settings icon
share icon
မေးခွန်း

ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်း၏ အရေးပါမှုသည် အဘယ်နည်း။

အဖြေ


သမ္မာကျမ်းစာဖော်ပြချက်အရ၊ ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်းသည် ယုံကြည်သူများ၏ အတွင်း နှလုံးသားထဲ၌ ရှိသော ယုံကြည်ခြင်းကို ပြင်ပန်းသဏ္ဍာန်အားဖြင့် သက်သေထူထင်ရှားစေ ခြင်းဖြစ်သည်။ ခရစ်ယာန်များဗတ္တိဇံခံယူခြင်းသည် ယုံကြည်သူတစ်ဦးက ခရစ်တော်နှင့်အတူသေ ကြောင်း၊ အတူသင်္ဂြိုဟ်ခြင်းခံကြောင်း နှင့် အတူရှင်ပြန်ထမြောက်ကြောင်းကို သက်သေထူခြင်းဖြစ် ပါသည်။ သမ္မာကျမ်းစာက “ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိသလော။ ထိုကြောင့်အသေခံတော်မူခြင်း၌ ဗတ္တိဇံမင်္ဂလာခံ သောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့်၊ သေခြင်းမှထမြောက်တော်မူသည့်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း” (ရောမ၊ ၆း၃-၄) ဟုဖော်ပြထားပါသည်။ ခရစ်ယာန်များဗတ္တိဇံခံယူခြင်း၌ ရေထဲသို့နှစ်မြှုပ်ခြင်းသည် ခရစ်တော်နှင့်အတူသင်္ဂြိုဟ်ကြောင်း ထင်ရှားစေပါသည်။ ရေပေါ်သို့ပြန်ထခြင်းသည်လည်း သခင်ယေရှု၏ထမြောက်ခြင်းကို ပုံဖော်ပြ သသည်။

ခရစ်များဗတ္တိဇံခံယူခြင်းတွင် ဗတ္တိဇံခံယူမည့်သူက ဤအချက်နှစ်ခုတို့နှင့်ပြည့်စုံရပေမည်။ ၁။ ထိုသူသည် သခင်ယေရှုခရစ်တော်ကို မိမိအသက်ကယ်တင်ပိုင်ရှင် အဖြစ်ယုံကြည်လက်ခံရ မည်။ ၂။ ဗတ္တိဇံမင်္ဂလာခံယူခြင်း၏ အရေးပါမှုကိုလည်းနားလည်ရပေမည်။ လူတစ်ဦးသည် သခင်ယေရှုကို မိမိကယ်တင်ပိုင်ရှင် အဖြစ်လက်ခံလျှင်၎င်း၊ ဗတ္တဇံမင်္ဂလာခံယူခြင်းသည် ပရိတ်သတ်ရှေ့မှောက်တွင် သခင်ယေရှုကို ယုံကြည်ကြောင်း သက်သေထူ၍ နာခံခြင်းအားဖြင့် ခြေတစ်လှမ်းရှေ့တိုးခြင်းဖြစ်သည် ဟုသိရှိလျှင်၎င်း၊ ထိုအရည်အချင်းနှင့်ပြည့်စုံသောခရစ်ယာန် တစ်ဦးသည် ဗတ္တိဇံမင်္ဂလာကို အခံဘဲမနေနိုင်ပေ။ သမ္မာကျမ်းစာဖော်ပြချက်အရ၊ ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်းသည် ယုံကြည်ခြင်း၏ခြေတစ်လှမ်းတက်ခြင်း၊ လူအများရှေ့တွင် သခင်ယေရှုကို ယုံကြည်ဆက်ကပ်မှုရှိကြောင်းကို ကြွေးကြော်ခြင်း၊ ခရစ်တော်၏အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် ထမြောက်ခြင်းတို့ကို အသိအမှတ်ပြုခြင်းဖြစ်သောကြောင့် ရေနှစ်ခြင်းမင်္ဂလာခံယူခြင်းသည် အလွန်အရေးကြီးသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်း၏ အရေးပါမှုသည် အဘယ်နည်း။
© Copyright Got Questions Ministries