settings icon
share icon
မေးခွန်း

သခင်ယေရှုသာလျှင် ကောင်းကင်နိုင်ငံသို့ပို့ဆောင်နိုင်ရန် လမ်းခရီးဖြစ်သလော?

အဖြေ


“ကျွန်ုပ်သည် အကျင့်စာရိတ္တကောင်းမွန်သောသူဖြစ်သောကြောင့် ကောင်းကင်နိုင်ငံတော်သို့ရောက် ရှိပါလိမ့်မည်။” “ကောင်းပေသည်။ ကျွန်ုပ်သည် ဆိုးသွမ်းသောအမှုတချို့ြပြုခဲ့၍ ကောင်းသောအမှုပြုခြင်းသည် ပို၍ များပြား လာသောကြောင့် ကျွန်ုပ်သည် ကောင်းကင်နိုင်ငံသို့ သွားရမည်။” “ကျွန်ုပ်သည်သမ္မာကျမ်းစာအတိုင်း အသက် မရှင်လျှင်လည်း ဘုရားသခင်က ကျွန်ုပ်ကို ငရဲထဲသို့ပို့လိမ့်မည်မဟုတ်ပေ။ ခေတ်ကာလသည် ပြောင်းလဲသွားခဲ့သည်။” “ကလေးသူငယ်တို့ကိုညှင်းပန်းနှိပ်စက်သောသူများနှင့် လူသတ်သမားတို့သာလျှင် ငရဲသို့သွားလိမ့်မည်။”

ဤခံယူချက်များကို လူမျိုးအများစုထဲတွင် ပေါ်ပေါက်လေ့ရှိသည်။ သို့သော်သမ္မာတရားအရကြည့်လျှင် သူတို့ အားလုံးသည် လိမ်ညာသောသူများဖြစ်ကြသည်။ ဤလောကကို အစိုးရသူ၊ စာတန်သည် ထိုသူတို့၏ ဦးနှောက်အတွေးထဲ၌ ဤမှားယွင်းသောခံယူချက်တို့ကို ထည့်သွင်းပေးခြင်းဖြစ်သည်။ စာတန်နှင့်သူ၏နည်းလမ်းကို လိုက်လျှောက်သော သူတို့သည် ဘုရားသခင်၏ရန်သူများဖြစ်ကြသည် (၁ပေ ၅း၈)။ စာတန်သည်အစဉ်အမြဲ သူတော်ကောင်းယောင် ဆောင်သည် (၂ကော ၁၁း၁၄)။ သို့သော် ဘုရားသခင်ထံမှမလာသောဆိုးညစ်သော အတွေးအခေါ်များကို လူတွေ၏ စိတ်နှလုံးထဲသို့ ထည့်သွင်းပေးခြင်းဖြင့် စာတန်က လူတွေကို ထိန်းချုပ်သည်။ “ထိုုသို့မယုံကြည်သောသူတို့ကားဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသောခရစ်တော်၏ဘုန်းအသရေ နှင့်ပြည့်စုံ သော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ၊ ဤလောကကိုအစိုးရသော ဘုရားသည် လူတို့၏ ညာဉ်မျက်စိကို ကွယ်စေ၏ (၂ကော ၄း၄)။

ဘုရားသခင်က သေးငယ်သော အပြစ်ကို ဂရုမစိုက်ဟု ယုံကြည်ခြင်းနှင့် ငရဲမီးအိုင်သည် “ဆိုးသွမ်းသောသူ များ” အတွက်ဖြစ်သည်ဟု ယုံကြည်ခြင်းသည်မုသာ ဖြစ်သည်။ “အနည်းငယ်သော လိမ်ညာမှုအပါအဝင် အပြစ်တရား အားလုံးက ကျွန်ုပ်တို့ကိုဘုရားသခင်နှင့် ခွဲခွာစေပါသည်။ လူအားလုံးသည် အပြစ်ဒုစရိုက်ကို ပြုကြပြီ။ မိမိကိုယ်ကို ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံသို့ရောက်ရန် ကောင်းမှုပြုနိုင်သောသူတစ်စုံတစ်ယောက်မျှမရှိပေ (ရောမ ၃း၂၃)။ ကောင်းကင်နိုင်ငံတော်သို့ရောက်ရှိခြင်းသည် ကျွန်ုပ်တို့ပြုသော ကောင်းမှုကုသိုလ်က ကျွန်ုပ်တို့ပြုခဲ့ သော အကုသိုလ်ထက်သာလွန်ခြငး်ကြောင့် မဟုတ်ပေ။ ထိုသို့ချိန်ခွင်လို ချိန်ဆလျှင် ကျွန်ုပ်တို့အားလုံးသည် ငရဲမီးအိုင် ထဲသို့သွားရပါလိမ့်မည်ဖြစ်သည်။ “ကျေးဇူးတော်အားဖြင့်ရှိလျှင ်ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ။ ရှိလျှင် ကျေးဇူး သည်ကျေးဇူးမဟုတ်။ ကိုယ့်ကျင့်သောအကျင့်အားဖြင့်ရှိလျှင် ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကျင့်သော အကျင့်သည် အကျင့်မဟုတ်” (ရောမ ၁၁း၆)။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ရောက်ရန် ကောင်းမှုကုသိုလ်တစ်စုံတစ်ခုမှ မပြုနိုင်ပေ (တိတု ၃း၅)။

“ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းလမ်းသို့ရောက်သောလမ်းနှင့် တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည် များကြ၏” (မဿဲ ရး၁၃)။ လူတစ်စုံတစ်ယောက်သည်အပြစ်ရှိလျက်ပင် ဘုရားသခင်က ခွင့်လွှတ်လိမ့်မည်ဟု ယူဆတတ်ကြသည်။ ဘုရားသခင်က ခွင့်လွှတ်မည်မဟုတ်ပေ။ “သင်တို့သည် အထက်က လောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏တန်ခိုးကို အစိုးရသောမင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သော ၀ိညာဉ်၏အလိုနှင့်အညီ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူ၏” (ဧဖက် ၂း၂)။

ဘုရားသခင်က ဤလောကကိုဖန်ဆင်းခဲ့သောအချိန်တွင််လိုအပ်မှုမရှိပဲပြည့် စုံအောင်ဖန်ဆင်းခဲ့သည်။ အရာအားလုံးး သည်ကောင်းမွန်သည်။ ထို့နောက် ဘုရားသခင်က လူအာဒံနှင့် ဧဝံကို ဖန်ဆင်းခဲ့၍ သူတို့အပေါ်တွင် ရွေးချယ်နိုင်သော အခွင့်အရေးပေးခဲ့သည်။ ထို့ကြောင့်သူတို့သည် ဘုရားသခင်၏စကားတော်ကိုနာခံမည်လော သို့မဟုတ် ငြင်းပယ်မည် လောဟူသော ရွေးချယ်မှုကို သူတို့၏တာဝန်ဖြစ်သည်။ သို့သော်ဘုရားသခင် ဖန်ဆင်းခဲ့သော ပထမဆုံးသော လူသား အာဒံနှင့် ဧဝတို့သည် စာတန်၏စုံစမ်းသွေးဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို နာမခံခဲ့ပေ။ ထို့ကြောင့်သူတို့သည် အပြစ်ဒုစရိုက်ပြုခဲ့ကြသည်။ ထိုအပြစ်တရားက သူတို့ (ကျွန်ုပ်တို့အပါအဝင် အာဒံခေတ်နောက်မှလာသော လူသားအားလုံး)သည်ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်စွာ မိတ်သဟာရမဖွဲ့နိုင်တော့ပေ။ ဘုရားသခင်သည် ပြည့်စုံသည်။သန့်ရှင်းသည်။အပြစ်တရားကိုတရားစီရင်သည်။ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သောကြောင့် မိမိကိုယ်ကိုကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ဘုရားသခင်နှင့် နီးကပ်စွာမိတ်သာဟာရမဖွဲ့နိုင်တော့ပေ။ ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်တို့ သည်ကောင်းကင်နိုင်ငံတော်၌် သူနှင့်အတူ တလုံးတဝနေထိုင်နိုင်သော နည်းလမ်းကို လမ်းဖွင့်ပေးထားခဲ့သည်။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” (ယောဟန် ၃း၁၆)။ အပြစ်တရား၏အခကားသေခြင်းပေတည်း။“ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှု ခရစ်အားဖြင့် ထာဝရအသက်ပေတည်း” (ရောမ ၆း၂၃)။ သခင်ယေရှုသည် လူဇာတိကိုခံယူခဲ့သည်။ သို့မှသာလျှင် သူသည် ထာဝရအသက်လမ်းကိုညွှန်ပြနိုင်၍ ကျွန်ုပ်တို့၏အပြစ်ကြွေးပေးဆပ်နိုင်မည်ဖြစ်သည်။ သူက ကျွန်ုပ်တို့၏အပြစ်ကြွေးအားလုံးပေးဆပ်ခဲ့သောကြောင့် ကျွန်ုပ်တို့ပေးဆပ်ရန်မလိုတော့ပေ။ သူသည် သေပြီးသုံးရက် မြောက်သောနေံတွင်ရှင်ပြန်ထမြောက်ခဲ့၍ (ရောမ ၄း၂၅)၊ သေခြင်းတရားအပေါ်အောင်မြင်ခြင်းကို သူက စီမံ ဆောင်ရွက်ပြီးခဲ့ပါသည်။ ဘုရားသခင်နှင့် လူစပ်ကြားတွင် သခင်ယေရှုက တံတားခင်းပေးခဲ့သည်။ ထို့ကြောင့်ယုံကြည် သောသူတို့သည် ဘုရားသခင်နှင့်အတူ မိတ်သာဟာရဖွဲ့နိုင်ခြင်းဖြစ်သည်။ ထာဝရအသက်ဟူမူကား မှန်သောဘုရား သခင်တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၄င်း၊ စေလွှတ်တော်မူသော သခင်ယေရှုကိုသိကျွမ်းခြင်းတည်း (ယောဟန် ၁ရး၃)။ စာတန်ကဲ့သို့များစွာသော သူတို့သည် ဘုရားသခင်ကိုယုံကြည်ကြသည်။ သို့သော် ကယ်တင်ခြင်း ရရှိနိုင်ရန် ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ပြန်လာ၍ သူနှင့်မိတ်သာဟာရဖွဲ့ကာ ကျွန်ုပ်တို့၏ အပြစ်ဒုစရိုက်ကို ကျောခိုင်းလျက်သခင်ယေရှုနောက်တော်သို့လိုက်ရမည်ဖြစ်သည်။ကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ဖြစ်စေ၊ လုပ်ဆောင် သမျှတို့၌ ဖြစ်စေ သခင်ယေရှုကို ကိုးစားရမည်ဖြစ်သည်။ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သောသူ အပေါင်းတို့အဘို့ဖြစ်၍ ထိုသူအပေါင်းတို့အပေါ်သို့ ရောက်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ ပြီ။ ခြားနားခြင်းအလျင်းမရှိ (ရောမ ၃း၂)။ ခရစ်တော်ကလွှဲ၍ ကယ်တင်ခြင်းလမ်းသို့ ပို့ဆောင်ပေးနိုင်သောလမ်းမရှိ ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ ယောဟန် ၁၄း၆ ထဲတွင် “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခရစ်တော်ထံသို့မရောက်ရ” ဟုသခင်ယေရှုကမိန့်ဆိုခဲ့သည်။

သခင်ယေရှုတစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့၏ အပြစ်ကြွေးအားလုံးပေးဆပ်ပေးနိုင်သော ဘုရားဖြစ်သော ကြောင့် သခင်ယေရှုသာလျှင် ကယ်တင်ခြင်းလမ်းသို့ပို့ဆောင်ပေးနိုင်သောလမ်းသွယ်ဖြစ်သည် (ရော ၆း၂၃)။ ဘာသာ တရားသွန်သင်သူတို့က အပြစ်တရားနှင့် ၄င်း၏အကျိုးသက်ရောက်မှုတို့ကို နက်ရှိုင်းစွာသို့မဟုတ် လေးနက်စွာ သွန်သင်ခြင်းမရှိပေ။ သခင်ယေရှုခရစ်တော်ပြင်ဆင်ပေးနိုင်သော အပြစ်ကြွေးအားလုံးပေးဆပ်ကျေအေးခြင်းကိုလည်း ဘာသာတရားတစ်ခုကမှ မစွမ်းဆောင်နိုင်ပေ။ အပြစ်ကြွေးအားလုံးပေးဆပ်ရန် “ဘာသာတရားတည်ထောင်သူ” တစ်ဦးမျှ ဘုရားမှလူဖြစ်လာခဲ့သည်(ယောဟန် ၁း၁၂-၁၄)ဟူ၍မရှိပေ။သခင်ယေရှုသည် ဘုရားသခင်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ အပြစ်ကြွေးအားလုံးပေးဆပ်နိုင်ခြင်းဖြစ်သည်။ သခင်ယေရှုသည် အသေခံနိုင်ရန် လူဇာတိကိုခံယူခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းရရှိနိုင်သည်။ ထိုသခင်၏ နာမတော် မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောငး်ကင်အောက်လူတို့တွင် မပေါ်မရှိ (တမန် ၊ ၄း၁၂)။


English




သခင်ယေရှုသာလျှင် ကောင်းကင်နိုင်ငံသို့ပို့ဆောင်နိုင်ရန် လမ်းခရီးဖြစ်သလော?
© Copyright Got Questions Ministries