settings icon
share icon
မေးခွန်း

“ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦး မည်သို့ဖြစ်လာနိုင်သနည်း”

အဖြေ


။ ခရစ်ယာန်တစ်ဦးဖြစ်လာရန် ပထမခြေလှမ်းမှာ “ခရစ်ယာန်” ဟူသော အသုံးအနှုန်းကို နားလည်ရန်ဖြစ် သည်။အေဒီ ပထမရာစုတွင် အန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟူသော ဝေါဟာရ၏မူလအစဖြစ်ပေါ်ခဲ့သည်(တမန်တော်၁၁း၂၆ ကို ကြည့်ပါ)။အစမှာ “ခရစ်ယာန်” ဟူသောအသုံးအနှုန်းသည် စော်ကားမှုကိုရည်ရွယ်ထားခြင်းဖြစ်နိုင်သည်။၎င်းစကားလုံးသည် အခြေခံအားဖြင့် “ခရစ်တော်ငယ်”ဟု ဆိုလိုသည်။မည်သို့ပင်ဆိုစေ၊ရာစုနှစ်များတစ်လျှောက်တွင် ခရစ်တော်ကိုယုံကြည်သူ များသည် “ခရစ်ယာန်”ဟူသော အသုံးအနှုန်းကို လက်ခံကျင့်သုံးကြပြီး မိမိတို့သည် ယေရှု၏နောက်လိုက်များအဖြစ်ခွဲခြား သတ်မှတ်ရန် ၎င်းကို အသုံးပြုခဲ့ကြသည်။ခရစ်ယာန်တစ်ဦး၏ရိုးရှင်းသောအနက်ဖွင့်ဆိုချက်မှာ ယေရှုခရစ်တော်နောက်လိုက် သောသူတစ်ဦးဖြစ်သည်။

ကျွန်ုပ်သည် အဘယ်ကြောင့် ခရစ်ယာန်တစ်ဦးဖြစ်လာသင့်သနည်း။

ယေရှုခရစ်က၊ “လူသားသည် သူတပါးကို စေစားခြင်းဌါမလာ၊သူတပါးအစေကို ခံခြင်းဌါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းဌါ၎င်း၊ကြွလာသတည်း” ဟုမိန့်တော်မူ၏(မာကု၁၀း၄၅)။ထို့နောက် မေးခွန်းထုတ်စရာရှိလာသည်- ကျွန်ုပ် တို့သည် အဘယ်ကြောင့် ရွေးနုတ်ဖို့လိုအပ်သနည်း။ရွေးနုတ်ခြင်း၏အယူအဆသည် လူတစ်ဦးလွတ်မြောက်ရန် လဲလှယ် ပေးရမည့်ပေးချေမှုတစ်ခုဖြစ်သည်။ရွေးနုတ်ခြင်း၏အယူအဆကို တစ်စုံတစ်ယောက်ပြန်ပေးဆွဲခံပြီး အဖမ်းခံနေရသောအခါ ထိုသူ၏လွတ်မြောက်မှုအတွက် လူတစ်ဦးမှရွေးနုတ်ဖိုးပေးခြင်းကို အများဆုံးသာဓကအသုံးပြုလေ့ရှိသည်။

ကျေးကျွန်ဘ၀မှ လွတ်မြောက်ရန် ကျွန်ုပ်တို့၏ရွေးနုတ်ဖိုးကို ယေရှုပေးဆောင်ခဲ့သည်။ကျေးကျွန်ဘ၀ဆိုသည်မှာ အဘယ်နည်း။အပြစ်တရား၏ကျေးကျွန်နှင့်၎င်း၏အကျိုးဆက်များတည်းဟူသော ရုပ်ပိုင်းဆိုင်ရာသေခြင်းနောက်တွင် ဘုရား သခင်နှင့်ထာဝရခွဲခွာခြင်းဖြစ်သည်။ဤရွေးနုတ်ခြင်းကို ယေရှုအဘယ်ကြောင့် ပေးဆောင်ရန်လိုအပ်သနည်း။အဘယ်ကြောင့် နည်းဟူမူကား၊လူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ (ရောမ၃း၂၃) ဘုရားသခင်ထံမှ တရားစီရင်ခြင်းခံထိုက်သောကြောင့်ဖြစ် သည်(ရောမ၆း၂၃)။ကျွန်ုပ်တို့၏ရွေးနုတ်ခြင်းအခကို ယေရှုမည်သို့ပေးဆောင်ခဲ့သနည်း။ကျွန်ုပ်တို့၏အပြစ်ကြွေးကိုဆပ်ရန် လက်ဝါးကပ်တိုင်မှာ အသေခံခြင်းအားဖြင့်ဖြစ်၏ (၂ကော၁၅း၃၊၂ကော၅း၂၁)။ယေရှု၏သေခြင်းသည် ကျွန်ုပ်တို့၏အပြစ်အား လုံးအတွက် လုံလောက်စွာ မည်သို့ပေးဆပ်နိုင်မည်နည်း။ယေရှုသည် လူသားအသွင်သဏ္ဍာန်ဖြင့်ကြွလာသောဘုရားသခင် ဖြစ်ကာ ကျွန်ုပ်တို့လူသားကဲ့သို့ဖြစ်လာသောအားဖြင့် ကျွန်ုပ်တို့၏အပြစ်များအတွက်အသေခံဖို့ရန် မြေကြီးပေါ်မှာဆင်း သက်လာသည့်ဘုရားသခင်ဖြစ်သည်(ယောဟန်၁း၁၊၁၄)။ဘုရားသခင်အနေနှင့်၊ယေရှု၏အသေခံခြင်းသည် အနန္တတန်ဖိုးရှိပြီး လောကတစ်ခုလုံး၏အပြစ်များများအတါက် ပေးဆပ်ဖို့ရန် လုံလောက်သည်(၁ယော၂း၂)။အသေခံပြီးနောက် ယေရှု၏ရှင်ပြန် ထမြောက်ခြင်းက ကိုယ်တော်၏သေခြင်းသည် လုံလောက်သောပူဇော်သကာဖြစ်ကြောင်းကို၎င်း၊သူသည် အပြစ်တရားနှင့် သေခြင်းကို ဧကန်အမှန်အောင်မြင်ခဲ့ကြောင်းကို၎င်း သက်သေပြခဲ့သည်။

ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးမည်သို့ဖြစ်လာနိုင်မည်နည်း

ဤသည်မှာ အကောင်းဆုံးအပိုင်းပင်။ကျွန်ုပ်တို့အတွက် သူ၏မေတ္တာတော်ကြောင့် ဘုရားသခင်သည် ခရစ်ယာန် တစ်ဦးဖြစ်လာရန် အလွန်ရိုးရှင်းစွာပြုလုပ်ထားသည်။သင်လုပ်ဆောင်ရမည့်အရာမှာ သခင်ယေရှုကို မိမိ၏ကယ်တင်ရှင်အ ဖြစ်လက်ခံလိုက်ပါ၊သူ၏သေခြင်းသည် သင့်အပြစ်များအတွက် လုံလောက်သောပူဇော်သကာဖြစ်ကြောင်း အပြည့်အ၀လက် ခံပါ(ယောဟန်၃း၁၆)၊သူသည်သာ သင်၏ကယ်တင်ရှင်အဖြစ် အပြည့်အ၀ယုံကြည်အားကိုးပါ(ယောဟန်၁၄း၆၊တမန်တော်၎း ၁၂)။ခရစ်ယာန်တစ်ဦးဖြစ်လာခြင်းသည် ထုံးတမ်းဓလေ့များ၊ဘုရားကျောင်းသွားခြင်း သို့မဟုတ် အချို့သောအရာများကိုလုပ် ပြီး အခြားအရာများရှောင်ကြဉ်ခြင်းမဟုတ်ပါ။ခရစ်ယာန်တစ်ဦးဖြစ်လာခြင်းသည် ယေရှုခရစ်နှင့်ပုဂ္ဂိုလ်ရေးဆက်နွယ်မှုရှိခြင်း ပင်ဖြစ်သည်။ယုံကြည်ခြင်းအားဖြင့် ယေရှုခရစ်နှင့်ပုဂ္ဂိုလ်ရေးဆက်နွယ်မှုရရှိခြင်းသည် လူတစ်ဦးကိုခရစ်ယာန်ဖြစ်စေသည်။

ခရစ်ယာန်တစ်ဦးဖြစ်လာဖို့ အသင့်ဖြစ်ပြီလော

အကယ်၍ သင်သည် ယေရှုခရစ်ကိုသင်၏ကယ်တင်ရှင်အဖြစ်လက်ခံခြင်းဖြင့် ခရစ်ယာန်တစ်ဦးဖြစ်လာရန် အသင့် ဖြစ်နေပါက သင်လုပ်ဆောင်ရမည့်အရာမှာ ယုံကြည်ရန်ဖြစ်သည်။သင်သည် ဒုစရိုက်ပြုပြီး ဘုရားသခင်ထံမှ တရားစီရင်ခြင်း ခံထိုက်သူဖြစ်ကြောင်း သင်နားလည်ယုံကြည်ပါသလား။ယေရှုသည် သင်၏အပြစ်ဒဏ်ကို သူ့အပေါ်မှာတင်ပြီးယူဆောင်ကာ သင့်ကိုယ်စား ကိုယ်တော်အသေခံကြောင်းကို သင်နားလည်ယုံကြည်ပါလား။ကိုယ်တော်၏သေခြင်းသည် သင်၏အပြစ်များ အတွက် ပေးဆပ်ရန်လုံလောက်သောပူဇော်သကာဖြစ်ကြောင်းကို သင်နားလည်ယုံကြည်ပါသလား။အကယ်၍ အဆိုပါ မေး ခွန်းသုံးခုအား ဟုတ်ကဲ့ ဟု သင်သည်ဖြေဆိုပါက သခင်ယေရှုကို သင်၏ကယ်တင်ရှင်အဖြစ်ယုံကြည်မှုကို ရိုးရှင်းစွာဖြင့် ကိုယ်တော်၌ပုံအပ်လိုက်ပါ။ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံပါ၊ ကိုယ်တော်တစ်ပါးတည်းသာ အပြည့်အ၀ယုံ ကြည်ပါ။ခရစ်ယာန်တစ်ဦးဖြစ်လာဖို့ဟူသည် ဤမျှသာဖြစ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

“ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦး မည်သို့ဖြစ်လာနိုင်သနည်း”
© Copyright Got Questions Ministries