settings icon
share icon
မေးခွန်း

ဒုတိယမွေးခြင်းကိုခံသောခရစ်ယာန်ဟူသည် အဘယ်နည်း?

အဖြေ


။ဒုတိယမွေးခြင်းကိုခံသော ခရစ်ယာန်ဟူသည် အဘယ်နည်း။ ဤမေးခွန်းကို ယောဟန် ၃း၁-၂၁ ၌ ဖော်ပြထားသော အရေးကြီးသည့််အကြောင်းအရာအားဖြင့် ဖြေဆိုနိုင်ပါသည်။ ထင်ပေါ်ကျော်ကြားသော ဖာရိရှဲ၊ စိန်ဟဲဒရင်အဖွဲ့ဝင်ဖြစ်သော (ယုဒလူတို့တွင်အရာရှိ) နိကောဒင်ထံ သခင်ယေရှုခရစ်တော်က မျက်နှာချင်းဆိုင်၍ စကားပြောခဲ့သည်။ နိုကောဒင်သည် ညဉ့်အချိန်တွင် သခင်ယေရှုထံလာခဲ့သည်။ နိကောဒင်သည် သခင်ယေရှုထံ မေးခွန်းမေးမြန်းရန်လာခြင်းဖြစ်ပါသည်။

သခင်ယေရှုက နိေကောဒင်အား ဤသို့ပြောခဲ့သည်။“ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား ဘုရား သခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်။ နိကောဒင်ကလည်း အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့တဖန်ဝင်၍ မွေးခြင်းကိုခံနိုင်ပါမည်လောဟု လျှောက်၏။ ယေရှုကလည်း ရေနှင့် ၀ိညာဉ်တော်မမွေးသောသူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်သို့မဝင်ရဟု ငါအမှန်အကန်ဆို၏။ ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ၀ိညာဉ်တော်မွေးသောအရာသည်ဝိညာဉ်ဖြစ်၏။ဒုတိယမွေးခြငး် ကိုခံရမည်ဟု ငါပြောသည်ကို အံ့သြခြင်းမရှိနှင့် ……….“ (ယောဟန်၃း၃-၇)

“ဒုတိယမွေးဖွားခြင်း စကားစုသည် ၀ိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုဆိုလိုသည်။ နိကောဒင်သည် ဒုတိယ မွေးဖွားခြင်းခံရန်တောင့်တခဲ့သည်။ သူသည် ၀ိညာဉ်ပြောင်းလဲမှုဖြစ်သောသူ၏ နှလုံးသားပြောင်းလဲရန်လိုအပ်သည်။ အသစ်သော မွေးဖွားခြင်း၊ ဒုတိယအကြိမ်မွေးဖွားခြင်းသည် ယုံကြည်သောသူတို့အပေါ်တွင် ထာဝရအသက်ပေးအပ် ခြင်းအမှုဖြစ်သောဘုရားသခင်၏လုပ်ဆောင်ချက်ဖြစ်သည်။တနည်းအားဖြင့်ယုံကြည်သောသူတို့အား ထာဝရအသက် ေပေးအပ်ခြင်းအမှုဖြစ်သည်။ (၂ကော ၅း၁၇၊ တိတု ၃း၅၊ ၁ပေ၊ ၁း၃၊ ၁ယော၊ ၂း၂၉၊ ၃း၉၊ ၄းရ၊ ၅း၁-၄၊ ၁၈)။ ဒုတိယမွေးခြင်းသည် ယေရှုခရစ်တော်၏နာမတော်ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကိုရရှိခြင်းကိုဆိုလိုသည်ဟု ယောဟန် ၁း၁၂၊၁၃ထဲတွင် ညွှန်ပြထားသည်။

“လူတစ်ယောက်သည် အဘယ့်ကြောင့်ဒုတိယမွေးခြင်းခံရန် လိုအပ်သနည်း” ဟူသောအတွေးအခေါ်ဆန် သည့် မေးခွန်းတစ်ခုထွက်ပေါ်လာပါသည်။ တမန်တော်ပေါလုက ဧဖက် ၂း၁ ထဲတွင် “ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိ သောသင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ“ ဟုဖော်ပြထားသည်။ ရောမမြို့၌ရှိသော ယုံကြည်သူ များထံ“အဘယ့်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့ တော်၌ အသားရေပျက်ကြပြီ”(ရောမ၊၃း၂၃)ဟုတမန်တော်ကဆိုထားပါသည်။ထို့ကြောင့်လူတစ်ယောက်သည် အပြစ်လွှတ်ခြင်း အခွင့်ရရှိရန်နှင့် ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ဲခြင်းအခွင့်ရရှိရန် ဒုတိယမွေးခြင်းခံရန် လိုအပ်ပါသည်။

မည်သို့ဒုတိယမွေးခြင်းခံရနိုင်မည်နည်း။ ဧဖက် ၂း၈-၉ ထဲတွင် ”ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်၊ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းကို ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှကြွားဝါစရာအခွင့်မရှိ။” ဟုဖော်ပြထားပါသည်။ လူတစ်ယောက်သည် ကယ်တင်ခြင်းခံခဲ့ရလျှင် ဒုတိယမွေးခြင်းကို ခံခြင်း၊ ၀ိညာဉ်တော်၌ အသစ် ပြုပြင်ခြင်း၊ အသစ်သောမွေးဖွားခြင်းအားဖြင့် ဘုရားသခင်၏သားသမီးဖြစ်ခြင်းအခွင့်ရရှိသည်။ ကားတိုင်တော် ပေါ်တွင် သခင်ယေရှုခရစ်တော်သည် အသေခံချိန်တွင် ပြစ်ကြွေးအားလုံးကိုပေးဆပ်ပေးခဲ့ပြီဟု ယုံကြည်ကိုးစားခြင်း သည်ဝိညာဉ်ရေးရာ၌ ဒုတိယမွေးခြင်း ကိုဆိုလိုသည်။ ထို့ကြောင့် လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင် သောသတ္တဝါဖြစ်၏……..” (၂ကော၊ ၅း၁၇) (က))။

သခင်ယေရှုခရစ်တော်ကို အသက်ကယ်တင်ရှင်အဖြစ် မိတ်ဆွေသည် ယုံကြည်လက်ခံ ကိုးစားခြင်းမရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် မိတ်ဆွေ၏နှလုံးသားထဲ၌ စကားပြောသည်ဟု မိတ်ဆွေသည် ခံယူနိုင်မည်လော? မိတ်ဆွေသည်ဒုတိယမွေးခြင်းခံရန်လိုအပ်သည်။ယနေ့မိတ်ဆွေသည် နောင်တ ရရှိရန် နှင့်အသစ်ပြုပြင်သော သတ္တဝါဖြစ်ရန်ဆုတောင်းလိုသလား။ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သော သူတို့အား ဘုရားသခင်၏သားဖြစ်ရသော အခွင့်ကိုပေးတော်မူ၏။ ထိုသားတို့မူကား လူမျိုးနှင့် စပ်ဆိုင်၍ဖွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။ လူအလိုအလျောက်ဖွားသောသားမဟုတ်၊ ဘုရားသခင် ဖွားတော်မူသောသားဖြစ်သတည်း (ယောဟန် ၁း၁၂-၁၃)။

မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် လက်ခံလို၍ ဒုတိယမွေးခြင်းကို လိုလျှင် ဤသို့ဆုတောင်းပါ။ ယုံကြည်ခြင်းမပါပဲ ဆုတောင်းခြင်းသို့မဟုတ် တခြားဆုတောင်းခြင်းက မိတ်ဆွေကိုမကယ်တင်နိုင် သည်ကိုမှတ်ထားပါ။ ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းကသာ မိတ်ဆွေကိုအပြစ်နွံထဲမှ ကယ်တင်နိုင်ပါသည်။ ဤဆုတောငး်ခြင်းသည် မိတ်ဆွေက ဘုရားသခင်ကိုယုံကြည်ကိုးစားကြောင်းနှင့် သူပြင်ဆင်ပေးထားသော ကယ်တင် ခြင်းတရားအတွက် ကိုယ်တော်ကိုကျေးဇူးတင်စကားပြောခြင်းဖြစ်သည်။ “ဘုရားသခင် ကျွန်ုပ်သည်ကိုယ်တော်ကို ပြစ်မှားကြောင်းနှင့် ထိုအပြစ်တရားအတွက် တရားစီရင်ခြင်းပြစ်ဒဏ်ကို ကျွန်ုပ်သည် ခံထိုက်ကြောင်းကျွန်ုပ်သိပါ၏။ ကျွန်ုပ်ခံထိုက်သော ပြစ်ကြွေးအားလုံးကို သခင်ယေရှုကယူဆောင်သွားခဲ့သောကြောင့် ကျွန်ုပ်သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် လွှတ်ခြင်းအခွင့်ရပါ၏ ကျွနု်ပ်သည်အပြစ်ဒုစရိုက်နွံမှ ရုန်းထွက်၍ ကယ်တင်ခြင်းရရှိရန် ကိုယ့်တော့်ကို ကျွန်ုပ်ယုံကြည်ကိုးစားပါ၏။ ကိုယ်တော်၏ အံ့ဖွယ်သောကျေးဇူးတော်တရားနှင့်ခွင့်လွှတ်ခြင်းတရား၊ ထာဝရအသက်ဆုကျေးဇူးတော်အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏! အာမင်!


English




ဒုတိယမွေးခြင်းကိုခံသောခရစ်ယာန်ဟူသည် အဘယ်နည်း?
© Copyright Got Questions Ministries