ပကတိသမ္မာတရားကဲ့သို့သော တရားမျိုးရှိသလား။ သမ္မာကျမ်းစာသည် အမှန်ကန်ဆုံးသော စာအုပ် ဖြစ်သလား။



မေးခွန်း: ပကတိသမ္မာတရားကဲ့သို့သော တရားမျိုးရှိသလား။ သမ္မာကျမ်းစာသည် အမှန်ကန်ဆုံးသော စာအုပ် ဖြစ်သလား။

အဖြေ:
ကပတိသမ္မာတရား/အမှန်ကန်ဆုံးသော သမ္မာတရားကို သိရှိနာလည်းနိုင်ရန်အတွက် သမ္မာတရား၏ အနက် အဓိပ္ပါယ်ဖွင့်ဆိုချက်မှ အစပြုရမည်။ အဘိဓါန်ကျမ်းအရာ သမ္မာတရားဟူသည်မှာ "အကြောင်းပြချက်(သို့) ဖြစ်ပျက်နေ သောအရာနှင့်ညီညွတ်မှုရှိခြင်း၊ မှန်ကန်သည်ဟု လက်ခံနိုင်ဖွယ်ရှိစေရန် သက်သေပြသနိုင်ခြင်း" ဖြစ်သည်။ လူအချို့က သမ္မာတရားမရှိဟု ပြောတတ်ကြသည်။ သိရှိနားလည်မှုနှင့်ထင်မြင်ယူဆချက်သာ ဖြစ်သည်။ အခြားသောသူများက လုံးဝ ဥဿုံမှန်ကန်သော သမ္မာတရားရှိရမည်ဟု ငြင်းဆိုကြသည်။

အမှန်တရားကို ဖော်ထုတ်ပေးနိုင်သော ပကတိသမ္မာတရားမရှိဟု လူအချို့က ပြောကြသည်။ ဤအမြင်းကို လက်ခံယုံ ကြည်သူများက အရာအားလုံးသည် တစ်ခုနှင့်တစ်ခု ပတ်သက်ဆက်နွယ်နေသောကြေင့် လုံးဝအမှန်တရား/သမ္မာတ ရားမရှိဟု ယုံကြည်ကြသည်။ ထိုအမြင်ကြောင့် ကိုယ်ကျင့်တရား ပြည့်စုံမှန်ကန်ခြင်းမရှိ၊ လုပ်ဆောင်မှုတစ်ခုသည် ကောင်းသည်/ဆိုးသည်ဟူ၍ ၄င်း မှားသည်/မှန်သည်ဟူ၍၄င်း ဆုံးဖြတ်ပြောဆိုပိုင်ခွင့်မရှိဟု ခံယူကြသည်။ ဤအမြင်က "အခြေအနေပေါ်မူတည်၍ကိုယ်ကျင့်တရားကို ဆုံးဖြတ်ခြင်း" ယုံကြည်မှု၊ ထိုယုံကြည်မှုသည် အခြေအနေနှင့်ပတ်သက်မှု အပေါ်မူတည်ပြီး အမှားအမှန်ကို ခွဲခြားခြင်း ဖြစ်သည်။ အမှား/အမှန်မရှိပါ။ ထိုကြောင့် အခြေအနေတခုကို မှန်ကန်သည် ဟု ထင်မှတ်သည့်အချိန်တွင် ထိုအခြေအနေသည် မှန်ကန်သည်။ အခြေအနေပေါ်မူတည်၍ ကိုယ်ကျင့်တရားဆုံးဖြတ်ခြင်းအ မြင်သည် စိတ်ထဲမှာ ဖြစ်စေ၊ အသက်ရှင်ခြင်းအားဖြင့် ဖြစ်စေ အဆိုးဖြစ်သော်လည်း ကောင်းသည်ဟု ထင်မှတ်သောအရာ အားလုံးသည် "ကောင်းသည်"ဟု မြင်တွေ့ခြင်းဖြစ်သဖြင့် လူအမှုအသိုင်းအ၀ိုင်းနှင့် တစ်ဦးချင်းစီတိုင်းမှာ သတ်ဖြတ်မှု၊ ဖျက်ဆီးမှုများစွာ ပေါ်ပေါက်ခြင်း ဖြစ်သည်။ ဤအရာသည် ခေတ်ဟောင်းစနစ်ဖြစ်သည်။ လူမှုအဖွဲ့အစည်းတစ်ခုကို ဖန်ဆီးပြီး တန်ဖိုးအားလုံး၊ ယုံကြည်မှုအားလုံး၊ အသက်တာအားလုံးနှင့် သမ္မာတရားအားလုံးတို့သည် တန်းတူရည်တူ ဖြစ်သည်ဟု ယုံကြည်ခြင်း ဖြစ်သည်။

အခြားသောသူများက မှန်ကန်သောအရာနှင့်မှားယွင်းသောအရာကို ဖော်ပြပေးနိုင်သော လုံးဝဥဿုံဖြစ်ရပ်မှန်များနှင့် စံချိန်စံညွှန်းများအမှန်ရှိသည်ဟု စွဲကိုင်ခံယူကြသည်။ ထိုကြောင့်သူတို့သည် လုပ်ဆောင်ချက်များအား ထိုအရာများအားဖြင့် တိုင်းတာခြင်းဖြင့် မှန်သည်/မှားသည် ဟု ဆုံးဖြတ်ချက်ချမှတ်နိုင်သည်။ လုံးဝဥဿုံမှန်ကန်မှုမရှိလျှင် အစစ်အမှန်မရှိပါ။ ၀ရုံးသုံးကားဖြစ်နေသည်။ ဥပမာအားဖြင့် အလေးချိန်ကိုတိုင်းတာသော သိပ်သည်းဆ ဥပဒေသကို ကြည့်ကြပါစို့။ လုံးဝမှန်ကန်မှုမရှိခဲ့လျှင် ကျွန်ုပ်တို့သည် တစုံတခုသောနေရာတွင် မတ်တပ်ရပ်ခြင်း/ထိုင်ခြင်း ပြုနိုင်မည်မဟုတ်ပါ။ သို့မဟုတ် နှစ်နှင့်နှစ်ပေါင်းလျှင် လေးမဟုတ်လျှင် လူဦးရေစာရင်းသည်လည်း မှားယွင်းမှုရှိလိမ့်မည်။ သိပ္ပံနှင့်ဓတုဆိုင်ရာ ဥပဒေသများသည် မှန်ကန်မှုရှိတော့မည်မဟုတ်ပါ။ သင်္ချာဂဏန်းရေတွက်ခြင်းသည်လည်း မှန်ကန်မည်မဟုတ်တော့ပါ။ အရာအားလုံး ၀ရုံးသုံးကားဖြစ်ကုန်လိမ့်မည်။ နှစ်အပေါင်းနှစ် ညီမျှခြင်း လေး ဖြစ်ပါသည်။ မှန်ကန်သောအရာဖြစ်သည်။ စဉ်းစားဆင်ခြင်နားလည်နိုင်ပါသည်။

လုံးဝမှန်ကန်သောအရာမရှိဘူးဟု ဖော်ပြချက်သည် ယုတ္တိမရှိပါ။ သို့သော် ယနေ့ မြောက်များစွာသော လူများက ပကတိမှန် သောအရာမရှိဟူ သော ခံယူချက်ကို စွဲကိုင်နေဆဲ ဖြစ်သည်။ "ပကတိမှန်ကန်သောအရာမရှိ"ဟု ပြောဆိုသောသူများကို မေးရမည့်မေးခွန်းမှာ "မင်းပကတိအမှန်တရားမရှိဘူးဆိုတာ သေခြာသလား" ဖြစ်သည်။ သူတို့က "ဟုတ်ကဲ့"ဟု ဖြေလျှင် သူတို့က လုံးဝဧကန်ဖြစ်ရပ်များတည်ရှိခြင်းကို အသုံးပြုကာ ဖြေဆိုခြင်း ဖြစ်သည်။ သူတို့ပြောဆိုသော ကပတိအမှန်တ ရားမရှိခြင်းဟု ဖော်ပြခြင်းသည် တခုတည်းသော ပကတိအမှန်တရားရှိသည်ကို ဖော်ပြလိုခြင်းပင် ဖြစ်သည်။

မိမိကိုယ်ကို အမြင်ကျဉ်းပြဿနာအပြင်၊ လူတစ်ယောက်သည် ပကတိအမှန် (သို့) အမှန်ဆုံးသမ္မာတရားမရှိခြင်း ယုံကြည်မှုကို ကျော်လွှားနိုင်ရန် အတွေးအခေါ်ဆိုင်ရန် ပြဿနာများရှိသည်။ ပထမချက်မှာ လူသားအားလုံး၏ အသိပညာသည် အကန့်အသတ်ရှိသည်။ ထိုကြောင့် လူတွေက ပကတိအမှန်တရားမရှိဘူးဟု မပြောနိုင်ပါ။ လူတစ် ယောက်က "ဘုရားမရှိ"ဟု မပြောနိုင်ပါ။ (လူများစွာက ပြောကြသည်)။ အကြောင်းမှာ ထိုသို့ ဖော်ပြနိုင်ရန်အတွက် လူတစ်ယောက်သည် စကြာဝဋ္ဌာတစ်ခုလုံးကို အစမှအဆုံးထိတိုင် အကုန်လုံးသိရှိနိုင်သော ဥာဏ်ပညာပိုင်ဆိုင်ရမည် ဖြစ်သည်။ ထိုအရာသည် မဖြစ်နိုင်သောအမှုအရာ ဖြစ်သဖြင့်၊ လူအများစုက "ကျွန်တော့်မှာ ဥာဏ်ပညာအကန့်အသတ် ရှိသဖြင့် ဘုရားရှိခြင်းကို မယုံကြည်နိုင်ပါ"ဟု ပြောကြသည်။

ပကတိသမ္မာတရား/အမှန်ကန်ဆုံးသောသမ္မာတရားမရှိဟု ငြင်းပယ်ခြင်း၏အခြားပြဿနာတစ်ခုမှာ ကျွန်ုပ်တို့စိတ်ဖြင့် ဖြစ်စေ၊ အတွေ့အကြုံဖြင့်ဖြစ်စေ၊ လောကမှာ ကျွန်ုပ်တို့ မြင်တွေ့သောအရာများအား မှန်ကန်သည်ဟု သိရှိသောအရာများအတိုင်း အသက်မရှင်နိုင်ခြင်း ဖြစ်သည်။ ပကတိမှန်ကန်သောသမ္မာတရားမရှိလျှင် အရာအားလုံးသည် မှန်သည်/မှားသည်ဟူ၍ လုံးဝမရှိတော့ပါ။ သင့်အတွက်"မှန်ကန်"သောအရာသည် ကျွန်တော့်အတွက် "မှန်ကန်"သည်ကို မဆိုလိုပါ။ ဤကဲ့သို့သောခံယူချက်စွဲကိုင်သူများက လူတိုင်းက သူတို့ကိုယ်တိုင် စံချိန်တစ်ခုကို သတ်မှတ်ပြီး ထိုအတိုင်း ဖြစ်လာပါက မှန်ကန်သည်ဟု သုံးသတ်ထားသည်ဟု ပြောကြသည်။ လူတစ်ယောက်အတွက် မှန်ကန်သောအရာသည် အခြားလူတစ်ယောက်အတွက် မှန်ကန်မည် မဟုတ်ပါ။ မီးပွိုင့်သည် အနီရောင်ပြနေသော်လည်း ထိုအချက်ပြမှုကို လျစ်လျူ ရှုခြင်းသည် ကျွန်ုပ်အတွက် "မှန်ကန်" လျှင် မည်သည့်အရာ ပေါ်ပေါက်မည်နည်း။ လူများစွာတို့၏အသက်ကို အန္တရာယ်ဖြစ် စေနိုင်သည်။ သို့မဟုတ် သင့်ထံမှ ပစ္စည်းတစုံတခုကို ခိုးယူခြင်းသည် ကျွန်ုပ်အတွက် မှန်ကန်သော်လည်း သင့်အတွက် မှန်ကန်မည်မဟုတ်ပါ။ အမှားအမှန်နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ထားရှိစံချိန်စံညွှန်းသည် တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေသည်။ ပကတိအမှန်တရားမရှိလျှင် အမှားနှင့်အမှန်ခွဲခြားနိုင်ရန် စံချိန်စံညွှန်းမရှိတော့ပါ။ ထိုသို့ဖြစ်လျှင် ကျွန်ုပ်တို့မှာ သေချာသော အရာတစုံတခုမျှမရှိတော့ပါ။ လူတွေက သူတို့စိတ်ကြိုက်အရာအားလုံး လုပ်ဆောင်နိုင်ရန် လွတ်လပ်ခွင့်ရှိလိမ့်မည်။ လူ့အ သက်သတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ခိုးခြင်း၊ လိမ်လည်ခြင်း၊ လှည့်စားခြင်း စသည်တို့ကို လွတ်လပ်စွာ ပြုလုပ်နိုင်မည်။ ထိုအရာများသည် မှားယွင်းသည်ဟု မည်သူကမှ မပြောနိုင်ပါ။ အစိုးရမလိုအပ်ပါ။ ဥပဒေများလည်းမလိုအပ်တော့ပါ။ တရားမျှတခြင်းလည်းမလိုအပ်ပါ။ အကြောင်းမှာ လူတစ်ယောက်က လူတွေက မှန်ကန်သောအရာရွေးချယ်ပိုင်ခွင့်၊ ထိုအရာပေါ်မှာ တိုင်းတာနိုင်ရန် စံချိန်စံညွှန်းရှိသည်ဟု မပြောနိုင်ပါ။ ပကတိအမှန်တရားမရှိသောနိုင်ငံသည် အလွန် ထိတ်လန့်စရာကောင်းသော နိုင်ငံပင် ဖြစ်သည်။

ဝိညာဉ်ရေးရာရှုထောင့်မှကြည့်လျှင် ဤကဲ့သို့သော ခံယူကျင့်သုံးမှုများကြောင့် ဘာသာရေးရှုပ်ထွေးမှု၊ စစ်မှန်သော ဘာသာတရားမရှိ၊ ဘုရားသခင်နှင့်စစ်မှန်သောဆက်နွယ်မှုမရှိဟူ သောခံယူချက်များ ပေါ်ပေါက်စေသည်။ ထိုကြောင့် ဘာသာတရားအားလုံးက နောင်တမလွန်ဘ၀ဧကန်အမှန်ရှိကြောင်းကို ပြောထားသဖြင့် သာသာတရားအားလုံးသည် မှားသည်။ တခုနှင့်တခုဆန့်ကျင်ဘက်ဖြစ်သော "မှန်ကန်"သောအရာနှစ်ခုကို ယုံကြည်ခြင်းသည် ယနေ့အတွက် သာမန်မဟုတ်ပါ။ ထိုဘာသာတရားနှစ်ခုစုံးက ကောင်းကင်နိုင်ငံတော်သို့ ရောက်သောလမ်း (သို့) "သမ္မာတရားများ"များကို လုံးဝဆန့်ကျင်သောအရာနှစ်သွန်သင်လျှင်လည်း မယုံကြည်သင့်ပါ။ ပကတိသမ္မာတရားကို မယုံကြည်သောသူများက ဤဖော်ပြချက်များကို ငြင်းပယ်ပြီး ဘာသာတရားအားလုံးသည် တူညီပြီး ကောင်းကင်နိုင်ငံသို့ ပို့ဆောင်ပေးနိုင်သည်ဟူ သောသွန်သင်မှုကို ပွေ့ဖက်ထားကြသည်။ ဤလောကအမြင်ကို စွဲကိုငသောသူများသည် သမ္မာတရားကို ယုံကြည်သော ခရစ်ယာန်များကို ဆန့်ကျင်ဘက်ပြုကြသည်။ သမ္မာတရားကိုယုံကြည်သောခရစ်ယာန်များက သခင်ယေရှုသည် "လမ်းခရီး၊ သမ္မာတရား၊ အသက်"ဖြစ်ကာ သူတပါးတည်းသာလျှင် သမ္မာတရားအဖြစ်ထင်ရှားလျက် ကောင်းကင်နိုင်ငံတော်သို့ သွား သောလမ်းခရီးဖြစ်သည်ဟု ယုံကြည်ကြသည် (ယောဟန် ၁၄း၆)။

သည်းခံမှုဘာသာတရားအားလုံးလက်ခံခြင်း သည် ခေတ်ဟောင်းလူအမှုအဖွဲ့အစည်း၏ယုံကြည်ကျင့်သုံးမှုဖြစ်သည်။ သည်းခံခြင်းမရှိသော ပကတိအမှန်တရားတစ်ခုတည်းရှိသည်ဟု အခြားသောဘာသာတရားများကို ကန့်ကွက်ခြင်းသည် အပြစ်ဖြစ်သည်။ ပကတိအမှန်တရားရှိသည်ဟု ယုံကြည်သော သေချာတိကျသောအရာကို ယုံကြည်သောသူများသည် သည်းခံခြင်းမရှိသောအမြင်ဖြစ်သဖြင့် အပြစ်ဖြစ်သည်။ ပကတိသမ္မာတရားကို ငြင်းပယ်သောသူမျာက သင်နှစ်သက်သော အရာများကို ယုံကြည်ခြင်းသည် မှန်ကန်သည်ဟု ဆိုကြသည်။ ထိုယုံကြည်မှုကို သူတပါးအား သင်၏ယုံကြည်မှုကို အတင်းအဓမ္မအသွတ်သွင်း သင့်ပါဟု ပြောကြသည်။ သို့သော် ဤအမြင်သည်လည်း အမှားနှင့်အမှန်ကို သုံးသတ်ဝေဖန်သော ယုံကြည်မှုပင် ဖြစ်သည်။ ဤအမြင်ကို ယုံ ကြည်လက်ခံသောသူများက သူတို့၏ယုံကြည်မှုကို အခြားသူများပေါ် သွတ်သွင်းရန် ကြိုးပမ်းကြသည်။ သူတို့က အခြားသောများ လိုက်နာဆောင်ရွက်ရန်အတွက် ကိုယ်ကျင့် တရားအချို့တို့ကို ချမှတ်ပြီး လူတွေအတွက် ဆန့်ကျင်ဘက်ဖြစ်သောအရာများစွဲကိုင်ရန် အတင်းအဓမ္မတိုက်တွန်းတတ်ကြ သည်။ ဤကဲ့သို့သော ယုံကြည်မှုစွဲကိုင်သူများက သူတို့အပြုအမူများကို သတိမမူ၊ မရေတွက်တတ်ကြပါ။ ပကတိအမှန်တ ရားရှိလျှင် အမှားနှင့်အမှန်ကို ခွဲခြားနိုင်ရန် ပကတိစံချိန်ရှိရမည်။ ထိုစံချိန်များအတိုင်း ကျွန်ုပ်တို့လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ ထိုလိုက်နာဆောင်ရွက်မှုသည် သမ္မာတရားကို ငြင်းပယ်သောသူများ၏ငြင်းဆန်မှုဖြစ်သည်။

ပကတိအမှန်တရား/အမှန်ကန်ဆုံးသောသမ္မာတရားနှင့် ထုံးတမ်းစဉ်ရအရဆက်နွယ်မှုကို ငြင်းပယ်ခြင်းသည် ဘ၀စတင် ဖြစ်လာခြင်းအကြောင်းရှင်းပြပေးထားသော ဆင့်ကဲဖြစ်စဉ်ယုံကြည်မှုဝါဒကို ဆွဲကိုင်သောလူမှုအဖွဲ့အစည်းကြောင့် ဖြစ် သည်။ သဘာဝဆင့်ကဲဖြစ်စဉ်သည် မှန်ကန်ပါက ဘ၀သည် အဓိပ္ပါယ်မရှိပါ။ ကျွန်ုပ်တို့မှာ ရည်ရွယ်ချက်မရှိပါ။ အမှားနှင့် အမှန်ဟူ၍လည်းမရှိပါ။ လူတွေက မိမိစိတ်ကြိုက်အသက်ရှင်နိုင်မည်။ မည်သူ့ကိုမှ ဂရုစိုက်စရာမလိုဘဲ စိတ်ကြိုက်အ သက်ရှင်နိုင်သည်။ ဆိုးသွမ်းသောသူများသည် ဘုရားသခင်အတူပါရှိခြင်းနှင့်ပကတိသမ္မာတရားကို မည်သို့ပင်ငြင်းပယ်စေ ကာမူ တနေ့ရောက်သောအခါ သူတို့သည် သခင်ယေရှု၏ရှေ့မှောက်တွင် မတ်သတ်ရပ်ကြမည် ဖြစ်သည်။ သမ္မာကျမ်းစာ က "…အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သောဘုရားသခင်၏အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။ အဘယ်သို့နည်း ဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသ ဖြင့်၊ ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အ ရာ၌ တည်ကြသည်ဖြစ်၍…" (ရောမ ၁း၁၉-၂၂)။

ပကတိသမ္မာတရားရှိကြောင်း သက်သေအထောက်အထားတစုံတခုရှိသလား။ ရှိပါသည်။ ပထမအနေဖြင့်၊ လူသားများ၏ စိတ်နှလုံးသားထဲတွင် လောကသဘာဝတရားဖြစ်သော အမှန်နှင့်အမှားခွဲခြားနိုင်သော "အသိစိတ်" ရှိသည်။ ကျွန်ုပ်တို့စိတ် က မှားယွင်းသောအရာတစုံတခုကြောင့် ဆင်းရဲဒုက္ခခံခြင်း၊ ငတ်မွတ်ပေါင်းပါးခြင်း၊ မုဒိန်းကျင့်ခြင်း၊ နာကျင်ခြင်း၊ အပြစ်တရားများ ဖြစ်စေသည်ဟု သိရှိစေသည်။ ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာ၊ ရက်ရောစွာပေးကမ်းခြင်း၊ ဂရုဏာထားရှိခြင်း၊ ငြိမ်သက်ခြင်းစသော အကောင်းမြင်ဝါဒများရှိရန် အသိစိတ်က သိစေသည်။ ဤအရာများသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအားလုံးမှာ မှန်ကန်သောအရာ ဖြစ်သည်။ ရောမ ၂း၁၄-၁၆ ထဲတွင် လူသားများ၏အတွေးအခေါ် အကြောင်းကို ဖော်ပြထားသည်။ "သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက်တရား တော်ကို ကျင့်သောအခါ သူတို့သည် ပညတ်တရားတော်ကိုမသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်၎င်း၊ ကိုယ်ကို ကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်၎င်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်း၍ အပြစ်တင်လျက်၊ လွတ်လျက်နေသဖြင့်၎င်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသောတရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။ ငါဟောပြောသော ဧ၀ံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှားသော အမှုအရာတို့ကို စစ်ကြောစီရင် တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတံ့။"

ပကတိသမ္မာတရားတည်ရှိကြောင်း ဒုတိယသက်သေပြချက်မှာ သိပ္ပံအားဖြင့် ဖြစ်သည်။ သိပ္ပံပညာဆိုသည်မှာ ဥာဏ်ပညာ တိုးတက်စေခြင်း၊ ကျွန်ုပ်တို့သိရှိသောအရာများကို လေ့လာခြင်းနှင့် အခြားသောအရာများကို ထပ်မံလေ့လာခြင်း ဖြစ်သည်။ ထို့ကြောင့် သိပ္ပံပညာလေ့လာမှုအားလုံးသည် ကမ္ဘာပေါ်မှာအမှန်တည်ရှိသောအရာများအပေါ် လေ့လာတွေ့ရှိသည့်အ တိုင်း ယုံကြည်လက်ခံခြင်းဖြစ်ပြီ ထိုအမှန်တကယ်တည်ရှိခြင်းသည်လည်း ရှာဖွေတွေ့ရှိနိုင်၍ သက်သေပြနိုင်သည်။ လုံးဝဥဿုံဖြစ်သောအရာမရှိလျှင် လေ့လာမှုရှိနိုင်မလား။ သိပ္ပံအတတ်ပညာများရှိဖွေတွေ့ရှိခြင်းများသည် မှန်ကန်ကြောင်း မည်သို့ သိရှိနိုင်မည်နည်း။ တကယ်တန်းကျတော့၊ သိပ္ပံပညာအတတ်၏ဥပဒေများသည် ပကတိအမှန်တရားတည်ရှိခြင်း ပေါ်မှာ တွေ့ရသည်။

ပကတိသမ္မာတရား/အမှန်ကန်ဆုံးသောသမ္မာတရားတည်ရှိခြင်းသက်သေအထောက်အထားတတိယမြောက်မှာ ဘာသာ တရားဖြစ်သည်။ လောကမှာရှိသော ဘာသာတရားအားလုံးက ဘ၀၏အနက်အဓိပ္ပါယ်ကို ဖော်ထုတ်ရန် ကြိုးစားနေကြ သည်။ လူသားများသည် အချည်းနှီးတည်ရှိလာခြင်းမဟုတ်ဘဲ တစုံတခုကို လိုအားတောင့်တရဖြစ်သည်။ ဘာသာတရား အားဖြင့် လူသားများက ဘုရားကို ရှာဖွေသည်။ အနာဂတ်အတွက် မျှော်လင့်ချက်ထားသည်။ အပြစ်ခွင့်လွှတ်သည်။ ခက်ခဲ မှုကြားထဲမှာ ငြိမ်သက်ခြင်းရှိသည်။ ခက်ခဲသောမေးခွန်းများအတွက် အဖြေတွေ့ကြသည်။ ဘာသာတရားတည်ရှိခြင်း ကြောင်းလူသားများသည် အခြားသောသတ္တ၀ါများနှင့်မတူကြောင့် သက်သေပြသည်။ ဘာသာတရားသည် လူသားများ၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်အား သိရှိရန် အသိစိတ်ထားရှိသော ဖန်ဆင်းရှင်၏ ပို၍ကြီးများသည် ရည်ရွယ်ချက်၊ ဘုရားသခင်တည်ရှိခြင်းအကြောင်းကို သိရှိရန်အတွက် ဖြစ်သည်။ အမှန်တကယ်ဖန်ဆင်းရှင်ရှိလျှင် သူသည် ပကတိသမ္မာ တရား၏စံချိန်စံညွှန်းဖြစ်သည်။ ထိုသမ္မာတရားကို ထူထောင်ခြင်းသည် သူ၏အခွင့်အာဏာပင်ဖြစ်သည်။

ဖန်ဆင်းရှင်တစ်ပါးရှိသည်။ သူက သူ၏သမ္မာတရားအား နှုတ်ကပတ်တော်၊ သမ္မာကျမ်းစာအားဖြင့် ဖော်ပြသည်။ ပကတိသမ္မာတရား/အမှန်ကန်ဆုံးသောသမ္မာတရားကို သိရှိခြင်းသည် သမ္မာတရားဖြစ်သော သခင်ယေရှုခရစ်တော်နှင့် ကိုယ်တိုင်ကိုယ်ကျဆက်နွယ်ခြင်းအားဖြင့်သာလျှင် ရရှိနိုင်သည်။ သခင်ယေရှုက သူသည် လမ်းခရီး၊ သမ္မာတရား၊ အသက် နှင့် ဘုရားသခင်ထံသို့ရောက်ရန် တခုတည်းသောလမ်းဖြစ်သည်ဟု ပြောခဲ့သည် (ယောဟန် ၁၄း၆)။ ပကတိသမ္မာတရား တည်ရှိခြင်းက ကျွန်ုပ်တို့အား ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းခဲ့သော ဘုရားသခင်တည်ရှိကြောင်းကို၎င်း၊ သားတော် သခင်ယေရှုခရစ်တော်အားဖြင့် သူ့ကိုသိရှိနိုင်ရန် မိမိကိုယ်ကို ဖွင့်ပြထားသောဘုရားရှိကြောင်းကို၎င်း ဖွင့်ပြထားသည်။ ထိုအရာသည် ပကတိသမ္မာတရား ဖြစ်သည်။


ထို့နောက် မြန်မာဘာသာဖြင့်ရေးထားသော စာမျက်နှာသို့ ပြန်လှည့်ပ


ပကတိသမ္မာတရားကဲ့သို့သော တရားမျိုးရှိသလား။ သမ္မာကျမ်းစာသည် အမှန်ကန်ဆုံးသော စာအုပ် ဖြစ်သလား။