settings icon
share icon
မေးခွန်း

။ ခရစ်ယာန်များသန္ဓေတားဆီးခြင်းအကြောင်းကို သမ္မာကျမ်းစာက မည်သို့ဖော်ပြထားသနည်း။ သန္ဓေ တားဆေး/ကိရိယာအသုံးပြုသင့်သလား။

အဖြေ


ဘုရားသခင်က လူသားများကို "များပြားစွာ မွေးဖွား" (ကမ္ဘာ ၁း၂၈)ကြရန် တာဝန်ပေးခဲ့သည်။ အိမ်ထောင်ပြု ခြင်းခြင်းသည် ဘုရားသခင်ကိုယ်တိုင်ထူထောင်ထားခြင်း ဖြစ်သည်။ သားသမီးများထွန်းကားပြီး ပြုစုပျိုးထောင်ရန်အတွက် ဖြစ်သည်။ ဝမ်းနည်းစရာတစ်ခုမှာ ယခု သားသမီးများကို အနှောင့်အယှက်တစ်ခု၊ ဝန်ပိုးဝန်ထုတ်တစ်ခုအဖြစ် ခံယူခြင်း ဖြစ်သည်။ သားသမီးများသည် လူသားများ၏စားဝတ်နေရေးနှင့်ငွေကြေးသုံးစွဲမှုအတွက် လူတွေကို စိတ်ပူပန်မှုဖြစ်စေ သောသူများဖြစ်ကြသည်။ သူတို့သည် လူမှုအသိုင်းအဝိုင်းမှာ စိုးရိမ်စရာကောင်းသောသူများဖြစ်ကြသည်။ ဤခံယူချက်ကြောင့် လင်မယားတော်တော်များများက သန္ဓေတားဆေးကို အသုံးပြုခြင်း ဖြစ်သည်။

အချို့သောသူများက သန္ဓေတားဆေးကို အတ္တသဘောကြောင့်အသုံးပြုသော်လည်း သားသမီးထွန်းကားနိုင်ခြင်းသည် ဘုရားသခင််ပေးသော ဆုကျေးဇူးဖြစ်သည်ဟု သမ္မာကျမ်းစာ ဖော်ပြထားသည် (ကမ္ဘာ ၄း၁၊ ကမ္ဘာ ၃၃း၅)။ သားသမီးများ သည် ဘုရားသခင်ပေးသော အမွေဥစ္စာတစ်ခုဖြစ်သည် (ဆာလံ ၁၂ရး၃-၅)။ သားသမီးများသည် ဘုရားသခင်ပေးတော်မူ သော ဆုကျေးဇူးတစ်ခုဖြစ်သည် (လုကာ ၁း၄၂)။ သားသမီးများသည် အသက်ကြီးသောသူများအတွက် ပေါင်းသရဖူတစ်ခု ဖြစ်သည် (သုတ္တံ၁ရး၆)။ဘုရားသခင်က အမြုံမတို့အား သားသမီးထွန်းကားစေခဲ့သည် (ဆာလံ ၁၁၃း၉၊ ကမ္ဘာ ၂၁း၁-၃၊ ၂၅း၂၁-၂၂၊ ၂၅း၂၁-၂၂၊ ၃ဝး၁-၂၊ ၁ရာ ၁း၆-၈၊ လုကာ ၁းရ၊ ၂၄-၂၅)။ ဘုရားသခင်က ဝမ်းဗိုက်ထဲမှာ သားသမီးထွန်းကား စေသည် (ဆာလံ ၁၃၉း၁၃-၁၆)။ ဘုရားသခင်က ကလေးသူငယ်များအား သူတို့မဖွားမီ သိရှိသည် (ယေရမိ ၁း၅၊ ဂလာတိ ၁း၁၅)။

အထူးသဖြင့် ကလေးတားခြင်းနှင့်ပတ်သက်၍ ပြစ်ဒဏ်ခံခြင်းကို ကမ္ဘာဦးကျမ်း အခန်းကြီး ၃၈ ထဲတွင် ဖော်ပြထားသော ယုဒ၏သားများ ဧရနှင့် သြနန်တို့မှာ တွေ့ရှိနိုင်သည်။ ဧရက တာမာနှင့်အိမ်ထောင်ပြုခဲ့သည်။ သို့သော် သူသည် ဆိုးသွမ်း သဖြင့် ဘုရားသခင်က သူ့ကို သတ်ခဲ့သည်။ တာမာသည် ခင်ပွန်းမရှိ၊ သားသမီးလည်းမရှိတော့ပါ။ တရားဟောရာကျမ်း ၂၅း၅-၆၌ဖော်ပြထားသော လေဝိသားများနှင့်စပ်ဆိုင်သည့်အိမ်ထောင်ပြုချက်အရ တာမာသည် ဧရ၏ညီ သြနန်နှင့် တဖန် အိမ်ထောင်ပြုခဲ့သည်။ သြနန်သည် သူအစ်ကို ကိုယ်စားသားသမီးရရှိကာ သူ၏အမွေကို မခွဲပေးလိုသဖြင့် ကလေးတားခြင်း၊ ကိုယ်ဝန်ဖျက်ခြင်းကို ကျင့်သုံးခဲ့သည်။ ကမ္ဘာ ၃၈း၁၀ ထဲတွင် "ထိုအမှုကို ထာဝရဘုရားနှစ်သက်တော်မ မ ူသောကြောင့် သြနန်ကိုလည်း ကွပ်မျက်တော်မူ၏"ဟု ဖော်ပြထားသည်။ သြနန်၏စိတ်ထားသည် အတ္တဆန်ခဲ့သည်။ သူက သူ၏ကာမပျော်မွေ့ရန်အတွက်သာ တာမာကို သုံးစားခဲ့သည်။ တာမာသည် ကလေးမွေးဖွားပြီး သေဆုံးသော သူ့အစ်ကိုအတွက် အမွေဆက်ခံမည့်ကလေးမမွေးဖွားရန် သူငြင်းဆိုခဲ့သည်။ ဤကျမ်းပိုဒ်က ဘုရားသခင်သည် ကလေး တားဆေးအသုံးပြုခြင်းကို မထောက်ခံကြောင်း ဖော်ပြထားသော ကျမ်းပိုဒ်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က သြနန်ကို သတ်ခြင်းအကြောင်းသည် ကလေးတားဆေးကို အသုံးပြုခြင်းဖြစ်ကြောင်း တိကျစွာ ဖော်ပြထားခြင်း မရှိပါ။ သူအသတ်ခံ ရခြင်းသည် သူ၏လုပ်ဆောင်မှုနောက်ကွယ်မှာရှိသော သြနန်၏အတ္တကြောင့် ဖြစ်သည်။

ဘုရားသခင်က ကလေးသူငယ်များမြင်တွေ့သည့်အတိုင်း မြင်တွေ့ခြင်းသည် အရေးကြီးသည်။ လောကလူများများကဲ့သို့ မြင်တွေ့ရန်မဟုတ်ပါ။ သမ္မာကျမ်းစာက ကလေးတားဆေးအသုံးပြုခြင်းကို မတားခဲ့ပါ။ အဓိပ္ပါယ်အားဖြင့် စဉ်းစားလျှင် က လေးတားဆေး/ကိရိယာကို အသုံးပြုခြင်းသည် ကိုယ်ဝန်မရှိရန်အတွက် ဖြစ်သည်။ အမှားနှင့်အမှန်ကို ဆုံးဖြတ်ရန်အတွက် ကလေးတား ဆေးအသုံးပြုခြင်းမဟုတ်ပါ။ သြနန်အကြောင်းမှ ကျွနု်ပ်တို့သင်ယူသည့်အတိုင်း အမှားအမှန်ကို ဆုံးဖြတ်ပေးရန် ကလေး တားဆေးအသုံးပြုခြင်း၏နောက်ကွယ်မှာ အကြံအစည်တစ်ခုရှိသည်။ အိမ်ထောင်ပြုပြီးသော ဇနီးမောင်နှံတို့သည် သူတို့၏ ပျော်မွေ့ခြင်းအတွက် ကလေးတားဆေး/ကိရိယာကို အသုံးပြုလျှင် မှားသည်။ သို့သော် သူတို့သည်ငွေကြေးကိစ္စ၌ဖြစ်စေ၊ ၀ိညာဉ်ရေးရာ၌ဖြစ်စေ ရင့်ကျက်သောအခါမှသာ ကလေးရရှိရန်ရည်ရွယ်၍ ကလေးတားဆေးကို ခဏအတွက်အသုံးပြု လျှင် အချိန်တစ်ခုအတွက် ကလေးတားဆီးခြင်းသည် လက်ခံနိုင်ဖွယ်ရှိသည်။ ထို့ပြင် သူတို့၏စိတ်ထားပေါ်မှာ အားလုံး မူတည်သည်။

သားသမီး ရရှိခြင်းသည် ကောင်းသောအရာဖြစ်သည်ဟု သမ္မာကျမ်းစာက အမြဲတမ်းဖော်ပြထားသည်။ လင်မယားနှစ် ယောက်တို့သည် သားသမီးထွန်းကားရန် သမ္မာကျမ်းစာက မျှော်လင့်သည်။ သားသမီးမထွန်းကားခြင်းသည် ဆိုးသော အရာဖြစ်သည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည်။ သမ္မာကျမ်းစာထဲမှာ သားသမီးမရချင်သောသူမရှိဟု ဖော်ပြ ထားခြင်းမရှိပါ။ ထိုနည်းတူ၊ အချိန်အကန့်အသတ်တစ်ခုအတွက် ကလေးတားဆေး/ကိရိယာကို အသုံးပြုခြင်းသည် မှားယွင်းသည် ဟု သမ္မာကျမ်းစာထဲတွင် ကွက်ကွက်ကွင်းကွင်း ဖော်ပြထားခြင်းမရှိပါ။ အိမ်ထောင်ပြုပြီးသော လင်မယားနှစ်ဦးစလုံးတို့ သည် ဘုရားသခင်၏အလိုတော်ကိုရှာဖွေ၍ သားသမီးများရရှိရန် ကြိုးပမ်းခြင်း၊ သားသမီးမည်မျှရရှိရန် ဆုံးဖြတ်ချက် ချမှတ်ခြင်းကို ပြုလုပ်ရပေမည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

။ ခရစ်ယာန်များသန္ဓေတားဆီးခြင်းအကြောင်းကို သမ္မာကျမ်းစာက မည်သို့ဖော်ပြထားသနည်း။ သန္ဓေ တားဆေး/ကိရိယာအသုံးပြုသင့်သလား။
© Copyright Got Questions Ministries