settings icon
share icon
မေးခွန်း

သခင်ယေရှုသည် သောကြာနေ့တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့သလား။ သို့ဖြစ်လျှင်၊ သခင်ယေရှုသည် တနင်္ဂနွေနေ့တွင် သေခြင်းမှပြန်လည်ထမြောက်ခဲ့သောကြောင့် သူသည် သုံးရက်အ တွင်း မည်သည့်အရာလုပ်ခဲ့သနည်း။

အဖြေ


သခင်ယေရှုသည် မည်သည့်ရက်တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့သည်ကိုဂဃနဏ ဖော်ပြထား ခြင်းမရှိပေ။ သူသည် သောကြာနေ့ (သို့) ဗုဒ္ဓဟူးနေ့တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့ရသည် ဟု ယူဆကြ သည်။ သို့သော် အချို့သောသူများက သခင်ယေရှုသေသည့်နေ့ကို သောကြာနေ့နှင့် ဗုဒ္ဓဟူးနေ့ရောထွေး မှုကို စိတ်ရှုပ်ထွေးသောကြောင့် ကြာသပတေးနေ့ဖြစ်သည်ဟု ငြင်းဆိုကြသည်။

မဿဲ ၁၂း၄၀ ထဲတွင် သခင်ယေရှုက ဤကဲ့သို့ဖော်ပြထားသည်။ “ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက် နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတံ့။” သခင်ယေရှုသည် သောကြာနေ့တွင် ကား တိုင်တင်သတ်ခြင်းခံသည် ဟုပြောဆိုသောသူများက သခင်ယေရှုသည် သေခြင်းမှ သုံးရက်မြောက် သောနေ့တွင် ထမြောက်သည်ဟု ပြောဆိုခြင်းအားဖြင့် အမှန်ကန်ဆုံးဖြစ်သည်ဟု ပြောကြသည်။ တစ်ရာ စု တွင် ရှိသောဂျူးလူမျိုးများ၏စိတ်ထဲတွင် နေ့တစ်နေ့၏အစိတ်အပိုင်းသည် တစ်ရက်ဟု သတ်မှတ်သည်။ သခင်ယေရှုသည် သောကြာနေ့ နေ့လည်ပိုင်းတွင် သဂြိုဟ်ခြင်းခံခဲ့၍ စနေနေ့တနေ့လုံး သချႋုင်းတွင်းမှာ နေပြီး တနင်္ဂနွေနေ့မနက်ပိုင်းတွင် သေခြင်းမှထမြောက်သောကြောင့် သူသည် သချႋုင်းတွင်းထဲမှာ သုံးရက် နေခဲ့သည်ဟု ယူဆရပါသည်။ မာကု ၁၅း၄၂ ထဲတွင် သခင်ယေရှုသည် ကားတိုင်တင်သတ်ခြင်းခံခဲ့ကြောင်း ဖော်ပြထားပါသည်။ သခင်ယေရှုသည် “အဘိတ်နေ့တည်းဟူသော ပရက္ကုနေ့ မတိုင်မီ” အသေသတ်ခြင်း ကို ခံခံသည်ဟု ဖော်ပြထားပါသည်။ စနေနေ့သည် ရက်သတ္တပတ်၏နောက်ဆုံးနေ့ဖြစ်လျှင် တနင်္ဂနွေ နေ့မှာ သခင်ယေရှု ထမြောက်သောကြောင့် သူသည် သောကြာနေ့တွင် ကားတိုင်တင်သတ်ခြင်း ခံခဲ့သည်ဟုယူဆရသည်။ သခင်ယေရှုသည် သောကြာနေ့တွင် အသေခံခဲ့သည်ဟု ယူဆသောသူများက မဿဲ ၁၆း၂၁ နှင့် လုကာ ၉း၂၂၌ ဖော်ပြထားသော သခင်ယေရှုသည် သုံးရက်မြောက်သောနေ့တွင် အသေခံသည်ဟု ဖော်ပြခြင်းကို အခြေခံထားသည်။ ထိုကြောင့် သခင်ယေရှုသည် သုံးရက်အပြည့်သချႋုင်း တွင်းမှာ နေရန်မလိုအပ်ပေ။ အချို့သောဘာသာပြန်ဆိုခြင်းထဲတွင် “သုံးရက်မြောက်သောနေ့တွင်” ထမြောက်သည်ဟု ဘာသာပြန်ဆိုထားသော်လည်း ဤကျမ်းပိုဒ်များကို “သုံးရက်မြောက်သောနေ့တွင်” ဘာသာပြန်ဆိုခြင်းသည် အကောင်းဆုံးဖြစ်သည် ဟု အချို့သောသူများက သဘောမတူကြပေ။ မာကု ၈း၃၁ထဲတွင် သခင်ယေရှုသည် သုံးရက် “ကုန်သွားပြီးနောက်” ထမြောက်လိမ့်မည်ဟု ဘာသာပြန်ဆိုထား ပါသည်။

သခင်ယေရှုသည် ကြသပတေးနေ့တွင် အသေခံခဲ့သည်ဟု ပြောဆိုသောသူများက သောကြာနေ့တွင် အသေခံခဲ့သည်ဟု ပြောဆိုသောသူများ၏အမြင်ကို အကျယ်ချဲ့ထားသည်။ သူတို့က သောကြာနေ့မှ တနင်္ဂနေ့မနက်ကြား၊ သခင်ယေရှုသဂြိုဟ်ခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကြားကာလတွင် အဓိက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များစွာ (အနည်းဆုံး အဖြစ်အပျက်နှစ်ဆယ်) ရှိသည်ဟု ငြင်းဆိုထားပါသည်။ ကြာသပတေးနေ့တွင် သခင်ယေရှုအသေခံခဲ့သည်ဟု ငြင်းဆိုသောသူများက သောကြာနေ့နှင့်တနင်္ဂနွေ နေ့ကြား ရက်ပြည့်တစ်ရက်သည် စနေနေ့၊ ဂျူးလူမျိုးများ၏ ဥပုဒ်နေ့ဖြစ်သည်ဟု ယူဆကြသည်။ နောက် ထပ်တစ်ရက် (သို့) နှစ်ရက် ထပ်ဖြည့်ခြင်းသည် ပြသနာဖြစ်သည်။ ကြာသပတေးနေ့တွင် သခင်ယေရှုအ သေခံခဲ့သည်ဟု ယူဆသောသူများက ဤသို့ဖော်ပြထားသည်။ မိတ်ဆွေသည် မိတ်ဆွေ၏သူငယ်ချင်းကို တနင်္လာနေ့ညကတည်းက မတွေ့ခဲ့သည် ဟုဆိုကြပါစို့။ နောက်ကြာသပတေးနေ့တွင် ပြန်တွေ့ကြလျှင် မိတ်ဆွေသည် တကယ်တန်းကျတော့ နာရီ ၆၀ (၂့၅ရက်)ဖြစ်သော်လည်း“သင့်ကို သုံးရက်အတွင်း ငါမတွေ့”ဟုပြောမည်ဖြစ်သည်။ ထိုကြောင့်သခင်ယေရှုသည် ကြာသပတေးနေ့တွင် အသေခံခဲ့လျှင် သူ သည်သုံးရက်မြောက်သောနေ့တွင် သေခြင်းမှထမြောက်သည်ကို ယူဆနိုင်သည်။

ဗုဒ္ဓဟူးနေ့တွင် သခင်ယေရှုသည် အသေခံခဲ့သည်ဟု ပြောသောသူများက တစ်ပတ်မှာ ဥပုဒ်နေ့နှစ်ကြိမ် ရှိသည်ဟု ဖော်ပြထားသည်။ ပထမဥပုဒ်နေ့ပြီးဆုံးသွားခဲ့ပြီးနောက် (ထိုနေ့သည် သခင်ယေရှုအသေခံခဲ့ သောညဖြစ်သည် (မာကု ၁၅း၄၂၊ လုကာ ၂၃း၅၂-၅၄)) အမျိုးသမီးများသည် ပန်းမွှေးကို ဝယ်ခဲ့ကြသည်။ သူတို့သည် ပန်းမွှေးကို ဥပုဒ်နေ့ပြီးဆုံးသွားခဲ့ပြီးနောက် ဝယ်ခဲ့သည်ဟု သိရှိရသည် (မာကု ၁၆း၁)။ သခင်ယေရှုသည် ဗုဒ္ဓဟူးနေ့တွင် အသေခံသည်ဟု ထောက်ခံသောသူများက “ဥပုဒ်”နေ့ကို ပသခါပွဲနေ့ ဟု စွဲကိုင်ထားသည်။ (ဝတ်ပြု ၁၆း၂၉-၃၁၊ ၂၃း၂၄-၃၂၊ ၃၉ ထဲတွင် သန့်ရှင်းသောနေ့ရက်များသည် ရက်တစ်ပတ်၏ခုနစ်ရက်နေ့ ဥပုဒ်နေ့ဖြစ်သည်ဟု သီးသန့်ဖော်ပြထားခြင်းမရှိပေ။) ဒုတိယဥပုဒ်နေ့သည် သာမန်အားဖြင့် အပတ်၏စနေနေ့ဖြစ်သည်။ လုကာ ၂၃း၅၆ ထဲတွင် ဥပုဒ်နေ့မတိုင်မီ ပန်းမွှေးကို ဝယ်ယူ သောအမျိုးသမီးများသည် ပြန်လှည့်လည်၍ သူတို့၏ပန်းမွှေးများပြင်ဆင်ခဲ့ကြသည်ဟု မှတ်တမ်းတင်ထား ပါသည်။ ထိုနောက် သူတို့သည် “ဥပုဒ်နေ့တွင် အနားယူခဲ့ကြသည်” (လုကာ ၂၃း၅၆)။ သူတို့၏တင်ပြလို သောအချက်သည် အမျိုးသမီးများက ဥပုဒ်နေ့နှစ်ခုမရှိလျှင် ဥပုဒ်နေ့လွန်သွားခဲ့ပြီးနောက် ပန်းမွှေးများကို ဝယ်ယူနိုင်ကြမည်မဟုတ်၊ ဥပုဒ်နေ့မတိုင်မီ ထိုပန်းမွှေးများကို ပြင်ဆင်ထားခြင်းဖြစ်သည်။ ဥပုဒ်နေ့နှစ်ခါရှိ သည်ဟု ရှုမြင်သောသူများက ခရစ်တော်သည် ကြာသပတေးနေ့တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့လျှင် အလွန်သန့်ရှင်းသော ဥပုဒ်နေ့ (ပသခါပွဲ) သည် ကြာသပတေးနေ့ နေဝင်သောအချိန်တွင် အစပြုပြီး၊ ဥပုဒ် နေ့ (သို့) စနေနေ့ အစ၊ သောကြာနေ့ နေဝင်သောအချိန်တွင် အဆုံးသတ်ပါလိမ့်မည်။ အမျိုးသမီးများ သည် ပထမ ဥပုဒ်နေ့ (ပသခါပွဲ)တွင် ပန်းမွှေးများဝယ်ယူခဲ့ကြလျှင် သူတို့သည် စနေနေ့တွင် ဝယ်ယူကြ ခြင်းဖြစ်ပြီး၊ ဥပုဒ်နေ့ကို ချိုးဖောက်သောသူများဖြစ်ကြပါလိမ့်မည်။

ဗုဒ္ဓဟူးနေ့တွင် သခင်ယေရှုအသေခံခဲ့သည်ဟု ယူဆသောသူများ ရှုထောင့်အရ သူတို့၏ဖော်ပြချက် သမ္မာ ကျမ်းစာထဲတွင် ဖော်ပြထားသော အမျိုးသမီးအကြောင်းနှင့် ပန်းမွှေးများ အကြောင်းသည် ကျမ်းစာသွန်သင် ချက်နှင့် ဆန့်ကျင်မှုမရှိပေ။ မဿဲ ၁၂း၄၀ ထဲတွင် ဖော်ပြထားသော အချက်နှင့်ကိုက်ညီပါသည်။ ခရစ်တော်သည် ဗုဒ္ဓဟူးနေ့တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့ရသည်။ ဥပုဒ်နေ့၊ အသန့်ရှင်းဆုံးသောနေ့ (ပသခါပွဲ) သည် ကြာသပတေးနေ့ဖြစ်သည်။ အမျိုးသမီးများသည် (ကြာသပတေးနေ့ပြီးဆုံးသွားပြီး နောက်)သောကြာနေ့တွင် ဝယ်ယူခဲ့ကြသည်။ ထိုနေ့တွင် အမျိုးသမီးများသည် အိမ်ပြန်ခဲ့ကြကာ ပန်းမွှေး များကို ပြင်ဆင်ခဲ့ကြသည်။ ထို့နောက်သူတို့သည် စနေနေ့၊ ၄င်းသည် ရက်သတ္တပတ်၏နောက်ဆုံးသောဥ ပုဒ်နေ့တွင် အနားယူခဲ့ကြသည်။ သူတို့သည် ထိုပန်းမွှေးများကို တနင်္ဂနွေနေ့မနက်စောစော သချႋုင်းသို့ ယူခဲ့ကြသည်။ သခင်ယေရှုသည် ဗုဒ္ဓဟူးနေ့ နေဝင်ခါနီး၊ ဂျူးလူမျိုးများအသုံးပြုသော ပြက္ခဒိန်အရ ကြာသ ပတေးနေ့အစတွင် သဂြိုဟ်ခြင်းဖြစ်သည်။ ဂျူးလူမျိုးများအသုံးပြုသော ပြက္ခဒိန်ထဲတွင် ကြာသပတေးနေ့ ည (တစ်ည)၊ ကြာသပတေးနေ့(တစ်ရက်)၊ သောကြာနေ့ည (နှစ်ည)၊ သောကြာနေ့ (နှစ်ရက်)၊ စနေနေ့ ည (သုံးည)၊ စနေနေ့ (သုံးရက်) ဖြစ်သည်ကို သိရှိရသည်။ သခင်ယေရှုသည် မည်သည့်အချိန်တွင် ထ မြောက်ခဲ့သည်ကို အတိအကျမသိရပေ။ သို့သော် သခင်ယေရှုသည် တနင်္ဂနွေနေ့မနက် နေမထွက်မီ ထ မြောက်ခဲ့သည်ဟု သိရှိရသည် (ယောဟန် ၂ဝး၁၊ မာကဒလမာရိ သည် “မိုးမလင်းမီ” သချႋုင်းသို့သွားခဲ့ သည်)။ ထိုကြောင့်သခင်ယေရှုသည် စနေနေ့နေဝင်ပြီးသည်နှင့်တပြိုင်နက် ဂျူးလူမျိုးများ ပြက္ခဒိန်အရ တနင်္လာနေ့မစမှီ ထမြောက်ခြင်းဖြစ်နိုင်သည်။

ဗုဒ္ဓဟူးနေ့တွင် သခင်ယေရှုအသေခံခဲ့သည်ဟု ယုံကြည်သောသူများရှုထောင့်မှာ ပြသနာတစ်ခုရှိသည်။ သခင်ယေရှု၏ရှင် ပြန်ထမြောက်သော “နေ့ရက်” တွင် ဧမောက်သွားသောလမ်း၌ သခင်ယေရှုနှင့် သွားလာကြသော တပည့်တော်များ အတူတကွ လျှောက်သွားခဲ့ကြသည် (လုကာ ၂၄း၁၃)။ သခင်ယေရှုကို မမှတ်မိသောတပည့်တော်များက သခင်ယေရှု၏ ကားတိုင်တင်တတ်ခြင်း (၂၄း၂၁)အကြောင်းကို သူ့ထံပြောခဲ့ကြပြီး “ယနေ့သည် ဤအရာများဖြစ်ပျက်ခဲ့သည့်နေ့တတိယမြောက်နေ့” (၂၄း၂၂) ဖြစ်သည် ဟု ပြောခဲ့ကြသည်။ ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိသည် လေးရက်ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသော ဖြေရှင်း ချက်သည် သူတို့က ခရစ်တော်၏သဂြိုဟ်ခြင်းသည် ဗုဒ္ဓဟူးနေ့ဖြစ်သည်ဟု ရေတွက်ခြင်းဖြစ်သည်။ သူတို့ က သခင်ယေရှုသဂြိုဟ်သည့်နေ့သည် ကြာသပတေးနေ့မှစသည်ကာ ကြာသပတေးနေ့မှ တနင်္ဂနွေနေ့ အထိသည် သုံးရက်ဖြစ်သည်ဟု ရေတွက်နိုင်သည်ဟု ပြောခဲ့ကြသည်။

အဓိကအကြောင်းရင်းသည် ခရစ်တော်ကားတိုင်တင်ခြင်းကို သိရှိခြင်းသည် အရေးကြီးသောအရာမဟုတ် ပေ။ သခင်ယေရှုကားတိုင်တင်သတ်ခြင်းသည် အလွန်အရေးကြီးလျှင် သမ္မာကျမ်းစာက သခင်ယေရှုသေ သော နေ့ရက်နှင့်အချိန်ကို တိတိကျကျ ဖော်ပြထားမည်ဖြစ်သည်။ အရေးကြီးဆုံးသောအရာသည် သခင်ယေရှုသည် အသေခံ၍ သေခြင်းမှ ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းဖြစ်သည်။ ထိုနည်းတူ၊ အရေးကြီးဆုံး သောအရာသည် အပြစ်သားများခံရမည့် ကျိန်ခြင်းအမင်္ဂလာဟူသမျှ ယူဆောင်သွားရန် သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံခြင်းဖြစ်သည်။ ယောဟန် ၃း၁၆နှင့် ၃း၃၆ များထဲတွင် မိတ်ဆွေသည် သခင်ယေရှုကို ယုံကြည်လျှင် ထာဝရအသက်ရရှိသည်ဟု တညီတညွတ်တည်းဖော်ပြထားသည်။ သခင်ယေရှုသည် ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့တွင်သေလျှင်နေ့ရက်သည် အဓိကမ ဟုတ်ဘဲ သူအသေခံခြင်းသာလျှင် အရေးကြီးသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

သခင်ယေရှုသည် သောကြာနေ့တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့သလား။ သို့ဖြစ်လျှင်၊ သခင်ယေရှုသည် တနင်္ဂနွေနေ့တွင် သေခြင်းမှပြန်လည်ထမြောက်ခဲ့သောကြောင့် သူသည် သုံးရက်အ တွင်း မည်သည့်အရာလုပ်ခဲ့သနည်း။
© Copyright Got Questions Ministries