settings icon
share icon
မေးခွန်း

ကျွနု်ပ်တို့သည် အဘယ်ကြောင့်နှုတ်ကပတ်တော်ကို လေ့လာဖတ်ရှုရမည်နည်း။

အဖြေ


။သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သောကြောင့် ကျွနု်ပ်တို့သည် လေ့လာ ဖတ်ရှုရမည်ဖြစ်သည်။ သမ္မာကျမ်းစာသည် “ဘုရားသခင်မှုတ်သွင်းတော်”မူခြင်း (၂တိ ၃း၁၆)ဖြစ်သည်။ အခြားသောစကားဖြင့်ဖော်ပြရလျှင် သမ္မာကျမ်းစာသည် ကျွနု်ပ်တို့အတွက် ဘုရားသခင်၏စကားတော်ဖြစ် သည်။ မသိနိုင်သောမေးခွန်းများစွာ၊ ဒဿနိကဗေဒပညာရှင်များမေးမြန်းသောမေးခွန်းများစွာတို့၏အဖြေကို သမ္မာကျမ်းစာထဲတွင် တွေ့ရှိနိုင်ပါသည်။ ဘဝ၏ရည်ရွယ်ချက်သည်အဘယ်နည်း။ ကျွနု်ပ်သည် မည်သည့် နေရာမှလာခဲ့သနည်း။ သေပြီးနောက်နောင်တမလွန်ဘဝရှိမလား။ ကျွနု်ပ်သည် ကောင်းကင်နိုင်ငံတော်သို့ မည်သို့ရောက်နိုင်မည်နည်း။ အဘယ်ကြောင့်ဤလောကတစ်ခုလုံးသည် အပြစ်နှင့်ပြည့်လျှံသနည်း။ ကျွနု်ပ်သည် အဘယ်ကြောင့်ကောင်းမှုကုသိုလ်ပြုရန် ကြိုးပမ်းရမည်နည်း။ ထို “ကြီးမားသော”မေးခွန်းများ အတွက် သမ္မာကျမ်းစာထဲတွင် လက်တွေ့ကျသော အကြံညာဉ်များကို ဖော်ပြထားပါသည်။ ၄င်းတို့မှာ ကျွနု်ပ်သည် အဖော်ရှာရာတွင် မည်သို့ရှာရမည်နည်း။ ကျွနု်ပ်သည် အောင်မြင်သောအိမ်ထောင်ပြုခြင်းကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။ ကျွနု်ပ်သည် မည်သို့ကောင်းသောမိတ်ဆွေဖြစ်နိုင်မည်နည်း။ ကျွနု်ပ်သည် မည်သို့ကောင်းသော မိခင်ဖခင်ဖြစ်နိုင်မည်နညး်။ အောင်မြင်ခြင်းသည်အဘယ်နည်း။ ကျွနု်ပ်သည် မည်သို့အောင်မြင်ခြင်းရယူနိုင်မည်နည်း။ ကျွနု်ပ်သည် မည်သို့ပြောင်းလဲနိုင်မည်နည်း။ ဘဝတွင်အရေးကြီး သောအရာများသည် မည်သည့်အရာများဖြစ်သနည်း။ ကျွနု်ပ်သည် နောက်တရခြင်းမရှိနိုင်ရန် မည်သို့အသက်ရှင်ရမည်နည်း။ မတရားသောပတ်ဝန်းကျင်နှင့် ဘဝအောင်မြင်မှုတွင်ဖြစ်ပျက်တတ်သော အဆိုးများကို ကျွနု်ပ်သည် မည်သို့ကိုင်တွယ်ရမည်နည်း။

သမ္မာကျမ်းစာသည် အားကိုးထိုင်၍မှားယွင်းမှုများနှင့် ကင်းသောကြောင့် ကျွနု်ပ်တို့သည် ဖတ်ရှုလေ့လာ သင့်ပါသည်။ သမ္မာကျမ်းစာသည် “သန့်ရှင်းသော’’ စာအုပ်ဖြစ်သည်။ ကောင်းသောသွန်သင်မှုများပါဝင် ရုံသာမက “ငါ့ကိုကိုးစားပါ” ဟုပြောခဲ့သည်။ ကျွနု်ပ်တို့သည် ထောင်ပေါင်းများစွာသော ပရောဖက်ပြုချက် များပြည့်စုံခြင်းအားဖြင့်ဖြစ်စေ၊ သမိုင်းအဖြစ်အပျက်များမှတ်တမ်းတင်ခြင်းအားဖြင့်ဖြစ်စေ၊ သိပ္ပံအချက်အ လက်များနှင့်ပတ်သက်သောအရာများဆန်းစစ်ခြင်းအားဖြင့်ဖြစ်စေ သမ္မာကျမ်းစာသည် မှန်ကန်ကြောင်းသိရှိ နိုင်သည်။ သမ္မာကျမ်းစာသည် မှားယွင်းသည်ဟုပြောသောသူများက သူတို့နားကို သမ္မာတရားကြားရန် ပိတ်ဆို့ထားသောကြောင့်ဖြစ်သည်။ တချိန်တုန်းက သခင်ယေရှုက “သင်၏အပြစ်သည် ခွင့်လွှတ်ခဲ့သည်” (သို့) “သင်ထလော့။ သင့်ကုတင်ကိုထမ်း၍လှမ်းသွားလော့” ဟုပြောခြင်းသည် ပို၍လွယ်ကူသည်ဟုပြောခဲ့ သည်။ သခင်ယေရှုက လက်ခြေသေသောသူများ (သူတို့၏မျက်စိဖြင့်မြင်နိုင်သောအရာ)ကျန်းမာစေခြင်း အားဖြင့် သူသည် အပြစ်များ (မျက်စိဖြင့်မမြင်နိုင်သောအရာ)ခွင့်လွှတ်နိုင်သောအစွမ်းရှိကြောင်း ပြောခဲ့ သည်။ ထိုနည်းတူ၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည်လည်းမှန်ကန်ကြောင်း အာမခံချက်ရှိသည်။ ကျွနု်ပ်တို့သည် ၀ိညာဉ်ရှုထောင့်ဖြင့်ဆွေးနွေးသောအခါ သာမန်မျက်စိဖြင့်မမြင်နိုင်သောလည်း သမ္မာကျမ်းစာသည် သမိုင်းရှုထောင့်အရဖြစ်စေ၊ သိပ္ပံပညာတိကျမှုအရဖြစ်စေ၊ ပရောဖက်ပြုခြင်းများပြည့်စုံ ခြင်းအားဖြင့်ဖြစ်စေ မှန်ကန်ကြောင်း သက်သေပြသနိုင်ပါသည်။

ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ၊ လူသားတွေ၏သဘာဝသည်လည်းပြောင်းလဲခြင်းမရှိ၊ သမ္မာကျမ်းစာ ထဲတွင်ရေးသားထားသောအကြောင်းအရာများသည် ကျွနု်ပ်တို့အတွက် အလွန်မြင့်မြတ်သောကြောင့် ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကို လေ့လာဖတ်ရှုရမည်ဖြစ်သည်။ စက်ပိုင်းဆိုင်ရာများသည် ပြောင်းလဲသော် လည်း လူသားများ၏သဘာဝသည် ပြောင်းလဲခြင်းမရှိပေ။ သူတို့၏လိုအင်ဆန္ဒများသည် ပြောင်းလဲမှုမရှိ ပေ။ သမ္မာကျမ်းစာထဲတွင်ရှိသော သမိုင်းများဖတ်ရှုလျှင် ကျွနု်ပ်တို့သည် တစ်ဦးချင်းစကားပြောဆိုခြင်း (သို့)အဖွဲ့လိုက်စကားပြောဆိုခြင်းထဲတွင် “နေအောက်တွင်ရှိသောအရာများအသစ်မရှိပေ” (ဒေသနာ ၁း၉) ဟုတွေ့ရှိနိုင်ပါသည်။ ထိုနောက်လူသားများက မှားယွင်းသောနေရာများတွင် ချစ်ခြင်းနှင့်စိတ်ဖြေသိမ့်မှုများ ရှာဖွေကြသည်။ သို့သော်ကျွနုပ်တို့၏ဖန်ဆင်းရှင်ဘုရားသခင်က နောက်ဆုံးသောပျော်ရွှင်ခြင်းသည် မည် သို့ရရှိမည်ကို ဖော်ပြထားပါသည်။ သခင်ယေရှုဖော်ပြသည့်အတိုင်း ဘုရားသခင်ဖွင့်ပြသောသူ၏စကား တော်၊ သမ္မာကျမ်းစာသည် အလွန်အရေးကြီးသည်။ သခင်ယေရှုက “လူသည်မုန့်အားဖြင့်သာအသက်မွေး ရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြော တော်မူ၏” (မဿဲ ၄း၄) ဟုပြောခဲ့သည်။ အခြားသောစကားအားဖြင့်ဖော်ပြရလျှင် ကျွနုပ်တို့သည် ပြည့်စုံသောဘဝကိုပိုင်ဆိုင်လိုလျှင် ဘုရားသခင်အကြံအစည်တော်အတိုင်း ဘုရားသခင်၏နှုတ်ကပတ်တော် ကို နားထောင်၍သတိပြုရမည်ဖြစ်သည်။

မှားယွင်းသောသွန်သင်မှုများစွာရှိသောကြောင့်ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကို လေ့လာဖတ်ရှုရ မည်ဖြစ် သည်။ ကျွနု်ပ်တို့သည် အမှားအမှန်ကို မှန်ကန်စွာခွဲခြားသိမြင်နိုင်ရန်အတွက် သမ္မာကျမ်းစာက အမှားအမှန် တိုင်းတာပေးသောပေတံကို ပေးထားသည်။ ဘုရားသခင်သည် မည်သူနှင့်တူကြောင်းကိုလည်းသိရှိရန် သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ဘုရားသခင်၏အကြောင်းကို မှားယွင်းစွာသိရှိခြင်းသည် ရုပ်တုကို ကိုးကွယ်ခြင်း (သို့) မှားယွင်းသောဘုရားများကို ကိုးကွယ်ခြင်းဖြစ်သည်။ ကျွနု်ပ်တို့သည် ဘုရား မဟုတ်သောသူများကို ကိုးကွယ်ခြင်းဖြစ်သည်။ လူတစ်ဦးသည် မည်သို့ကောင်းကင်နိုင်ရောက်နိုင်သည်ကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ကောင်းကင်နိုင်ငံတော်သို့ရောက်ရှိနိုင်ခြင်းသည် ကောင်းမှုကု သိုလ်၊ ဗတ္တိဇံခံယူခြင်း၊ (သို့) ကျွနု်ပ်တို့လုပ်ဆောင်ချက်တစ်ခုခုကြောင် မရောက်နိုင်ပေ( ယောဟန် ၁၄း၆၊ ဧဖက် ၂း၁-၁၀၊ ဟေရှာယ ၅၃း၆၊ ရောမ ၃း၁၀-၁၈၊ ၅း၈၊ ၆း၂၃၊ ၁ဝး၉-၁၃)။ ထိုအချိန်တွင် ဘုရားသခင် သည် ကျွနု်ပ်တို့ကို မည်မျှချစ်ခဲ့သည်ကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည် (ရောမ ၅း၆-၈၊ ယော ဟန် ၃း၁၆)။ ကျွနု်ပ်တို့သည် ဘုရားသခင်ထံသို့ပြန်လာခြင်းအားဖြင့် သူ၏မေတ္တာကိုတုံ့ပြန်ရမည်ဖြစ် သည် (၁ယော ၄း၁၉)။ သမ္မာကျမ်းစာက ဘုရားသခင်ကို အစေခံနိုင်ရန် ကျွနု်ပ်တို့ကို ကူညီသည် (၂တိ ၃း၁၇၊ ဧဖက် ၆း၁၇၊ ဟေဗြဲ ၄း၁၂)။ သမ္မာကျမ်းစာက အပြစ်တရားနှင့်အပြစ်တရားကြောင့်ကျွနု်ပ်တို့ခံစားရမည့်ဒုက္ခများမှ လွှတ် မြောက်စေသောနည်းလမ်းကို ညွှန်ပြထားပါသည် (၂တိ ၃း၁၅)။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အာရုံ စိုက်ခြင်းနှင့် ၄ငး်၏သွန်သင်မှုများနာခံခြင်းသည် အောင်မြင်သောဘဝကို ပိုင်ဆိုင်စေပါသည် (ယောရှု ၁းဂ၊ ယာကုပ် ၁း၂၅)။ ဘုရားသခင်၏နှုတ်ကပတ်တော်က အပြစ်ကိုဖော်ပြပေး၍ အပြစ်တရားများကို ဖယ်ရှားပေး ထားသည် (ဆာလံ ၁၁၉း၉၊ ၁၁)။ သမ္မာကျမ်းစာက ဘဝကို လမ်းညွန်ပေး၍ ကျွနု်ပ်တို့၏ဆရာများထက်ပို၍ လိမ္မာသည် (ဆာလံ ၃၂း၈၊ ၁၁၉း၉၉၊ သုတ္တံ ၁း၆)။ သမ္မာကျမ်းစာက ကျွနု်ပ်တို့သည် မလိုအပ်သောအရာ များပြုခြင်းအားဖြင့်အချိန်ကို အလဟတ္တကုန်ဆုံးစေခြင်းမှ ကာကွယ်ပေးသည် (မဿဲ ရး၂၄-၂၇)။

သမ္မာကျမ်းစာကို လေ့လာဖတ်ရှုခြင်းသည်အပြစ်တရားလမ်းသို့လိုက်လျှောက်ရန် စုံစမ်းနှောင့်ယှက်ခြင်းမှ လွှတ်မြောက်ရန် ကျွနု်ပတို့ကို ကူညီပေးသည်။ သို့မှသာ ကျွနု်ပ်တို့သည် အခြားသူများပြုမိသောအမှားများ မှသင်ခန်းစာယူနိုင်ပါသည်။ အတွေ့အကြုံသည် ကြီးမားသောဆရာတပါးဖြစ်သည်။ သို့သော် အပြစ်တရား မှသင်ခန်းစာရယူခြင်းသည် အလွန်ထိတ်လှန့်စရာကောင်းသောဆရာဖြစ်သည်။ ထိုကြောင့်အခြားသောသူ များကြုံတွေ့သောသင်ခန်းစာမှသင်ခန်းစာယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် အကောင်းကိုပြုလုပ်သောသူများနှင့်အဆိုးကိုပြုလုပ်သောသူများ၏အသက်တာအားဖြင့် သင်ခန်းစာယူစရာ များစွာရှိသည်။ ဥပမာအားဖြင့်၊ ဒါ၀ိဒ်က ဂေါလျက်ကို သတ်ဖြတ်သောအဖြစ်အပျက်ကိုကြည့်လျှင် ဘုရား သခင်သည်ကျွနု်ပ်တို့ကြုံတွေ့သောပြသနာထက်ပို၍ကြီးမားကြောင်းကို တွေ့ရှိနိုင်သည် (၁ဓမ္မ ၁၇)။ သို့ သော် ဒါ၀ိဒ်သည် ဗာသရှေဘနှင့်အပြစ်လွန်ကျူးသောအချိန်တွင် သူပြုသောအပြစ်သည်ကြီးမားကြောင်း နှင့်သူ၏ခေတ္တကာမပျော်မွေ့လွန်ကျူးခြင်းအားဖြင့်ဖြစ်ပျက်လာမည့်အပြစ်တရား၏အကျိုးတက်ရောက်မှုများ ကိုလည်းသင်ခန်းစာ ယူစရာဖြစ်သည် (၂ဓမ္မ ၁၁)။

သမ္မာကျမ်းစာသည် ဖတ်ရုံမျှသာဖတ်ရှုရမည့်စာအုပ်မဟုတ်ပေ။ ကျမ်းစာသည် ကျွနု်ပ်တို့အသက်တာ၌ အသုံးချနိုင်ရန်အတွက် လေ့လာရမည်ဖြစ်သည်။ သို့မဟုတ်လျှင် ကျွနု်ပ်တို့သည် အစာကို မဝါးဘဲမျိုချပြီး၊ တဖန်ပြန်အံခြင်းနှင့်တူပါလိမ့်မည်။ အင်အားများစွာဖြစ်ထွန်းမည်မဟုတ်ပေ။ သမ္မာကျမ်းစာသည် ဘုရားသ ခင်၏နှုတ်ကပတ်တော်ဖြစ်သည်။ ထိုနည်းတူ သမ္မာကျမ်းစာသည် သဘာဝတရား၏ဥပဒေလည်းဖြစ်သည်။ ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကို မထီမဲ့မြင်ပြုနိုင်သည်။ သို့သော်ထိုသို့ပြုခြင်းသည် မိမိကိုယ်ကိုယ်ပျက် ဆီးရာရောက်အောင်ကြံစည်ခြင်းဖြစ်သည်။ ကျွနု်ပ်တို့သည် အကောင်းဆုံးသောနည်းဥပဒေသကို မထီမဲ့မြင် ပြုခြင်းဖြစ်သည်။ ထိုသို့ပြုလျှင် သမ္မာကျမ်းစာသည် ကျွနု်ပ်တို့၏ဘဝတွင် လုံလောက်စွာ အထူးပြုနိုင် မည်မဟုတ်ပေ။ သမ္မာကျမ်းကို လေ့လာဖတ်ရှုခြင်းသည် ရွှေကိုသိုထားခြင်းဖြစ်သည်။ ကျွနု်ပ်တို့သည် “ချောင်းထဲရှိကျောက်စရစ်များတွင်ရွှေကိုရှာလျှင်” အနည်းငယ်ကိုသာတွေ့မည်ဖြစ်သည်။ သို့သော် နက်နဲသော မြေကြီးထဲတွင်တူး၍ကြိုးစားရှာဖွေလျှင် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့ကြိုးပမ်းမှုအတွက် ဆုလာတ်များစွာရရှိမည်ဖြစ်ပါသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ကျွနု်ပ်တို့သည် အဘယ်ကြောင့်နှုတ်ကပတ်တော်ကို လေ့လာဖတ်ရှုရမည်နည်း။
© Copyright Got Questions Ministries