settings icon
share icon
မေးခွန်း

ဂျူးလူမျိုးများနှင့် အာရပ်လူမျိုးများ/မွတ်စလင်များသည် အဘယ်ကြောင့် အချင်းချင်း မုန်းတီးကြသနည်း။

အဖြေ


ပထမအနေဖြင့်၊ အာရပ်လူမျိုးများအားလုံးသည် မွတ်စလင်များမဟုတ်သည်ကို၄င်း၊ မွတ်စလင်မျိုးများအားလုံး သည်လည်း အာရပ်လူမျိုးများမဟုတ်သည်ကို၄င်း နားလည်ခြင်းသည် အရေးကြီးသည်။ အာရပ်လူမျိုးအများစုမှာ မွတ်စလင်များဖြစ်ကြသည်။ မွတ်စလင်အာရပ်လူမျိုးများမဟုတ်သော လူမျိုးများစွာလည်း ရှိသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံကဲ့သို့သောနိုင်ငံများမှာ အာရပ်မွတ်စလင်လူမျိုးမဟုတ်သောလူမျိုးများစွာရှိသည်။ အာရပ်မွတ်စလင်လူမျိုးများမဟုတ်ကြပါ။ အာရပ်လူမျိုးများအားလုံးက ဂျူးလူမျိုးများမမုန်းသည်ကို၄င်း၊ မွတ်စလင်လူမျိုး များအားလုံးက ဂျူးလူမျိုးများမမုန်းသည်ကို၄င်း၊ ဂျုးလူမျိုးများအားလုံးက အာရပ်နှင့် မွတ်စလင်လူမျိုးများအားလုံးမမုန်း သည်ကို၄င်း မှတ်ထားရန် အရေးကြီးသည်။ လူပုဂ္ဂိုလ်မဖော်ပြဘဲ လူမျိုးရေးရာဖော်ပြခြင်းကို ရှောင်ကြဉ်ရန် ကျွနု်ပ်တို့ သတိထားရမည်။ သို့သော်လည်း သာမန်အားဖြင့် အာရပ်နှင့်မွတ်စလင်လူမျိုးများက ဂျူးလူမျိုးများကို မကြိုက်၊ မယုံကြည် ကြပါ။ နှောက်ယှက်ကြသည်။

ဤအကြောင်းနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာက တိကျစါာ ဖော်ပြထားပါသည်။ အာဗြဟံအပေါ်အားလုံးမူတည်သည်။ ဂျူးလူမျိုးများသည် အာဗြဟံ၏သားဣဇာက်မှ ဆင်းသက်လာသော လူမျိုးများဖြစ်ကြသည်။ အာရပ်လူမျိုးများသည် အာဗြဟံ၏သား ဣရှမေလမှ ဆင်းသက်လာသော လူမျိုးများဖြစ်ကြသည်။ ဣရှမေလသည် ကျွန်မိန်းမ၏ သားဖြစ်သည် (ကမ္ဘာ ၁၆း၁-၁၆)။ ဣဇာက်သည် အာဗြဟံ၏ကောင်းချီးမင်္ဂလာများကို အမွေခံမည့် ဂတိတော်နှင့်စပ်ဆိုင်သော သားဖြစ်သည် ( ကမ္ဘာ ၂၁း၁-၃)။ ဤသားနှစ်ယောက်တို့အကြားမှာ အငြိုးထားမှုတစ်ချို့ရှိသည်။ ဣဇာက်အပေါ် ဣရှမေလ၏ ပြောင်လှောင်သရော်မှုကြောင့် (ကမ္ဘာ ၂၁း၉) စာရက အာဗြဟံအား ဟာဂရနှင့်ဣရှမေလအား နှင်ထုတ်ရန် ပြောခဲ့သည် (ကမ္ဘာ ၂၁း၁၁-၂၁)။ ဤအဖြစ်အပျက်က ဣရှမေလက ဣဇာက်အပေါ် မုန်းတီးစိတ်ရှိခြင်း ဖြစ်သည်။ ကောင်းကင်တမန်တစ်ပါးက ဟာဂရထံ ဣရှမေလသည် "သူ၏ညီအစ်ကိုမောင်နှမအားလုံးအပေါ် ရန်လိုစိတ်ရှိခြင်းအား ဖြင့် အသက်ရှင်လိမ့်မည်" (ကမ္ဘာ ၁၆း၁၁-၁၂)ဟု ကြိုတင်ဟောပြောခဲ့သည်။

အစ္စလမ်ဘာသာတရားသည် အာရပ်လူမျိုးများအတွက် အဓိကဘာသာတရားဖြစ်သည်။ ထိုသာသာတရားက မုန်းတီးရန် လိုစိတ်ကို အလေးအနက်ထားသည်။ မွတ်စလင်များအား ကိုရန်ကျမ်းထဲတွင် ဂျူးလူမျိုးများကို ဆန့်ကျင်တော်လှန်ရန် လမ်းညွှန်ချက်အချို့ရှိသည်။ မွတ်စလင်များက ဂျူးလူမျိုးများအား ညီအစ်ကိုရင်ခြာကဲ့သို့ ဆက်ဆံရန် ညွှန်ကြားချက်ရှိ သည်။ တဘက်မှာ မွတ်စလင်များက အစ္စလမ်ဘာသာသို့ပြောင်းလဲရန် ငြင်းဆိုသော ဂျူးလူမျိုးများအား တိုက်ခိုက်ရန် ညွန် ကြားထားသည်။ အာဗြဟံ၏သားမှ မည်သူသည် ဂတိတော်နှင့်ဆိုင်သောသားဖြစ်သည့်အကြောင်းကို ကိုရန်ကျမ်းထဲတွင် ဆန့်ကျင်ပြောဆိုခဲ့သည်။ ဟေဗြဲကျမ်းစာထဲမှာ ဂတိတော်နှင့်စပ်ဆိုင်သောသားမှာ ဣဇာက်ဖြစ်သည်ဟု ဖော်ပြထား သည်။ ကိုရန်ကျမ်းထဲတွင် ဣရှမေလဖြစ်သည်ဟု ဖော်ပြထားသည်။ ကိုရန်ကျမ်းထဲတွင် ဘုရားသခင်ထံ အာဗြဟံယဇ်ပူ ဇော်သောသူမှာ ဣရှမေလဖြစ်ပြီး၊ ဣဇာက်မဟုတ်ပါ ဟု သွန်သင်ထားသည်။ (ကမ္ဘာဦးကျမ်းအခန်းကြီး ၂၂ နှင့် ဆန့်ကျင် သည်)။ ဂတိတော်သားအကြောင်းနှင့်ပတ်သက်ပြီး မည်သူသည် ဂတိတော်နှင့်စပ်ဆိုင်သောသားမှန်ဖြစ်ခြင်းအငြင်းပွားမှု သည် ယနေ့ထိတိုင် ရန်လိုမုန်းတီးစေသောအရာဖြစ်သည်။

သို့သော် ဣဇာက်နှင့်ဣရှမေလအကြား ရှေးခေတ်ခါးသီးမှုဇစ်မြစ်က ဂျူးလူမျိုးများနှင့်အာရပ်လူမျိုးများ ယနေ့ရန်လိုမုန်း တီးခြင်းအကြောင်းကို ဖော်ပြထားခြင်းမရှိပါ။ အရှေ့အလယ်ပိုင်းသမိုင်း၏ နှစ်ပေါင်းထောင်ချီအတောအတွင်း ဂျူးလူမျိုး များနှင့် အာရပ်လူမျိုးများသည် ငြိမ်းချမ်းစွာနှင့် လူမျိုးတစ်စုအဖြစ် ကွဲပြားမှုမရှိဘဲ နေထိုင်ခဲ့ကြသည်။ သူတို့အကြား ရန်လို မုန်းတီးမှုအစမှာ မျက်မှောက်ကာလအဖြစ်အပျက်ကြောင့် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားပြီးနောက် ဣသရေလလူမျိုးများပိုင်ဆိုင်သော ခွဲဝေစုများကို United nations များက ဂျူးလူမျိုးများထံ ပေးအပ်ခဲ့သည်။ ထိုအချိန်တွင် ထိုနယ်မြေသည် အာရပ်လူမျိုးများ (ပါလက်စတိုင်းလူမျိုးများ) ကျင်လည်ကျက်စားရာနေရာဒေသဖြစ်သည်။ ဣသရေလလူ မျိုးများက ထိုနယ်မြေများအား အပိုင်သိမ်းပိုက်လိုက်သဖြင့် အာရပ်လူမျိုးများက ဆန္ဒပြခဲ့ကြသည်။ အာရပ်လူမျိုးများ စည်းလုံးပြီး ဣသရေလလူမျိုးများကို ထိုနယ်မြေမှ နှင်ထုတ်ရန် တိုက်ခိုက်ကြိုးပမ်းခဲ့ကြသည်။ သို့သော် သူတို့သည် ရှုံးနှိမ့် ခဲ့ကြသည်။ ထိုအချိန်မှစပြီး ဣသရေလလူမျိုးများနှင့် အိမ်နီးချင်းအာရပ်လူမျိုးများအကြား ကြီးမားသော ရန်လိုမုန်းတီးမှု ရှိခဲ့သည်။ ဣသရေလလူမျိုးများ၏နယ်မြေသည် အလွန်သေးငယ်သည်။ သူတို့နယ်မြေအား ပို၍ကြီးမားသော အာရပ်လူ မျိုးများနေထိုင်ရာ ယောဒန်၊ ဆီးရီးယား၊ ဆော်ရီအာရဗီးယား၊ အေရပ်နှင့်ဧဂျစ်များက ဝိုင်းရံထားသည်။ ကျွနု်ပ်တို့၏အမြင် သမ္မာကျမ်းစာဖော်ပြချက်အရ ပြောရလျှင် ဣသရေလလူမျိုးများသည် အာဗြဟံ၏တူ၊ ယာကုပ်မှဆင်းသက်လာသော ဆွေမျိုးများအပေါ် ဘုရားသခင်ပေးထားသော သူတို့ပိုင်နက်နယ်မြေတွင် အခြေချနေထိုင်ခွင့် ရှိသည်။ တဆက်တည်းမှာ ပင် ဣသရေလလူမျိုးများသည် ငြိမ်းချမ်းရေးကို ရှာဖွေပြီး အာရပ်အိမ်နီးချင်းများအပေါ် အရိုအသေပြသရန်လိုအပ်သည်ဟု ကျွနု်ပ်တို့ယုံကြည်ကြသည်။ ဆာလံ ၁၂၂း၆ ထဲတွင် "ယေရုရှလင်မြို့ငြိမ်ဝပ်မည့်အကြောင်းဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော"ဟု ဖော်ပြထားသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ဂျူးလူမျိုးများနှင့် အာရပ်လူမျိုးများ/မွတ်စလင်များသည် အဘယ်ကြောင့် အချင်းချင်း မုန်းတီးကြသနည်း။
© Copyright Got Questions Ministries