settings icon
share icon
မေးခွန်း

ကာလ်ဗီးနီးယဲမ်းအမြင်သည်မှန်ကန်သလား။ အာရ်မီးနီးယဲမ်းအမြင်သည်မှန် ကန်သလား။

အဖြေ


ကာလ်ဗီးနီးယဲမ်းနှင့်အာရ်မီးနီးယဲမ်းအမြင်နှစ်ခုတို့သည် ကယ်တင်ခြင်းအကြောင်းနှင့်ပတ် သက်၍ ဘုရားသခင်၏အစိုးရသောအခွင့်အာဏာနှင့်လူတွေ၏တာဝန်ဝတ္တရားများအကြားရှင်းပြ ပေးထားသော သီအိုလျော်ဂျီအတွေးအခေါ်ဖြစ်သည်။ ကာလ်ဗီးနီးယဲမ်းနာမည်သည် ဂျွန်းကာလ် ဗင်းနာမည်မှဆင်းသက်လာသည်။ ၁၅၀၉-၁၅၆၄ခုနှစ်အကြားတွင်နေထိုင်သော ပြင်သစ်သီအို လျော်ဂျီ ပညာရှင်တစ်ဦးဖြစ်သည်။ အာရ်မီးနီးယဲမ်းအမြင်သည် ယားကိုဘစ်(စ်)အာရ်မီးနီးအပ်(စ်) မှဆင်းသက်လာသည်။ သူသည် ၁၅၆၀-၁၆၀၉ခုနှစ်အတွင်း နာသာလင်သီအိုလော်ဂျီပညာရှင်ကြီး တစ်ပါးဖြစ်သည်။

နှစ်ခုစလုံးတို့၏ခံယူချက်ကို အချက်ငါးခုတို့ဖြင့် အတိုချုံးဖော်ပြနိုင်သည်။ ကာလ်ဗီးနီးယဲမ်းခံ ယူချက်သည် လူတွေ၏ဥဿုံပျက်ဆီးခြင်းဖြစ်သည်။ အာရ်မီးနီးယဲမ်းခံယူချက်သည် လူတွေ၏အ စိတ်အပိုင်းတစ်ခုပျက်စီးခြင်းဖြစ်သည်။ လုံးဝဥဿုံပျက်စီးခြင်းဟုဆိုရာတွင် လူသားအားလုံးသည် အပြစ်တရားကြောင့်လုံးဝပျက်စီးခြင်းကိုဖော်ပြလိုခြင်းဖြစ်သည်။ ထိုကြောင့်လူသားများသည် ကိုယ် နည်းကိုယ့်ဟန်ဖြင့် ဘုရားသခင်ထံသိို့မလာနိုင်ခြင်းဖြစ်သည်။ အစိတ်အပိုင်းပျက်စီးခြင်းသည် အပြစ်တရားအားဖြင့်လူတွေအားလုံးပျက်စီးခြင်းဖြစ်သည်။ သို့သော် သူတို့သည် မိမိကြိုးပမ်းအား ထုတ်ခြင်းအားဖြင့် ဘုရားသခင်ကိုမယုံကြည်ခြင်းမရှိနိုင်ပေ။

ကာလ်ဗီးနီးယဲမ်းယုံကြည်သူများက ရွေးနှုတ်ကယ်တင်ခြင်းသည် အခြေအနေပေါ်မမူတည် သောယုံကြည်ခြင်းဖြစ်သည်။ အာရ်မီးနီးယဲမ်းယုံကြည်သူများက အခြေအနေပေါ်မူတည်ပြီးရွေး နှုတ်ခြင်းကိုယုံကြည်ကြသည်။ အခြေအနေပေါ်မမူတည်သောရွေးနှုတ်ခြင်းသည် ဘုရားသခင်က သူ၏အလိုတော်တစ်ခုတည်းအဖြင့်လူအချို့ကိုကယ်တင်ခြင်းသို့ပို့ဆောင်ခြင်းကို ဆိုလိုသည်။ သူတို့၏လုပ်ဆောင်ချက်၊ထိုက်တန်မှုပေါ်တွင်မမူတည်ပေ။ အခြေအနေပေါ်မူတည်သောရွေးနှုတ် ခြင်းသည် ကယ်တင်ခြင်းရရှိမည့်သူများကို ဘုရားသခင်၏ရှေးမဆွကတည်းကအကြံအစည်တော် အားဖြင့် သူရွေးကောက်ခြင်းကိုဆိုလိုသည်။ ထိုကြောင့်သူတို့သည် ကယ်တင်ခြင်းရရှိရန်ဘုရားသ ခင်ကိုရွေးကောက်ခြင်းဖြစ်သည်ဟူသောယုံကြည်ခြင်းဖြစ်သည်။

ကာလ်ဗီးနီးယဲမ်းခံယူချက်က ပြစ်ကြွေးပေးဆပ်ခြင်းသည် အကန့်အသတ်ရှိသည်ဟု ယုံကြည်ခြင်းဖြစ်သည်။ အာရ်မီးနီးယဲမ်းယုံကြည်သူများက အကန့်အသတ်မရှိဟုယုံကြည်ကြသည်။ ၄င်းသည် ခံယူချက်ငါးခုမှ ငြင်းခုံစရာကောင်းသောအချက်ဖြစ်သည်။ အကန့်အသတ်ရှိသည်ဟု ယုံ ကြည်သူများက သခင်ယေရှုအသေခံခြင်းသည် သူရွေးကောက်သောသူများအတွက်သာဖြစ်သည် ဟုယုံကြည်ကြသည်။ အကန့်အသတ်မရှိဟု ယုံကြည်သူများက သခင်ယေရှုအသေခံခြင်းသည် လူ သားအားလုံးအတွက်ဖြစ်သည်ဟုယုံကြည်ကြသည်။ သို့သော် လူတစ်ဦးသည် ယုံကြည်ခြင်းအား ဖြင့်သူ့ကိုမလက်ခံမချင်း သခင်ယေရှုအသေခံခြင်းသည် အကျိုးတက်ရောက်မှုမရှိဟုယုံကြည်ကြ သည်။

ကာလ်ဗီးနီးယဲမ်းများက ဘုရားသခင်၏ကျေးဇူးတော်ကို အငြင်းဆိုးနိုင်ဟုယုံကြည်ကြ သည်။ အာရ်မီးနီးယဲမ်းများက လူတစ်ဦးသည် ဘုရားသခင်၏ကျေးဇူးတော်ကိုငြင်းဆိုနိုင်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်၏ကျေးဇူးတော်မငြင်းဆိုနိုင်ဟုယုံကြည်သူများက ဘုရားသခင်က လူတစ်ဦးကိုခေါ်သောအခါ သူမှာငြင်းဆိုနိုင်စွမ်းမရှိ ကယ်တင်ခြင်းအမှန်ရရှိသည်ဟု ယုံကြည်ကြ သည်။ ဘုရားသခင်၏ကျေးဇူးတော်ငြင်းဆိုနိုင်သည်ဟုယုံကြည်သူများက ဘုရားသခင်ကလူသား အားလုံးကို ကယ်တင်ခြင်းသို့ခေါ်ဖိတ်သော်လည်း များစွာသောသူများက ထိုခေါ်ဖိတ်ခြင်းကို ခုခံ ငြင်းဆိုနိုင်သည်ဟုယုံကြည်ကြသည်။

ကာလ်ဗီးနီးယဲမ်းယုံကြည်သူများက သန့်ရှင်းသူများအဆုံးထိတိုင်ယုံကြည်ခြင်းစွဲကိုင်ခြင်း ကိုယုံကြည်ကြသည်။ အာရ်မီးနီးယဲမ်းယုံကြည်သူများက အခြေအနေပေါ်မူတည်၍ ကယ်တင်ခြင်း ရရှိ ခြင်းကိုစွဲကိုင်ထားကြသည်။ အဆုံးထိတို်င်အောင်ယုံကြည်ခြင်းစွဲကိုင်သောသူများဟုဆိုရာတွင် ဘုရားသခင်ရွေးကောက်တော်မူသောလူတစ်ဦးသည် အဆုံးထိတိုင်အောင်သစ္စာရှိခြင်းကိုဆိုလို သည်။ သူတို့သည် ခရစ်တော်ကို ဘယ်တော့အခါမှငြင်းပယ်မည်မဟုတ်ပေ။ သူထံမှဘယ်တော့အ ခါမှထွက်ခွါမည်မဟုတ်ပေ။ အခြေအနေပေါ်မူတည်၍ကယ်တင်ခြင်းရရှိသည်ဟုယုံကြည်သူများ သည် ခရစ်တော်ထဲ၌ယုံကြည်သူတစ်ဦးသည် မိမိရွေးချယ်မှုဖြင့် ခရစ်တော်ထံမှနောက်သို့ပြန်ဆုတ် နိုင်သည်။ ထိုကြောင့် သူတို့သည် ကယ်တင်ခြင်းဆုံးရှုံးနိုင်သည်။

ထိုကြောင့် ကာလ်ဗီးနီးယဲမ်းယုံကြည်ခြင်းသည် မှန်ကန်သလား၊ အာရ်မီးနီးယဲမ်းယုံကြည် ခြင်းသည်မှန်ကန်သလားဟု ငြင်းခုံနေကြခြင်းဖြစ်သည်။ ခရစ်တော်၏ကိုယ်ခန္ဓာတွင် ကာလ်ဗီးနီး ယဲမ်းယုံကြည်ခြင်းနှင့်အာရ်မီးနီးယဲမ်းယုံကြည်ခြင်းရောထွေးနေသည်ကို မှတ်သားရန် လိုအပ် သည်။ ကာလ်ဗီးနီးယဲမ်းခံယူချက်ငါးခုနှင့်အာရ်မီးနီးယဲမ်းခံယူချက်ငါးခုရှိသည်။ ထိုနည်းတူ ကာလ် ဗီးနီးယဲမ်းခံယူချက်သုံးခုနှင့်အာရ်မီးနီးယဲမ်းခံယူချက်နှစ်ခုစွဲကိုင်သောသူများလည်းရှိသည်။ များစွာ သောယုံကြည်သူများက ထိုခံယူချက်နှစ်ခုကို ရောထွေးပြီးယုံကြည်ကြသည်။ နောက်ဆုံးတွင် ကျွနု်ပ်တို့အမြင်သည် မှားယွင်းတတ်သည်။ သူတို့ရှင်းပြသောအကြောင်းအရာများသည်လည်းမှား ယွင်းတတ်သည်။ လူတွေ၏ရှင်းပြချက်များကို အပြည့်အဝလက်ခံယုံကြည်ရန် မဖြစ်နိုင်ပေ။ ဘုရား သခင်သည်အရာအားလုံးကို ထိန်းချုပ်ကာ သိရှိသည်။ လူသားများသည် ခရစ်တော်အားဖြင့်ကယ် တင်ခြင်းရရှိရန် စစ်မှန်သောဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်သည်။ ဤအမြင်နှစ်ခုတို့သည် ကျွနု်ပ်တို့ အတွက် တိုက်လှန်ပြိုင်ဆိုင်နိုင်သည်။ သို့သော် ဘုရားသခင်၏စိတ်ထဲတွင် သူတို့အမြင်များသည် ပြည့်စုံသည်။

English



ထို့နောကျ မွနျမာဘာသာဖွငျ့ရေးထားသော စာမကြျနှာသို့ ပွနျလှညျ့ပ

ကာလ်ဗီးနီးယဲမ်းအမြင်သည်မှန်ကန်သလား။ အာရ်မီးနီးယဲမ်းအမြင်သည်မှန် ကန်သလား။
© Copyright Got Questions Ministries