settings icon
share icon
မေးခွန်း

ဘုရားသခင်ရှိသလား၊ ဘုရားသခင်ရှိကြောင်းကို သက်သေအထောက်အထား ရှိပါသလား၊၊?

အဖြေ


ဘုရားသခင်ရှိပါသလား၊ ဤငြင်းခုံမူသည် အာရုံစူးစိုက်ရန်အတွက် စိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းတစ်ခု ဖြစ်ပါသည်။ နောက်ဆုံးရရှိသော သတင်းသည်ယနေ့ကမ္ဘာပေါ်တွင်ရှိသော ၉၀%က ဘုရားသခင်ရှိကြောင်း (သို့) သူသည် သာလွန်သောတန်ခိုးရှိကြောင်းကို ယုံကြည်ကြသည်။ တစ်ဖက်တွင် ဘုရားသခင်ရှိသည်ဟုယုံကြည်သောသူတို့သည် သူအမှန်တယ်ရှိကြောင်းကို သက်သေပြရန် လိုအပ်ပေသည်။ ကောင်းမွန်စွာ သက်သေမပြနိုင်လျှင် အတွေးအခေါ်သက် သက်ပဲဖြစ်ပါလိမ့်မည်။

သို့သော် ဘုရားသခင်ရှိကြောင်းကို သက်သေမပြနိုင်ပေ။ (သို့) သက်သေလည်းပြနိုင်ပါသည်။ သမ္မာကျမ်းစာက ဘုရားသခင်ရှိကြောင်းကို ကျွနု်ပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဟု မိန့်ဆိုထားပါသည်။ “ယုံကြည်ခြင်းမရှိ လျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံသို ချဉ်းကပ်သော သူတို့သည် ဘုရားသခင် ရှိတော်မူသည်၎င်း၊ ကိုယ်တော်ရှာသောသူအား အကျိုးပေးတော်မူသည်၎င်း ယုံကြည်ရမည်” (ဟေဗြဲ၊ ၁၁း၆)။ ဘုရားသခင် အလိုတော်ရှိပါက လောကတခုလုံးတွင် သူရှိကြောင်းကို ဖွင့်ပြော၍သက်သေထူနိုင်ပါသည်။ သို့သော် သူသည်ထိုသို့ပြုလျှင် ယုံကြည်ခြင်းလိုအပ်တော့မည်မဟုတ်ပေ။

“ယေရှုကလည်း၊ သင်သည် ငါကိုမြင်သောကြောင့် ယုံကြည်ခြင်းရှိ၏။ ငါ့ကိုမမြင်ပဲယုံသောသူတို့သည် မင်္ဂလာရှိကြ ၏” ဟု မိန့်တော်မူ၏ (ယောဟန်၊ ၂ဝး၂၉)။

သို့သော် ဘုရားသခင်ရှိကြောင်းကို သက်သေအထောက်အထားမရှိသည်ကို မဆိုလိုပေ။ သမ္မာကျမ်းစာက “မိုဃ််းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအရေတော်ကိုကြားပြော၍၊ မိုုဃ််းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သော အရာ များကိုြပြသ၏။ တနေ့ကိုတနေ့ ်မြွက် ဆို၍၊ တညဉ့်ကိုညဉ့်သွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့နှုတ်ထွက် သံကိုမကြားရသော်လည်း သူတို့၏အသံသည် မြေတပြင်လုံး၌နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်း တိုင်အောင် ရောက်လေ၏ ” (ဆာ၊ ၁၉း၁-၄)။ ကြယ်တာယာများကို ကြည့်ခြင်း၊ စကြာဝဌတခုလုံး၏ကြီးမားမှုကို သိရှိခြင်း၊ သဘာဝတရား၏ အံဩမှုကိုလေ့လာခြင်း၊ နေဝင်ခြင်း၏လှပမှုမြင်ကွင်းကို မြင်တွေ့ခြင်းစသော အချက်တို့သည် ဖန်ဆင်းခြင်းရှိကြောင်းကို ညွှန်ပြသည်။ ဤသက်သေပြချက်ကို လုံလောက်မူမရှိလျှင် ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ဘုရားသခင်ရှိကြောင်း ကို သက်သေပြနိုင်ပါသည်။ ဒေသနာ၊ ၃း၁၁ က “…လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်းစေတော်မူပြီ” ဟု မိန့်ဆို ထားပါသည်။ ကျွနု်ပ်တို့၏နှလုံးသားထဲ၌ ဤဘဝလွန်သွားလျှင် နောင်ဘဝရှိသည်ကို၎င်း၊ ဤလောကလွန်သွားလျှင် လော ကရှိသေးသည်ကို၎င်း၊ အသိအမှတ်ပြုနိုင်သည်။ ဤသိရှိခြင်းပညာကို ကျွနု်ပ်တို့ငြင်းဆိုနိုင်ပါသည်။ သို့သော ကျွနု်ပ်တို့ထဲ၌ ဘုရားသခင်ရှိသည်ကို၎င်း၊ ကျွနု်ပ်တို့အားဖြင့် ဘုရားသခင်အလုပ်လုပ်သည်ကို၎င်း တွေ့ရှိနိုင်သည်။ ထို့ပြင် လူတချို့တို့ သည် ဘုရားသခင်တည်ရှိခြင်းကို ငြင်းဆိုနိုင်သည်ဟု သမ္မာကျမ်းစာထဲတွင် မိန့်ဆိုချက်ကို တွေ့နိုင်ပါမည်။ “ဘုရားသခင် မရှိဟု မိုက်မဲသောသူတို့သည် ထင်တတ်ကြ၏ ” (ဆာ၊ ၁၄း၁)။ ၉၀%သော ပုဂ္ဂိုလ်တို့သည် သူတို့၏သမိုင်း၌ဖြစ်စေ၊ ယဉ်ကျေးမူ၌ဖြစ်စေ၊ လူမူရေး၌ဖြစ်စေ၊ နယ်မြေဒေသ၌ဖြစ်စေ ဘုရားသခင်ရှိကြောင်းကို ယုံကြည်တတ်ကြသည်။ ထိုသို့ ယုံကြည်ရန် တစ်စုံတစ်ခု( သို့) တစ်ဦးတစ်ယောက်က သွန်သင်သောကြောင့်ဖြစ်နိုင်သည်။

ဘုရားသခင်တည်ရှိခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာငြင်းခုံမူထဲမှ အတွေးခေါ်နှင့်ပတ်သက်သော ငြင်းခုံမူကို ကြည့်ကြပါစို့၊ ပထမအနေနှင့် ontological argument ဟု ခေါ်သော ဘုရားသခင်တည်ရှိခြင်းကို သက်သေပြခြင်းဖြစ် သည်။ ဤသက်သေပြခြင်းက ဘုရားသခင်တည်ရှိခြင်း သက်သေထူရန် ဘုရားသခင်နှင့် ပတ်သက်သော ယူဆချက်ကို အသုံးပြုသည်။ ၎င်းက “ဘုရားသခင်ထက် ကြီးမြတ်သောသူမရှိ ” ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် အစပြုထားပါသည်။ တည်ရှိခြင်းသည် မတည်ရှိခြင်းထက်သာ၍ ကြီးမားသည်ဟူသော သက်သေပြချက်ဖြစ်သည်။ ထို့ကြောင့် အကြီးဆုံးသော ဖန်ဆင်းရှင်ရှိရမည်ဟု ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်သည် မရှိခဲ့လျှင် ဘုရားသခင်သည် အကြီးမားဆုံးသော သူမဖြစ်နိုင်ပေ။ ဘုရားသခင်၏ဖြစ်ခြင်းအနက် ဖွင့်ဆိုချက်နှင့်် ဆန့်ကျင်ဘက်ဖြစ်သွားပါလိမ့်မည်။ ဒုတိယအချက်သည် teleogical argument ဟု ခေါ်သော ဖန်ဆင်းပြုပြင်သူရှိသည်ဟု ထောက်ပြခြင်းဖြစ်သည်။ ၎င်းက စကြာဝဌာတစ်ခုလုံး သည် အံ့ဩဖွယ်သော အနေအထားဖြင့် လှပစွာတည်ရှိသောကြောင့် ပုံစံရေးသူရှိရမည်ဟု ယုံကြည်ကြသည်။ ဥပမာအား ဖြင့်၊ ကမ္ဘာသည် နေမှမိုင်ပေါင်းလေးရာ (သို့) ထိုထက်ဝေးလံလျှင် ယခုမျက်မှောက်ကာလတွင် ၎င်း၏လုပ်ဆောင်ချက်အ တိုင်း အသက်ရှိသော သူများ ရှင်သန်နိုင်ရန် ထောက်ပံ့နိုင်မည်မဟုတ်ပေ။ ကျွနု်ပ်တို့နေထိုင်သော ပတ်ဝန်ကျင်တွင် ပြောင်းလဲမူအနည်းငယ် ရာခိုင်းနှုန်းပေါ်ပေါက်လာပါက လောက၌ရှိသော သက်ရှိသတ္တဝါအလုံးတို့သည် သေကုန်ကြပါလိမ့်မည်။ ပရိုတင်း မော်လီကြူး တစ်ခုထုတ်လုပ်နိုင်ရန် တကြိမ်လျှင် ၁၀၂၄၃ လိုအပ်သည်။ (၎င်းသည် ၁၀ ပြီးနောက် ၂၄၃ 0’s တို့က လိုက်လာခြင်းဖြစ်သည်)။ ဆဲလ်တခုသည် သန်းနှင့်ချီသော ပရိုတင်မော်လီကြူတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

ဘုရားသခင်တည်ရှိခြင်းနှင့်ပတ်သက်၍ တတိယငြင်းခုံမူသည် Cosmologocal ဟုခေါ်သော ကမ္ဘာလုံးနှင့်ပတ် သက်သော သက်သေပြသခြင်းပင်ဖြစ်သည်။ ဖြစ်ပျက်မူဟူသမျှသည် အကြောင်းတရားဖြစ်သည်။ ဤစကြာဝဌာတခုလုံးနှင့် ၎င်း၏အ ထဲ၌ရှိသော အရာအားလုံးတို့သည် အကြောင်းတရားတခုဖြစ်သည်။ အရာခပ်သိမ်းဖြစ်လာရန် ဖန်တီးပေးသော တစ် ယောက်ရှိသည်။ နောက်ဆုံးအနေဖြင့်၊ အရာခပ်သိမ်းဖြစ်လာရန်အတွက် “ဖန်ဆင်းခြင်း” မခံသောသူတစ်ဦးရှိရမည်။ ထို “ဖန်ဆင်းခြင်း” မခံရသောသူသည် ဘုရားသခင်ပင် ဖြစ်လေသည်။ စတုတ္ထမြောက်ငြင်းခုံမူသည် Moral argument ဟု ခေါ် သော အကျင့်စာရိတ္တပိုင်းဆိုင်ရာ သက်သေပြသခြင်းဖြစ်သည်။ သမိုင်းတစ်လျှောက်ကြည့်လျှင် ယဉ်ကျေးမူအားလုံးက ဥပဒေပုံစံရှိ ကြသည်။ လူတိုင်းက အမှားအမှန်ဟူသော ခံယူချက်ရှိကြပါသည်။ သတ်ခြင်း၊ လိမ်ညာခြင်း၊ ခိုးခြင်းနှင့် အကျင့်စာရိတ္တပျက် ပြားခြင်းတို့ကို လူတိုင်းက မနှစ်သက်ကြပေ။ အမှားနှင့်အမှန် သိရှိနိုင်သော ပညာသည် သန့်ရှင်းသောဘုရားသခင်ထံမှ လွှဲ ၍ မည်သည့်အရပ်မှလာသနည်း။

ထို့ပြင် လူတို့သည် ဘုရားသခင်ထံမှလာသော စစ်မှန်သည့်တရားကို ငြင်းပယ်၍ လိမ်ညာမူကိုသာ ယုံကြည်ကြ လိမ့်မည်ဟု သမ္မာကျမ်းစာက ပြောထားပါသည်။ ရောမ၊ ၁း၂၅ က “လူတို့သည် မှန်သောဘုရားသခင်အရာ၌ အမှားကို ထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍၊ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူဖြစ်ကြ၏။ ထိုသခင် သည် ထာဝရမင်္ဂလာရှိတော်မူ၏ “အာမင်” ဟု မိန့်ဆိုထားပါသည်။ လူတို့သည် ဘုရားသခင်ကို မယုံကြည်ခြင်းသည် အပြစ် တင်ခြင်းနှင့်မလွှတ်ကြောင်း သမ္မာကျမ်းစာက မိန့်ဆိုထားပါသည်။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာ များကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာ တို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိ၏။ ထိုေကြောင့်် သူတို့သည် ကိုယ်အပြစ်ကို မဖုန်းနိုင်ရာ” (ရောပ၊ ၁း၂၀)။

“သိပ္ပံနည်းကျကျ” နှင့် “မျက်ဝါးထင်ထင်သက်သေထူရန်” မရှိသောကြောင့် လူတို့သည် ဘုရားသခင်ကို မယုံကြည်ကြောင်းပြောလေ့ရှိပါသည်။ လူသည် ဘုရားသခင်ရှိသည်ဟု သိရှိဝန်ခံသည်နှင့်တပြိုင်နက်၊ သူတို့သည် ဘုရား သခင်ထံသို့ လုပ်ဆောင်ရန်တချို့ရှိကြောင်းနှင့် ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းလိုအပ်ကြောင်းကို သိရှိရန်လိုအပ်သည် (ရောမ၊ ၃း၂၃၊ ၆း၂၃)။ ဘုရားသခင်တည်ရှိလျှင် ကျွနု်ပ်တို့သည် သူထံရိုသေလေးမြတ်မူတခုခုပြုရပေမည်။ ဘုရားသခင် မရှိလျှင် ကျွနု်ပ်တို့သည်ဘုရားသခင်၏တရားစီရင်ခြင်းကို ကြောက်ရွံ့ခြင်းမရှိပဲ မိမိနှစ်သက်သောအရာတို့ကို ပြုနိုင်ပါသည်။ ထိုကြောင့် လူပေါင်း်များစွာက တရားစီရင်ခြင်းမှ လွက်မြောက်လိုသောကြောင့် လူသားသည် ခေတ်အဆက်ဆက်တိုး တတ်လာခြင်း မှဖြစ်လာသူဟူသော ခံယူချက်ကို စွဲကိုင်လျှက် ဖန်ဆင်းရှင်ဘုရားသခင်တည်ရှိကြောင်းကို လုံးဝမလက်ခံနိုင် တော့ပေ။ တည်ရှိသောဘုရားသခင်ကို နောက်ဆုံးတွင်သူတည်ရှိကြောင်းကို လူတွေကသိရှိခဲ့ကြသည်။ တချို့သောသူတို့သည် ဘုရားသခင်မရှိ သည်ဟု မိုက်မဲ့စွာငြင်းခုံလိုခြင်းသည် အကျိုးမဲ့ အနတ္တသက်သက်ငြင်းခုံခြင်းပင်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် ဘုရားသခင်တည်ရှိကြောင်းကို သက်သေပြပါရစေ။ ဘုရားသခင်တည်ရှိကြောင်းကို မည့်သို့ သိရှိနိုင်မည်နည်း။ ခရစ်ယာန်များအနေနှင့် ကျွနု်ပ်တို့သည် ဘုရားသခင်ကို နေ့တိုင်းစကားပြောကြသောကြောင့် သူရှိသည်ကို သိရှိခဲ့သည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏စကားပြောခြင်းကို ဇာတိနားဖြင့်မကြားသော်လည်း သူ၏အတူပါ ရှိမူကို ကျွနု်ပ်တို့ခံစားသိရှိနိုင်သည်။ သူ၏သွန်သင်လမ်းပြခြင်းကို ကျွနု်ပ်တို့ခံစားနိုင်သည်။ သူ၏မေတ္တာကို ကျွနု်ပ်တို့သိရှိနိုင်သည်။ သူ၏ ကျေးဇူးတော်ကိုလည်း ကျွနု်ပ်တို့လိုချင်တောင့်တကြသည်။ လူတွေကတောင်မဖြေရှင်းပေးနိုင်သောပြသနာ များ ကို ဘုရားသခင်က သာ ဖြေရှင်းပေးနိုင်သော အဖြစ်အပျက်များ စွာတို့ကို ကျွနု်ပ်တို့တွေ့ရှိနိုင်သည်။ ဘုရားသခင်က ကျွနု်ပ်တို့ကို အံ့ဩဖွယ်ရာနိမိတ်လက္ခဏာဖြင့် ကယ်တင်ခဲ့၍ ကျွနု်ပ်တို့ အသက်တာ ကိုလည်းပြောင်းလဲစေခဲ့သည်။ ကျွနု်ပ်တို့သည် ဘုရားသခင်ကို လုံးဝမကူညီနိုင်ခဲ့ပေ။ သို့သော် သူ၏တည်ရှိ ခြင်းကို အသိအမှတ် ပြု၍ ချီးမွမ်းရန်သာလိုအပ်သည်။ အထက်၍ဖော်ပြထားသော ငြင်းခုံမူက ဘုရားသခင်တည်ရှိကြောင်းကို တိကျစွာ အသိအမှတ်ပြုနိုင်ရန် ငြင်းဆိုသောသူတို့ကို လုံးဝဖျားယောင်နိုင်မည်မဟုတ်ပေ။ နောက်ဆုံးအနေဖြင့်၊ ဘုရားသခင်တည်ရှိ ကြောင်းကို ကျွနု်ပ််တို့သည် ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဖြစ်သည် (ဟေဗြဲ၊ ၁၁း၆)။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှောင်ထုထဲတွင် ခုန်ချသောမျက်စိကန်းသောသူကဲ့သို့မဟုတ်ပေ။ ၉၀% သော ပုဂ္ဂိုလ်တို့ဝင်ရောက်ခဲ့ သောအခန်းသို့ ရောင်ရဲ့စွာချီတတ်ခြင်းပင်ဖြစ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ဘုရားသခင်ရှိသလား၊ ဘုရားသခင်ရှိကြောင်းကို သက်သေအထောက်အထား ရှိပါသလား၊၊?
© Copyright Got Questions Ministries