settings icon
share icon
မေးခွန်း

သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရသောစာအုပ်ဖြစ်သည် ဟူသောအဓိပ္ပါယ်သည် အ ဘယ်နည်း။

အဖြေ


။လူတွေက သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရသောစာအုပ်ဖြစ်သည်ဟု ဖော်ပြသောအခါ ဘုရးသခင်သည် နှုတ်ကပတ်တော်ရေးသားထားသောသူများကို ထိန်းချုပ်ထားခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရေးထားခဲ့သည်ကို ဖော်ပြလိုခြင်းဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် “မှုသွင်းခြင်း” ဟုအသုံးပြုရာတွင် “ဘုရားသခင်၏မှုတ်သွင်းခြင်း’’ ကို ဆိုလိုသည်။ မှုတ်သွင်းခြင်း၏အဓိပ္ပါယ် သည် သမ္မာကျမ်းစာသည် ဘုရားသခင်၏စကားတော်နှင့် သမ္မာကျမ်းစာသည် စာအုပ်အားလုံးများ၏အ ထွတ်အမြတ်ဖြစ်ခြင်းကို ဆိုလိုသည်။

သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရသောစာအုပ်ဖြစ်သည် ဟူသောအချက်နှင့်ပတ်သက်၍ ရှုထောင့်များ စွာရှိသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှလာသော နှုတ်ကပတ်တော်ဖြစ်ခြင်းကို သမ္မာကျမ်းစာထဲ တွင် ဖော်ပြထားပါသဖြင့် သံသယဖြစ်ရန် မလိုတော့ပေ (၁ကော ၂း၁၂-၁၃၊ ၂တိ ၃း၁၆-၁၇)။ ဤရှုထောင့် က နှုတ်ကပတ်တော်သည် “နှုတ်တိုက်ဖွင့်ဆို” ထားသောမှုတ်သွင်းခြင်းဖြစ်သည်ကို ဖော်ပြလိုပါသည်။ ဆိုလိုသောအဓိပ္ပါယ်သည် သမ္မာကျမ်းစာထဲတွင်ရှိသော စကားလုံးဟူသမျှတို့သည် ဘုရားသခင်၏မှုတ် သွင်းခြင်းဖြစ်သည်။ အကြောင်းအရာများမှုတ်သွင်းခြင်းကို မဆိုလိုပေ။ ထိုကြောင့် မှုတ်သွင်းခြင်းသည် သမ္မာကျမ်းစာထဲတွင်ရှင်သောအစိတ်အပိုင်းအားလုံးနှင့် သမ္မာကျမ်းစာ၏ဖော်ပြချက်အားလုံးတို့သည် ဘုရားသခင်မှုတ်သွင်းထားခြင်းကို ဆိုလိုသည်။ လူအချို့တို့က သမ္မာကျမ်းစာတွင်ပါရှိသောအကြောင်းအ ရာအချို့တို့ကို၄ငး်၊ ဘာသာရေးခေါင်းဆောင်များ၏စိတ်ထဲတွင် အကြောင်းအရားများကိုသာ မှုတ်သွင်း ထားခြင်းသာဖြစ်သည်ကို၄င်း စသဖြင့် ယူဆတတ်ကြသည်။ သို့သော် ၄င်းရှုထောင့်သည် သမ္မာကျမ်းစာထဲ တွင် ရှိသောမှုတ်သွင်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သွားသည်။ လုံဝပြည့်စုံသော မှုတ်သွင်းခြင်းသာလျှင် သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းထင်ရှားစေသည်။

သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတော်မူခြင်းဖြစ်ကြောင်း ၂တိ ၃း၁၆ ထဲတွင် တဖန်ဖော်ပြထား ပါသည်။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်ရသောသူဖြစ်ရမည်အကြောင်း၊ သြဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြု တတ်၏” (၂တိ ၃း၁၆)။ ဤကျမ်းပိုဒ်ထဲတွင်နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်၏မှုတ်သွင်းခြင်း ဖြစ်ကြောင်းနှင့် ကျွနု်ပ်တို့အတွက်အကျုံးဝင်ကြောင်းဖော်ပြထားပါသည်။ ကျမ်းစာအုပ်၏အစိတ်အပိုင်းတစ် ခုသာ ဘာသာရေးအယူဝါဒအတွက် မှုတ်သွင်းထားခြင်းမဟုတ်ပေ။ သို့သော် ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ထိ တိုင်အောင် ရှိသောစကားလုံးရှိသမျှသည် ဘုရားသခင်မှုတ်သွင်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းထားသောစာအုပ်ဖြစ်သောကြောင့် သမ္မာကျမ်းစာသည် ခံယူချက်များထူထောင်ရာ တွင်ဖြစ်စေ၊ လူတွေက ဘုရားသခင်နှင့်စစ်မှန်သော မိတ်သာဟာရဖွဲ့ခြင်းရှိနိုင်ရန် သွန်သင်မှုအတွက်ဖြစ်စေ အခွင့်အာဏာအရှိဆုံးဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတော်မူသောစာအုပ်သက်သက် မဟုတ်ဘဲ ကျွနု်ပ်တို့၏အသက်တာကို ပြောင်းလဲစေရန်နှင့် “ပြည့်စံစေရန်” သဘာဝတရားထက်လွန်ကဲ သော အစွမ်းအစရှိသည်။ ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကလွှဲ၍ မည်သည့်အရာလိုအပ်သေးသနည်း။

သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းထားသော စာအုပ်ဖြစ်ကြောင်း ၂ပေ ၁း၂၁ ထဲတွင်လည်း ထပ်မံ ဖော်ပြထားပါသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်က လူတွေကိုအသုံးပြု၍ သူတို့၏ အတူညီသော ပညာအရည်ချင်းနှင့်ပုံစံအမျိုးမျိုးဖြင့်ရေးသားထားသောစာအုပ်ဖြစ်သော်လည်း သမ္မာကျမ်းစာထဲတွင် ရှိသမျှ သော စာလုံးအားလုံးတို့သည် ဘုရားသခင်မှုတ်သွင်းထားခြင်းဖြစ်ကြောင်းသိရှိနိုင်ရန် ဤကျမ်းပိုဒ်က ဖော် ပြထားပါသည်။ သခင်ယေရှုမိန့်ဆိုသောစကားကိုကြည့်လျှင် သမ္မာကျမ်းစာသည် ဘုရားသခင်နှုတ်တိုက် မှုတ်သွင်းထားသောစကားဖြစ်ကြောင်းဖော်ပြထားပါသည်။ “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ် ခြင်းငှါ ငါလာသည်ဟု အထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ လာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့်မြေကြီးမပျက်ဆီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ…” (မဿဲ ၅း၁၇-၁၈)။ ဤကျမ်းပိုဒ်များတွင် သခင် ယေရှုက ကျမ်းစာထဲတွင် ရှိသော အလွန်သေးငယ်သော အမှတ်အသားတစ်ခုလေးကို ပင်လျှင် ဘုရားသ ခင်မှုတ်သွင်းတော်မူခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းကို ဖော်ပြထားပါသည်။

သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းထားသော နှုတ်ကပတ်တော်ဖြစ်သောကြောင့် သမ္မာကျမ်းစာ သည်မှားယွင်းခြင်းကင်း၍ အခွင့်အာဏာအရှိဆုံးဖြစ်သည်ဟု နိဂုံးချုပ်နိုင်ပါသည်။ ဘုရားသခင်၏မှန်ကန် သောရှုထောင့်ကသာ သူ၏နှုတ်ကပတ်တော်ကို မှန်ကန်စွာမြင်နိုင်ရန် လမ်းပြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်သည် အနန္တတန်ခိုးရှင်၊ အရာခပ်သိမ်းကိုသိတော်မူသောအရှင်၊ပြီးပြည့်စုံသောအရှင် ဖြစ်တော်မူသောကြောင့် သူ၏နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ကဲ့သို့ပြည့်စုံခြင်းရှိသောကြောင့် ဖြစ်သည်။ ဤကျမ်းပိုဒ်ထဲတွင် နှုတ်ကပတ်တော်သည် ဘုရားသခင်၏မှုတ်သွင်းတော်မူခြင်းဖြစ်သောကြောင့် မှားယွင်းခြင်းကင်း၍ အခွင့်အာဏာအရှိဆုံးဖြစ်သည်။ သံသာယကင်းလျက် သမ္မာကျမ်းစာသည် ငြင်းဆိုဖွယ် ကင်းမဲ့သော၊ အခွင့်သြဇာအရှိဆုံးဖြစ်သော လူသားများအတွက် ဘုရားသခင်ပေးသော နှုတ်ကပတ်တော် ဖြစ်ကြောင်း ကြွေးကြော်နိုင်ပါသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရသောစာအုပ်ဖြစ်သည် ဟူသောအဓိပ္ပါယ်သည် အ ဘယ်နည်း။
© Copyright Got Questions Ministries