settings icon
share icon
မေးခွန်း

။ ပဌနာတော်သည်အဘယ်အရာဖြစ်သနည်း။ ကျွနု်ပ်တို့သည်ပဌနာတော် အတိုင်းဆုတောင်းသင့်သလား။

အဖြေ


ပဌနာတော်သည် တပည့်တော်များအပေါ်သခင်ယေရှုသွန်သင်သောဆုတောင်း ခြင်းဖြစ်သည်။ မဿဲ ၆း၉-၁၃နှင့်လုကာ ၁၁း၂-၄ထဲတွင်တွေ့ရသည်။ မဿဲ ၆း၉-၁၃ ထဲတွင် “သင်တို့ုဆုတောင်းရမည်မှာ ဤသို့ဖြစ်သည်။ ‘ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွနု်ပ်တို့၏ အဘ၊ ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည် ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသ ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွနု်ပ်တို့အားယနေ့ပေးသနားတော်မူ ပါ။ သူတပါးသည်အကျွနု်ပ်တို့ကိုပြစ်မှား သောအပြစ်များကို အကျွနု်ပ်တို့သည်လွတ်သကဲ့သို့ အကျွနု်ပ်တို့၏အပြစ်များ ကိုလွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ မကောင်းသောအမှုအရာ မှလည်းကယ်နှုတ်တော်မူပါ။’“ ပဌနာတော်ဆုတောင်းခြငး်ကို ကျွနု်ပ်တို့သည် ၄င်းစကားလုံးအတိုင်း တိတိကျကျတောင်းလျှောက်ရမည်ဟု မှားယွင်းစွာ ခံယူတတ်ကြသည်။ အချို့သောသူများက ပဌနာတော်ဆုတောင်းခြင်းကို အလွန်ကောင်း သောနိယာမတစ်ခုအဖြစ်ထင်မှတ်ကြသည်။ ထိုစကားလုံးများသည် တန်ခိုးရှိပြီး ဘုရားသခင်ကိုလွှမ်းမိုးစေနိုင်သည်ဟု ယုံကြည်ကြသည်။

သမ္မာကျမ်းစာက ထိုသို့မဖော်ပြထားပေ။ ဘုရားသခင်သည်ကျွနု်ပ်တို့နှလုံးသားထဲ တွင်ရှိသောစကားလုံးများထက် ကျွနု်ပ်တို့ဆုတောင်းသောအခါ ကျွနု်ပ်တို့၏နှလုံးသားများ ကိုပို၍စိတ်ဝင်စားသည်။ “သင်တို့ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကို ပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ရှိတော်မူသောသင်၏အဘကိုဆုတောင်းလော့။ မထင်ရှား သောအရာကိုမြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာပေးတော်မူလတံ့။ သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူတို့နည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည်များစွာသောစကားအားဖြင့် မိမိအလိုပြည့်စုံမည် ဟုထင်မှတ်ကြ၏” (မဿဲ ၆း၆-၇)။ ဆုတောင်းသောအခါ ဘုရားသခင်ထံ ကျွနု်ပ်တို့၏နှလုံး သားများဖွင့်ပြောရမည်ဖြစ်သည်။ (ဖိလိပ္ပိ ၄း၆-၇) ဘုရားသခင်ထံ အလွတ်ကျက်ထားသော အရာများရွတ်ဆိုခြင်းမျိုးမဟုတ်ပေ။

ပဌနာတော်သည် ဥပမာ၊ နည်းစနစ်၊ ဆုတောင်းနည်းအဖြစ်နားလည်ရမည်ဖြစ် သည်။ ၄င်းထဲတွင် ကျွနု်ပ်တို့ဆုတောင်းသောအခါပါဝင်ရမည့်“အချက်အလက်များ” ပါဝင် ထားသည်။ “ကောင်းကင်ဘုံ၌ရှိတော်မူသောကျွနု်ပ်တို့၏အဘ”သည် ဆုတောင်းသောအခါ ခမည်းတော်ဘုရားသခင်ခံတောင်းလျှောက်ရမည်ကိုပြသသည်။ “နာမတော်အားရိုသေ လေးမြတ်ခြင်းရှိပါစေသော”က ဘုရားသခင်ကိုကိုးကွယ်ရန် နှင့်သူဖြစ်သည့်အတိုင်းချီးမွမ်း ရန်ဖြစ်သည်ကိုဖော်ပြထားပါသည်။ “နိုင်ငံတော်တည်ထောင်ပါစေသော။အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာလည်းပြည့်စုံပါစေသော”စကားစုသည် ကျွနု်ပ်တို့အသက်တာအတွက်ဖြစ်စေ၊ လောကအရာများအတွက်ဖြစ်စေ ဘုရားသခင်၏ အကြံအစည်တော်အတိုင်းဆုတောင်းရမည်ကို ဖော်ပြခြင်းဖြစ်သည်။ ကျွနု်ပ်တို့၏အကြံအ စည်အတိုင်းဆုမတောင်းသင့်ပေ။ ကျွနု်ပ်တို့၏ဆန္ဒပြည့်စုံရန်အတွက် မဟုတ်ဘဲဘုရားသ ခင်၏အလိုတော်ပြည့်စုံရန်အတွက် ဆုတောင်းရမည်ဖြစ်သည်။ ကျွန်ုပ် တို့လိုအပ်သော အရာများ တောင်းလျှောက်နိုင်ရန်အတွက် “အသက်မွေးလောက်သောအ စာကို အကျွနု်ပ်အားယနေ့ပေးသနားတော်မူပါ”ဟုဆုတောင်းရမည်ဖြစ်သည်။ “သူတစ်ပါး သည်ကျွနု်ပ်တို့ကိုပြစ်မှားသောအပြစ်များကိုအကျွနု်ပ်သည်ခွင့်လွှတ်သကဲ့သို့အကျွနု်ပ်အပြစ် ကိုခွင့်လွှတ်တော်မူပါ”ဟုတောင်းခြင်းသည် ဘုရားသခင်ထံကျွနု်ပ်အပြစ်များဝန်ချတောင်း ပန်ရန်နှင့် အပြစ်တရားကိုစွန့်ပစ်ရန်ဖော်ပြလိုခြင်းဖြ်သည်။ ၄င်းအပြင် ဘုရားသခင်က ကျွနု်ပ်တို့ကိုခွင့်လွှတ်သည့်နည်းတူ ကျွနု်ပ်တို့သည်လည်းအခြားသူများကိုခွင့်လွှတ်ရမည် ဖြစ်သည်။ “အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲမကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ”ဆုတောင်းခြင်းသည် အပြစ်တရားအပေါ်အောင်မြင်ခြင်းရရှိရန် တောင်းဆိုးခြင်းဖြစ်ပြီး နတ်ဆိုးဝိညာဉ်ဆိုးများ၏တိုက်ခိုက်မှုမှ ကာကွယ်ရန်တောင်း လျှောက်ခြင်းဖြစ်သည်။

ထိုကြောင့် ပဌနာတော်ကို အလွတ်ကျက်ကာ ဘုရားသခင်ထံရွတ်ရန်အတွက်မ ဟုတ်ပေ။ ကျွနု်ပ်တို့သည်မည်ကဲ့သို့ဆုတောင်းရမည်ကိုလမ်းပြပေးသောဥပမာဖြစ်သည်။ ပဌနာတော်ကိုအလွတ်ကျက်ခြင်း၌မှားယွင်းမှုရှိသလား။ မရှိပေ။ ပဌနာတော်အားဖြင့် ဘုရားသခင်ထံတော်သို့ဆုတောင်းလျှင် မှားယွင်းခြငး်ရှိမည်လား။မရှိပေ။ သို့သော် မိတ်ဆွေစိတ်ထဲတွင်ရှိသောစကားလုံးများသည် တကယ်အစစ်အမှန်ဖြစ်ဖို့လိုအပ်သည်။ မှတ်သားစရာတစ်ခုသည် ဘုရားသခင်သည် လှပသောစကားလုံးများမြွက်ဆိုကာဆု တောင်းခြင်းထက် သူနှင့်ဆက်သွယ်ခြင်း၊ ကျွနု်ပ်တို့နှလုံးသားထဲတွင်ရှိသောအရာများ မြွက်ဆိုခြင်းကို ပို၍စိတ်ဝင်စားခြင်းဖြစ်သည်။ ဖိလိပ္ပိ ၄း၆-၇ ထဲတွင် “အဘယ်အမှုကိုမျှ စိိုး ရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာပြုသောအား ဖြင့် သင်တို့တောင်းပန်လိုသောအရာတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ် အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကို စောင်မလိမ့်မည်”ဟုဖော်ပြထားပါသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

။ ပဌနာတော်သည်အဘယ်အရာဖြစ်သနည်း။ ကျွနု်ပ်တို့သည်ပဌနာတော် အတိုင်းဆုတောင်းသင့်သလား။
© Copyright Got Questions Ministries