settings icon
share icon
မေးခွန်း

။ကျွန်ုပ်သည် မည်သို့ဘုရားသခင်၏သားတစ်ဦးဖြစ်နိုင်သနည်း။

အဖြေ


။ ဘုရားသခင်၏သားတစ်ဦးဖြစ်လာရန် သခင်ယေရှုကိုယုံကြည်ဖို့လိုအပ်သည်။ “ထိုသူကို လက်ခံသမျှ သောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏။” (ယောဟန်၁း၁၂)။

“သင်သည် ဒုတိယမွေးဖွားခြင်းခံရမည်”

ဘာသာရေးခေါင်းဆောင် နိကောဒင် အလည်လာသောအခါ ယေရှုက သူ့အား ကောင်းကင်ဘုံအကြောင်း ချက်ချင်း မအာမခံခဲ့ပေ။ထိုအစား၊ သူသည် ဘုရားသခင်၏သားဖြစ်ဖို့လိုအပ်ကြောင်း ဤသို့ပြောခဲ့သည်၊ “ဒုတိယမွေးခြင်းကို မခံ သောသူမည်သည်ကား၊ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်”ဟု မိန့်တော်မူ၏(ယောဟန်၃း၃)။ လူတစ်ဦးသည် ပထမဆုံးမွေးဖွားချိန်တွင် ဧဒင်ဥယျာဉ်မှ အာဒံ၏မနာခံမှုကြောင့် အစပြုလာသည့် အပြစ်သဘော သဘာဝကို အမွေဆက်ခံသည်။ကလေးတစ်ယောက်ကို မည်သူမျှအပြစ်လုပ်နည်း သင်ပေးစရာမလိုပါ။လိမ်ညာခြင်း၊ခိုးယူ ခြင်း၊မုန်းတီးခြင်းတည်းဟူသော အပြစ်များ၌ မိမိ၏မှားယွင်းသောအလိုဆန္ဒများကို သဘာဝအတိုင်းဦးတည်လိုက်လျှောက် သည်။ဘုရားသခင်၏သားသမီးဖြစ်မည့်အစား၊သူသည် ငြင်းဆန်မှုနှင့်အမျက်တော်၏သားသမီးဖြစ်သည်(ဧဖက်၂း၁-၃)။

အမျက်တော်၏သားသမီးအနေဖြင့်၊ ငရဲတွင် ဘုရားသခင်နှင့်ခွဲခွာခြင်းကို ကျွန်ုပ်တို့ထိုက်တန်သည်။ဘုရားသခင် ဂုဏ်ကျေးဇူးတော်ကြောင့်၊ “သို့သော်လည်း ကရုဏာတော်နှင့်ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူ သော မဟာမေတ္တာတော်အားဖြင့်၊ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကိုခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏” ဟု ဧဖက်သြဝါဒစာတွင် ပြောထားသည်။ ခရစ်တော်နှင့်အတူကျွန်ုပ် တို့ကို မည်သို့အသက်ရှင်စေသနည်း၊မည်သည့်ဒုတိယမွေးဖွားခြင်းရသနည်း၊မည်သို့ဘုရားသခင်၏သားဖြစ်ရသနည်း။ယုံ ကြည်ခြင်းအားဖြင့် သခင်ယေရှုကို ကျွန်ုပ်တို့လက်ခံရပါမည်။

ယေရှုကိုလက်ခံပါ

“ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ဘုရားသခင်၏ သားဖြစ်ရ သောအခွင့်ကို ပေးတော်မူ၏” (ယောဟန်၁း၁၂)။ဤကျမ်းပိုဒ်က ဘုရားသခင်၏သားဖြစ်နည်းကို ရှင်းလင်းစွာဖော်ပြထား သည်။ကိုယ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယေရှုကိုကျွန်ုပ်တို့လက်ခံရမည်ဖြစ်သည်။ယေရှုကို ကျွန်ုပ်တို့မည်သို့ယုံကြည်ရ မည်နည်း။

ပထမဦးစွာ၊ ဘုရားသခင်၏သားသည် ယေရှုသည်လူသားဖြစ်လာခဲ့သောဘုရားသခင်၏သားတော်ဖြစ်ကြောင်း သိမှတ်သည်။သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ဖြင့် အပျိုကညာမှမွေးဖွားသော ယေရှုသည် အာဒံ၏အပြစ်သဘော သဘာဝမကို မဆက်ခံပါ။ထို့ကြောင့် ယေရှုကို ဒုတိယအာဒံဟုခေါ်သည်(၁ကော၁၅း၂၂)။အာဒံ၏နာမခံမှုကြောင့် ဤလော တွင် အပြစ်၏ကျိန်ခြင်းကိုယူဆောင်လာစဉ် ခရစ်တော်၏စုံလင်သောနာခံခြင်းမူကား ကောင်းကြီးမင်္ဂလာသက်ရောက်စေ သည်။ကျွန်ုပ်တို့၏တုံ့ပြန်မှုမှာ နောင်တရရန် (ဒုစရိုက်အပြစ်မှလွှဲ) နှင့် ခရစ်တော်၌ခွင့်လွတ်ခြင်း ရယူရမည်ဖြစ်သည်။

ဒုတိယအနေဖြင့်၊ ဘုရားသခင်၏သားတွင် ယေရှုကိုကယ်တင်ရှင်အဖြစ်ယုံကြည်မှုရှိသည်။ဘုရားသခင်၏အကြံအ စည်မှာ ကျွန်ုပ်တို့၏အပြစ်အတွက်ထိုက်တန်သော ပြစ်ဒဏ်ဖြစ်သည့်သေခြင်းတရားကို ပေးဆပ်ရန် သူ၏ပြီးပြည့်စုံလင်သော သားတော်ကို ကားတိုင်ပေါ်တွင် ပူဇော်ရန်ဖြစ်သည်။ခရစ်တော်၏သေခြင်းက ကိုယ်တော်ကိုလက်ခံသောသူတို့၏ အပြစ် ဒဏ်နှင့်အပြစ်တန်ခိုးမှလွတ်မြောက်စေသည်။သူ၏ရှင်ပြန်ထမြောက်ခြင်းက ကျွန်ုပ်တို့ကိုဖြောင့်မတ်စေသည်(ရောမ၄း၂၅)။

နောက်ဆုံးတွင်၊ ဘုရားသခင်၏သားသည် ယေရှုကို သခင်အဖြစ်နောက်လိုက်သည်။အပြစ်နှင့်သေခြင်းကိုအောင်မြင် သောသူအဖြစ်သို့ ခရစ်တော်အားထမြောက်စေသည့်နောက်တွင် ဘုရားသခင်သည် သူ့အား အခွင့်အာဏာခပ်သိမ်းကို အပ်

နှင်းခဲ့သည်(ဧဖက်၁း၂၀-၂၃)။သခင်ယေရှုသည် သူ့အား လက်ခံသူအားလုံးကိုလမ်းပြဦးဆောင်သည်၊ကိုယ်တော်ကို ငြင်းပယ်သောသူအားလုံးကို တရားစီရင်တော်မူလိမ့်မည်(တမန်၁၀း၄၂)။ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏သားအဖြစ်သို့ အသစ်သောအသက် တဖန်မွေးဖွားခြင်းရရှိလာသည်။သခင်ယေရှုကို လက်ခံရရှိသူများသာ (သူ့အကြောင်းသိရုံမျှမဟုတ်၊ကယ်တင်ခြင်းအတွက်သူ့ကိုအားကိုးပြီး၊သူ့ကို အရှင်သခင်အဖြစ်နာခံ၍၊အမြင့်မြတ်ဆုံးသော ဘာဏ္ဍာအဖြစ် သူ့ကိုချစ်မြတ်နိုးသူများ) ဘုရားသခင်၏သားသမီးများဖြစ်ကြသည်။

ဘုရားသခင်၏သားတစ်ဦးဖြစ်လာပါ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဇာတိမွေးဖွားခြင်း၌ မပါဝင်သကဲ့သို့ မိမိတို့၏ကုသိုလ်ကောင်းမှုပြုခြင်း သို့မဟုတ် ယုံကြည်ခြင်းကိုပေါင်းစည်းခြင်းဖြင့် ဘုရားသခင်၏မိသားစုထဲ၌ မွေးဖွားလာစေနိုင်မည်မဟုတ်။ဘုရားသခင်သည် သူ၏ကျေး ဇူးတော်စေတနာနှင့်အညီ ဘုရားသခင်၏သားဖြစ်ရသော “အခွင့်” ကို ပေးတော်မူသောသူဖြစ်သည်။ “ဘုရားသခင်၏ သား တော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည် ကိုကြည့်ရှုဆင်ခြင်ကြလော့” (၁ယောဟန်၃း၁)။သို့ဖြစ်၍ ဘုရားသခင်၏သား၌ သခင်ဘုရားမှတပါး အခြားဝါကြွားစရာဘာမျှ မရှိ(ဧဖက်၂း၈-၉)။

ကလေးသည် သူ၏မိဘများကဲ့သို့ကြီးပြင်းလာရသည်။အလားတူပင်၊ဘုရားသခင်သည် သူ၏သားသမီးများကို ယေရှုခရစ်နှင့်ပုံသဏ္ဍာန်ပို၍တူလာစေရန်အလိုရှိသည်။ကောင်းကင်ဘုံ၌သာ ကျွန်ုပ်တို့သည် စုံလင်ခြင်းသို့ရောက်မည်ဆို ငြားလည်း ဘုရားသခင်၏သားတစ်ဦးသည် နောင်တမရ၊အပြစ်ပြုနေကျအတိုင်းအပြစ်ပြုမည်မဟုတ်ပါ။ “ချစ်သားတို့၊သင်တို့ ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကိုကျင့်၏။ကိုယ်တော်ဖြောင့်မတ်တော်မူသည် တည်းတူ၊ထိုသူသည် ဖြောင့်မတ်ခြင်းရှိ၏။မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊အကြင်သူ သည် ဒုစရိုက်ကို ပြု၏။ထိုသူသည် မာရ်နတ်နှင့်ဆိုင်၏။မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းဌါ၊ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ထိုသူသည် ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။ ထိုသို့သော လက္ခဏာအားဖြင့် ဘုရားသခင်၏သားတို့နှင့်မာရ်နတ်၏သားတို့သည် ထင်ရှားကြ၏။ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊မိမိညီအစ်ကိုကို မချစ်သောသူမည်သည်ကား၊ဘုရားသခင်နှင့်မဆိုင်” (၁ယောဟန်၃း၇-၁၀)။

ဒုစရိုက်မပြုနှင့်-ဘုရားသခင်၏သားတစ်ဦးသည် အပြစ်ပြုခြင်းဖြင့် “စွန့်လွှတ်ခြင်း” မခံနိုင်ပါ။သို့သော် ခရစ်တော် နှင့် သူ၏နှုတ်ကပတ်တော်ကိုဂရုမစိုက်ဘဲ အပြစ်တရား၌ တစိုက်မတ်မတ်ကျင်လည်ပြီး ၎င်းအမှုအားနှစ်သက်သူတစ်ဦးက သူသည် ဒုတိယမွေးဖွားခြင်းမရရှိကြောင်းထုတ်ဖော်သည်။ယေရှုက ထိုသို့သောလူတို့အား မိန့်တော်မူသည်မှာ၊ “သင်တို့ သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏” (ယောဟန်၈း၄၄)။တစ်နည်းအားဖြင့်ဆိုသော်၊ဘုရားသခင်၏သားသည် အပြစ်၏ကျေနပ်အားရမှုကို မလိုလားတော့ဘဲ သူ၏ အဘကို သိကျွမ်းခြင်း၊ချစ်ခြင်းနှင့်ဘုန်းတော်ထင်ရှားခြင်းတို့ကို လိုလားတောင့်တသည်။

ဘုရားသခင်၏သားဖြစ်ခြင်း၏ ဆုလာဒ်များသည် အတိုင်းမသိများပြား၏။ဘုရားသခင်၏သားအနေဖြင့် ကျွန်ုပ်တို့ သည် သူ၏မိသားစုဝင် (အသင်းတော်)ဖြစ်ပြီး ကောင်းကင်ဘုံ၌နေရာကတိတော်ရရှိသူ နှင့် ဆုတောင်းခြင်းဖြင့်ဘုရားသခင် အားချဉ်းကပ်ရသောအခွင့်ရရှိသောသူများဖြစ်ကြသည်(ဧဖက်၂း၁၉၊၁ပေ၁း၃-၆၊ရောမ၈း၁၅)။အပြစ်နောင်တရရပြီး ခရစ် တော်ကို ယုံကြည်ရန် ဘုရားသခင်၏ခေါ်ဆိုမှုကို တုံ့ပြန်ပါ။ ယနေ့ ဘုရားသခင်၏သားသမီးတစ်ဦးဖြစ်လာပါ။

English




။ကျွန်ုပ်သည် မည်သို့ဘုရားသခင်၏သားတစ်ဦးဖြစ်နိုင်သနည်း။
© Copyright Got Questions Ministries