၅-၁၁၊ ဒံယေလ ၂း၄၅၊ ၄း၁၉)။ ဘုရားသခင်က ကျွနု်ပ်တို့အား စကားပြောသောအခါ သူပြောသော သတင်းသည် တိကျစွာ နားလည်သဘောပေါက်နိုင်သောအရာဖြစ်ကြောင်း ထင်ရှားစေသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ခရစယြာနမြွားက အိပမြကအြနကဖြှငြ့ကှသလား။ ကွှနုပြတြို့အိပမြကမြွားသညြ ဘုရားသခငထြံမှ လာသလား။
© Copyright Got Questions Ministries