သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်း၏ အဓိပ္ပါယ်သည် အဘယ်နည်း?




မေးခွန်း: သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်း၏ အဓိပ္ပါယ်သည် အဘယ်နည်း?

အဖြေ:
မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ်လက်ခံခဲ့သလား? မိတ်ဆွေသည် အဖြေမပေးမီမေးခွန်းကို ကျွန်တော်ရှင်းပြပါရစေ။ ဤမေးခွန်းကို သင့်တော်စွာသိရှိနား လည်ခြင်းမပြုမီ “သခင်ယေရှုခရစ်တော်” “မိမိကိုယ်တိုင်” နှင့် “ကယ်တင်ရှင်” တို့ကို ကောင်းမွန်စွာ သိရှိရန်လိုအပ်သည်။

သခင်ယေရှုခရစ်တော်သည် မည်သူနည်း? လူပေါင်းများစွာက သခင်ယေရှုခရစ်တော်ကို လူကြီး လူကောင်းတစ်ယောက်၊ နာမည်ကြီးဆရာတစ်ပါး (သို့) ဘုရားသခင်၏ ပရောဖက်တစ်ပါးဟုသတ်မှတ် နိုင်ပေမည်။ သခင်ယေရှုကို ထိုသို့တွေးတောခြင်းသည် မှန်ကန်နေပါသည်။ သို့သော်သူတို့သည် သခင်ယေရှု၏ ဖြစ်ခြင်းအမှန်ကို မသိခဲ့ကြပေ။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် ဘုရားဇာတိမှ လူ့ဇာတိခံယူသူဖြစ်ကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ (ယောဟန်၊၁:၁, ၁၄)။ ကျွန်ူပ်တို့ကို သွန်သင်ရန်၊ အနာရောဂါငြိမ်းစေရန်၊ အမှားပြုပြင်ပေးရန်၊ ခွှင့်လွှတ်ခြင်းအခွင့်ပေး ရန်နှင့် ကျွန်ူပ်တို့ကိုယ်စား အသေခံရန် သခင်ယေရှုဤလောကသို့ ကြွလာခြင်းဖြစ်သည်။ ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်သည်။ ဖန်ဆင်းရှင်ဖြစ်သည်။ တန်ခိုးကြီးသောဘုရားလည်း ဖြစ်သည်။ မိတ်ဆွေသည် ထိုသခင်ကိုလက်ခံမည်လော?

ကယ်တင်ရှင်ဟူသည် အဘယ်နည်း? အဘယ်ကြောင့် ကျွန်ူပ်တို့သည်ကယ်တင်ရှင်လိုအပ်သနည်း?

ကျွန်ူပ်တို့သည် အပြစ်ဒုက္စရိုက်ပြုကြောင်းနှင့် မကောင်းသောအနိဌာရုံများပြုကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ (ရော၊ ၃:၁၀ – ၁၈) ။ ကျွန်ူပ်တို့၏အပြစ်များကြောင့် ဘုရားသခင်၏အမျက်တော် နှင့်တရားစီရင်ခြင်းကိုခံရန် ကျွန်ူပ်တို့သည်ထိုက်တန်လျက်ရှိသည်။ပြည့်စုံသော ထာဝရဘုရားသခင်ကို ဆန့်ကျင်တော်လှန်ခြင်းအပြစ်သည် သေခြင်းအပြစ်ပေးရန်ဖြစ်သည်။ (ရော၊ ၆:၁၂၊ ဗျာ၊ ၂၀:၁၁ -၁၅)။ ထိုကြောင့် ကျွန်ူပ်တို့သည် ကယ်တင်ရှင်လိုအပ်ခြင်းဖြစ်သည်။

သခင်ယေရှုခရစ်တော်သည် ဤလောကသို့ကြွလာ၍ ကျွန်ူပ်တို့ကိုယ်စား အသေခံခဲ့သည်။ လူ့ဇာတိခံယူသော သခင်ယေရှု၏သေခြင်းသည် ကျွန်ူပ်တို့၏အပြစ်အတွက် အပြစ်ကြွေးဆပ်ပေးခြင်း ဖြစ်သည်။ ( ၂ကော၊ ၅:၂၁)။ ကျွန်ူပ်တို့၏ အပြစ်ကြွေးပေးဆပ်ရန် သခင်ယေရှုအသေခံခြင်းဖြစ်သည်။ (ရော၊ ၅:၈)။ သခင်ယေရှုက ပြစ်ကြွေးအားလုံးပေးဆပ်ခဲ့သောကြောင့် ကျွန်ူပ်တို့သည် ပြစ်ကြွေးများ ပေးဆပ်ရန်မလိုအပ်တော့ပေ။ သေခြင်းမှ သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် သခင်ယေရှု၏ အသေခံခြင်းက ကျွန်ူပ်တို့၏ပြစ်ကြွေးအားလုံးကို ပေးဆပ်နိုင်ကြောင်းကို သက်သေထူသည်။ ထို့ ကြောင့်သခင်ယေရှုသာလျှင် ကယ်တင်ပေးနိုင်သော အရှင်ဖြစ်သည်။ (ယောဟန်၊ ၁၄:၆၊ တ၊ ၄:၁၂)။ မိတ်ဆွေသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစားပါသလား?

သခင်ယေရှုသည် မိတ်ဆွေ၏ကယ်တင်ရှင်ဖြစ်ပါသလား? ခရစ်ယာန်ဘာသာသည် ဘုရားကျောင်းသို့ တက်ရောက်ခြင်း၊ ဘာသာရေးပွဲများကျင်းပခြင်းနှင့်၊ အပြစ်ရှောင်ရှားခြင်းဖြစ်သည်ဟု လူများစွာကယူဆ တတ်ကြသည်။ ၄င်းသည်ခရစ်ယာန်ဘာသာမဟုတ်ပေ။ စစ်မှန်သောခရစ်ယာန်ဖြစ်ခြင်းသည် သခင် ယေရှုခရစ်တော်နှင့် ကိုယ်တိုင်ကိုယ်ကျဆက်နွယ်ခြင်းဖြစ်သည်။ ခရစ်တော်ကို မိမိကယ်တင်ရှင်အ ဖြစ်ယုံကြည်ခြင်းသည် သူအထဲ၌ကျွန်ူပ်တို့၏ ယုံကြည်ကိုးစားမှုများကို ထားရှိခြင်းဖြစ်သည်။ တခြား သောအရာတို့ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းမရရှိနိုင်ပေ။ ကောင်းမှုကုသိုလ်တော်လုပ်ခြင်း အားဖြင့်လည်း ကယ်တင်ခြင်းမရရှိနိုင်ပေ။ ကယ်တင်ခြင်းရရှိနိုင်ရန် သခင်ယေရှုကိုကယ်တင်ရှင်အ ဖြစ်ယုံကြည်ရမည်။ သူ၏အသေခံခြင်းသည် ကျွန်ူပ်တို့ကိုယ်စားသေခံခြင်းဖြစ်သည်ဟုလည်း ယုံကြည် လက်ခံရမည်။ သူ၏ထမြောက်ခြင်းသည်လည်း ထာဝရအသက်အတွက် အာမခံပေးသည်ကိုလည်း ယုံကြည်ရမည်ဖြစ်သည်(ယောဟန်၊ ၃:၁၆)။ သခင်ယေရှုသည် မိတ်ဆွေ၏ကယ်တင်ရှင်ဖြစ်သလား?

မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ်လက်ခံလိုလျှင် ဤသို့ ဆုတောင်းပါ။ ယုံကြည်ခြင်းမပါပဲ ဆုတောင်းခြင်း(သို့)တခြားဆုတောင်းခြင်းတို့က မိတ်ဆွေကိုကယ် တင်ခြင်းစိတ်ချမှုမပေးနိုင်သည်ကို မှတ်ထားပါ။ ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းကသာ မိတ်ဆွေကို အပြစ်နွံထဲမှ ကယ်တင်နိုင်ပါသည်။ ဤဆုတောင်းခြင်းသည် မိတ်ဆွေကဘုရားသခင်ကို ယုံကြည်ကိုး စားကြောင်းနှင့် သူပြင်ဆင်ထားသော ကယ်တင်ခြင်းတရားအတွက် ကိုယ်တော့်ကိုကျေးဇူးတင် စကား ပြောခြင်းဖြစ်သည်။ “ဘုရားသခင်၊ ကျွန်ူပ်သည်ကိုယ်တော့်ကို ပြစ်မှားကြောင်းနှင့် ထိုအပြစ်တရား အတွက်တရားစီရင်ခြင်းပြစ်ဒဏ်ကို ကျွန်ူပ်သည်ခံထိုက်ကြောင်း ကျွန်ူပ်သိပါ၏။ ကျွန်ူပ်ခံထိုက်သော အပြစ်ကြွေးအားလုံးကို သခင်ယေရှုခရစ်တော်က ယူဆောင်သွားခဲ့သောကြောင့် ကျွန်ူပ်သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် လွှတ်ခြင်းအခွင့်ရပါ၏။ ကျွန်ူပ်သည်အပြစ်ဒုက္စရိုက်နွံမှ ရုန်းထွက်၍ ကယ်တင်ခြင်းရရှိရန် ကိုယ်တော့်ကိုကျွန်ူပ်ယုံကြည်ကိုးစားပါ၏။ ကိုယ်တော်၏ အံ့သြဖွယ်သော ကျေးဇူးတော်များနှင့် ခွှင့်လွှတ်ခြင်းတရား၊ ထာဝရဆုကျေးဇူးတော်အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏”!အာမင်!

ဤနေရာတွင်မိတ်ဆွေဖတ်ခဲ့သောအကြောင်းအရာကြောင့်ခရစ်တော်ကိုလက်ခံရန်ဆုံးဖြတ်ချက်ချခဲသလား? ဆုံးဖြတ်ချက်ချခဲ့လျှင်“ယနေ့ခရစ်တော်ကို ကျွန်ုပ်လက်ခံခဲ့ပါပြီ”ဟူသော စကားစုကို နှိပ်ပါ



ထို့နောက် မြန်မာဘာသာဖြင့်ရေးထားသော စာမျက်နှာသို့ ပြန်လှည့်ပ



သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်း၏ အဓိပ္ပါယ်သည် အဘယ်နည်း?