ယုံကြည်သူဖခင်များအကြောင်းကို သမ္မာကျမ်းစာက မည်သို့ ဖော်ပြထားသနည်း။



မေးခွန်း: ယုံကြည်သူဖခင်များအကြောင်းကို သမ္မာကျမ်းစာက မည်သို့ ဖော်ပြထားသနည်း။

အဖြေ:
နှုတ်ကပတ်တော်ထဲတွင် အကြီးများဆုံးသော ပညတ်တော်မှာ "သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့" (တရားဟောရာ ၆း၅) ဖြစ်သည်။ အခန်းငယ် ၂ ကိုပြန်ဖတ်လျှင် "ငါ ပေးထားသော ပညတ်တရားတော်ရှိသမျှတို့ကို တသက်လုံးစောင့်လျှောက်မည်အကြောင်းနှင့်သင်တို့၏အသက်တာရှည်စေ မည်အကြောင်း၊ သင်တို့သွား၍ ၀င်စားလတံ့သောပြည်၌ ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်ောငှာ၊ သင်တို့၏ ဘုရားသ ခင်ထာဝရဘုရားမှာထားတော်မူသောစီရင်ထုံးဖွဲ့ချက် ပညတ်တရား"ဟု ဖော်ပြထားသည်။ တရားဟောရာ ၆း၅ နောက်ပိုင်း ဖတ်လျှင် "ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်"(အခန်းငယ် ၆-၇)ဟု တွေ့ရသည်။

ဖခင်များက သားသမီးများအား ၀ိညာဉ်ရေးရာ၌ တိုးတက်ကြီးထွားနိုင်ရန်အတွက် ဘုရားသခင်၏နည်းလမ်းများနှင့် နှုတ်ကပတ် တော်များအားဖြင့် လမ်းညွန်ခြင်း၌ နှစ်ထောင်းအားရမှုရရှိရန် ဣသရေလလူမျိုးများ၏သမိုင်းက သိစေ သည်။ နှုတ်ကပတ်တော်၏အမိန့်တော်ကို နာခံသောဖခင်များက သားသမီးများကို သွန်သင်လမ်းပြကြသည်။ ဤအရာက သုတ္တံ ၂၂း၆ ထဲတွင် ဖော်ပြထားသော "သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှ မလွဲ၊ လိုက်သွားလိမ့်မည်"ဟူသောအရာကို သိစေသည်။ "ဆုံးမသွန်သင်"နိုင်ရန် မိဘများက ရှေးဦးစွာ သားသမီးများကို မွေးဖွားရမည် ဖြစ်သည်။ သူတို့သည် သားသမီးများအတွက် အရင်ဦးဆုံး ပညာသင်ကြားနိုင်သော နေရာဖြစ်သည်။ ထို သင်တန်းမှာ သားသမီးများသည် သူတို့ဘ၀အတွက် အသက်ရှင်သောနည်းလမ်းကို တိကျစွာ သင်ကြားပေးခြင်း ဖြစ်သည်။ သားသမီးများအား ငယ်စဉ်ဘ၀မှ ပညာသင်ကြားပေးခြင်းသည် အလွန်အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်သည်။

ဧဖက် ၆း၎ ထဲတွင် ဖခင်များအတွက် လမ်းညွန်ချက်ကို အနှစ်ချုပ်၍ ဖော်ပြထားသည်။ အကောင်းနှင့်အဆိုးကိုလည်း ဖော်ပြထားသည်။ "အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။" ဤကျမ်းပိုဒ်၏ဖော်ပြလိုသောအရာမှာ ဖခင်များက သူတို့၏သားသမီးများအား ကြမ်းတမ်းစွာဆုံးမခြင်း၊ မတရားသဖြင့်သွန်သင်ခြင်း၊ မျက်နှာလိုက်၍ဆုံးမခြင်း၊ မကြောင်းမဲ့သက်သက် အာဏာရှိခြင်း မပြုရန် တားမြစ်ခြင်း ဖြစ်သည်။ ကလေးငယ်တစ်ဦးအား ကြမ်းတမ်းစွာ ဆုံးမလျှင် သူသည် မိမိနှလုံးသားထဲမှာ စရိုက်ကြမ်းကိုသား ထားရှိလိမ့်မည်။ "စိတ်ဆိုးစေခြင်းငှါ" ၏အဓိပ္ပါယ်မှာ "နာကျင်စေခြင်း၊ စိတ်ကတိကအောင့်ဖြစ်စေခြင်း၊ မမှန်သောနည်းလမ်းဖြင့် ကြမ်းတမ်းစွာပြုခြင်း၊ အတင်းအဓမ္မပြုလုပ်ခြင်း" ဖြစ်သည်။ မှား ယွင်းသောစိတ်ထားနှင့် မှားယွင်းသော နည်းစနစ်များ- ကြမ်းတမ်းပြုခြင်း၊ မဟုတ်မမှန်ပြုခြင်း၊ အတင်းအဓမ္မပြုခြင်း၊ ဇွတ်လုပ်ခြင်း၊ ကြမ်းတမ်းစွာ အမိန့်ပေးခြင်း၊ မတရားတားဆီးခြင်း၊ အတ္တသဘောဖြင့်အာဏာရှိခြင်းကြောင့် ထိုသို့ ပြုခြင်းဖြစ်သည်။ ထိုသို့ဆုံးမသွန်သင်ခြင်းကြောင့် ကလေးများသည် မကောင်းသောအကျင့်များဖြစ်ထွန်းစေနိုင်သည်။ ခင်မင်တွယ်တာမှုလျော့နည်းနိုင်သည်။ စင်ကြယ်ခြင်း၌ စိတ်ဆန္ဒလျော့နည်းနိုင်သည်။ သူတို့က သူတို့၏မိဘများအား ၀မ်းမြောက်စေနိုင်သည်ဟု မထင်တတ်ကြပါ။ လိမ္မာသောမိဘများက သူတို့၏သားသမီးများအား ချစ်ခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းအားဖြင့် နာခံခြင်းကို ပြုစုပေးနိုင်သည်။

ဧဖက် ၆း၎ ထဲတွင် ဖော်ပြထားသော အကောင်းပိုင်းသည် ကလေးများနားလည်နိုင်သောအရာများအားဖြင့် လမ်းညွန်ခြင်း ဖြစ်သည်။ သူတို့ကို ပညာပေးရမည်။ ကြီးထွားစေရမည်။ ဘုရားသခင်အကြောင်းများပြောကြားခြင်း၊ အကြံပြုခြင်းအား ဖြင့် သူတို့၏ဘ၀ကို မြှင့်တင်ပေးရမည်။ ဤအရာများသည် ပညာပေးခြင်းနှင့်စည်းကမ်းဖြင့် ပြုစုခြင်း ဖြစ်သည်။ "အကြံပြုခြင်း" စကားလုံးသည် ကလေးများအား အမှားများ(ပြုပြင်ပေးခြင်း)နှင့်တာဝန်ဝတ္တရားများ(လုပ်ဆောင်မှုများ) ကို သိစေခြင်း ဖြစ်သည်။

ယုံကြည်သူဖခင်တစ်ဦးသည် ဘုရားသခင်၏လက်ထဲမှာ အသုံးတော်ခံသော တန်ဆာပလာ ဖြစ်သည်။ လမ်းညွန်မှုနှင့် စည်းကမ်းဖြင့် ဆုံးမသွန်သင်မှုများသည် ဘုရားသခင်၏ပညတ်တော်နှင့် နည်းလမ်းအတိုင်းဖြစ်ရမည်။ သို့မှသာ ကလေးများ၏စိတ်နှလုံးသားများထဲမှာ ဘုရားသခင်၏အမိန့်အာဏာက နေရာယူနိုင်မည် ဖြစ်သည်။ လောက ဖခင် တစ်ဦးက သားသမီးများကို သမ္မာတရားနှင့်တာဝန်များပိုင်ဆိုင်ရန် ဆုံးမသောအခါ သူတို့သည် အာဏာအရှိဆုံးသော သူများအဖြစ် မိမိကိုယ်ကို မထင်မှတ်သင့်ပါ။ ဘုရားသခင်အား ဆရာနှင့်အုပ်ချုပ်သူအဖြစ် ခံယူခြင်း ဖြစ်သည်။ လုပ်ဆောင်မှုအရာအားလုံး၌ ဘုရားသခင်၏အခွင့်အာဏာကိုသာ အသုံးပြုခြင်းသည် ပညာရေးပန်းတိုင်းများ ထိရောက် အောင်မြင်စေသောအရာ ဖြစ်သည်။

Martin Luther က "ကလေးများကောင်းသောအရာပြုလုပ်သောအခါ ပန်းသီးတစ်လုံးဆုချရန် ဘေးနားမှာ သိမ်းထားပါ"ဟု ဆိုခဲ့ဖူးသည်။ စည်းကမ်းဖြင့် ပြုစုခြင်းကို သတိချပ်ခြင်းနှင့် ဆုတောင်ခြင်းအာဖြင့် မစဉ်မပြတ်ဆုံးမသွန်သင်ခြင်းအားဖြင့် ပြုလုပ်ရမည် ဖြစ်သည်။ ဆုံးမပဲ့ပြင်ခြင်း၊ စည်းကမ်းဖြင့်စောင့်ထိန်းခြင်း နှင့် နှုတ်ကပတ်တော်အားဖြင့် အကြံပြုခြင်း၊ အပြစ် ဖော်ပြခြင်းနှင့်ခွန်အားပေးခြင်းတို့သည် "အကြံပြုဆုံးမခြင်း" ၏မဏ္ဍိုင်ပင် ဖြစ်သည်။ ဆုံးမလမ်းညွန်ခြင်းသည် ဘုရားသခင် ထံမှ လာသည်။ ခရစ်ယာန်အတွေ့အကြုံကျောင်းမှ သင်ယူနိုင်သည်။ မိဘများ၊ အထူးသဖြင့်ဖခင်များ၊ ဖခင်များ၏လမ်းညွန် မှုအောက်တွင် မိခင်များက ကလေးများကို ဆုံးမရမည်။ ခရစ်ယာန် စည်းမျဉ်းစည်းကမ်းဟူသည်မှာ ကလေးသူငယ်များ အား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်း၊ မိဘများ၏အမိန့်ကို နာခံလေးမြတ်ခြင်း၊ ခရစ်ယာန်စံချိန်ကိုသိရှိခြင်း၊ မိမိကိုယ်ကိုထိန်းချုပ်သောအကျင့်ရှိခြင်းများအားဖြင့် ကြီးပြင်းစေခြင်း ဖြစ်သည်။

"ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ သြ၀ါဒပေးခြင်း၊ အပြစ်ကိုဘော်ပြ ခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ကျေးဇူးများကို ပြုတတ်၏" (၁တိ ၃း၁၆-၁၇)။ ဖခင်တစ်ဦး၏ အဓိကတာဝန်မှာ သူ၏သားသမီးများအား နှုတ်ကပတ်တရားတော် သွန်သင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏သမ္မာတရားကို အသုံးပြုပြီး သွန်သင်သော နည်းစနစ်မှာ အကောင်းဆုံး ဖြစ်သည်။ ဖခင်းသည် သစ္စာရှိရှိ သားသမီးများကို ဆုံးမသွန်သင် သောအခါ ကလေးသူငယ်များက သူတို့၏ဘ၀မှာ ဘုရားသခင်ထားရှိသော ကောင်းသောအရာများကို သူတို့လုပ်ဆောင် မှုတစ်ခုစီတိုင်းတွင် ဖြစ်စေ၊ သူတို့သွားလေရာရာ၌ဖြစ်စေ သင်ယူသိရှိနိုင်မည် ဖြစ်သည်။


ထို့နောက် မြန်မာဘာသာဖြင့်ရေးထားသော စာမျက်နှာသို့ ပြန်လှည့်ပ


ယုံကြည်သူဖခင်များအကြောင်းကို သမ္မာကျမ်းစာက မည်သို့ ဖော်ပြထားသနည်း။