settings icon
share icon
မေးခွန်း

သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်အတွက် အသေမခံမှီ လူတွေက မည်သို့ကယ်တင် ခြင်းရရှိခဲ့ကြသနည်း။

အဖြေ


လူတွေသည် အပြစ်တရားလက်အောက်သို့ကျဆုံးသွားခဲ့ပြီးနောက် ကယ်တင်ခြင်းရရှိနိုင်သောအ ခြေခံအုတ်မြစ်သည် သခင်ယေရှုခရစ်တော်၏အသေခံခြင်းဖြစ်သည်။ ခရစ်တော်အသေမခံမှီအချိန်နှင့် သေနေသည့်အချိန်တွင် ကမ္ဘာ့သမိုင်းတလျှောက်တွင် ကယ်တင်ခြင်းရရှိသောသူတစ်ဦးမျှမရှိသေးခဲ့ပေ။ ခရစ်တော်၏အသေခံခြင်းသည် ဓမ္မဟောင်းကျမ်းထဲတွင်ရှိသော သန့်ရှင်းသူများနှင့် ဓမ္မသစ်ကျမ်းထဲတွင် ရှိမည့်သန့်ရှင်းသူအားလုံးတို့၏အပြစ်များအတွက် ပြစ်ကြွေးဆပ်ပေးခဲ့သည်။

ကယ်တင်ခြင်းရရှိရန်အတွက် တောင်းဆိုမှုသည် ယုံကြည်ခြင်းဖြစ်သည်။ ကယ်တင်ခြင်းရရှိ ရန်အတွက် လူတစ်ဦး၏ယုံကြည်ခြင်း၏အဓိကပုဂ္ဂိုလ်သည် ဘုရားသခင်ပင်ဖြစ်သည်။ ဆာလံဆရာက “သားတော်ကို ကိုးစားသောသူအပေါငး်တို့သည် မင်္ဂလာရှိကြ၏” (ဆာလံ ၂း၁၂) ဟုဖော်ပြထားပါသည်။ ကမ္ဘာဦးကျမ်း ၁၅း၆ထဲတွင် အဗြဟံသည် ဘုရားသခင်ကို ယုံကြည်ခဲ့သောကြောင့် သူ၏ယုံကြည်ခြင်းကြောင့်ဘုရားသခင် က သူ့ကို ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုပေးရန် လုံလောက်မှုရှိခဲ့သည်။ (ရောမ ၄း၃-၈ ကိုလည်း ကြည့်ပါ)။ ဟေဗြဲ ၁ဝး၁-၁၀ ထဲတွင် ဖော်ပြထားသည့်အတိုင်း ဓမ္မဟောင်းကျမ်းထဲတွင်ပြုလုပ်ခဲ့ သော ယဇ်ပူဇော်ခြင်းက အပြစ်များကို ဆေးကြောနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ၄င်းသည် ဘုရားသခင်၏သား တော်ကို အပြစ်သားများအတွက် သူ၏သွေးတော်သွန်းလောင်းခြင်းနေ့ရက်ကာလကို ညွှန်ပြလိုခြင်းဖြစ် သည်။

ကာလအပိုင်းအခြားတိုးတက်ပြောင်းလဲမှုဖြစ်နေသောအရာသည် ယုံကြည်သူတစ်ဦး၏ယုံကြည်ခြင်းဖြစ် သည်။ ဘုရားသခင်တောင်းဆိုသော ယုံကြည်ရမည့်အရာသည် ယခုချိန်တွင် ဘုရားသခင်ပေးထားသော ဗျာဒိတ်တော်များအပေါ်တွင် အခြေခံထားပါသည်။ ၄င်းသည် ယုံကြည်ခြင်းအဆင့်ဆင့်တိုးတက်ပြောင်းလဲ မှုဟုခေါ်သည်။ အာဗြဟံသည် ကမ္ဘာဦးကျမ်း ၃း၁၅ ထဲတွင်ဖော်ပြထားသော မျိုးမအမျိုးအနွယ်မှဘွားသော မျိုးစေ့က စာတန်ကို အနိုင်ယူလိမ့်ဟု ဟူသော ဘုရားသခင်၏ကတိတော်ကို ယုံကြည်ခဲ့သည်။ အာဗြဟံက ဘုရားသခင်၏ကတိတော်ကို ယုံကြည်ခဲ့သည်။ ၄ငး်ကို ဧဝဟုအမည်မှည့်ခြင်းအားဖြင့် (အခန်းငယ် ၂၀) ထင်ရှားစေခဲ့သည်။ ဘုရားသခင်က သူတို့ကို သိုးသားရေလွှမ်းခြုံစေခြင်းအားဖြင့် သူ၏ယုံကြည်ခြငး်ကို ချက်ချင်းလက်ခံကြောင်း (အခန်းငယ် ၂၁) ထင်ရှားစေခဲ့သည်။ ဟာဗြဟံက ဘုရားသခင်၏အကြံအစည် တော်များကို အကုန်အစင် ကြိုတင်မသိခဲ့သော်လည်း သူက ဘုရားသခင်ကို ယုံကြည်ခဲ့သည်။

ကမ္ဘာဦးကျမ်း ၁၂နှင့် ၁၅ ထဲတွင် ဖော်ပြထားသည့်အတိုငး် အာဗြဟံသည် ဘုရားသခင်ပေးထားသော ဂတိ တော်များနှင့် အသက်သောဗျာဒိတ်တော်များအရ သူက ဘုရားသခင်ကို ယုံကြည်ခဲ့သည်။ မောရှေမတိုင်မှီ သမ္မာကျမ်းစာမရှိသေးခဲ့ပေ။ သို့သော်လူသားများသည် ဘုရားသခင်ဖော်ပြသော အရာများလုပ်ဆောင်ရန် တာဝန်ရှိသည်။ ဓမ္မဟောင်းကျမ်းထဲတွင် ရှိသောယုံကြည်သူများသည် ဘုရားသခင်က တနေ့နေ့ကျရင် သူတို့၏အပြစ်များကို ယူဆောင်သွားလိမ့်မည်ဟု ယုံကြည်ခြင်းရှိခဲ့ကြသောကြောင့် ကယ်တင်ခြင်းရရှိခဲ့ကြ သည်။ ယနေ့ကျွနု်ပ်တို့သည် လက်ဝါးကပ်တိုင်တော်ပေါ်တွင် သခင်ယေရှုပြုခဲ့ပြီးသော ကျွနု်ပ်တို့၏အပြစ် များယူဆောင်ခဲ့ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသည် (ယောဟန် ၃း၁၆၊ ဟေဗြဲ ၉း၂၈)။

ခရစ်တော်ကားတိုင်းတင်သတ်ခြင်းမခံမှီနှင့်ရှင်ပြန်ထမြောက်ခြင်းမရှိမှ ခရစ်တော်၏ခေတ်ကာလတွင် ရှိ သောသူများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့က ခရစ်တော်သည် သူတို့အတွက် လက်ဝါးကပ်တိုင် တော်ပေါ်တွင် အသေခံလိမ့်မည်ဟု သိရှိသလား။ ခရစ်တော်၏သာသနာလုပ်ငန်းပြီးဆုံးသွားခဲ့ပြီးနောက် “ထိုမှတပါး ကိုယ်တော်သည် ယေရှုရှလင်မြို့သို့သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပရောဟိတ်အကြီး၊ ကျမ်း ပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်းခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အားပြတော်မူ၏။” (မဿဲ ၁၆း ၂၁-၂၂)။ ထိုအခါ တပည့်တော်များက ဤသို့တုံ့ပြန်ခဲ့သည်။ “ထိုအခါပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍၊ သခင်၊ ကိုယ်တေ်၌ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ အရောက်ရာဟု အပြစ်တင်သောစကားကို လျှောက်၏။”ပေတရုနှင့် အခြားသောတပည့်တော်များက ပြည့်စုံသောသမ္မာတ ရားများကို နားမလည်ခဲ့ကြပေ။ သို့သော်သူတို့သည် မိမိအပြစ်များကို ဘုရားသခင်က ယူဆောင်သွားသည် ဟုယုံကြည်ခဲ့ကြသောကြောင့် ကယ်တင်ခြင်းရရှိခဲ့ကြသည်။ အာဒံ၊ အဗြဟံ၊ မောရှေနှင့် ဒါ၀ိဒ်များသိရှိသည့် အတိုင်း သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်းအမှုကို မည်သို့ပြည့်စုံစေတော်မူသည်ကို မသိခဲ့ကြ သော်လည်း သူတို့သည်ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်။

ယနေ့ ကျွနု်ပ်တို့မှာ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းမတိုင်မှီအသက်ရှင်သောသူများထက်ဗျာဒိတ်တော်ပို ၍သိရှိခဲ့ကြသည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ပြည့်စုံစွာ မြင်တွေ့နိုင်ခဲ့ကြသည်။ “ရှေး လွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်းဗျာဒိတ်ပေးတော်မူ သော ဘုရားသခင်သည်၊ ဤနောက်ဆုံးသောကာလအခါ မိမိသားတော်အားဖြင့် ငါတို့အားဗျာဒိတ်ပေး တော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ခန့်ထားတော်မူ၏။ သားတော်အားဖြင့် လည်း လောကဓာတ်တို့ကို တည်တော်မူ၏” (ဟေဗြဲ ၁း၁-၂) ဟုဖော်ပြထားသည်။ ကျွနု်ပ်တို့၏ကယ်တင် ခြင်းသည် ခရစ်တော်၏အသေခံခြင်းပေါ်တွင် အခြေခံထားသည်။ ကျွနု်ပ်တို့၏ယုံကြည်ခြင်းသည် ကယ်တင်ခြင်းရရှိရန်အတွက် တောင်းဆိုထားသောအရာဖြစ်သည်။ ကျွနု်ပ်တို့၏ယုံကြည်ခြင်းအခြေခံအုတ် မြစ်သည်လည်း ဘုရားသခင်ပင်ဖြစ်သည်။ ယနေ့ကျွနု်ပ်တို့အတွက် ယုံကြည်ခြင်းသည် သခင်ယေရှုသည် ကျွနု်ပ်တို့အတွက် အသေခံခြင်း၊ သဂြိုဟ်ခြင်းခံရခြင်း၊ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခြင်း ဖြစ်သည် (၁ကော ၁၅း၃-၄)။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်အတွက် အသေမခံမှီ လူတွေက မည်သို့ကယ်တင် ခြင်းရရှိခဲ့ကြသနည်း။
© Copyright Got Questions Ministries