settings icon
share icon
မေးခွန်း

သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ရှုတ်ချခြင်းသည် အဘယ်နည်း။

အဖြေ


သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပြစ်တင်ရှုတ်ချခြင်း” ခံယူချက်ကို မာကု ၃း၂၂-၃၀ နှင့် မဿဲ ၁၂း၂၂-၃၂ ထဲတွင် ဖော်ပြထားပါသည်။ ပြစ်တင်ရှုတ်ချခြင်းကို “မရိုအသေပြု အာခံတုံ့ပြန်ခြင်း” ဟု ဖော်ပြနိုင်ပါသည်။ ဘုရားသခင် (သို့) ဘုရားသခင်နှင့်ပတ်သက်သောအရာများကို ကျိန်ဆိုခြင်း အပြစ်များ အပြစ်ဖော်ပြနိုင်ပါသည်။ ၄င်းသည် ဘုရားသခင်အပေါ် အပြစ်အချို့ပြုခြင်း၊ ဘုရားသခင်၏ဂုဏ်သက္ခာများ ကို စော်ကားမော်ကားပြုခြင်းဖြစ်သည်။ ရှင်မဿဲခရစ်ဝင် ၁၂း၃၁ထဲတွင် ပြစ်တင်ဝေဖန်ခြင်းသည် “သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်တင်ဝေဖန်ခြင်း”ဖြစ်ကြောင်းအတိအကျဖော်ပြထားပါသည်။ ရှင်မဿဲ ခရစ်ဝင် ၁၂း၃၁-၃၂ ထဲတွင် ဖါရိရှဲများက သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့်ပြုခဲ့သော အံ့ သြဖွယ်ရာနိမိတ်လက္ခဏာများကို ယုံကြည်ဖွယ်မရှိကြောင်းဖော်ပြထားပါသည်။ သခင်ယေရှုသည် “ဗေဇဗုလ” ခေါ် နတ်ဆိုးစွဲသောသူဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ကြသည် (မဿဲ ၁၂း၂၄)။ ထိုကြောင့် သ ခင်ယေရှုက မာကု ၃း၃၀ ထဲတွင် သူတို့ကို “သန့်ရှင်းသောဝိညာဉ်တော် ပြစ်တင်ဝေဖန်သောသူများ”ဖြစ် ကြကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါသည်။

ဤကဲ့သို့သောပြစ်တင်ဝေဖန်မှုမျိုးသည် သခင်ယေရှုခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သည် ဟု ဖော်ပြမည့်အစား၊ သူသည် နတ်ဆိုးစွဲသူအဖြစ် ပြစ်တင်ဝေဖန်ခြင်းမျိုးဖြစ်သည်။ ယနေ့သန့်ရှင်း သောဝိညာဉ်တော်ကို ပြစ်တင်ဝေဖန်ခြင်းသည် ခွင့်လွှတ်၍မရပေ။ သခင်ယေရှုခရစ်တော်သည် ဤလောက ၌ မရှိတော့ပေ။ သူသည် ဘုရားသခင်၏လကျ်ာဘက်မှာ ထိုင်ခဲ့သည်။ သခင်ယေရှုပြုသောအ့ံသြဘွယ် နိ မိတ်လက္ခဏာများကို မည်သူမည်ဝါကမှ မပြုနိုင်ပေ။ သူသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လုပ် ဆောင်သည်ဟု ပြောမည့်အစား စာတန်၏တန်ခိုးကို အသုံးပြု၍အံ့သြဘွယ်နိမိတ်လက္ခဏာပြုသည်ဟု မစွပ် စွဲနိုင်ပေ။ ယနေ့အနီးစပ်ဆုံးသော သာဓကသည် ကယ်တင်ခြင်းရရှိသော လူတစ်ဦးသည် သန့်ရှင်းသော ၀ိညာဉ်တော်ကျိန်းဝပ်ခြင်းအဖြင့် ဖြစ်သည်ဟုပြောမည့်အစား၊ စာတန်၏တန်ခိုးကြောင့်ဖြစ်သည်ဟု ယူဆ ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားခြင်းဖြစ်သည်။

ယနေ့ သန့်ရှင်းသောဝိညာဉ်တော် ပြစ်တင်ဝေဖန်ခြင်း၊ ၄ငး်သည် ခွင့်လွှတ်၍မရသောအပြစ်၊ သည် သခင် ယေရှုကို မယုံကြည်သောအပြစ်ဖြစ်သည်။ သခင်ယေရှုကို မယုံကြည်ဘဲ သေသောသူများကို ခွင့်လွှတ်၍မ ရပေ။ သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံရန် သန့်ရှင်းသောဝိညာဉ်တော်အမှုပြုခြင်းကို ငြင်းပယ် သောသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပြစ်တင်သော၊ခွင့်လွှတ်၍မရနိုင်သော အပြစ် ဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင် ၃း၁၆၌ဖော်ပြထားသော အကြောင်းအရာကို သတိရပါ။ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” ထပ်မံ၍ အခန်းကြီး ၃ ထဲတွင် ဤသို့ဖော်ပြထားသည်။ “သားတော်ကို ယုံကြည်သောသူ သည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား၊ အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏” (ယောဟန် ၃း၃၆)။ လူတစ်ဦးသည် ခွင့်လွှတ်ခြင်းအခွင့်မရခြင်းအကြောင်းမှာ သူသည် “သားတော်ကို ငြင်းပယ်”ခဲ့သဖြင့် သူသည် “ခရစ်တော် ကိုယုံကြည်သောသူများ” ကြားထဲတွင် ပါဝင်မှုမရှိခြင်းကြောင့်ဖြစ်သည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ရှုတ်ချခြင်းသည် အဘယ်နည်း။
© Copyright Got Questions Ministries