settings icon
share icon
မေးခွန်း

တိရိ စ္ဆာန်များသည် ကောင်းကင်နိုင်ငံသို့ ရောက်ရှိနိုင်သလား။တိရိ စ္ဆာန် များက ၀ိညာဉ်ရှိသလား။

အဖြေ


တိရိ စ္ဆာန်များသည် ၀ိညာဉ်ရှိခြင်းနှင့်ကောင်းကင် နိုင်ငံတော်သို့ရောက်ရှိ နိုင်ခြင်းအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် သေချာစွာဖော်ပြထားခြင်းမရှိပေ။ သို့သော် ဤအကြောင်းနှင့်ပတ်သက်၍ ဖြေရှင်းပေးနိုင်ရန်အတွက် သမ္မာကျမ်းစာဖော်ပြပေးသော အခြေခံနည်းဥပဒေသအချို့တို့ကို လေ့လာကြပါစို့။ လူ (ကမ္ဘာ၊ ၂းရ) နှင့် တိရိ စ္ဆာန်(ကမ္ဘာ၊ ၁း၃၀၊ ၆း၁၇၊ ရး၁၅၊ ၂၂) တို့သည် အသက်ရှိကြောင်းကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ တိရိ စ္ဆာန်များနှင့် လူသားတို့၏အဓိက ကွာဟမှုသည် လူသားများသည် ဘုရားသခင်၏ပုံသဏ္ဍာန်တော် နှင့်အညီဖန်ဆင်းထားခြင်းဖြစ်ပြီး (ကမ္ဘာ၊၁း၂၆-၂၇) တိရိ စ္ဆာန်တို့သည် ဘုရားသခင်၏ပုံသဏ္ဍာန် တော်နှင့်အညီ ဖန်ဆင်းထားခြင်းမဟုတ်ပေ။ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်း၏အဓိပ္ပါယ်သည် လူသားတို့သည် ဘုရားသခင်နှင့် တူခြင်း၊ ၀ိညာဉ်ပိုင်ဆိုင်ခြင်း၊ ဆင်ခြင်တွေးခေါ်နိုင်ခြင်း၊ လှုပ်ရှားမှုရှိခြင်း၊ ဆန္ဒရှိခြင်း နှင့် သေသွားခဲ့ပြီးနောက် နောင်ဘဝရှိခြင်း တို့ကို ပိုင်ဆိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ တိရိ စ္ဆာန်များသည် ၀ိညာဉ်ရှိလျှင်၊ ၎င်းသည် ထူးခြား မှုတရပ်ပင်ဖြစ်သည်။ အဓိက ခြားနားမှုသည် တိရိ စ္ဆာန်များက ၀ိညာဉ်မရှိသောကြောင့် သူတို့သည် သေပြီးနောင်တမလွန်ဘဝ ဟူ၍မရှိကြပေ။

တိရိ စ္ဆာန်များသည် ဘုရားသခင်၏ဖန်ဆင်းထားခြင်းဖြစ်ကြောင်းကို လည်း ကမ္ဘာဦးကျမ်း ထဲတွင် ဖော်ပြထားကြောင်း စဉ်းစားရန်လိုအပ်သည်။ ဘုရားသခင်က တိရိ စ္ဆာန်များကို ဖန်ဆင်းခဲ့၍ လှပသည်ဟု မြင်တွေ့ခဲ့သည်။ (ကမ္ဘာ၊ ၁း၂၅)။ ထို့ကြောင့် တိရိ စ္ဆာန်များ သည်လည်း ကောင်းကင်နှင့်မြေကြီးသစ်တွင် မရောက်နိုင်စရာအကြောင်းမရှိပေ။(ဗျာ၊ ၂၁း၁) အနှစ်တထောင်အုပ်စိုးခြင်းတွင်လည်း တိရိ စ္ဆာန်များသည် ရှိနေကြမည်ဖြစ်သည် (ဟေရှာ၊ ၁၁း၆၊ ၆၅း၂၅)။ သို့သော်ထိုတိရိ စ္ဆာန်များသည် ယခုကျွနု်ပ်တို့မွေးမြူသော တိရိ စ္ဆာန်များ ဖြစ်မလား ဟူ၍ လက်မထောင်ပြီး ပြောလို့မရပေ။ ဘုရားသခင်သည် တရားသောအမှုပြုကြောင်းနှင့် ကျွနု်ပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ရောက်ရှိသောအခါ သူပြုသောအမှုများ၏ အဓိပ္ပါယ်ကို ကွက်ကွက်ကွင်းကွင်းသိရှိမည်ဖြစ်ကြောင်း ကျွနု်ပ်တို့သိရှိကြသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

တိရိ စ္ဆာန်များသည် ကောင်းကင်နိုင်ငံသို့ ရောက်ရှိနိုင်သလား။တိရိ စ္ဆာန် များက ၀ိညာဉ်ရှိသလား။
© Copyright Got Questions Ministries